သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ ကြားနာပွဲ ပထမနေ့ တရားလိုတင်ပြချက်

The International Court of Justice ,The Hague, Netherlands.
1/10 The International Court of Justice ,The Hague, Netherlands.
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ OIC နိုင်ငံတွေရဲ့ကိုယ်စားဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကြားနာ စစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
The International Court of Justice ,The Hague, Netherlands.
2/10 The International Court of Justice ,The Hague, Netherlands.
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ OIC နိုင်ငံတွေရဲ့ကိုယ်စားဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကြားနာ စစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
The International Court of Justice ,The Hague, Netherlands.
3/10 The International Court of Justice ,The Hague, Netherlands.
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ OIC နိုင်ငံတွေရဲ့ကိုယ်စားဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကြားနာ စစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
The International Court of Justice ,The Hague, Netherlands.
4/10 The International Court of Justice ,The Hague, Netherlands.
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ OIC နိုင်ငံတွေရဲ့ကိုယ်စားဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကြားနာ စစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
The International Court of Justice ,The Hague, Netherlands.
5/10 The International Court of Justice ,The Hague, Netherlands.
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ OIC နိုင်ငံတွေရဲ့ကိုယ်စားဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကြားနာ စစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
The International Court of Justice ,The Hague, Netherlands.
6/10 The International Court of Justice ,The Hague, Netherlands.
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ OIC နိုင်ငံတွေရဲ့ကိုယ်စားဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကြားနာ စစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
The International Court of Justice ,The Hague, Netherlands.
7/10 The International Court of Justice ,The Hague, Netherlands.
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ OIC နိုင်ငံတွေရဲ့ကိုယ်စားဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကြားနာ စစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
The International Court of Justice ,The Hague, Netherlands.
8/10 The International Court of Justice ,The Hague, Netherlands.
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ OIC နိုင်ငံတွေရဲ့ကိုယ်စားဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကြားနာ စစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
The International Court of Justice ,The Hague, Netherlands.
9/10 The International Court of Justice ,The Hague, Netherlands.
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ OIC နိုင်ငံတွေရဲ့ကိုယ်စားဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကြားနာ စစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
The International Court of Justice ,The Hague, Netherlands.
10/10 The International Court of Justice ,The Hague, Netherlands.
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ OIC နိုင်ငံတွေရဲ့ကိုယ်စားဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကြားနာ စစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
Previous slide
Next slide

(Zawgyi/Unicode)

မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဒီနေ့ စတင် ကြားနာစစ်ဆေးပါတယ်။ တရားစွဲတင်တဲ့ ဂမ်ဘီယာနိုင်ငံ ကိုယ်စားလှယ်တွေကနေ တရားရုံးကို လျှောက်ထားရာမှာတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တာတွေကို ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ရဲ့ အထောက်အထားတွေနဲ့ တင်ပြသလို၊ မြန်မာနိုင်ငံထဲ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ ၆ သိန်းလောက်ဟာ နောက်ထပ် လူမျိုးတုန်း သတ်ဖြတ်ခံရမှု အန္တရာယ်ကြုံနေတာမို့ ဒီအတွက် ကာကွယ်တားဆီးဖို့ ယာယီအစီအမံတခု ချပေးဖို့ ICJ တရားရုံးကို တင်ပြခဲ့ကြပါတယ်။ ကိုသားညွန့်ဦးက ဒီနေ့ ကြားနာမှုအကြောင်း အနှစ်ချုပ် တင်ပြပေးမှာပါ။

ICJ နိုင်ငံတကာရုံးကို ဂမ်ဘီယာနိုင်ငံက စွဲချက်လျှောက်လွဲရာမှာ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး အစီရင်ခံစာတွေနဲ့ မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အထောက်အထားတင်ပြချက်တွေကို အဓိက ကိုးကားသွားတာတွေ့ရပါတယ်။ ဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီး Abubacarr Marie Tambaou က ကြားနာပွဲရဲ့ ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်အဖွင့်လျှောက်ထားချက်ကို တင်သွင်းရာမှာ နာဇီဂျာမဏီတွေ ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ပွားခဲ့တာ ၇၅နှစ်မြောက်အချိန်မှာ အလားတူ အခြေအနေမျိုး ကမ္ဘာကြီးအနေနဲ့ ထပ်မံကြုံတွေ့နေပြီး ဒါကို ခုချိန်အထိ ဘာမှ အရေးမယူနိုင်သေးဘူးလို့ ထောက်ပြသွားပါတယ်။

“လူမျိုးတုန်းသတ်ဖြတ်မှုကို တားမြစ်ကြမယ် ဒါမျိုးထပ်မဖြစ်စေရဘူးဆိုပြီး ကမ္ဘာလူသားတွေ ဂတိကဝတ်ပြုပြီးတဲ့ အခု ၇၅ နှစ်မြောက်မှာပဲ နောက်ထပ် လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ကျနော်တို့ မျက်စိရှေ့မှောက်မှာ ကြုံလာရပါပြီ။ အခု ကျနော် ဒါကို တင်ပြနေတဲ့အချိန်မှာပဲ၊ ဒီအပေါ်မှာ ကျနော်တို့ ဘာမှ မလုပ်နိုင်သေးပါဘူး။”

ဂမ်ဘီယာတရားရေး ဝန်ကြီးက အဖွင့်လျှောက်လွဲချက်အပြီးမှာတော့ ဂမ်ဘီယာရှေ့နေတဦးဖြစ်တဲ့ ပါမောက္ခ Payam Akhavan က ရိုဟင်ဂျာတွေ ကြုံနေရတဲ့ လူမျိုးတုန်းသတ်ဖြတ်ခံရမှု ဆိုးဆိုးဝါးဝါး အခြေအနေရှိနေတာကို ထောက်ပြခဲ့ပါတယ်။ အဲဒီမှာတော့ အခု ကြားနာမှုကနေ ကနဦးအဆင့် ယာယီအစီအမံတရပ်ကို ဆုံးဖြတ်ပေးဖို့ တောင်းဆိုတင်ပြပါတယ်။

“နောက်ထပ် ရိုဟင်ဂျာ ၆သိန်းလောက် မြန်မာနိုင်ငံထဲမှာ ရှိပါသေးတယ်။ သူတို့ကို ကာကွယ်ဖို့ အရေးပေါ်အခြေအနေလိုအပ်နေပါတယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ သုံးသပ်ချက်အရဆိုရင် ဒီလူတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခံရဖို့ အလွန်အမင်းစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။”

ဂမ်ဘီယာနိုင်ငံကိုယ်စား နောက်ထပ် ရှေ့နေတဦးဖြစ်တဲ့ Andrew Loewenstein ကတော့ မြန်မာနိုင်ငံတွင်းမှာ အများပြည်သူကြားမှာရော အစိုးရ တာဝန်ရှိသူတွေကြားမှာပါ Genocide လူမျိုးတုန်းသတ်ဖြတ်မှုကို ဦးတည်စေတဲ့ ရေးသားပြောဆို လှုံဆော်မှုတွေရှိနေတာကို လျှောက်လွဲှပါတယ်။

“ကုလသမဂ္ဂ မှတ်တမ်းတွေအရဆိုရင်တော့ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာဆန့်ကျင်ရေး ရေးသားပြောဆိုမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါဟာ လူဦးရည်အချိုးအစားအရ တည်ရှိနေတဲ့ အနေအထားကို ခြိမ်းခြောက်လာတဲ့ ကိစ္စပါ။ လူမျိုးနွယ်တရပ်တည်ရှိမှုကို စိုးရိမ်ပြီးတော့ ဒါကို ကြိုတင်တားဆီးတာမလုပ်နိုင်ရင် တိုင်းပြည်ဟာ နိုင်ငံခြားကလာတဲ့ အသားမဲ မွတ်ဆလင်တွေ ဝါးမြိုတာခံရလိမ့်မယ်ဆိုပြီး သတိပေးနေကြပါတယ်။ ဒါကြောင့် လူမျိုးရေးအရနှိမ်ချတဲ့ စကားတွေနဲ့ လွှမ်းမိုးနေပါတယ်။”

လူမှုကွန်ယက်တွေပေါ်မှာ ရိုဟင်ဂျာနဲ့ မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းစကားတွေ ရေးသားနေတာကိုလည်း ထောက်ပြသွားသလို၊ အစိုးရရဲ့ မူဝါဒအဆင့်အဆင့်မှာလည်း ဒီလို အမုန်းတရားကို အားပေးလှုံဆော်တာတွေ ရှိနေတယ်လို့လည်း ဂမ်ဘီယာရှေ့နေ Andrew Loewenstein က ပြောပါတယ်။

“လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီးဌာနမှာ ဆောင်ပုဒ်တခုရှိပါတယ်။ မြေမြိုလို့ လူမျိုးမပြုတ် လူမြိုမှ လူမျိုးပြုတ်မယ်ဆိုတာပါ။ ဒီ အမုန်းစကားတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်ဆိုတာကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒီနှစ်မေလ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒါဟာ အကြီးတန်းအစိုးရအရာရှိတွေ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားပါ။ ဒါ့အပြင် ဖေ့ဘုတ် တွစ်တာ လူမှုကွန်ယက်တွေကနေ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကောင့်ကို ပိတ်ပစ်ခဲ့ရတာရှိပါတယ်။”

ဂမ်ဘီယာနိုင်ငံဖက်က အမျိုးသမီးရှေ့နေ တဦးဖြစ်တဲ့ Tafadzwa Pasipanodya ကတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဆက်ဖြစ်နိုင်တဲ့ အနေအထားတွေကို လျှောက်လွဲှသလို၊ ဂမ်ဘီယာရှေ့နေ Arsalan Suleman ကတော့ ဒီ တရားစွဲချက်ကို ICJ တရားရုံးအနေနဲ့ စီရင်ပိုင်ခွင့်ရှိတယ်ဆိုတာ အဓိက လျှောက်ထားပါတယ်။

အဲဒီမှာတော့ ဒီမတိုင်ခင်ကတုန်း ဂမ်ဘီယာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစည်းအဝေးတွေမှာ ရိုဟင်၈ျာအခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုကို ထောက်ပြခဲ့တာ၊ မြန်မာအစိုးရကို ဆက်သွယ်ပြောဆိုခဲ့တာတွေကိုလည်း ထည့်သွင်းလျှောက်ထားပါတယ်။ နောက်ပိုင်းရှေ့နေတွေဖြစ်ကတော့ ရိုဟင်ဂျာတွေ လက်ရှိကြုံနေရတဲ့ အခြေအနေ အခက်အခဲတွေနဲ့ အရေးပေါ်အခြေအနေအရ တရားရုံးအနေနဲ့ ယာယီစီမံမှုတခုခုကို ဆုံးဖြတ်ပေးဖို့ဆိုတာကို အဓိက တင်သွင်းခဲ့ကြပါတယ်။

ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်တော့ ချေပချက်တွေကို မနက်ဖြန်မှာ တင်သွင်းလျှောက်လွဲရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ကျရင်တော့ အပြန်အလှန်လျှောက်လွဲှချက်တွေ တင်သွင်းရမှာဖြစ်ပါတယ်။

ICJ ကြားနာပွဲ ပထမနေ့ တရားလိုတင်ပြချက်
please wait

No media source currently available

0:00 0:14:39 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG