သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန်နိုင်ငံ နိုင်ငံတကာတရားရုံး ICJ မြင်ကွင်းများ (VOA မြန်မာပိုင်းသတင်းဓာတ်ပုံ)

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ OIC နိုင်ငံတွေရဲ့ကိုယ်စားဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကြားနာ စစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၀ရက်နေ့ အင်္ဂါနေ့မှာ နယ်သာလန်နိုင်ငံ The Hague က နိုင်ငံတကာတရားရုံးမှာတော့ ဒီ‌ စွပ်စွဲချက်တွေနဲ့ တိုင်ကြားထားတဲ့ အမှုကို စတင်ကြားနာစစ်ဆေးမှာ ဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက်ကိုစတင်တင်သွင်းမှာဖြစ်ပါတယ်။ဒီဇင်ဘာလ ၁၁ရက်နေ့မှာတော့ မြန်မာနိုင်ငံဘက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီး ပြန်လည်လျှောက်လဲမှာဖြစ်ပါတယ်။ဒီဇင်ဘာ ၁၂ရက်နေ့မှာတော့ ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ အပြန်အလှန် လျှောက်လဲကြမှာဖြစ်ပါတယ်။

( ICJ ရောက် ဗွီအိုအေမြန်မာပိုင်း-သတင်းဓာတ်ပုံများ)

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG