သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ မှာ ဒေါ်စု ခုခံမယ့်အပေါ် ကန် အထက်လွှတ်တော်အမတ်တွေ စိုးရိမ်


ICJ တွင် ကြားနာစစ်ဆေးမည့်ကိစ္စ ရင်ဆိုင်ဖြေရှင်းရန် နယ်သာလန်နိုင်ငံသို့ ထွက်ခွာသွားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဒီဇင်ဘာ ၈၊ ၂၀၁၉)
ICJ တွင် ကြားနာစစ်ဆေးမည့်ကိစ္စ ရင်ဆိုင်ဖြေရှင်းရန် နယ်သာလန်နိုင်ငံသို့ ထွက်ခွာသွားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဒီဇင်ဘာ ၈၊ ၂၀၁၉)

(Zawgyi/Unicode)

နယ်သာလန်နိုင်ငံ The Hague က နိုင်ငံတကာ တရားရုံး ICJ မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်တွေ အပေါ် ခုခံ ပြောဆိုမယ့် အရေးအပေါ် စိုးရိမ်မကင်း ဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ်တွေက ပြောလိုက်ပါတယ်။ Illinois ပြည်နယ်ကိုယ်စားပြု၊ ဒီမိုကရက် အထက်လွှတ်တော် အမတ် Dick Durbin နဲ့ Tennessee ပြည်နယ်က ရီပတ်ပလီကန် အထက်လွှတ်တော်အမတ် Marsha Blackburn တို့ ဦးဆောင်တဲ့ ပါတီကြီး နှစ်ရပ်က အထက်လွှတ်တော်အမတ် အဖွဲ့ တခုက ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာ နိုင်ငံက မြန်မာကို ICJ မှာ အမှုဖွင့်ထားတာဖြစ်ပြီး ဒီကနေ့မှာ စတင်ကြားနာဖို့ ရှိနေချိန်မှာဘဲ အမေရိကန် အထက်လွှတ်တော်အမတ်တချို့က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ထောက်ပြပြီး စစ်တပ်ဟာ မျိုးသုဉ်းသတ်ဖြတ်မှု လုပ်ရပ်တွေ လုပ်ခဲ့ပုံ ရတယ်လို့လည်း အမေရိကန် အထက်လွှတ်တော် အမတ်တွေရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေနဲ့ တခြား တိုင်းရင်းသား လူနည်းစုတွေအပေါ်မှာ စက်ဆုပ်ဖွယ်နဲ့ မျိုးဖြုတ်ရှင်းလင်းမှု ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာ ရှင်းလင်းကြောင်း၊ ဒီလို လုပ်ရပ်တွေကို The Hague မှာ ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်မယ်ဆိုရင်တော့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အကြမ်းဖက်မှုတွေအတွက် မကြုံစဖူး ထုချေချက် ဖြစ်သွားမှာ ဖြစ်ကြောင်း၊ ဒီအစား ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ICJ နိုင်ငံတကာ တရားရုံးနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ဒီဆောင်ရွက်ချက်ဟာဆိုရင် မြန်မာပြည်သူ အားလုံးရဲ့ လူ့အခွင့်အရေးအတွက် အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အတွက်လည်း အကျိုးရှိစေမယ်လို့ အထက်လွှတ်တော် အမတ် Durbin က ပြောဆိုထားပါတယ်။

ရီပတ်ပလီကန် အထက်လွှတ်တော် အမတ် Blackburn ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် နိုင်ငံတကာ အဝန်းအဝိုင်းမှာ စစ်တပ်ကို ကာကွယ်မပေးဖို့၊ အဲဒီအစား မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ရပ်တည်ဖို့ တိုက်တွန်းထားပါတယ်။ အခုလို တိုက်တွန်းထားတဲ့ အထက်လွှတ်တော်အမတ် Dick Durbin နဲ့ Blackburn တို့နဲ့အတူ အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ Tammy Baldwin ၊ Brian Schatz Jeff Merkley ၊ Chris Van Hollen Bob ၊ Ben Cardin ၊ Ron Wyden နဲ့ Todd Young တို့လည်းပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ ဒီအထက်လွှတ်တော် အမတ်တွေက ဒီဇင်ဘာလ ၉ ရက်နေ့ ရက်စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးစာတစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...........................


(Unicode)






XS
SM
MD
LG