သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ မွာ ျမန္မာ အမႈဖြင့္ခံရျခင္းက တာ၀န္ယူမႈ၊ တာ၀န္ခံမႈအတြက္ အေရးႀကီးတဲ႔ အဆင့္ျဖစ္


(Zawgyi/Unicode)

ရိုဟင္ဂ်ာေတြ အေပၚ မ်ိဳးတုံး သတ္ျဖတ္မႈ စြပ္စြဲခ်က္နဲ႔ ႏုိင္ငံတကာ တရားရံုး ICJ မွာ ျမန္မာ အမႈဖြင့္ခံရမႈက တာ၀န္ယူမႈ တာ၀န္ခံမႈ အတြက္ အေရးႀကီးတဲ႔ အဆင့္တရပ္ ျဖစ္တယ္လို႔ ကမၻာတလႊား ဒုကၡသည္ေတြ အေရး ျမွင့္တင္ေဆာင္ရြက္ေနတဲ႔ Refugees International က ေျပာဆိုပါတယ္။ ICJ မွာ ျမန္မာ တိုင္ၾကားခံရမႈက ရိုဟင္ဂ်ာ အေရး ေျဖရွင္းတဲ႔ ေနရာမွာ တကယ္ေရာ ထိေရာက္မႈ ရွိလာႏုိင္မလားဆိုတာကို Refugees International နဲ႔ ဆက္သြယ္ေမးျမန္းၿပီး မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

ျမန္မာႏုိင္ငံဟာ ကုလသမဂၢရဲ႕ လူမ်ိဳးတံုးသတ္ျဖတ္မႈ ဆိုင္ရာ စာခ်ဳပ္ကို ခ်ိဳးေဖာက္တယ္ဆိုတဲ႔ စြပ္စြဲခ်က္နဲ႔ ႏုိင္ငံတကာ တရားရံုး ICJ မွာ တိုင္ၾကားထားတဲ႔ ဂမ္ဘီယာႏုိင္ငံက ဒီအမႈနဲ႔ ပတ္သက္ၿပီး ဒီေန႔ ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ ပထမဆံုး တရားရံုးမွာ ထြက္ဆိုမွာ ျဖစ္ပါတယ္။ ကုလသမဂၢရဲ႕ အျမင့္ဆံုး တရားရံုး ICJ မွာ ရိုဟင္ဂ်ာေတြ အေရးနဲ႔ ပတ္သက္ၿပီး အခုလို တရားဥပေဒေၾကာင္း အရ ေဆာင္ရြက္လာႏိုင္တာဟာဆိုရင္ တာ၀န္ယူမႈ တာ၀န္ခံမႈ အတြက္ သိပ္ကို အေရးႀကီးတဲ႔ ေျခလွမ္းတရပ္ ျဖစ္တယ္လို႔ Refugees International အဖြဲ႔ႀကီး လူ႔အခြင့္အေရးဆိုင္ရာ အႀကီးတန္း တာ၀န္ရွိသူ Daniel Sullivan က သံုးသပ္ပါတယ္။

“ႏိုင္ငံတကာ တရားရံုး ICJ မွာ ျမန္မာ အေပၚ လူမ်ိဳးတံုးသတ္ျဖတ္မႈနဲ႔ ပတ္သက္ၿပီး အမႈဖြင့္တဲ႔ ကိစၥက တာ၀န္ယူမႈ တာ၀န္ခံမႈ အတြက္ သိပ္ၿပီး အေရးႀကီးတဲ႔ အဆင့္တရပ္ ျဖစ္ပါတယ္။ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ဘက္ကလည္း ဒီအမႈရဲ႕ ထူးျခားမႈကို အသိအမွတ္ျပဳပါတယ္။ ၿပီးခဲ႔တဲ႔ သီတင္း ၂ ပတ္တုန္းက က်ေနာ္ ဘဂၤလားေဒရွ္႕ကို သြားၿပီး ရိုဟင္ဂ်ာ ဒုကၡသည္ေတြနဲ႔ ေတြ႔ၿပီး စကားေျပာခဲ႔ပါတယ္။ ဒီအမႈကို ဆက္လက္ လုပ္ေဆာင္ေနတာကိုေရာ အၿပီးသတ္ ဆံုးျဖတ္ခ်က္ တခု က်လာဖို႔ ႏွစ္နဲ႔ခ်ီ ၾကာႏုိ္င္တာကိုေရာ သူတို႔ ေကာင္းေကာင္း သိထားၾကပါတယ္။ ဒါ႔အျပင္ ဒီအမႈအေပၚ အာရံုစိုက္မႈေတြ ရွိလာတာကိုေရာ၊ ရိုဟင္ဂ်ာေတြ အေပၚ ျမန္မာအစိုးရဘက္က ဖိႏွိပ္မႈေတြ ရပ္တန္႔ၿပီး သက္ေသ အေထာက္အထားေတြကို ဖ်က္စီးပစ္မယ့္ အေရးကေန ကာကြယ္ေပးမယ့္ ၾကားကာလ ေဆာင္ရြက္ခ်က္ေတြကို ICJ ဘက္က ခ်မွတ္လာႏုိင္တဲ႔ အလားအလာ ရွိေနတာကိုလည္း သူတို႔ သိရွိထားၾကပါတယ္။ ဒီလို ေဆာင္ရြက္ခ်က္ေတြက ပိုၿပီး ထိထိေရာက္ေရာက္နဲ႔ ေရွ႕ဆက္ ေဆာင္ရြက္လာႏုိင္မယ္၊ ရိုဟင္ဂ်ာေတြ ေနရပ္ရင္း ျပန္ဖို႔ အတားအဆီး ျဖစ္ေနတဲ႔ ရခုိင္ျပည္နယ္ထဲက လက္ရွိ အေျခအေနေတြကို ေျဖရွင္းေရးမွာ အေထာက္အကူ ျဖစ္ေစမယ့္ ဖိအားနဲ႔ အာရံုစိုက္မႈ ပိုၿပီး မ်ားလာႏုိင္တာကိုလည္း သူတို႔ သိရွိသေဘာေပါက္ထားပါတယ္။”

ျမန္မာ အစိုးရဘက္ကေတာ့ ရိုဟင္ဂ်ာ အသံုးအႏႈန္းကို လက္မခံေပမယ့္လည္း ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပးရသူေတြကို ျပန္လက္ခံမယ္လို႔ ေျပာထားပါတယ္။ ဌာေနျပန္ေရး လုပ္ငန္းစဥ္ မေအာင္ျမင္တဲ႔ အေပၚမွာလည္း ဘဂၤလားေဒရွ္႕ရဲ႕ ပူးေပါင္းေဆာင္ရြက္မႈ အားနည္းတာေၾကာင့္လို႔ ျမန္မာဘက္က အျပစ္ဖို႔သလို အခုေနာက္ဆံုးမွာေတာ့ စစ္တပ္က ခံုရံုးဖြဲ႔ၿပီး ရခုိင္ေျမာက္ပိုင္းက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြမွာ ပါ၀င္ ပတ္သက္တယ္လို႔ သံသယ ရွိထားသူ တပ္ဖြဲ႔၀င္ေတြကို စစ္ေဆးေနပါတယ္။ ႏုိင္ငံတကာ ဒုကၡသည္ အေရး ျမွင့္တင္ေဆာင္ရြက္ေနတဲ႔ Refugees International ကေတာ့ ျပည္တြင္းမွာ အေရးယူ ေဆာင္ရြက္မႈေတြက ယံုၾကည္ အားထားဖြယ္ မရွိဘူးလို႔ ေျပာပါတယ္။

အစုလိုက္ အၿပံဳလိုက္ သတ္ျဖတ္မႈကို သတင္းေဖာ္ထုတ္တဲ႔ ရိုက္တာ သတင္းေထာက္ေတြ ေထာင္ခ်ခံရမႈက ျပစ္မႈ က်ဴးလြန္တဲ႔ စစ္သားေတြထက္ ပိုၾကာခဲ႔တယ္လို႔လည္း ေထာက္ျပပါတယ္။ ေနာက္ ျပစ္မႈက်ဴးလြန္တဲ႔ အေထာက္အထားေတြ အမ်ားအျပား ရွိေပမယ့္ အေရးယူ ေဆာင္ရြက္မႈက မျဖစ္စေလာက္သာ ရွိေနတာလို႔ ေျပာဆိုၿပီး တာ၀န္ယူမႈ တာ၀န္ခံမႈအတြက္ ႏုိင္ငံတကာက လြတ္လပ္တဲ႔ လုပ္ငန္းစဥ္ေတြအေပၚမွာ ပိုၿပီး အားထားရမယ္လို႔ ယူဆတဲ႔ အေၾကာင္းလည္း Daniel Sullivan က ေျပာပါတယ္။

ဒါ႔အျပင္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔လည္း ျမန္မာႏုိင္ငံတြင္းက လူနည္းစုေတြရဲ႕ အခြင့္အေရးကို ကာကြယ္ေပးဖို႔ တိုက္တြန္းပါတယ္။

“ျမန္မာႏုိင္ငံတြင္းက အခက္အခဲေတြ၊ ရိုဟင္ဂ်ာေတြ အေပၚ လက္မခံႏုိင္တဲ႔ သေဘာထားေတြက ႏွစ္နဲ႔ခ်ီ ရွိေနတာကို အျပည့္အ၀ နားလည္ပါတယ္။ အစိုးရမွာေရာ ႏုိင္ငံရဲ႕ စီးပြားေရးမွာပါ စစ္တပ္က အႀကီးအက်ယ္ ၾသဇာလႊမ္းမိုးထားတာကိုလည္း အသိအမွတ္ျပဳပါတယ္။ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ က ၾသဇာအာဏာ မရွိသူ မဟုတ္ပါဘူး။ စစ္တပ္ အတြက္ ရပ္တည္ မေပးႏုိင္လည္း ျပသနာ မရွိပါဘူး။ ဘယ္လိုမွ ျငင္းလို႔ မရႏုိင္တဲ႔ တကယ့္ ရာဇ၀တ္မႈေတြျဖစ္တဲ႔ ကိစၥရပ္ အေပၚမွာ စစ္တပ္ကို ကာကြယ္ဖို႔ လုပ္တာက သူမရဲ႕ ျပႆနာ ျဖစ္ပါတယ္။ စစ္တပ္ကို ကာကြယ္ေပးဖို႔ The Hague သြားတာက ထင္ရွားတဲ႔ ဥပမာ ျဖစ္ပါတယ္။ သူမ အေနနဲ႔ အားလံုးကို ေျဖရွင္း မေပးႏုိင္တဲ႔ ခက္ခဲတဲ႔ အေနအထားဆိုတာကို က်ေနာ္ အသိအမွတ္ျပဳပါတယ္။ ဒါေပမယ့္လည္း အနည္းဆံုးေတာ့ သူမ အေနနဲ႔ ျမန္မာႏုိင္ငံတြင္းက ရိုဟင္ဂ်ာေတြနဲ႔ တျခားေသာ တိုင္းရင္းသား လူနည္းစုေတြရဲ႕ အေျခအေနေတြ ဆိုးရြားမသြားမယ့္ အေျခအေနမ်ိဳးေလာက္ေတာ့ ေဆာင္ရြက္ေပးႏုိင္ပါတယ္။”

ႏုိဘဲလ္ ၿငိမ္းခ်မ္းေရးဆုရွင္ တဦးျဖစ္တဲ႔ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အခု ICJ အမႈမွာ ျမန္မာ ကိုယ္စားလွယ္အျဖစ္ တာ၀န္ယူထားတာပါ။ ICJ မွာ တရားရင္ဆိုင္ရတဲ႔ အမႈေတြမွာ ႏုိင္ငံျခားေရး ၀န္ႀကီးေတြက တာ၀န္ယူေလ႔ မရွိေပမယ္လို႔ အခု ျမန္မာႏုိင္ငံရဲ႕ အမႈမွာေတာ့ ႏုိင္ငံနဲ႔ ႏုိင္ငံသားမ်ား အက်ိဳးစီးပြားအတြက္ ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏုိင္ဖို႔ ႏုိင္ငံျခားေရး ၀န္ႀကီး အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာ ကိုယ္စားလွယ္ အျဖစ္ ခန္႔အပ္တာလို႔ ျမန္မာ အစိုးရက ရွင္းလင္းထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ႔ ကိုယ္စားလွယ္အဖြဲ႔က The Heague ကို ေရာက္ရွိေနၿပီျဖစ္ၿပီး လာမယ့္ ဒီဇင္ဘာ ၁၁ ရက္ေန႔မွာ ျမန္မာဘက္က ထြက္ဆိုခ်က္ေပးမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.......................

ICJ မှာ မြန်မာ အမှုဖွင့်ခံရခြင်းက တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် အရေးကြီးတဲ့ အဆင့်ဖြစ်

(Unicode)

ရိုဟင်ဂျာတွေ အပေါ် မျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာ အမှုဖွင့်ခံရမှုက တာဝန်ယူမှု တာဝန်ခံမှု အတွက် အရေးကြီးတဲ့ အဆင့်တရပ် ဖြစ်တယ်လို့ ကမ္ဘာတလွှား ဒုက္ခသည်တွေ အရေး မြှင့်တင်ဆောင်ရွက်နေတဲ့ Refugees International က ပြောဆိုပါတယ်။ ICJ မှာ မြန်မာ တိုင်ကြားခံရမှုက ရိုဟင်ဂျာ အရေး ဖြေရှင်းတဲ့ နေရာမှာ တကယ်ရော ထိရောက်မှု ရှိလာနိုင်မလားဆိုတာကို Refugees International နဲ့ ဆက်သွယ်မေးမြန်းပြီး မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ စာချုပ်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ တိုင်ကြားထားတဲ့ ဂမ်ဘီယာနိုင်ငံက ဒီအမှုနဲ့ ပတ်သက်ပြီး ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပထမဆုံး တရားရုံးမှာ ထွက်ဆိုမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံး ICJ မှာ ရိုဟင်ဂျာတွေ အရေးနဲ့ ပတ်သက်ပြီး အခုလို တရားဥပဒေကြောင်း အရ ဆောင်ရွက်လာနိုင်တာဟာဆိုရင် တာဝန်ယူမှု တာဝန်ခံမှု အတွက် သိပ်ကို အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ Refugees International အဖွဲ့ကြီး လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ Daniel Sullivan က သုံးသပ်ပါတယ်။

“နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာ အပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အမှုဖွင့်တဲ့ ကိစ္စက တာဝန်ယူမှု တာဝန်ခံမှု အတွက် သိပ်ပြီး အရေးကြီးတဲ့ အဆင့်တရပ် ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘက်ကလည်း ဒီအမှုရဲ့ ထူးခြားမှုကို အသိအမှတ်ပြုပါတယ်။ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တုန်းက ကျနော် ဘင်္ဂလားဒေရှ့်ကို သွားပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ပြီး စကားပြောခဲ့ပါတယ်။ ဒီအမှုကို ဆက်လက် လုပ်ဆောင်နေတာကိုရော အပြီးသတ် ဆုံးဖြတ်ချက် တခု ကျလာဖို့ နှစ်နဲ့ချီ ကြာနိုင်တာကိုရော သူတို့ ကောင်းကောင်း သိထားကြပါတယ်။ ဒါ့အပြင် ဒီအမှုအပေါ် အာရုံစိုက်မှုတွေ ရှိလာတာကိုရော၊ ရိုဟင်ဂျာတွေ အပေါ် မြန်မာအစိုးရဘက်က ဖိနှိပ်မှုတွေ ရပ်တန့်ပြီး သက်သေ အထောက်အထားတွေကို ဖျက်စီးပစ်မယ့် အရေးကနေ ကာကွယ်ပေးမယ့် ကြားကာလ ဆောင်ရွက်ချက်တွေကို ICJ ဘက်က ချမှတ်လာနိုင်တဲ့ အလားအလာ ရှိနေတာကိုလည်း သူတို့ သိရှိထားကြပါတယ်။ ဒီလို ဆောင်ရွက်ချက်တွေက ပိုပြီး ထိထိရောက်ရောက်နဲ့ ရှေ့ဆက် ဆောင်ရွက်လာနိုင်မယ်၊ ရိုဟင်ဂျာတွေ နေရပ်ရင်း ပြန်ဖို့ အတားအဆီး ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက လက်ရှိ အခြေအနေတွေကို ဖြေရှင်းရေးမှာ အထောက်အကူ ဖြစ်စေမယ့် ဖိအားနဲ့ အာရုံစိုက်မှု ပိုပြီး များလာနိုင်တာကိုလည်း သူတို့ သိရှိသဘောပေါက်ထားပါတယ်။”

မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံပေမယ့်လည်း ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေကို ပြန်လက်ခံမယ်လို့ ပြောထားပါတယ်။ ဌာနေပြန်ရေး လုပ်ငန်းစဉ် မအောင်မြင်တဲ့ အပေါ်မှာလည်း ဘင်္ဂလားဒေရှ့်ရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကြောင့်လို့ မြန်မာဘက်က အပြစ်ဖို့သလို အခုနောက်ဆုံးမှာတော့ စစ်တပ်က ခုံရုံးဖွဲ့ပြီး ရခိုင်မြောက်ပိုင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင် ပတ်သက်တယ်လို့ သံသယ ရှိထားသူ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးနေပါတယ်။ နိုင်ငံတကာ ဒုက္ခသည် အရေး မြှင့်တင်ဆောင်ရွက်နေတဲ့ Refugees International ကတော့ ပြည်တွင်းမှာ အရေးယူ ဆောင်ရွက်မှုတွေက ယုံကြည် အားထားဖွယ် မရှိဘူးလို့ ပြောပါတယ်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို သတင်းဖော်ထုတ်တဲ့ ရိုက်တာ သတင်းထောက်တွေ ထောင်ချခံရမှုက ပြစ်မှု ကျူးလွန်တဲ့ စစ်သားတွေထက် ပိုကြာခဲ့တယ်လို့လည်း ထောက်ပြပါတယ်။ နောက် ပြစ်မှုကျူးလွန်တဲ့ အထောက်အထားတွေ အများအပြား ရှိပေမယ့် အရေးယူ ဆောင်ရွက်မှုက မဖြစ်စလောက်သာ ရှိနေတာလို့ ပြောဆိုပြီး တာဝန်ယူမှု တာဝန်ခံမှုအတွက် နိုင်ငံတကာက လွတ်လပ်တဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ ပိုပြီး အားထားရမယ်လို့ ယူဆတဲ့ အကြောင်းလည်း Daniel Sullivan က ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း မြန်မာနိုင်ငံတွင်းက လူနည်းစုတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ တိုက်တွန်းပါတယ်။

“မြန်မာနိုင်ငံတွင်းက အခက်အခဲတွေ၊ ရိုဟင်ဂျာတွေ အပေါ် လက်မခံနိုင်တဲ့ သဘောထားတွေက နှစ်နဲ့ချီ ရှိနေတာကို အပြည့်အ၀ နားလည်ပါတယ်။ အစိုးရမှာရော နိုင်ငံရဲ့ စီးပွားရေးမှာပါ စစ်တပ်က အကြီးအကျယ် သြဇာလွှမ်းမိုးထားတာကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် က သြဇာအာဏာ မရှိသူ မဟုတ်ပါဘူး။ စစ်တပ် အတွက် ရပ်တည် မပေးနိုင်လည်း ပြသနာ မရှိပါဘူး။ ဘယ်လိုမှ ငြင်းလို့ မရနိုင်တဲ့ တကယ့် ရာဇဝတ်မှုတွေဖြစ်တဲ့ ကိစ္စရပ် အပေါ်မှာ စစ်တပ်ကို ကာကွယ်ဖို့ လုပ်တာက သူမရဲ့ ပြဿနာ ဖြစ်ပါတယ်။ စစ်တပ်ကို ကာကွယ်ပေးဖို့ The Hague သွားတာက ထင်ရှားတဲ့ ဥပမာ ဖြစ်ပါတယ်။ သူမ အနေနဲ့ အားလုံးကို ဖြေရှင်း မပေးနိုင်တဲ့ ခက်ခဲတဲ့ အနေအထားဆိုတာကို ကျနော် အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း အနည်းဆုံးတော့ သူမ အနေနဲ့ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေနဲ့ တခြားသော တိုင်းရင်းသား လူနည်းစုတွေရဲ့ အခြေအနေတွေ ဆိုးရွားမသွားမယ့် အခြေအနေမျိုးလောက်တော့ ဆောင်ရွက်ပေးနိုင်ပါတယ်။”

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခု ICJ အမှုမှာ မြန်မာ ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားတာပါ။ ICJ မှာ တရားရင်ဆိုင်ရတဲ့ အမှုတွေမှာ နိုင်ငံခြားရေး ဝန်ကြီးတွေက တာဝန်ယူလေ့ မရှိပေမယ်လို့ အခု မြန်မာနိုင်ငံရဲ့ အမှုမှာတော့ နိုင်ငံနဲ့ နိုင်ငံသားများ အကျိုးစီးပွားအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ကိုယ်စားလှယ် အဖြစ် ခန့်အပ်တာလို့ မြန်မာ အစိုးရက ရှင်းလင်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က The Heague ကို ရောက်ရှိနေပြီဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ မြန်မာဘက်က ထွက်ဆိုချက်ပေးမှာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG