သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ အမႈ တရားမွ်တမႈရဖို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြေမွ်ာ္လင့္


ရိုဟင္ဂ်ာ ဒုကၡသည္မ်ား

(Zawgyi/Unicode)

႐ိုဟင္ဂ်ာမူဆလင္ေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ICJ ႏိုင္ငံတကာတရား႐ုံးမွာ ဂန္ဘီယာႏိုင္ငံဖက္က စြဲဆိုထားတဲ့အမႈဟာ တရားမွ်တမႈရရွိမယ္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးလာၾကတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြဘက္က ေမွ်ာ္လင့္ေနပါတယ္။

ျမန္မာႏိုင္ငံကိုယ္စား အမႈရင္ဆိုင္ဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ အခု ICJ တရားခြင္ရွိရာ the Hague ၿမိဳ႕ကို ေရာက္ရွိေနပါၿပီ။ ဒီ တရားခြင္နဲ႔ပတ္သက္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဘက္က ဘာလို သေဘာထားေနၾကပါသလဲ၊ Reuters သတင္းဌာန ေမးျမန္းထားခ်က္ေတြကို အေျခခံၿပီး မဆုမြန္က တင္ျပေပးပါမယ္။

ႏိုင္ငံတကာတရား႐ံုး ICJမွာ ႐ိုဟင္ဂ်ာမူဆလင္ေတြကို လူမ်ိဳးတုန္းသတ္ျဖတ္မႈတရားစြဲဆိုမႈမွာ ႐ိုဟင္ဂ်ာမူဆလင္ေတြအတြက္ တရားမွ်တမႈရဖို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားအနီး ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြမွာ ခိုလႈံေနထိုင္တဲ့ ႐ိုဟင္ဂ်ာေတြက ေတာင္းဆိုၾကပါတယ္။ ရခိုင္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာမူဆလင္ေတြ အစုအၿပဳံလိုက္ ထြက္ေျပးၾကရတဲ့အထိ လူမ်ိဳးတုန္း သတ္ျဖတ္မႈေတြ က်ဴးလြန္ခဲ့တယ္ဆိုၿပီး OIC အစၥလာမစ္ႏိုင္ငံေတြရဲ႕ကိုယ္စား ဂမ္ဘီယာႏိုင္ငံကေန ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာတရား႐ုံး ICJ မွာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့အသုံးကိုေတာင္ လက္ခံမထားတဲ့ ျမန္မာႏိုင္ငံဘက္က ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္လည္းျဖစ္ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ျမန္မာႏိုင္ငံရဲ႕အက်ိဳးစီးပြားအတြက္ကာကြယ္ရန္ဆိုၿပီး တရားသြားရင္ဆိုင္ဖို႔ ICJ ကို ေရာက္ရွိေနပါတယ္။ ၾကားနာစစ္ေဆးမႈေတြကို မနက္ျဖန္မွာ စတင္မွာပါ။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားအနီး ကုတုပေလာင္႐ိုဟင္ဂ်ာစခန္းထဲက ႐ိုဟင္ဂ်ာဒုကၡသည္ တဦးကေတာ့ သူတို႔အေရးအတြက္ တရားစြဲဆိုေပးခဲ့သူေတြကို ေက်းဇူးတင္တယ္လို႔ ေျပာပါတယ္။

“ႏိုင္ငံတကာတရား႐ုံး ICJ အထိ တရားစြဲဆိုေပးခဲ့တဲ့သူေတြကို တကယ္ပဲ အေလးအနက္ထား ေက်းဇူးတင္ပါတယ္။ က်ေနာ္တို႔ ႐ိုဟင္ဂ်ာမူဆလင္ေတြအတြက္ တရားမွ်တမႈရခ်င္ပါတယ္။ စစ္မွန္တဲ့ တရားခြင္ျဖစ္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။ က်ေနာ္တို႔အတြက္ တရားမွ်တမႈရဖို႔ အလႅာအရွင္ျမတ္ဆီမွာ ဆုေတာင္းပါတယ္။”

႐ိုဟင္ဂ်ာဒုကၡသည္ Abul Fayaz ေျပာသြားတာပါ။ ဒီ သတ္ျဖတ္မႈျဖစ္စဥ္အတြက္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္မွာလည္း တာဝန္ရွိတယ္လို႔လည္း Abu Fayaz က ေျပာပါတယ္။ ၿပီးခဲ့တဲ့ႏွစ္၂၀၁၇ ဩဂုတ္လကုန္တုန္းက ARSA အၾကမ္းဖက္အဖြဲ႕က အစိုးရလုံၿခဳံေရးစခန္းေတြကို တိုက္ခိုက္ခဲ့တဲ့ေနာက္၊ စစ္တပ္က နယ္ေျမရွင္းလင္းေရးလုပ္ရာမွာ ႐ိုဟင္ဂ်ာ သိန္းဂဏန္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရပါတယ္။ အဲဒီျဖစ္စဥ္အတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြဟာ ျမန္မာႏိုင္ငံက လက္မွတ္ထိုးထားတဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈတားျမစ္ေရးႏိုင္ငံတကာသေဘာတူညီခ်က္ကို ျမန္မာဖက္က ခ်ိဳးေဖာက္တာဆိုၿပီး ဂန္ဘီယာႏိုင္ငံက ICJ မွာ တရားစြဲခဲ့တာပါ။

ကုလသမဂၢစုံစမ္းေရးအစီရင္ခံစာေတြမွာလည္း ဒီျဖစ္စဥ္ဟာ လူမ်ိဳးတုန္းသတ္ျဖတ္မႈအထိ ရည္မွန္းတဲ့လုပ္ရပ္ျဖစ္တယ္လို႔ ေထာက္ျပခဲ့ပါတယ္။ ဒီအတြက္ စစ္ေခါင္းေဆာင္ေတြမွာ အဓိကတာဝန္ရွိတယ္ဆိုၿပီး တာဝန္ရွိတဲ့အမည္စာရင္းကိုပါ ထုတ္ျပန္ခဲ့ပါတယ္။ ျမန္မာအစိုးရဘက္ကေတာ့ ဒီအစီရင္ခံစာေတြဟာ ခ်ဲ႕ကားၿပီး တဖက္သပ္ဆန္တယ္လို႔ ျမင္ပါတယ္။

ခင္ပြန္းျဖစ္သူ အသတ္ျဖတ္ခံခဲ့ရတဲ့ ႐ိုဟင္ဂ်ာအမ်ိဳးသမီးတဦးကေတာ့ စစ္ေခါင္းေဆာင္ေတြနည္းတူ ေဒၚေအာင္ဆန္းစုၾကည္ကိုပါ အေရးယူေစခ်င္တယ္လို႔ ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

“ ျမန္မာစစ္တပ္ကို အေရးယူသလိုမ်ိဳး ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း တရားခြင္တင္ စစ္ေဆးသင့္ပါတယ္။ က်မတို႔ေတြကို ဘာေၾကာင့္ သတ္တာလဲ။ အသက္ သုံး ေလးႏွစ္ပဲရွိတဲ့ က်မတို႔အငယ္ဆုံးသား က်မသမီးေလးေတြကို ဘာေၾကာင့္သတ္တာလဲ။ သူတို႔က အျပစ္မရွိတဲ့သူေတြပါ။ က်မတို႔ အမ်ိဳးသမီးေတြကို မုဒိန္းက်င့္တာ၊ ႏွိပ္စက္သတ္ျဖတ္တာ ဘာေၾကာင့္ပါလဲ။ ဒါေတြအားလုံးအတြက္ တရားမွ်တမႈလိုခ်င္ပါတယ္။”

မနက္ျဖန္ဒီဇင္ဘာလ ၁၀ရက္ေန႔ အဂၤါေန႔မွာေတာ့ နယ္သာလန္ႏိုင္ငံ The Hague က ႏိုင္ငံတကာတရား႐ုံးမွာေတာ့ ဒီ‌ စြပ္စြဲခ်က္ေတြနဲ႔ တိုင္ၾကားထားတဲ့ အမႈကို စတင္ၾကားနာစစ္ေဆးမွာ ျဖစ္ၿပီး ဂမ္ဘီယာႏိုင္ငံက ေလွ်ာက္လဲခ်က္ကိုစတင္တင္သြင္းမွာျဖစ္ပါတယ္။ ဒီဇင္ဘာလ ၁၁ရက္ေန႔မွာေတာ့ ျမန္မာႏိုင္ငံဘက္က ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ဦးေဆာင္ၿပီး ျပန္လည္ေလွ်ာက္လဲမွာျဖစ္ပါတယ္။ဒီဇင္ဘာ ၁၂ရက္ေန႔မွာေတာ့ ဂမ္ဘီယာႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံတို႔ အျပန္အလွန္ ေလွ်ာက္လဲၾကမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.......................

ICJ အမှု တရားမျှတမှုရဖို့ ရိုဟင်ဂျာဒုက္ခသည်တွေမျှော်လင့်

(Unicode)

ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဂန်ဘီယာနိုင်ငံဖက်က စွဲဆိုထားတဲ့အမှုဟာ တရားမျှတမှုရရှိမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်က မျှော်လင့်နေပါတယ်။ မြန်မာနိုင်ငံကိုယ်စား အမှုရင်ဆိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခု ICJ တရားခွင်ရှိရာ the Hague မြို့ကို ရောက်ရှိနေပါပြီ။ ဒီ တရားခွင်နဲ့ပတ်သက်လို့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က ဘာလို သဘောထားနေကြပါသလဲ၊ Reuters သတင်းဌာန မေးမြန်းထားချက်တွေကို အခြေခံပြီး မဆုမွန်က တင်ပြပေးပါမယ်။

နိုင်ငံတကာတရားရုံး ICJမှာ ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုန်းသတ်ဖြတ်မှုတရားစွဲဆိုမှုမှာ ရိုဟင်ဂျာမူဆလင်တွေအတွက် တရားမျှတမှုရဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာတွေက တောင်းဆိုကြပါတယ်။ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမူဆလင်တွေ အစုအပြုံလိုက် ထွက်ပြေးကြရတဲ့အထိ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး OIC အစ္စလာမစ်နိုင်ငံတွေရဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံး ICJ မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကိုတောင် လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာနိုင်ငံရဲ့အကျိုးစီးပွားအတွက်ကာကွယ်ရန်ဆိုပြီး တရားသွားရင်ဆိုင်ဖို့ ICJ ကို ရောက်ရှိနေပါတယ်။ ကြားနာစစ်ဆေးမှုတွေကို မနက်ဖြန်မှာ စတင်မှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ကုတုပလောင်ရိုဟင်ဂျာစခန်းထဲက ရိုဟင်ဂျာဒုက္ခသည် တဦးကတော့ သူတို့အရေးအတွက် တရားစွဲဆိုပေးခဲ့သူတွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

“နိုင်ငံတကာတရားရုံး ICJ အထိ တရားစွဲဆိုပေးခဲ့တဲ့သူတွေကို တကယ်ပဲ အလေးအနက်ထား ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ရိုဟင်ဂျာမူဆလင်တွေအတွက် တရားမျှတမှုရချင်ပါတယ်။ စစ်မှန်တဲ့ တရားခွင်ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျနော်တို့အတွက် တရားမျှတမှုရဖို့ အလ္လာအရှင်မြတ်ဆီမှာ ဆုတောင်းပါတယ်။”

ရိုဟင်ဂျာဒုက္ခသည် Abul Fayaz ပြောသွားတာပါ။ ဒီ သတ်ဖြတ်မှုဖြစ်စဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မှာလည်း တာဝန်ရှိတယ်လို့လည်း Abu Fayaz က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်၂၀၁၇ ဩဂုတ်လကုန်တုန်းက ARSA အကြမ်းဖက်အဖွဲ့က အစိုးရလုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့နောက်၊ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ရိုဟင်ဂျာ သိန်းဂဏန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ အဲဒီဖြစ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ မြန်မာနိုင်ငံက လက်မှတ်ထိုးထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတားမြစ်ရေးနိုင်ငံတကာသဘောတူညီချက်ကို မြန်မာဖက်က ချိုးဖောက်တာဆိုပြီး ဂန်ဘီယာနိုင်ငံက ICJ မှာ တရားစွဲခဲ့တာပါ။

ကုလသမဂ္ဂစုံစမ်းရေးအစီရင်ခံစာတွေမှာလည်း ဒီဖြစ်စဉ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုအထိ ရည်မှန်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒီအတွက် စစ်ခေါင်းဆောင်တွေမှာ အဓိကတာဝန်ရှိတယ်ဆိုပြီး တာဝန်ရှိတဲ့အမည်စာရင်းကိုပါ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဒီအစီရင်ခံစာတွေဟာ ချဲ့ကားပြီး တဖက်သပ်ဆန်တယ်လို့ မြင်ပါတယ်။

ခင်ပွန်းဖြစ်သူ အသတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာအမျိုးသမီးတဦးကတော့ စစ်ခေါင်းဆောင်တွေနည်းတူ ဒေါ်အောင်ဆန်းစုကြည်ကိုပါ အရေးယူစေချင်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“ မြန်မာစစ်တပ်ကို အရေးယူသလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တရားခွင်တင် စစ်ဆေးသင့်ပါတယ်။ ကျမတို့တွေကို ဘာကြောင့် သတ်တာလဲ။ အသက် သုံး လေးနှစ်ပဲရှိတဲ့ ကျမတို့အငယ်ဆုံးသား ကျမသမီးလေးတွေကို ဘာကြောင့်သတ်တာလဲ။ သူတို့က အပြစ်မရှိတဲ့သူတွေပါ။ ကျမတို့ အမျိုးသမီးတွေကို မုဒိန်းကျင့်တာ၊ နှိပ်စက်သတ်ဖြတ်တာ ဘာကြောင့်ပါလဲ။ ဒါတွေအားလုံးအတွက် တရားမျှတမှုလိုချင်ပါတယ်။”

မနက်ဖြန်ဒီဇင်ဘာလ ၁၀ရက်နေ့ အင်္ဂါနေ့မှာတော့ နယ်သာလန်နိုင်ငံ The Hague က နိုင်ငံတကာတရားရုံးမှာတော့ ဒီ‌ စွပ်စွဲချက်တွေနဲ့ တိုင်ကြားထားတဲ့ အမှုကို စတင်ကြားနာစစ်ဆေးမှာ ဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက်ကိုစတင်တင်သွင်းမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၁ရက်နေ့မှာတော့ မြန်မာနိုင်ငံဘက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီး ပြန်လည်လျှောက်လဲမှာဖြစ်ပါတယ်။ဒီဇင်ဘာ ၁၂ရက်နေ့မှာတော့ ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ အပြန်အလှန် လျှောက်လဲကြမှာဖြစ်ပါတယ်။

XS
SM
MD
LG