(Zawgyi/ Unicode)
၂၀၁၇ ခုႏွစ္မွာ ရခိုင္ျပည္နယ္ကေန အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ဘက္ကို သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြ ထြက္ေျပးရတာနဲ႔ပတ္သက္ၿပီး လူမ်ဳိးတုံးသတ္ျဖတ္မႈ (Genocide) စြဲခ်က္နဲ႔ ျမန္မာႏိုင္ငံ ရင္ဆိုင္ေနရခ်ိန္မွာ ႏိုင္ငံတကာအေနနဲ႔ ျမန္မာလူထုနစ္နာေအာင္ မလုပ္ၾကဖို႔ ကက္သလစ္ဘုန္းေတာ္ႀကီး ကာဒီနယ္လ္ ခ်ားလ္စ္ ဘိုက ပန္ၾကားလိုက္ပါတယ္။
အျပစ္က်ဴးလြန္သူကို အျပစ္ေပးႏိုင္ဖို႔ ႀကိဳးစားေနခ်ိန္မွာ ျမန္မာလူထုတရပ္လံုးအေပၚ သိမ္းက်ဳံးအျပစ္မတင္ၾကဖို႔နဲ႔ ဒီမိုကေရစီေရးႀကိဳးပမ္းဖို႔ ေျခလွမ္းေနတဲ့ ျမန္မာကို ကမာၻမွာ ဝင္ဆန္႔ေအာင္ ဝိုင္းဝန္းကူညီၾကဖုိ႔ ကာဒီနယ္လ္ ခ်ားလ္စ္ ဘိုက ဒီဇင္ဘာလဆန္းမွာ ေၾကညာခ်က္ထုတ္ျပန္ၿပီး ေျပာၾကားခဲ့တာပါ။
႐ိုဟင္ဂ်ာျပႆနာကို မေျဖရွင္းႏုိင္ေသးသလို ရခိုင္နဲ႔ ရွမ္းျပည္နယ္ေတြမွာ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ တိုက္ပြဲေတြျဖစ္ေနဆဲ ျမန္မာႏုိင္ငံရဲ႕ ပထမဆံုး ကက္သလစ္ရဟန္း အမတ္ျဖစ္တဲ့ ခ်ားလ္စ္ဘိုဟာ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ တစိုက္မတ္မတ္ ႀကိဳးပမ္းေနသူျဖစ္ပါတယ္။
ၿငိမ္းခ်မ္ေရးရဖို႔ တရားမွ်တမႈ ရွိရမွာျဖစ္သလို အမွန္တရားကို အသိမွတ္ျပဳမွ အမ်ိဳးသား ျပန္လည္သင့္ျမတ္မႈ ရွိမွာျဖစ္ေၾကာင္းနဲ႔ အခုအခ်ိန္ဟာ အမွန္တရားကိုေရာ တရားမွ်တေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ ျပန္လည္သင့္ျမတ္ေရးေတြအတြက္ ႀကိဳးစားၾကဖုိ႔ အခ်ိန္တန္ၿပီ ျဖစ္ေၾကာင္း ကာဒီနယ္လ္ ခ်ားလ္စ္ ဘိုက ေျပာပါတယ္။
ဆယ္စုႏွစ္ေပါင္းမ်ားစြာ စစ္အုပ္ခ်ဳပ္မႈေအာက္ ေနခဲ့ရတဲ့ ျမန္မာႏုိင္ငံဟာ အခုခ်ိန္မွာ ဒီမိုကေရစီ အကူးအေျပာင္းကာလ ျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ အထိအခိုက္မခံႏိုင္တဲ့ အေျခေနကို ကမာၻက နားလည္မႈနဲ႔ အကူညီေတြ ေပးၾကဖို႔ပါ ပန္ၾကားခဲ့တာပါ။
႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရက ထြက္ေျပးသြားသူေတြကို စိစစ္ ၿပီး ျပန္လက္ခံမွာျဖစ္ေၾကာင္း ေၾကညာထားပါတယ္။
ျမန္မာအေပၚ ဂမ္ဘီယာက လူမ်ဳိးတုန္းသတ္ျဖတ္မႈစြပ္စြဲခ်က္နဲ႔ ႏုိဝင္ဘာလက ICJ မွာ တရားစြဲ ခဲ့သလို ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးအဖြဲ႔ (FFM) ကလည္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ တျခား စစ္တပ္အႀကီးအကဲ ၅ ဦးကို လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ လူမဆန္တဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္ေၾကာင္း စြပ္စြဲထားပါတယ္။
.................
နိုင်ငံတကာအနေနဲ့ မြန်မာလူထု နစ်နာအောင်မလုပ်ဖို့ ကာဒီနယ်လ် ချားလ်စ် ဘို ပန်ကြား
( Unicode)
၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ထွက်ပြေးရတာနဲ့ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု (Genocide) စွဲချက်နဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရချိန်မှာ နိုင်ငံတကာအနေနဲ့ မြန်မာလူထုနစ်နာအောင် မလုပ်ကြဖို့ ကက်သလစ်ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ်စ် ဘိုက ပန်ကြားလိုက်ပါတယ်။
အပြစ်ကျူးလွန်သူကို အပြစ်ပေးနိုင်ဖို့ ကြိုးစားနေချိန်မှာ မြန်မာလူထုတရပ်လုံးအပေါ် သိမ်းကျုံးအပြစ်မတင်ကြဖို့နဲ့ ဒီမိုကရေစီရေးကြိုးပမ်းဖို့ ခြေလှမ်းနေတဲ့ မြန်မာကို ကမ္ဘာမှာ ဝင်ဆန့်အောင် ဝိုင်းဝန်းကူညီကြဖို့ ကာဒီနယ်လ် ချားလ်စ် ဘိုက ဒီဇင်ဘာလဆန်းမှာ ကြေညာချက်ထုတ်ပြန်ပြီး ပြောကြားခဲ့တာပါ။
ရိုဟင်ဂျာပြဿနာကို မဖြေရှင်းနိုင်သေးသလို ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်နေဆဲ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကက်သလစ်ရဟန်း အမတ်ဖြစ်တဲ့ ချားလ်စ်ဘိုဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းနေသူဖြစ်ပါတယ်။
ငြိမ်းချမ်ရေးရဖို့ တရားမျှတမှု ရှိရမှာဖြစ်သလို အမှန်တရားကို အသိမှတ်ပြုမှ အမျိုးသား ပြန်လည်သင့်မြတ်မှု ရှိမှာဖြစ်ကြောင်းနဲ့ အခုအချိန်ဟာ အမှန်တရားကိုရော တရားမျှတရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတွေအတွက် ကြိုးစားကြဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း ကာဒီနယ်လ် ချားလ်စ် ဘိုက ပြောပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်မှုအောက် နေခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အခုချိန်မှာ ဒီမိုကရေစီ အကူးအပြောင်းကာလ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အထိအခိုက်မခံနိုင်တဲ့ အခြေနေကို ကမ္ဘာက နားလည်မှုနဲ့ အကူညီတွေ ပေးကြဖို့ပါ ပန်ကြားခဲ့တာပါ။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ထွက်ပြေးသွားသူတွေကို စိစစ် ပြီး ပြန်လက်ခံမှာဖြစ်ကြောင်း ကြေညာထားပါတယ်။
မြန်မာအပေါ် ဂမ်ဘီယာက လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ နိုဝင်ဘာလက ICJ မှာ တရားစွဲ ခဲ့သလို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား စစ်တပ်အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲထားပါတယ်။