သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုကၡသည္ ျပန္ပို႔ေရးလုပ္ငန္း ကုလသမဂၢဦးေဆာင္ဖို႔ ဘဂၤလားေဒ့ရွ္ လိုလား


ေကာ့ဘဇားရွိ ရိုဟင္ဂ်ာ ဒုကၡသည္ ကေလးငယ္မ်ား (၂၀၁၉ ခုႏွစ္ ၊ ၾသဂုတ္လ )

(Zawgyi/Unicode)

ျမန္မာႏုိင္ငံကေန ဘဂၤလားေဒ့ရွ္နုိင္ငံဘက္ ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြ ေဘးကင္းလံုျခံဳစြာနဲ႔ သိကၡာမပ်က္ ေနရပ္ျပန္နုိင္ေအာင္ ကုလသမဂၢက ဦးေဆာင္ ႀကိဳးပမ္းေပးေစလိုေၾကာင္း ကုလသမဂၢ ဆိုင္ရာ ဘဂၤလားေဒ့ရွ္ အျမဲတမ္း ကိုယ္စားလွယ္ Masud Bin Momen က ေျပာဆိုလုိက္ပါတယ္။

ဒုကၡသည္ေတြ ေဘးကင္းလံုျခံဳမႈရွိရွိ ေနရပ္ျပန္ႏုိင္ေရးဟာ ဘဂၤလားေဒ့ရွ္အစိုးရရဲ႕ အဓိက ရည္ရြယ္ခ်က္ ျဖစ္ျပီး ဒီအတြက္ ျမန္မာအစိုးရနဲ႔ ပူးေပါင္း ေဆာင္ရြက္ေပမဲ့လို႔ အလုပ္မျဖစ္တာေၾကာင့္ ကုလသမဂၢက ဦးေဆာင္ေပးဖုိ႔ လိုလားတာျဖစ္ေၾကာင္း အျမဲတမ္းကိုယ္စားလွယ္ Momen က ဗြီအုိေအ ဘဂၤလားဌာနနဲ႔ သီးျခား ေမးျမန္းခ်ိန္မွာ ေျပာဆိုပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္အေရးနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လံုျခံဳေရးေကာင္စီမွာ အႀကိမ္ႀကိမ္ ေဆြးေႏြးတာေတြ ရွိခဲ့ၿပီး လံုျခံဳေရးေကာင္စီအဖြဲ႔၀င္ တခ်ိဳ႕နဲ႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ ကိုယ္တိုင္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတြင္းက ဒုကၡသည္စခန္းေတြကို သြားေရာက္တာေတြ ရွိခဲ့ေပမဲ့လို႔ ဒီကိစၥ တရား၀င္ ဖိအားေပး ကိုင္တြယ္ႏုိင္မယ့္ ဆံုးျဖတ္ခ်က္တရပ္ ခ်မွတ္ဖို႔ကိုေတာ့ လံုျခံဳေရးေကာင္စီက မလုပ္ေဆာင္ ေသးဘူးလို႔ မစၥတာ Momen က ေျပာပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ အေရးနဲ႔ပတ္သက္ျပီး ျမန္မာအစိုးရကို ဖိအားေပးႏိုင္ဖို႔ ဆံုးျဖတ္ခ်က္တရပ္ လံုျခံဳေရးေကာင္စီမွာ ခ်မွတ္ႏိုင္ေအာင္ ဘဂၤလားေဒ့ရွ္က ၾကိဳးစားေနေၾကာင္းလည္း မစၥတာ Momen က ေျပာပါတယ္။ ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပးရသူေတြအေရးနဲ႔ ပတ္သက္လာရင္ ျမန္မာဘက္က ႐ိုဟင္ဂ်ာ ဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမဲ့၊ ႏိုင္ငံတြင္းကေန ထြက္ေျပးခဲ့သူေတြ ဟုတ္မဟုတ္ စိစစ္ၿပီး ျပန္လည္ လက္ခံမယ္လို႔ ေျပာဆိုထားပါတယ္။

ဒီ႐ိုဟင္ဂ်ာအေရးနဲ႔ ၿပီးေတာ့ပဲ ဂမ္ဘီယာႏုိင္ငံကက ကုလသမဂၢ အျမင့္ဆုံးတရား႐ုံး ျဖစ္တဲ့ ICJ ႏိုင္ငံတကာ တရား႐ုံးမွာ အစၥလာမ္မစ္ႏုိင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ OIC ကုိယ္စား ျမန္မာအစိုးရကို သိပ္မၾကာခင္ကပဲ တရားစြဲထားပါတယ္။ လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ျမန္မာအစိုးရဘက္က ခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တရားစြဲဆိုထားတာပါ။

ျမန္မာအစိုးရကေတာ့ ဒီစြပ္စြဲခ်က္ကို ျငင္းဆိုထားျပီး ဒီအမႈကို ICJ တရား႐ုံးမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္သြားေရာက္ၿပီး ခုခံေခ်ပမယ့္အေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

ဒုက္ခသည် ပြန်ပို့ရေးလုပ်ငန်း ကုလသမဂ္ဂဦးဆောင်ဖို့ ဘင်္ဂလားဒေ့ရှ် လိုလား

(Unicode)

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ သိက္ခာမပျက် နေရပ်ပြန်နိုင်အောင် ကုလသမဂ္ဂက ဦးဆောင် ကြိုးပမ်းပေးစေလိုကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အမြဲတမ်း ကိုယ်စားလှယ် Masud Bin Momen က ပြောဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်ရေးဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပြီး ဒီအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ပေမဲ့လို့ အလုပ်မဖြစ်တာကြောင့် ကုလသမဂ္ဂက ဦးဆောင်ပေးဖို့ လိုလားတာဖြစ်ကြောင်း အမြဲတမ်းကိုယ်စားလှယ် Momen က ဗွီအိုအေ ဘင်္ဂလားဌာနနဲ့ သီးခြား မေးမြန်းချိန်မှာ ပြောဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အကြိမ်ကြိမ် ဆွေးနွေးတာတွေ ရှိခဲ့ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် တချို့နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်တာတွေ ရှိခဲ့ပေမဲ့လို့ ဒီကိစ္စ တရားဝင် ဖိအားပေး ကိုင်တွယ်နိုင်မယ့် ဆုံးဖြတ်ချက်တရပ် ချမှတ်ဖို့ကိုတော့ လုံခြုံရေးကောင်စီက မလုပ်ဆောင် သေးဘူးလို့ မစ္စတာ Momen က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည် အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ဖိအားပေးနိုင်ဖို့ ဆုံးဖြတ်ချက်တရပ် လုံခြုံရေးကောင်စီမှာ ချမှတ်နိုင်အောင် ဘင်္ဂလားဒေ့ရှ်က ကြိုးစားနေကြောင်းလည်း မစ္စတာ Momen က ပြောပါတယ်။ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေအရေးနဲ့ ပတ်သက်လာရင် မြန်မာဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့၊ နိုင်ငံတွင်းကနေ ထွက်ပြေးခဲ့သူတွေ ဟုတ်မဟုတ် စိစစ်ပြီး ပြန်လည် လက်ခံမယ်လို့ ပြောဆိုထားပါတယ်။

ဒီရိုဟင်ဂျာအရေးနဲ့ ပြီးတော့ပဲ ဂမ်ဘီယာနိုင်ငံကက ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံး ဖြစ်တဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား မြန်မာအစိုးရကို သိပ်မကြာခင်ကပဲ တရားစွဲထားပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာအစိုးရဘက်က ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာပါ။

မြန်မာအစိုးရကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ဒီအမှုကို ICJ တရားရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ပြီး ခုခံချေပမယ့်အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG