သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ကျပန္လာလိုသူ ဒုကၡသည္ ၂၀၀၀၀ ေက်ာ္အနက္ ၃၅၀၀ နီးပါး လက္ခံဖို႔စိစစ္ၿပီး


ဘဂၤလားေဒ့ရွ္ႏုိင္ငံေရာက္ ႐ိုဟင္ဂ်ာ ဒုကၡသည္မ်ား (ဧၿပီ၊ ၀၈၊၂၀၁၉)

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ႏုိင္ငံေရာက္ ဒုကၡသည္ေတြထဲက ေနရပ္ျပန္မယ့္သူ ၂၀,၀၀၀ ေက်ာ္ကုိ ျမန္မာတာ၀န္ရွိသူေတြ စိစစ္ၿပီးစီးထားၿပီး ျပန္လည္ လက္ခံဖုိ႔ အသင့္ရွိေနသူ ၃,၅၀၀ နီးပါးရွိေၾကာင္း ျမန္မာႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ဒီကေန႔ပဲ သတင္း ထုတ္ျပန္လုိက္ပါတယ္။

ဒုကၡသည္ေတြ ျပန္လည္ေခၚယူေရး ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ တာ၀န္ရွိသူေတြရဲ႕ ၿပီးခဲ့တဲ့လထဲ ဒါကာၿမိဳ႕ေတာ္မွာ တတိယအႀကိမ္ ပူးတဲြလုပ္ငန္းအဖဲြ႔ အစည္းအေ၀းအတြင္း ဘဂၤလားေဒ့ရွ္ဘက္က ေပးအပ္ထားတဲ့ လူေပါင္း ၂၂,၄၃၂ ေယာက္အနက္ ၂၀,၉၆၃ ေယာက္ကုိ ျမန္မာ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဝန္ႀကီးဌာနက စိစစ္မႈေတြ ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း ေျပာဆုိခဲ့တာပါ။

စိစစ္ၿပီးစီးထားသူေတြထဲက ျပန္လည္ေနရာခ်ဖုိ႔ စီစဥ္ထားသူ လူေပါင္း ၃,၄၅၀ ပါ၀င္တဲ့ စာရင္းကုိလည္း ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ေပးပုိ႔ထားေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

၂၀၁၇ ထဲ ရခုိင္ျပည္နယ္က လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ လုိက္လံရွင္းလင္းခဲ့တဲ့ ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြရဲ႕ စစ္ဆင္ေရးေတြေနာက္ပုိင္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ထြက္ေျပးသြားတဲ့ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြကုိ ျပန္လည္ လက္ခံေရး ျမန္မာအစုိးရက ဘဂၤလားေဒ့ရွ္နဲ႔ေရာ ကုလသမဂၢနဲ႔ပါ နားလည္မႈ စာခၽြန္လႊာေတြ သီးျခားလက္မွတ္ ေရးထုိးထားတာပါ။

ဒါေပမဲ့လည္း ဒုကၡသည္ေတြရဲ႕ အေျခခံအခြင့္အေရးေတြနဲ႔ လုံၿခံဳေရးအတြက္ စုိးရိမ္မႈေတြနဲ႔အတူ ေနရပ္ျပန္ပုိ႔ေရး အစီအစဥ္ေတြ အထမေျမာက္ပဲ ျဖစ္ေနပါတယ္။

႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ ျမန္မာအစုိးရက တရား၀င္ လက္ခံမထားေပမဲ့လည္း ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြကုိ ျပန္လည္လက္ခံဖုိ႔ အသင့္ရွိေၾကာင္း ေျပာဆုိထားသလုိ ကုိယ့္သေဘာဆႏၵနဲ႔ ေနရပ္ျပန္လာသူေတြကုိ ျပန္လည္လက္ခံခဲ့ရာမွာ ရာဂဏန္းေလာက္အထိ ရွိေနၿပီလုိ႔လည္း ျမန္မာတာ၀န္ရွိသူေတြ မၾကာေသးခင္တုန္းက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘင်္ဂလားဒေ့ရှ်ကပြန်လာလိုသူ ဒုက္ခသည် ၂၀၀၀၀ ကျော်အနက် ၃၅၀၀ နီးပါး လက်ခံဖို့စိစစ်ပြီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေထဲက နေရပ်ပြန်မယ့်သူ ၂၀,၀၀၀ ကျော်ကို မြန်မာတာဝန်ရှိသူတွေ စိစစ်ပြီးစီးထားပြီး ပြန်လည် လက်ခံဖို့ အသင့်ရှိနေသူ ၃,၅၀၀ နီးပါးရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ပဲ သတင်း ထုတ်ပြန်လိုက်ပါတယ်။

ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေရဲ့ ပြီးခဲ့တဲ့လထဲ ဒါကာမြို့တော်မှာ တတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပေးအပ်ထားတဲ့ လူပေါင်း ၂၂,၄၃၂ ယောက်အနက် ၂၀,၉၆၃ ယောက်ကို မြန်မာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက စိစစ်မှုတွေ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

စိစစ်ပြီးစီးထားသူတွေထဲက ပြန်လည်နေရာချဖို့ စီစဉ်ထားသူ လူပေါင်း ၃,၄၅၀ ပါဝင်တဲ့ စာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေးပို့ထားကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ ထဲ ရခိုင်ပြည်နယ်က လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေနောက်ပိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ရော ကုလသမဂ္ဂနဲ့ပါ နားလည်မှု စာချွန်လွှာတွေ သီးခြားလက်မှတ် ရေးထိုးထားတာပါ။

ဒါပေမဲ့လည်း ဒုက္ခသည်တွေရဲ့ အခြေခံအခွင့်အရေးတွေနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့အတူ နေရပ်ပြန်ပို့ရေး အစီအစဉ်တွေ အထမမြောက်ပဲ ဖြစ်နေပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက တရားဝင် လက်ခံမထားပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်း ပြောဆိုထားသလို ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်လာသူတွေကို ပြန်လည်လက်ခံခဲ့ရာမှာ ရာဂဏန်းလောက်အထိ ရှိနေပြီလို့လည်း မြန်မာတာဝန်ရှိသူတွေ မကြာသေးခင်တုန်းက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG