သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာအေရး အေမရိကန္ အျပည့္အဝေထာက္ခံေၾကာင္း ဘဂၤလားေဒ့ရွ္ဝန္ႀကီးေျပာ


(Zawgyi/Unicode)

႐ုိဟင္ဂ်ာအေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ျပည္ေထာင္စုက ဘဂၤလားေဒ့ရွ္ႏုိင္ငံကို အျပည့္အ၀ ေထာက္ခံတယ္ဆိုတာကို ထပ္ေလာင္း ေျပာဆိုခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ ႏုိင္ငံျခားေရး၀န္ႀကီး AK Abdul Momen က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံကို ေရာက္ရွိေနတဲ့ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ ေတာင္အာရွနဲ႔ အာရွအလယ္ပိုင္းဆိုင္ရာ ေခတၱ လက္ေထာက္ႏုိင္ငံျခားေရး၀န္ၾကီး Alice Wells နဲ႔ ၁ နာရီၾကာ ေတြ႕ဆုံေဆြးေႏြးအၿပီးမွာ အခုလို ေျပာတာျဖစ္ပါတယ္။

႐ုိဟင္ဂ်ာေတြ ေနရပ္ျပန္ေရး အေမရိကန္ႏိုင္ငံက ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ဘယ္လို ထပ္ေဆာင္း ကူညီရမလဲဆိုတဲ့ကိစၥကို အေသးစိတ္ ေဆြးေႏြးခဲ့တယ္လို႔လည္း ၀န္ၾကီး Momen က ေျပာပါတယ္။

ဒုကၡသည္ေတြကို Bhashan Char ကၽြန္းကို ေျပာင္းေရႊ႕ေရးကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဘဂၤလားေဒ့ရွ္ႏုိင္ငံအေနနဲ႔ အဲဒီကၽြန္းကိုေျပာင္းေရႊ႕ဖို႔ အတင္းအက်ပ္ လုပ္ေဆာင္မွာ မဟုတ္ေၾကာင္း၊ ဒါေပမဲ့ သူတို႔ အဲဒီကိုသြားရင္ေတာ့ ပိုေကာင္းမြန္တဲ့ ေနထုိင္မႈအေျခအေနကို ရရွိမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဒုကၡသည္ေတြ ေျပာင္းေရႊ႕ေရးအစီအစဥ္ကို အေမရိကန္ လက္ေထာက္၀န္ႀကီးက မကန္႔ကြက္ ဘူးလို႔လည္း ဆိုပါတယ္။ ဒါေပမဲ့ လက္ေထာက္၀န္ၾကီး Wells ကေတာ့ ေျပာင္းေရႊ႕တဲ့အခါ လူသားခ်င္းစာနာမႈဆိုင္ရာ အေထာက္အပံ့ေတြ ပိုၿပီး မ်ားလာမလား ဆိုတာကိုေတာ့ ျပန္လည္ ဆန္းစစ္မွာျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံျခားေရး၀န္ၾကီး Momen ကို ေျပာပါတယ္။

အေမရိကန္ႏုိင္ငံဟာ ဒုကၡသည္ေတြကိစၥမွာ ေငြေၾကးအမ်ားဆုံး အလွဴရွင္လည္း ျဖစ္ပါတယ္။ အေစာပိုင္းတုန္းကလည္း လက္ေထာက္၀န္ႀကီး Wells က အေမရိကန္ႏုိင္ငံအေနနဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံန႔ဲအတူ ရပ္တည္ေနေၾကာင္း၊ Cox’s Bazar မွာ ဒုကၡသည္ေတြ ခုိလံႈေနတဲ့ လူမႈအဝန္းအဝုိင္းအတြက္ အစီအစဥ္ေတြကို ေဆြးေႏြးခဲ့ေၾကာင္း ေျပာၾကားထားပါတယ္။ ႐ုိဟင္ဂ်ာ အသုံးအႏွဳန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ေဆာင္ရြက္ေနတယ္လို႔ ေျပာထားပါတယ္။ အခုအခ်ိန္အထိေတာ့ ႏွစ္ႏုိင္ငံ သေဘာတူညီခ်က္ အရ ျမန္မာႏုိင္ငံကိုျပန္လာတဲ့ ဒုကၡသည္ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


.........................

ရိုဟင်ဂျာအရေး အမေရိကန် အပြည့်အဝထောက်ခံကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြော

(Zawgyi/Unicode)

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အပြည့်အ၀ ထောက်ခံတယ်ဆိုတာကို ထပ်လောင်း ပြောဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ တောင်အာရှနဲ့ အာရှအလယ်ပိုင်းဆိုင်ရာ ခေတ္တ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alice Wells နဲ့ ၁ နာရီကြာ တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို ပြောတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဘယ်လို ထပ်ဆောင်း ကူညီရမလဲဆိုတဲ့ကိစ္စကို အသေးစိတ် ဆွေးနွေးခဲ့တယ်လို့လည်း ဝန်ကြီး Momen က ပြောပါတယ်။

ဒုက္ခသည်တွေကို Bhashan Char ကျွန်းကို ပြောင်းရွှေ့ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အဲဒီကျွန်းကိုပြောင်းရွှေ့ဖို့ အတင်းအကျပ် လုပ်ဆောင်မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ သူတို့ အဲဒီကိုသွားရင်တော့ ပိုကောင်းမွန်တဲ့ နေထိုင်မှုအခြေအနေကို ရရှိမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒုက္ခသည်တွေ ပြောင်းရွှေ့ရေးအစီအစဉ်ကို အမေရိကန် လက်ထောက်ဝန်ကြီးက မကန့်ကွက် ဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ လက်ထောက်ဝန်ကြီး Wells ကတော့ ပြောင်းရွှေ့တဲ့အခါ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပိုပြီး များလာမလား ဆိုတာကိုတော့ ပြန်လည် ဆန်းစစ်မှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Momen ကို ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ ဒုက္ခသည်တွေကိစ္စမှာ ငွေကြေးအများဆုံး အလှူရှင်လည်း ဖြစ်ပါတယ်။ အစောပိုင်းတုန်းကလည်း လက်ထောက်ဝန်ကြီး Wells က အမေရိကန်နိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူ ရပ်တည်နေကြောင်း၊ Cox’s Bazar မှာ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ လူမှုအဝန်းအဝိုင်းအတွက် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြောင်း ပြောကြားထားပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။ အခုအချိန်အထိတော့ နှစ်နိုင်ငံ သဘောတူညီချက် အရ မြန်မာနိုင်ငံကိုပြန်လာတဲ့ ဒုက္ခသည် မရှိသေးပါဘူး။

XS
SM
MD
LG