သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ဒုကၡသည္လူငယ္မ်ားထဲ စိတ္က်န္းမာေရးခ်ဳိ႕ယြင္းသူ အမ်ားအျပားရွိေန


(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြထဲက အသက္ ၁၈ ႏွစ္ေအာက္ ကေလးေတြအနက္ ၅ ေယာက္မွာ ၁ ေယာက္ဟာ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

Save the Children အဖြဲ႔က Bhanu Bhatnagar က သူတို႔အေနနဲ႔ ဒုကၡသည္စခန္းမွာ စိတ္က်န္းမာေရးဆိုင္ရာ အက်ပ္အတည္းကို ရင္ဆိုင္ေျဖရွင္းေနရတယ္လို႔ ဆိုပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ စစ္ေရးတိုက္ခိုက္မႈေတြျဖစ္ခဲ့တဲ့ လြန္ခဲ့တဲ့ ၂ ႏွစ္ကတည္းက ႐ုိဟင္ဂ်ာ ၇ သိန္းေက်ာ္ဟာ ဘဂၤလားေဒ့ရွ္ကို ေရာက္ရွိ ေနခဲ့တာ ျဖစ္ပါတယ္။

ကုလသမဂၢ စုံစမ္းစစ္ေဆးသူေတြကေတာ့ ျမန္မာစစ္တပ္ဟာ အစုလိုက္အျပံဳလိုက္သတ္ျဖတ္မႈ၊ အစုလိုက္ အဓမၼျပဳက်င့္မႈနဲ႔ ႐ုိဟင္ဂ်ာရြာေတြကို မီး႐ိႈ႕မႈေတြ က်ဴးလြန္ခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။ ႐ုိဟင္ဂ်ာအသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာႏုိင္ငံဘက္က လြြန္ခဲ့တဲ့ ၂ ႏွစ္က တိုက္ခိုက္မႈေတြဟာ ဆူပူမႈေတြကို ျပန္လည္ေျခမႈန္းတဲ့ စစ္ဆင္ေရးေတြ တရား၀င္လုပ္ခဲ့တာသာ ျဖစ္တယ္လို႔ ျပန္လည္ တုန္႔ျပန္ထားျပီး စြပ္စြဲခ်က္ေတြကို ျငင္းဆိုထား ပါတယ္။

Save the Children က တခ်ဳိ႕ဒုကၡသည္ကေလးေတြဟာ စစ္တပ္ရဲ႕ ဖိႏွိပ္တိုက္ခိုက္မွႈေတြကို မ်က္ျမင္ေတြ႔ရွိရတာေတြေၾကာင့္ အခုလို စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြ ရလာတာျဖစ္သလို တျခားအေၾကာင္းရင္းေတြလည္း ရွိႏုိ္င္တယ္လို႔ ဆိုပါတယ္။

အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ အိမ္ေထာင္က်တာနဲ႔ အိမ္တြင္း အၾကမ္းဖက္မႈေတြေၾကာင့္လည္း စိတ္က်န္းမာေရးျပႆနာ ျဖစ္လာႏုိင္တယ္လို႔လည္း Bhatnagar က ေျပာပါတယ္။

ဒါ့အျပင္ ေန႔စဥ္ က်ပ္က်ပ္တည္တည္း ေနထုိုင္ေနရတဲ့ဘ၀နဲ႔ စိတ္ဖိစီးမႈေတြေၾကာင့္လည္း ျဖစ္ႏုိင္တယ္လို႔ ဆိုပါတယ္။

ဒုကၡသည္ေတြဟာ စခန္းေတြအျပင္ဘက္မွာ အလုပ္လုပ္ခြင့္မရၾကဘဲ စခန္းအတြင္းမွာလုပ္ရတဲ့ အလုပ္ေတြဟာလည္း အကန္႔အသတ္နဲ႔သာျဖစ္ပါတယ္။ ဒုကၡသည္ေတြရဲ႕ ပညာသင္ၾကားေရးနဲ႔ သက္ေမြ၀မ္းေၾကာင္း ပညာသင္ခြင့္ မရရွိတာေၾကာင့္ လူငယ္ဒုကၡသည္ေတြ ဘ၀ရွင္သန္ေရး အတတ္ပညာေတြ မရရွိမွာကိုလည္း စိုးရိမ္မႈေတြ ထြက္ေပၚေနပါတယ္။ အသက္ ၁၅ ႏွစ္က ၁၈ ႏွစ္ၾကား ဒုကၡသည္ ၁၁% သာ စခန္းတြင္း ပညာသင္ၾကားခြင့္ ရရွိၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ရိုဟင်ဂျာ ဒုက္ခသည်လူငယ်များထဲ စိတ်ကျန်းမာရေးချို့ယွင်းသူ အများအပြားရှိနေ

(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက အသက် ၁၈ နှစ်အောက် ကလေးတွေအနက် ၅ ယောက်မှာ ၁ ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Save the Children အဖွဲ့က Bhanu Bhatnagar က သူတို့အနေနဲ့ ဒုက္ခသည်စခန်းမှာ စိတ်ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးတိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိ နေခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကတော့ မြန်မာစစ်တပ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အစုလိုက် အဓမ္မပြုကျင့်မှုနဲ့ ရိုဟင်ဂျာရွာတွေကို မီးရှို့မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်က လွန်ခဲ့တဲ့ ၂ နှစ်က တိုက်ခိုက်မှုတွေဟာ ဆူပူမှုတွေကို ပြန်လည်ခြေမှုန်းတဲ့ စစ်ဆင်ရေးတွေ တရားဝင်လုပ်ခဲ့တာသာ ဖြစ်တယ်လို့ ပြန်လည် တုန့်ပြန်ထားပြီး စွပ်စွဲချက်တွေကို ငြင်းဆိုထား ပါတယ်။

Save the Children က တချို့ဒုက္ခသည်ကလေးတွေဟာ စစ်တပ်ရဲ့ ဖိနှိပ်တိုက်ခိုက်မှှုတွေကို မျက်မြင်တွေ့ရှိရတာတွေကြောင့် အခုလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ရလာတာဖြစ်သလို တခြားအကြောင်းရင်းတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာနဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေကြောင့်လည်း စိတ်ကျန်းမာရေးပြဿနာ ဖြစ်လာနိုင်တယ်လို့လည်း Bhatnagar က ပြောပါတယ်။

ဒါ့အပြင် နေ့စဉ် ကျပ်ကျပ်တည်တည်း နေထိုင်နေရတဲ့ဘဝနဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေဟာ စခန်းတွေအပြင်ဘက်မှာ အလုပ်လုပ်ခွင့်မရကြဘဲ စခန်းအတွင်းမှာလုပ်ရတဲ့ အလုပ်တွေဟာလည်း အကန့်အသတ်နဲ့သာဖြစ်ပါတယ်။ ဒုက္ခသည်တွေရဲ့ ပညာသင်ကြားရေးနဲ့ သက်မွေဝမ်းကြောင်း ပညာသင်ခွင့် မရရှိတာကြောင့် လူငယ်ဒုက္ခသည်တွေ ဘဝရှင်သန်ရေး အတတ်ပညာတွေ မရရှိမှာကိုလည်း စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ အသက် ၁၅ နှစ်က ၁၈ နှစ်ကြား ဒုက္ခသည် ၁၁% သာ စခန်းတွင်း ပညာသင်ကြားခွင့် ရရှိကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG