ဘဂၤလားေဒ့ရွ္ဘက္ေရာက္ေနတဲ့ ဒုကၡသည္ေတြထဲက ျမန္မာႏို္င္ငံကိုျပန္ပို႔မယ့္ အေရအတြက္ ငါးေသာင္းပါတဲ႔ စာရင္းကို ဘဂၤလားေဒ႔ရွ္အစိုးရက ျမန္မာအစိုးရကို မေန႔က ေပးပို႔ထားျပီး ဒါက တတိယအႀကိမ္ေျမာက္ ေပးပို႔တာျဖစ္ပါတယ္။
ဒုကၡသည္ေတြ ျပန္လက္ခံေရးအတြက္ ျမန္မာႏုိင္ငံအေနနဲ႔ ႏုိင္ငံတကာ အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနၿပီး ဒုကၡသည္ေတြ အျမန္ဆုံး ျပန္ပုိ႔ႏုိင္ေရးအတြက္ ဘဂၤလားေဒ့ရွ္ဘက္က ပူးေပါင္းေဆာင္ရြက္ဖုိ႔ လုိေၾကာင္း ျမန္မာအစုိးရ တာ၀န္ရွိသူေတြက ေျပာပါတယ္။ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က အေၾကာင္းစံုကို ေမးျမန္း ေပးပို႔ထားပါတယ္။
ဘဂၤလားေဒရွ္႕အစိုးရက ျမန္မာဘက္ကို အခုေနာက္ဆုံးပုိ႔လုိက္တဲ့ ဒုကၡသည္စာရင္းအရ လူဦးေရ ၅၀,၀၀၀ ရွိျပီး ျမန္မာဘက္က ဒါကို ျပန္စိစစ္ေနပါတယ္။ ဒါဟာ ဘဂၤလားေဒ့ရွ္ဘက္က ျမန္မာအစုိးရထံကုိ တတိယအႀကိမ္ေျမာက္ လူဦးေရစာရင္း ေပးပုိ႔ျခင္းလည္း ျဖစ္ပါတယ္။
ဘဂၤလားေဒ႔ရွ္အစိုးရက ဒုကၡသည္စာရင္းေတြကို အခုလုိ ေပးပို႔ေနတာထက္စာရင္ ျပန္လည္လက္ခံေရးအပိုင္းမွာ ပိုျပီးပူးေပါင္း ပါဝင္ဖို႔လိုတယ္လို႔ ႏိုင္ငံျခားေရး ဝန္ၾကီးဌာန ႏုိင္ငံေရးရာ ဦးစီးဌာန အဖြဲ႔ဝင္ျဖစ္သလို၊ အျပည္ျပည္ဆို္င္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ၾကီးဌာနအျမဲတမ္း အတြင္းဝန္ျဖစ္တဲ႔ ဦးစိုးဟန္က ဗြီအိုေအကို အခုလိုေျပာပါတယ္။
“ အဓိကေတာ႔ စာရင္းေတြ ေပးေနတာထက္စာရင္ က်ေနာ္တို႔ လက္ခံႏိုင္မယ့္ Verify (စိစစ္) ျပီးတဲ႔စာရင္းေတြလည္း ျပန္ေပးျပီးျပီ ဘဂၤလားေဒရွ္႕ဘက္ကို။ က်ေနာ္တို႔ကလည္း ျပန္လည္လက္ခံတယ္လို႔၊ အဆင္သင့္ရွိပါတယ္လို႔ ေျပာျပီးျပီ။ ပထမအၾကိမ္ Veriftration process စႏုိင္ဖို႔က အမ်ားၾကီး အေရးၾကီးပါတယ္။ ဆိုေတာ႔ ဒါကေတာ႔ ဘဂၤလားေဒရွ္႕ရဲ႕ ပူးေပါင္း ေဆာင္ရြက္မႈ အမ်ားၾကီး လိုအပ္ပါတယ္။”
ဘဂၤလားေဒ့ရွ္ဘက္ကုိ ထြက္ေျပးသြားၾကတဲ့သူေတြကုိ ရုိဟင္ဂ်ာလုိ႔ ေခၚဆုိတာကုိ ျမန္မာအစုိးရက လက္မခံေပမယ့္ လက္ရွိမွာ ျမန္မာအစိုးရက အာစီယံအဖြဲ႔ေတြနဲ႔ ပူးေပါင္း ေဆာင္ရြက္ေနသလို UNDP၊ UNHCR အဖြဲ႔ေတြနဲ႔လည္း MoU လက္မွတ္ေရးထိုးျပီး ဒီကိစၥကို ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ သူကေျပာပါတယ္။
ဘဂၤလားေဒ့ရွ္ဘက္ကုိ ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အဆင္ေျပလာေအာင္ တရုတ္အစုိးရက ဦးေဆာင္ၿပီး ျမန္မာ၊ ဘဂၤလားေဒရွ္႕ တုိ႔နဲ႔ ၃ ၃ ပြင့္ဆုိင္ ဝန္ၾကီးအဖြဲ႔ေတြ ၿပီးခဲ့တဲ့လက ရုိဟင္ဂ်ာဒုကၡေတြသည္အေရး အေျဖရွာဖုိ႔ ကုလသမဂၢညီလာခံမွာ အလြတ္သေဘာေတြ႔ဆုံခဲ့ပါတယ္။ ေပးပို႔ခဲ႔တဲ႔ လူဦးေရစာရင္းနဲ႔ ပတ္သက္လို႔လည္း ေဆြးေႏြးခဲ႔ၾကတယ္လုိ႔ ဆုိပါတယ္။ ေဆြးေႏြးပြဲကေန ရလာဒ္ေကာင္းေတြ ရခဲ႔တယ္လို႔ အျမဲတမ္းအတြင္းဝန္ ဦးစိုးဟန္က ဆက္ေျပာပါတယ္။
“ ဟုတ္ပါတယ္ က်ေနာ္တို႔ Tri-lateral meeting ရဲ႕ အဓိက ရည္ရြယ္ခ်က္ကေတာ႔ ရခိုင္ျပည္နယ္ အေရးကိစၥကို ေအာင္ျမင္စြာ ေျဖရွင္းႏိုင္ဖို႔ တရုတ္ႏိုင္ငံရဲ႕ ကမကထ ပံ႔ပိုးမႈေၾကာင့္ေပါ႔ေနာ္ ေတြ႔ျဖစ္တာပါ။ ဒါကလည္း Very informal ပါ။ သို႔ေသာ္လည္းပဲ ဒါက အက်ိဳးရွိပါတယ္။ ဘဂၤလားေဒရွ္႕ ၊ ျမန္မာ၊ တရုတ္ သံုးႏိုင္ငံ ဝန္ၾကီးအဆင့္ ေတြ႔ျပီးေတာ႔ ဘယ္လိုဆက္လုပ္ၾကမလဲ၊ ရခိုင္ျပည္နယ္ အေရးကိစၥ ေျဖရွင္းႏုိင္ဖို႔ေပါ႔ေနာ္။ အဲဒီေတာ႔ အမ်ားၾကီး အေထာက္အကူ ျပဳပါတယ္။”
ဘဂၤလားေဒရွ္႕ဘက္က လူစာရင္း သံုးၾကိမ္ေျမာက္ေပးပို႔ခဲ႔ျပီးတဲ့ေနာက္မွာ စုစုေပါင္း လူဦးေရ ၁သိန္း ဝန္းက်င္ေလာက္ ရွိသြားျပီ ျဖစ္ပါတယ္။ အဆင့္ဆင့္ စစ္ေဆးေဆာင္ ရြက္တာေတြ လုပ္ျပီးမွပဲ အမွန္တကယ္ လက္ခံႏုိင္မယ့္ လူဦးေရကို ေျပာႏုိင္လိမ့္မယ္လို႔ ျမန္မာအစိုးရဘက္က တံု႔ျပန္ထားပါတယ္။
ဘဂၤလားေဒရွ္႕ ေရာက္သြားတဲ႔ ဒုကၡသည္ေတြအေရးနဲ႔ ပတ္သက္ျပီး ၂၀၁၈ တုန္းကလည္း တရုတ္ႏိုင္ငံမွာ ျမန္မာ၊ ဘဂၤလားေဒရွ္႕၊ တရုတ္ သံုးပြင့္ဆိုင္ေတြ႔ခဲ႔ ၾကသလို အဲဒီႏွစ္ထဲမွာပဲ ကုလသမဂၢညီလာခံမွာ ဒုတိယအၾကိမ္ ေတြ႔ခဲ႔ၾကပါတယ္။
အစိုးရခ်င္း တတိယအၾကိမ္ေျမာက္ စာရင္းေပးတာကို လုပ္ေဆာင္ထားေပမဲ႔ ျမန္မာ- ဘဂၤလား ေဒရွ္႕ နယ္စပ္ ျပန္လည္လက္ခံေရးစခန္းကိုေတာ႔ စာရင္းအတိအက် အေပးေသးေၾကာင္း ေတာင္ျပိဳလက္ဝဲ ျပန္လည္လက္ခံေရးစခန္းက အဖြဲ႔ေခါင္းေဆာင္ လူဝင္မႈၾကီးၾကပ္ေရး ဒုတိယ ညႊန္ၾကားေရးမွဴး ဦးေအာင္ျဖိဳးဟန္ က ဗြီအိုေအကို အခုလိုေျပာျပပါတယ္။
“ က်ေနာ္တို႔ G to G (အစိုးရခ်င္း) ကေတာ႔ အခုဆိုရင္ က်ေနာ္တို႔ ျပင္ေနတာ တတိယအသုတ္ေပါ႔။ ပထမနဲ႔ ဒုတိယအသုတ္ကေတာ႔ သိတဲ႔အတိုင္းပဲ ဝင္လာခဲ႔တာ မရွိဘူး G to G အေနနဲ႔ေလ။ အခုကေတာ႔ က်ေနာ္ၾကားတာကေတာ႔ (လူဦးေရစာရင္း) ၅ေသာင္းေပးတယ္လို႔ေတာ႔ ေျပာတယ္ေပါ႔ေနာ္။ ဒါေပမဲ႔လည္း ေလာေလာဆယ္ေတာ႔ စိစစ္တုန္း ျဖစ္လိမ့္မယ္၊ က်ေနာ္တို႔ ဆီကိုေတာ႔ စခန္းကိုေတာ႔ က်ေနာ္တို႔ဌာနကေန တစံုတရာ စိစစ္ထားတဲ႔ဟာကို ေပးထားတာေတာ႔ ေလာေလာဆယ္ မရွိေသးဘူး။ က်ေနာ္တို႔ဆီမွာ ေပးထားတာေတာ႔ အရင္ ၂ေသာင္းေက်ာ္ထဲက (၁၁) ၾကိမ္ေျမာက္ စိစစ္ထားတဲ႔ စာရင္းပဲ က်ေနာ္တို႔ဆီ ေလာေလာဆယ္ ေရာက္ေသးတယ္။”
ျမန္မာဘက္က ေနာက္ဆံုး စိစစ္ထားတဲ႔ စာရင္းအရဆိုရင္ အိမ္ေထာင္စု ၂၀၀၀ ေက်ာ္၊ လူဦးေရနဲ႔ဆိုရင္ ၅ေထာင္ေက်ာ္ေလာက္ ရွိေၾကာင္း ညႊန္ၾကားေရးမွဴး ဦးေအာင္ျဖိဳးဟန္က ေျပာပါတယ္။ ျပန္ၾကားေရးဝန္ၾကီးဌာနက အစီအစဥ္နဲ႔ ျပည္ပသတင္းဌာနေတြကို ၾသဂုတ္လ ၂၉ ရက္ကေန ၃၁ ရက္အထိ ရခိုင္ျပည္နယ္ ေမာင္ေတာျမိဳ႕ကိုဖိတ္ျပီး စိစစ္ထားတဲ႔ ဒုကၡသည္ေတြျပန္ဝင္လာရင္ ေတာင္ျပိဳလက္ဝဲနဲ႔ ငါးခူရ ၾကိဳဆိုေရးစခန္းေတြမွာ ဘယ္လိုအစီအစဥ္ေတြလုပ္ထားတယ္ ဆိုတာကို ရွင္းျပခဲ႔ပါတယ္။
အစိုးရခ်င္း သေဘာတူညီခ်က္နဲ႔မဟုတ္ဘဲ ကိုယ့္အစီအစဥ္နဲ႔ ျပန္လာတဲ႔ သူေတြကေတာ႔ ရွိေနပါတယ္။ ေနာက္ဆံုးစာရင္းအရဆိုရင္ အေယာက္ ၂၆၀ ေက်ာ္ရွိျပီး ေနာက္ထပ္ ဆက္သြယ္လာတဲ႔သူက အေယာက္ ၈၀ေလာက္ရွိတယ္လို႔ သိရပါတယ္။
.......................
ဒုက္ခသည် ငါးသောင်းစာရင်း ဘင်္ဂလားဒေ့ရှ်အစိုးရ မြန်မာထံပေးပို့
ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေတဲ့ ဒုက္ခသည်တွေထဲက မြန်မာနိုင်ငံကိုပြန်ပို့မယ့် အရေအတွက် ငါးသောင်းပါတဲ့ စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရကို မနေ့က ပေးပို့ထားပြီး ဒါက တတိယအကြိမ်မြောက် ပေးပို့တာဖြစ်ပါတယ်။ ဒုက္ခသည်တွေ ပြန်လက်ခံရေးအတွက် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ဒုက္ခသည်တွေ အမြန်ဆုံး ပြန်ပို့နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က အကြောင်းစုံကို မေးမြန်း ပေးပို့ထားပါတယ်။
ဘင်္ဂလားဒေရှ့်အစိုးရက မြန်မာဘက်ကို အခုနောက်ဆုံးပို့လိုက်တဲ့ ဒုက္ခသည်စာရင်းအရ လူဦးရေ ၅၀,၀၀၀ ရှိပြီး မြန်မာဘက်က ဒါကို ပြန်စိစစ်နေပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာအစိုးရထံကို တတိယအကြိမ်မြောက် လူဦးရေစာရင်း ပေးပို့ခြင်းလည်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ဒုက္ခသည်စာရင်းတွေကို အခုလို ပေးပို့နေတာထက်စာရင် ပြန်လည်လက်ခံရေးအပိုင်းမှာ ပိုပြီးပူးပေါင်း ပါဝင်ဖို့လိုတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာ ဦးစီးဌာန အဖွဲ့ဝင်ဖြစ်သလို၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန်ဖြစ်တဲ့ ဦးစိုးဟန်က ဗွီအိုအေကို အခုလိုပြောပါတယ်။
“ အဓိကတော့ စာရင်းတွေ ပေးနေတာထက်စာရင် ကျနော်တို့ လက်ခံနိုင်မယ့် Verify (စိစစ်) ပြီးတဲ့စာရင်းတွေလည်း ပြန်ပေးပြီးပြီ ဘင်္ဂလားဒေရှ့်ဘက်ကို။ ကျနော်တို့ကလည်း ပြန်လည်လက်ခံတယ်လို့၊ အဆင်သင့်ရှိပါတယ်လို့ ပြောပြီးပြီ။ ပထမအကြိမ် Veriftration process စနိုင်ဖို့က အများကြီး အရေးကြီးပါတယ်။ ဆိုတော့ ဒါကတော့ ဘင်္ဂလားဒေရှ့်ရဲ့ ပူးပေါင်း ဆောင်ရွက်မှု အများကြီး လိုအပ်ပါတယ်။”
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့သူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို မြန်မာအစိုးရက လက်မခံပေမယ့် လက်ရှိမှာ မြန်မာအစိုးရက အာစီယံအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေသလို UNDP၊ UNHCR အဖွဲ့တွေနဲ့လည်း MoU လက်မှတ်ရေးထိုးပြီး ဒီကိစ္စကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အဆင်ပြေလာအောင် တရုတ်အစိုးရက ဦးဆောင်ပြီး မြန်မာ၊ ဘင်္ဂလားဒေရှ့် တို့နဲ့ ၃ ၃ ပွင့်ဆိုင် ဝန်ကြီးအဖွဲ့တွေ ပြီးခဲ့တဲ့လက ရိုဟင်ဂျာဒုက္ခတွေသည်အရေး အဖြေရှာဖို့ ကုလသမဂ္ဂညီလာခံမှာ အလွတ်သဘောတွေ့ဆုံခဲ့ပါတယ်။ ပေးပို့ခဲ့တဲ့ လူဦးရေစာရင်းနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲကနေ ရလာဒ်ကောင်းတွေ ရခဲ့တယ်လို့ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဆက်ပြောပါတယ်။
“ ဟုတ်ပါတယ် ကျနော်တို့ Tri-lateral meeting ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ် အရေးကိစ္စကို အောင်မြင်စွာ ဖြေရှင်းနိုင်ဖို့ တရုတ်နိုင်ငံရဲ့ ကမကထ ပံ့ပိုးမှုကြောင့်ပေါ့နော် တွေ့ဖြစ်တာပါ။ ဒါကလည်း Very informal ပါ။ သို့သော်လည်းပဲ ဒါက အကျိုးရှိပါတယ်။ ဘင်္ဂလားဒေရှ့် ၊ မြန်မာ၊ တရုတ် သုံးနိုင်ငံ ဝန်ကြီးအဆင့် တွေ့ပြီးတော့ ဘယ်လိုဆက်လုပ်ကြမလဲ၊ ရခိုင်ပြည်နယ် အရေးကိစ္စ ဖြေရှင်းနိုင်ဖို့ပေါ့နော်။ အဲဒီတော့ အများကြီး အထောက်အကူ ပြုပါတယ်။”
ဘင်္ဂလားဒေရှ့်ဘက်က လူစာရင်း သုံးကြိမ်မြောက်ပေးပို့ခဲ့ပြီးတဲ့နောက်မှာ စုစုပေါင်း လူဦးရေ ၁သိန်း ဝန်းကျင်လောက် ရှိသွားပြီ ဖြစ်ပါတယ်။ အဆင့်ဆင့် စစ်ဆေးဆောင် ရွက်တာတွေ လုပ်ပြီးမှပဲ အမှန်တကယ် လက်ခံနိုင်မယ့် လူဦးရေကို ပြောနိုင်လိမ့်မယ်လို့ မြန်မာအစိုးရဘက်က တုံ့ပြန်ထားပါတယ်။
ဘင်္ဂလားဒေရှ့် ရောက်သွားတဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ၂၀၁၈ တုန်းကလည်း တရုတ်နိုင်ငံမှာ မြန်မာ၊ ဘင်္ဂလားဒေရှ့်၊ တရုတ် သုံးပွင့်ဆိုင်တွေ့ခဲ့ ကြသလို အဲဒီနှစ်ထဲမှာပဲ ကုလသမဂ္ဂညီလာခံမှာ ဒုတိယအကြိမ် တွေ့ခဲ့ကြပါတယ်။
အစိုးရချင်း တတိယအကြိမ်မြောက် စာရင်းပေးတာကို လုပ်ဆောင်ထားပေမဲ့ မြန်မာ- ဘင်္ဂလား ဒေရှ့် နယ်စပ် ပြန်လည်လက်ခံရေးစခန်းကိုတော့ စာရင်းအတိအကျ အပေးသေးကြောင်း တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းက အဖွဲ့ခေါင်းဆောင် လူဝင်မှုကြီးကြပ်ရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးဟန် က ဗွီအိုအေကို အခုလိုပြောပြပါတယ်။
“ ကျနော်တို့ G to G (အစိုးရချင်း) ကတော့ အခုဆိုရင် ကျနော်တို့ ပြင်နေတာ တတိယအသုတ်ပေါ့။ ပထမနဲ့ ဒုတိယအသုတ်ကတော့ သိတဲ့အတိုင်းပဲ ဝင်လာခဲ့တာ မရှိဘူး G to G အနေနဲ့လေ။ အခုကတော့ ကျနော်ကြားတာကတော့ (လူဦးရေစာရင်း) ၅သောင်းပေးတယ်လို့တော့ ပြောတယ်ပေါ့နော်။ ဒါပေမဲ့လည်း လောလောဆယ်တော့ စိစစ်တုန်း ဖြစ်လိမ့်မယ်၊ ကျနော်တို့ ဆီကိုတော့ စခန်းကိုတော့ ကျနော်တို့ဌာနကနေ တစုံတရာ စိစစ်ထားတဲ့ဟာကို ပေးထားတာတော့ လောလောဆယ် မရှိသေးဘူး။ ကျနော်တို့ဆီမှာ ပေးထားတာတော့ အရင် ၂သောင်းကျော်ထဲက (၁၁) ကြိမ်မြောက် စိစစ်ထားတဲ့ စာရင်းပဲ ကျနော်တို့ဆီ လောလောဆယ် ရောက်သေးတယ်။”
မြန်မာဘက်က နောက်ဆုံး စိစစ်ထားတဲ့ စာရင်းအရဆိုရင် အိမ်ထောင်စု ၂၀၀၀ ကျော်၊ လူဦးရေနဲ့ဆိုရင် ၅ထောင်ကျော်လောက် ရှိကြောင်း ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးဟန်က ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက အစီအစဉ်နဲ့ ပြည်ပသတင်းဌာနတွေကို သြဂုတ်လ ၂၉ ရက်ကနေ ၃၁ ရက်အထိ ရခိုင်ပြည်နယ် မောင်တောမြို့ကိုဖိတ်ပြီး စိစစ်ထားတဲ့ ဒုက္ခသည်တွေပြန်ဝင်လာရင် တောင်ပြိုလက်ဝဲနဲ့ ငါးခူရ ကြိုဆိုရေးစခန်းတွေမှာ ဘယ်လိုအစီအစဉ်တွေလုပ်ထားတယ် ဆိုတာကို ရှင်းပြခဲ့ပါတယ်။
အစိုးရချင်း သဘောတူညီချက်နဲ့မဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ ပြန်လာတဲ့ သူတွေကတော့ ရှိနေပါတယ်။ နောက်ဆုံးစာရင်းအရဆိုရင် အယောက် ၂၆၀ ကျော်ရှိပြီး နောက်ထပ် ဆက်သွယ်လာတဲ့သူက အယောက် ၈၀လောက်ရှိတယ်လို့ သိရပါတယ်။