ျမန္မာႏုိင္ငံကေန ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးခိုလႈံၾကတဲ့ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ရင္း လံုၿခံဳစိတ္ခ်စြာ ျပန္ႏိုင္ေရး အဆင္ေျပေစဖို႔ တကယ္ႀကီးမားတဲ့ ႀကိဳးစားလုပ္ေဆာင္မႈ လိုအပ္ေနတယ္လို႔ အိႏၵိယႏုိင္ငံကို သြားေရာက္ေနတဲ့ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ Sheikh Hasina နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi တို႔ သေဘာတူခဲ့ၾကေၾကာင္း စေနေန႔က ထုတ္ျပန္တဲ့ ပူးတြဲ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီလုပ္ေဆာင္ရမယ့္ အခ်က္ေတြထဲမွာ ျမန္မာႏုိင္ငံ ရခိုင္ျပည္နယ္ထဲ လူမႈစီးပြားေရး အေျခေနေတြနဲ႔ လံုၿခံဳေရး ေကာင္းမြန္တိုးတက္ဖို႔ပါ ပါဝင္သင့္တယ္လို႔ ႏွစ္ဖက္ သေဘာတူခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ Sheikh Hasina ရဲ႕ ေျပာၾကားခ်က္ကိုလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြမွာ ေနထိုင္တဲ့ ဒုကၡသည္ေတြကို ေနာက္ထပ္ လူသားခ်င္းစာနာမႈ အကူညီေတြ အိႏၵိယအစိုးရက ထပ္ေပးမွာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။
ဘဂၤလားေဒ့ရွ္မွာ ႐ုိဟင္ဂ်ာဒုကၡသည္ ၇ သိန္းေလာက္ ခိုလႈံေနၾကတာျဖစ္ၿပီး ဒါဟာ ဆယ္စုႏွစ္ေတြအတြင္း အာရွတိုက္ရဲ႕ အႀကီးမားဆံုး ဒုကၡသည္ျပႆနာ ျဖစ္လာခဲ့တာပါ။ ဒီဒုကၡသည္ေတြကို ႐ုိဟင္ဂ်ာလို႔ ေခၚဆိုတာကို ျမန္မာအစိုးရက လက္မခံေပမယ့္ သူတို႔ကို ျပန္လည္ေခၚယူဖုိ႔ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။
ႏွစ္ႏိုင္ငံ ေခါင္းေဆာင္ႏွစ္ဦးဟာ ဒုကၡသည္အေရးအျပင္ လံုၿခံဳေရး၊ စြမ္းအင္နဲ႔ ကူးသန္းသြားလာေရးဆိုင္ရာ သေဘာတူညီခ်က္ေတြကိုလည္း သေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။
အိႏၵိယကေန ဘဂၤလားေဒ့ရွ္ကို ျဖတ္စီးေနတဲ့ Teesta ျမစ္ေရကို ခြဲေဝသံုးစြဲဖုိ႔ ၂၀၁၁ ခုႏွစ္က ရရွိထားတဲ့ သေဘာတူညီခ်က္ကို အိႏၵိယဘက္က အေကာင္ထည္ေဖာ္ဖုိ႔ ဘဂၤလားေဒ့ရွ္ျပည္သူေတြ ေစာင့္စားေနေၾကာင္းလည္း ဝန္ႀကီးခ်ဳပ္ Hasina က အထူးျပဳ ေျပာဆိုခဲ့သလုိ အိႏၵိယဝန္ႀကီးခ်ဳပ္ကလည္း ဒီကိစၥ အေကာင္အထည္ေဖာ္ဖို႔ သူ႔အစိုးရအဖြဲ႔ လုပ္ေဆာင္ေနေၾကာင္း ေျပာပါတယ္။
------------------------------
(Unicode)
ရိုဟင်ဂျာဒုက္ခသည် ဘေးကင်းစွာပြန်နိုင်ရေး ဘင်္ဂလား-အိန္ဒိယ သဘောတူ
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံကြတဲ့ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း လုံခြုံစိတ်ချစွာ ပြန်နိုင်ရေး အဆင်ပြေစေဖို့ တကယ်ကြီးမားတဲ့ ကြိုးစားလုပ်ဆောင်မှု လိုအပ်နေတယ်လို့ အိန္ဒိယနိုင်ငံကို သွားရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ သဘောတူခဲ့ကြကြောင်း စနေနေ့က ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလုပ်ဆောင်ရမယ့် အချက်တွေထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲ လူမှုစီးပွားရေး အခြေနေတွေနဲ့ လုံခြုံရေး ကောင်းမွန်တိုးတက်ဖို့ပါ ပါဝင်သင့်တယ်လို့ နှစ်ဖက် သဘောတူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ပြောကြားချက်ကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည်တွေကို နောက်ထပ် လူသားချင်းစာနာမှု အကူညီတွေ အိန္ဒိယအစိုးရက ထပ်ပေးမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းလောက် ခိုလှုံနေကြတာဖြစ်ပြီး ဒါဟာ ဆယ်စုနှစ်တွေအတွင်း အာရှတိုက်ရဲ့ အကြီးမားဆုံး ဒုက္ခသည်ပြဿနာ ဖြစ်လာခဲ့တာပါ။ ဒီဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို မြန်မာအစိုးရက လက်မခံပေမယ့် သူတို့ကို ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးဟာ ဒုက္ခသည်အရေးအပြင် လုံခြုံရေး၊ စွမ်းအင်နဲ့ ကူးသန်းသွားလာရေးဆိုင်ရာ သဘောတူညီချက်တွေကိုလည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အိန္ဒိယကနေ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်စီးနေတဲ့ Teesta မြစ်ရေကို ခွဲဝေသုံးစွဲဖို့ ၂၀၁၁ ခုနှစ်က ရရှိထားတဲ့ သဘောတူညီချက်ကို အိန္ဒိယဘက်က အကောင်ထည်ဖော်ဖို့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေ စောင့်စားနေကြောင်းလည်း ဝန်ကြီးချုပ် Hasina က အထူးပြု ပြောဆိုခဲ့သလို အိန္ဒိယဝန်ကြီးချုပ်ကလည်း ဒီကိစ္စ အကောင်အထည်ဖော်ဖို့ သူ့အစိုးရအဖွဲ့ လုပ်ဆောင်နေကြောင်း ပြောပါတယ်။