ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို တတိယႏုိင္ငံမွာ အေျခခ်ေရး ေဆြးေႏြးဖို႔ ဘဂၤလားေဒ့ရွ္အစိုးရက လမ္းဖြင့္ထားေၾကာင္း နယူးေရာက္ ကုလသမဂၢ အေထြေထြညီလာခံကို တက္ေရာက္လာတဲ့ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး Dr. AK Abdul Momen က သတင္းေထာက္ေတြကို ေျပာၾကားလိုက္ပါတယ္။ တကယ္လို႔ ရိုဟင္ဂ်ာဒုကၡသည္ေတြကို ေခၚယူဖို႔ စိတ္ဝင္စားတဲ့ ႏိုင္ငံရွိလာမယ္ဆိုရင္ ဘဂၤလားေဒ့ရွ္က ႀကိဳဆိုေၾကာင္းလည္း ေျပာပါတယ္။
ဒီဒုကၡသည္ေတြကို ေခၚယူခ်င္တဲ့ဆႏၵရွိေၾကာင္း ျပသတဲ့ႏိုင္ငံ တခ်ိဳ႕ရွိေပမယ့္ လူၾကားေကာင္းေအာင္သာ ေျပာေနတာမ်ိဳး ျဖစ္ေနၿပီး ဒါမ်ိဳးကို ဘဂၤလားေဒ့ရွ္က မလိုခ်င္ေၾကာင္းနဲ႔ ဒုကၡသည္ ငါးဆယ္ ဒါမွမဟုတ္ တသိန္းေလာက္ကို ေခၚယူတာမ်ိဳး ဘဂၤလားေဒ့ရွ္က ျဖစ္ေစခ်င္ေပမယ့္ သူတို႔က ၅ ေယာက္ ဒါမွမဟုတ္ ဆယ္ေယာက္ေလာက္ပဲ ေခၚခ်င္တာ ေတြ႔ရတယ္လို႔လည္း ေျပာပါတယ္။ အခုလို ေျပာၾကားတာ ဘယ္ႏိုင္ငံလည္း ဆိုတာကိုေတာ့ ထုတ္မေျပာပါဘူး။
ရိုဟင္ဂ်ာ ဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရက ဒီဒုကၡသည္ေတြကို စီစစ္ၿပီး ျပန္လက္ခံမွာ ျဖစ္ေၾကာင္း ေျပာထားတာပါ။
နယူးေရာက္မွာ က်င္းပေနတဲ့ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံႀကီးမွာ ေဘးထြက္အစည္းအေဝးအျဖစ္ ျမန္မာႏိုင္ငံ ရခုိင္ျပည္နယ္က လူသားခ်င္းစာနာမႈ ဆိုင္ရာျပႆနာနဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ အေရးကို ကုလသမဂၢလံုၿခံဳေရးေကာင္စီမွာ ဘဂၤလားေဒ့ရွ္က ဦးစီးၿပီး ၾကာသပေတးေန႔က ေဆြးေႏြးခဲ့ၾကပါတယ္။
တခ်ိန္ထဲမွာပဲ ၾကာသပေတးေန႔က ကုလသမဂၢ လူ႔အခြင့္ေရးေကာင္စီ ညီလာခံမွာ ျမန္မာႏိုင္ငံတြင္း ရိုဟင္ဂ်ာမြတ္စလင္ေတြနဲ႔ လူနည္းစုေတြ အေပၚ လူ႔အခြင့္ေရး ခ်ိဳးေဖါက္မႈေတြနဲ႔ ပတ္သက္တဲ့ အဆိုျပဳ ဆံုးျဖတ္ခ်က္ကို ေထာက္ခံမဲ ၃၂ မဲ၊ ကန္႔ကြက္မဲ ၁၂ မဲ၊ ၾကားေန ၇ မဲနဲ႔ အတည္ျပဳခဲ့ပါတယ္။ ဂ်နီဗာ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးကေတာ့ ဒီဆံုးျဖတ္ခ်က္ကို ပယ္ခ်ခဲ့တဲ့အျပင္ ဒီဆံုးျဖတ္ခ်က္ဟာ ရိုဟင္ဂ်ာနဲ႔ တျခားလူနည္းစုေတြ အေပၚလူ႔အခြင့္ေရး ခ်ိဳးေဖါက္မႈလို႔ နံမယ္တပ္ထားေပမယ့္ တကယ္တမ္းမွာ ရခိုင္ျပည္နယ္ထဲ ေနထိုင္တဲ့ အသိုင္းဝိုင္းတခုကိုပဲ ဦးတည္ကိုယ္စားျပဳထားတာေတြ႔ရေၾကာင္း ညီလာခံမွာ ေျပာၾကားခဲ့ပါတယ္။
.................
{Unicode}
ရိုဟင်ဂျာ ဒုက္ခသည်တွေကို တတိယနိုင်ငံမှာ အခြေချရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက လမ်းဖွင့်ထားကြောင်း နယူးရောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ တကယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ နိုင်ငံရှိလာမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်က ကြိုဆိုကြောင်းလည်း ပြောပါတယ်။
ဒီဒုက္ခသည်တွေကို ခေါ်ယူချင်တဲ့ဆန္ဒရှိကြောင်း ပြသတဲ့နိုင်ငံ တချို့ရှိပေမယ့် လူကြားကောင်းအောင်သာ ပြောနေတာမျိုး ဖြစ်နေပြီး ဒါမျိုးကို ဘင်္ဂလားဒေ့ရှ်က မလိုချင်ကြောင်းနဲ့ ဒုက္ခသည် ငါးဆယ် ဒါမှမဟုတ် တသိန်းလောက်ကို ခေါ်ယူတာမျိုး ဘင်္ဂလားဒေ့ရှ်က ဖြစ်စေချင်ပေမယ့် သူတို့က ၅ ယောက် ဒါမှမဟုတ် ဆယ်ယောက်လောက်ပဲ ခေါ်ချင်တာ တွေ့ရတယ်လို့လည်း ပြောပါတယ်။ အခုလို ပြောကြားတာ ဘယ်နိုင်ငံလည်း ဆိုတာကိုတော့ ထုတ်မပြောပါဘူး။
ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ဒီဒုက္ခသည်တွေကို စီစစ်ပြီး ပြန်လက်ခံမှာ ဖြစ်ကြောင်း ပြောထားတာပါ။
နယူးရောက်မှာ ကျင်းပနေတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ ဘေးထွက်အစည်းအဝေးအဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လူသားချင်းစာနာမှု ဆိုင်ရာပြဿနာနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဘင်္ဂလားဒေ့ရှ်က ဦးစီးပြီး ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြပါတယ်။
တချိန်ထဲမှာပဲ ကြာသပတေးနေ့က ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာမွတ်စလင်တွေနဲ့ လူနည်းစုတွေ အပေါ် လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်တဲ့ အဆိုပြု ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၃၂ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ၊ ကြားနေ ၇ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ ဂျနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကတော့ ဒီဆုံးဖြတ်ချက်ကို ပယ်ချခဲ့တဲ့အပြင် ဒီဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေ အပေါ်လူ့အခွင့်ရေး ချိုးဖေါက်မှုလို့ နံမယ်တပ်ထားပေမယ့် တကယ်တမ်းမှာ ရခိုင်ပြည်နယ်ထဲ နေထိုင်တဲ့ အသိုင်းဝိုင်းတခုကိုပဲ ဦးတည်ကိုယ်စားပြုထားတာတွေ့ရကြောင်း ညီလာခံမှာ ပြောကြားခဲ့ပါတယ်။