သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ေတြ ျပန္ပို႔ေရး ဓနသဟာယ ေထာက္ခံဖို႔ ဘဂၤလားလိုလား


ဘဂၤလားေဒ့ရွ္ႏုိင္ငံ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ေရးရာ ၀န္ႀကီး Fazilatunnesa Indira က ဘဂၤလားေဒ့ရွ္ႏုိ္င္ငံမွာ ခိုလွဳံေနတဲ့ ရုိဟင္ဂ်ာ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ဓနသဟာယအဖြဲ႕၀င္ ႏုိ္င္ငံေတြရဲ႕ ေထာက္ခံမႈကို ေတာင္းခံခဲ့ပါတယ္။

ကင္ညာႏိုင္ငံ၊ ႏုိင္ရုိဘီၿမိဳ႕မွာ ေလးရက္ၾကာ က်င္းပေန႔တဲ့ ၁၂ ႀကိမ္ေျမာက္ ဓနသဟာယအဖြဲ႕ အစည္းအေ၀းမွာ မိန္႔ခြန္းေျပာၾကားစဥ္ ဘဂၤလားေဒ့ရွ္ ၀န္ၾကီးက ဓနသဟာယ အဖြဲ႕၀င္ေတြရဲ႕ ေထာက္ခံမႈကို အခုလို ေတာင္းခံခဲ့တာ ျဖစ္ပါတယ္။

ရုိဟင္ဂ်ာမ်ား ေနရပ္ျပန္ေရးနဲ႔ ဘ၀ အေျခအေန ေကာင္းမြန္ဖို႔အေရး ဓနသဟာယအဖြဲ႕၀င္ ႏုိ္င္ငံေတြ အေနနဲ႔ အေရးပါတဲ့ အခန္းက႑က ပါ၀င္ႏုိ္င္ေၾကာင္း၊ လူ တစ္သန္းေက်ာ္ကို ေနရာ ေပးထားရတာ ေၾကာင့္ ဓနသဟာယအဖြဲ႕၀င္ ႏုိ္င္ငံေတြ အၾကား ထားရွိတဲ့ စဥ္ဆက္မျပတ္ ဖြံ႕ျဖိဳးတိုးတက္မႈ ပန္းတိုင္ေတြ (SDG) ကို ဘဂၤလားေဒ့ရွ္ႏုိ္င္ငံ ရရွိဖို႔ မျဖစ္ႏုိင္ေၾကာင္း ေျပာပါတယ္။ ျမန္မာႏုိ္င္ငံ အစိုးရက ရုိဟင္ဂ်ာ အသုံးအႏွဳန္းကို လက္ခံျခင္း မရွိပါဘူး။

စက္တင္ဘာ ၁၇ ရက္က ၂၀ ရက္ေန႔အထိ က်င္းပေနတဲ့ ဓနသဟာယ အဖြဲ႕ႏွစ္ပတ္လည္ ညီလာခံကို ဓနသဟာယအဖြဲ႕၀င္ ၅၃ ႏို္င္ငံက ကိုယ္စားလွယ္ေတြဟာ တက္ေရာက္ေနၾကတာ ျဖစ္ပါတယ္။

..................

{Unicode}

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေး ဓနသဟာယ ထောက်ခံဖို့ ဘင်္ဂလားလိုလား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီး Fazilatunnesa Indira က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဓနသဟာယအဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ခံမှုကို တောင်းခံခဲ့ပါတယ်။

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှာ လေးရက်ကြာ ကျင်းပနေ့တဲ့ ၁၂ ကြိမ်မြောက် ဓနသဟာယအဖွဲ့ အစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ဓနသဟာယ အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုကို အခုလို တောင်းခံခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာများ နေရပ်ပြန်ရေးနဲ့ ဘ၀ အခြေအနေ ကောင်းမွန်ဖို့အရေး ဓနသဟာယအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်ကြောင်း၊ လူ တစ်သန်းကျော်ကို နေရာ ပေးထားရတာ ကြောင့် ဓနသဟာယအဖွဲ့ဝင် နိုင်ငံတွေ အကြား ထားရှိတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်တွေ (SDG) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရရှိဖို့ မဖြစ်နိုင်ကြောင်း ပြောပါတယ်။မြန်မာနိုင်ငံ အစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို လက်ခံခြင်း မရှိပါဘူး။

စက်တင်ဘာ ၁၇ ရက်က ၂၀ ရက်နေ့အထိ ကျင်းပနေတဲ့ ဓနသဟာယ အဖွဲ့နှစ်ပတ်လည် ညီလာခံကို ဓနသဟာယအဖွဲ့ဝင် ၅၃ နိုင်ငံက ကိုယ်စားလှယ်တွေဟာ တက်ရောက်နေကြတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG