သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးဒဏ္သင့္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ WFP အေရးေပၚကူညီ


ေရႀကီးေနတဲ့ ကူတူပေလာင္ ဒုကၡသည္စခန္းထဲ ျဖတ္ကူးလာေနသည့္ ႐ုိဟင္ဂ်ာကေလးမေလးတဦး။ (ဇူလုိင္ ၄၊ ၂၀၁၈)

ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားမွာ ဒီသီတင္းပတ္အတြင္း မိုးသည္းထန္ၿပီး ပိုင္ဆိုင္မႈေတြအားလံုး ေရထဲေမ်ာပါ ဆံုး႐ႈံးခဲ့ရတဲ့ ေထာင္နဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာေတြကို ကူညီ ေထာက္ပံ့ဖို႔အတြက္ ကမၻာ့စားနပ္ရိကၡာအဖြဲ႔ WFP က ဒီႏွစ္အတြင္း အႀကီးမားဆံုး ကယ္ဆယ္ေရးအစီအစဥ္ကို စတင္လုိက္ပါတယ္။ ဂ်ီနီဗာကေန Lisa Schlein သတင္းေပးပို႔ထားတာကို မသိဂႌထုိက္က တင္ျပထားပါတယ္။

မိုးသည္းထန္တာေၾကာင့္ ဒုကၡသည္စခန္းေတြတြင္းမွာ အပ်က္အစီးေတြ ရွိခဲ့ၿပီး ပိုင္ဆိုင္မႈအားလံုး ေရထဲေမ်ာပါ ဆံုး႐ႈံးခဲ့ရတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ ၁၆,၀၀၀ အတြက္ ကမၻာ့စားနပ္ရိကၡာအဖြဲ႔ WFP က ၂၄ နာရီအတြင္း စာနပ္ရိကၡာ ေထာက္ပံ့ခဲ့ပါတယ္။ ေရႀကီးမႈေၾကာင့္ ေနရပ္စြန္႔ခြာ ေျပာင္းေရႊ႕ရတဲ႔ ေဒသခံျပည္သူ ၈၀၀ ေက်ာ္ကိုလည္း စားနပ္ရိကၡာ ေထာက္ပံ့ခဲ့ေၾကာင္း WFP က ေျပာဆိုထားပါတယ္။ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ေအာက္တိုဘာလအထိ ၾကာျမင့္တဲ့ မုတ္သုံရာသီအတြင္း ေရႀကီးေလ့ရွိတဲ့ အနိမ့္ပိုင္းႏုိင္ငံ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက မိုးရြာသြန္းမႈမွာေတာ့ မိုးေရခ်ိန္ အလြန္အကြ်ံမ်ားခဲ့ၿပီး အပ်က္အစီးေတြလည္း မ်ားခဲ့တာပါ။ ဒုကၡသည္စခန္းေတြတြင္းမွာ ႀကိဳးစားပမ္းစား ရွာေဖြထားရတဲ့ မျဖစ္စေလာက္ ပိုင္ဆိုင္မႈေလးေတြ ဆံုး႐ႈံးရတဲ့ မိသားစုေတြရဲ႕ ၀မ္းနည္းစရာ အေျခအေနကို ကိုယ္တိုင္ေတြ႔ႀကံဳရတဲ့ WFP ၀န္ထမ္းတဦးရဲ႕ တင္ျပခ်က္ကို WFP ေျပာခြင့္ရ Herve Verhoosel က ဗီြအိုေအကို ေျပာျပပါတယ္။

“မိုးသည္းထန္ၿပီး ေရစီးၾကမ္းတာေၾကာင့္ အိပ္ယာအျဖစ္သံုးတဲ့ အခင္းေတြေရာ၊ အိုးခြက္ေတြေရာ အိမ္ထဲမွာရွိသမွ် အားလံုး ေမ်ာပါသြားခဲ့ၿပီး မိသားစုေတြမွာ ရွိသမွ် ဆံုး႐ႈံးကုန္ၾကပါတယ္။ အကုန္လံုးနီးပါး ဆံုး႐ႈံးကုန္တာပါ။ ခ်က္ျပဳတ္စရာလည္း မရွိပါဘူး။ အိပ္စရာလည္း မရွိပါဘူး။ အ၀တ္အထည္ေတြလည္း ဆံုး႐ႈံးပါတယ္။ စခန္းထဲေရာက္ၿပီးမွ ႀကိဳးစားစုေဆာင္းထားရတဲ့ ပစၥည္းေလးေတြက တညတည္းနဲ႔ ဆံုး႐ႈံးကုန္တဲ့ အေျခအေနပါ။”

ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံက မုတ္သုံရာသီနဲ႔ မိုးရြာသြန္းမႈ ပိုၿပီး ျပင္းထန္လာတာပါ။ ရာသီဥတုေၾကာင့္ ျဖစ္ရတဲ့ ေဘးဒုကၡေတြ သက္သာေစေရး အတြက္ WFP က ဒုကၡသည္ေတြ၊ ေနာက္ သူတို႔ကို လက္ခံထားတဲ့ အိမ္ရွင္ လူမႈအသိုင္းအ၀ိုင္းေတြနဲ႔အတူ ေဆာင္ရြက္ေနတယ္လို႔လည္း Verhoosel က ေျပာပါတယ္။

WFP ဘက္က အဆိုးရြားဆံုး အေျခအေနကို ႀကိဳတင္တြက္ဆၿပီး မုတ္သုံရာသီ မတိုင္ခင္ကတည္းက ဒုကၡသည္စခန္းေတြအတြင္း အဓိကက်တဲ့ ေနရာေတြမွာ ရိကၡာေတြ ႀကိဳၿပီး သိုေလွာင္ထားခဲ့ေၾကာင္း၊ အဲဒါေၾကာင့္လည္း လက္ရွိ အေရးေပၚ အေျခအေနကို အလ်င္အျမန္ တုံ႔ျပန္ကိုင္တြယ္ႏုိင္တာလို႔လည္း သူက ေျပာပါတယ္။

ျမန္မာႏုိင္ငံတြင္းက အၾကမ္းဖက္မႈေတြ၊ ဖိႏွိပ္မႈေတြေၾကာင့္ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လကတည္းက ႐ုိဟင္ဂ်ာ ၇ သိန္းေက်ာ္က အ၀တ္တထည္ ကိုယ္တခုနဲ႔ ထြက္ေျပးလာၾကရသူေတြပါ။ ျမန္မာဘက္က ထြက္ေျပးရတဲ့ ဒုကၡသည္ေတြကို စိစစ္ၿပီး လက္ခံမယ္လို႔ အစုိးရက ေျပာဆိုထားေပမယ့္ သူတို႔ကို ႐ုိဟင္ဂ်ာအျဖစ္ အသိအမွတ္မျပဳပါဘူး။ ႐ုိဟင္ဂ်ာေတြဘက္ကေတာ့ ႏုိင္ငံသားျဖစ္ခြင့္ အာမခံခ်က္နဲ႔ ႐ုိဟင္ဂ်ာအျဖစ္ အသိအမွတ္ျပဳေရး ေတာင္းဆိုေနၾကတာေၾကာင့္ ဒုကၡသည္ေတြ ဌာေနျပန္ေရးက အခုအခ်ိန္ထိ မေရမရာ ျဖစ္ေနဆဲပါ။

--------------------

[Unicode Version]

မိုးဒဏ်သင့် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် WFP အရေးပေါ်ကူညီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာ ဒီသီတင်းပတ်အတွင်း မိုးသည်းထန်ပြီး ပိုင်ဆိုင်မှုတွေအားလုံး ရေထဲမျောပါ ဆုံးရှုံးခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ကူညီ ထောက်ပံ့ဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဒီနှစ်အတွင်း အကြီးမားဆုံး ကယ်ဆယ်ရေးအစီအစဉ်ကို စတင်လိုက်ပါတယ်။ ဂျီနီဗာကနေ Lisa Schlein သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

မိုးသည်းထန်တာကြောင့် ဒုက္ခသည်စခန်းတွေတွင်းမှာ အပျက်အစီးတွေ ရှိခဲ့ပြီး ပိုင်ဆိုင်မှုအားလုံး ရေထဲမျောပါ ဆုံးရှုံးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၆,၀၀၀ အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ၂၄ နာရီအတွင်း စာနပ်ရိက္ခာ ထောက်ပံ့ခဲ့ပါတယ်။ ရေကြီးမှုကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့ရတဲ့ ဒေသခံပြည်သူ ၈၀၀ ကျော်ကိုလည်း စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ကြောင်း WFP က ပြောဆိုထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အောက်တိုဘာလအထိ ကြာမြင့်တဲ့ မုတ်သုံရာသီအတွင်း ရေကြီးလေ့ရှိတဲ့ အနိမ့်ပိုင်းနိုင်ငံ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မိုးရွာသွန်းမှုမှာတော့ မိုးရေချိန် အလွန်အကျွံများခဲ့ပြီး အပျက်အစီးတွေလည်း များခဲ့တာပါ။ ဒုက္ခသည်စခန်းတွေတွင်းမှာ ကြိုးစားပမ်းစား ရှာဖွေထားရတဲ့ မဖြစ်စလောက် ပိုင်ဆိုင်မှုလေးတွေ ဆုံးရှုံးရတဲ့ မိသားစုတွေရဲ့ ဝမ်းနည်းစရာ အခြေအနေကို ကိုယ်တိုင်တွေ့ကြုံရတဲ့ WFP ဝန်ထမ်းတဦးရဲ့ တင်ပြချက်ကို WFP ပြောခွင့်ရ Herve Verhoosel က ဗွီအိုအေကို ပြောပြပါတယ်။

“မိုးသည်းထန်ပြီး ရေစီးကြမ်းတာကြောင့် အိပ်ယာအဖြစ်သုံးတဲ့ အခင်းတွေရော၊ အိုးခွက်တွေရော အိမ်ထဲမှာရှိသမျှ အားလုံး မျောပါသွားခဲ့ပြီးမိသားစုတွေမှာ ရှိသမျှ ဆုံးရှုံးကုန်ကြပါတယ်။ အကုန်လုံးနီးပါး ဆုံးရှုံးကုန်တာပါ။ ချက်ပြုတ်စရာလည်း မရှိပါဘူး။ အိပ်စရာလည်း မရှိပါဘူး။ အဝတ်အထည်တွေလည်း ဆုံးရှုံးပါတယ်။ စခန်းထဲရောက်ပြီးမှ ကြိုးစားစုဆောင်းထားရတဲ့ ပစ္စည်းလေးတွေက တညတည်းနဲ့ ဆုံးရှုံးကုန်တဲ့ အခြေအနေပါ။”

ရာသီဥတု ပြောင်းလဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မုတ်သုံရာသီနဲ့ မိုးရွာသွန်းမှု ပိုပြီး ပြင်းထန်လာတာပါ။ ရာသီဥတုကြောင့် ဖြစ်ရတဲ့ ဘေးဒုက္ခတွေ သက်သာစေရေး အတွက် WFP က ဒုက္ခသည်တွေ၊ နောက် သူတို့ကို လက်ခံထားတဲ့ အိမ်ရှင် လူမှုအသိုင်းအဝိုင်းတွေနဲ့အတူ ဆောင်ရွက်နေတယ်လို့လည်း Verhoosel က ပြောပါတယ်။

WFP ဘက်က အဆိုးရွားဆုံး အခြေအနေကို ကြိုတင်တွက်ဆပြီး မုတ်သုံရာသီ မတိုင်ခင်ကတည်းက ဒုက္ခသည်စခန်းတွေအတွင်း အဓိကကျတဲ့ နေရာတွေမှာ ရိက္ခာတွေ ကြိုပြီး သိုလှောင်ထားခဲ့ကြောင်း၊ အဲဒါကြောင့်လည်း လက်ရှိ အရေးပေါ် အခြေအနေကို အလျင်အမြန် တုံ့ပြန်ကိုင်တွယ်နိုင်တာလို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက ရိုဟင်ဂျာ ၇ သိန်းကျော်က အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာကြရသူတွေပါ။ မြန်မာဘက်က ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံမယ်လို့ အစိုးရက ပြောဆိုထားပေမယ့် သူတို့ကို ရိုဟင်ဂျာအဖြစ် အသိအမှတ်မပြုပါဘူး။ ရိုဟင်ဂျာတွေဘက်ကတော့ နိုင်ငံသားဖြစ်ခွင့် အာမခံချက်နဲ့ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေး တောင်းဆိုနေကြတာကြောင့် ဒုက္ခသည်တွေ ဌာနေပြန်ရေးက အခုအချိန်ထိ မရေမရာ ဖြစ်နေဆဲပါ။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG