Geneva မွာလုပ္ေနတဲ့ လူ႔အခြင့္အေရးေကာင္စီ အစည္းအေ၀းအတြင္း ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢလူ႔အခြင့္အေရးကိုယ္စားလွယ္ ပါေမာကၡ Yanghee Lee က သူစံုစမ္းေတြ႔ရွိထားတဲ့ ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရးအေျခအေန အရပ္ရပ္နဲ႔ ပတ္သက္လို႔ ေကာင္စီအစည္းအေ၀းအတြင္း အစီရင္ခံေနပါတယ္။
ဒါ့အျပင္ ဒီကေန႔မွာပဲ ပါေမာကၡ Yanghee Lee တင္ျပၿပီးေနာက္ အစည္းအေ၀းမွာ အခ်ိန္ရွိေသးတယ္ဆိုရင္ ျမန္မာႏုိင္္ငံဆိုင္ရာ သီးျခားလြတ္လပ္ေသာ ႏုိ္င္ငံတကာ အခ်က္အလက္ရွာေဖြေရးအဖြဲ႔ IIFFM ကလည္း ေဆြးေႏြးတင္ျပဖို႔ ရွိပါတယ္။ ပါေမာကၡ Yanghee Lee တင္ျပခ်က္ေတြထဲမွာ ဘဂၤလားေဒ့ရွ္ မွာေရာက္ေနတဲ့ ဒုကၡသည္ေတြ ျပန္ေခၚေရးကိစၥ အဟန္႔အတားျဖစ္ေနရတဲ့ အေျခအေနေတြကိုလည္း ထည့္သြင္းေျပာဆိုပါတယ္။ ဒီအေပၚမွာ ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္း ကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ျပန္လည္တံု႔ျပန္ၿပီး ေခ်ပတာမွာေတာ့ ဘဂၤလားေဒ့ရွ္ မွာေရာက္ေနတဲ့ ဒုကၡသည္ေတြ ျပန္လာေရးကိစၥမွာ ARSA အဖြဲ႔ရဲ႕ ျခိမ္းေျခာက္မႈေတြ ရွိေနတယ္လို႔ ေျပာဆိုသြားပါတယ္။
ဒီကေန႔ ေနာက္ဆံုးထြက္လာတဲ့ IIFFM ရဲ႕ ေနာက္ဆံုးအစီရင္ခံစာထဲမွာေတာ့ ျမန္မာႏုိင္္ငံတြင္းမွာ ရွိေနေသးတဲ့ ႐ိုဟင္ဂ်ာ ၆၀၀,၀၀၀ ဟာ အကြက္က်က် ဖိႏွိပ္ခံေနရၿပီး လူမ်ဳိးတုံးသတ္ျဖတ္ခံရမယ့္ အႏၲရာယ္ေအာက္မွာ ေနထုိင္ေနၾကရတယ္လုိ႔ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ဘယ္လို အေျခအေနေတြဆိုတဲ့ အေသးစိတ္ကိုေတာ့ စာမ်က္ႏွာ ၁၀၀ ေက်ာ္ရွိတဲ့ အစီရင္ခံစာထဲမွာ အေသးစိတ္ ေဖာ္ျပထားသလား ဆိုတာ မေသခ်ာေသးပါဘူး။
“ႏုိင္ငံတြင္းမွာ က်န္ေနေသးတဲ့ ႐ိုဟင္ဂ်ာေတြအတြက္ လူမ်ဳိးတုန္း သတ္ျဖတ္ခံရမယ့္ ၿခိမ္းေျခာက္မႈ ဆက္ရွိေနပါေသးတယ္။” လိုု႔ FFM ဥကၠ႒ Marzuki Darusman က ေျပာပါတယ္။ ၂၀၁၇ ခုႏွစ္ကလုပ္တဲ့ ရွင္းလင္းမႈ စစ္ဆင္ေရးေတြအတြင္း လူမ်ဳိးတုန္းသတ္ျဖတ္မႈ လုပ္ရပ္ေတြ က်ဴးလြန္ထားတာကို ေတြ႔ခဲ့ရတယ္ဆိုတာ FFM က လြန္ခဲ့တ့ဲ တႏွစ္မွာ ေျပာခဲ့တယ္ဆိုတာကိုလည္း မစၥတာ Darusman က ထပ္ေျပာသြားပါတယ္။
“လူမ်ဳိးတုန္းသတ္ျဖတ္မႈကို တားဆီးဖို႔ လူမ်ဳိးတုန္းသတ္ျဖတ္မႈကို စံုစမ္းစစ္ေဆးဖို႔နဲ႔ လူမ်ဳိးတုန္းသတ္ျဖတ္မႈကို ရာဇဝတ္မႈအျဖစ္ သတ္မွတ္ၿပီး အျပစ္ေပးအေရးယူမယ့္ ထိေရာက္တဲ့ ဥပေဒ ျပဌာန္းဖို႔ ျမန္မာႏုိင္ငံဟာ ပ်က္ကြက္ေနတယ္။” လို႔ မစၥတာ Darusman က ေထာက္ျပသြားပါတယ္။
FFM အဖြဲ႔ရဲ႕ ေနာက္ဆံုးအစီရင္ခံစာကို ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္လိုက္တာျဖစ္ၿပီး အဂၤါေန႔မွာ လူ႔အခြင့္အေရးေကာင္စီကို တင္သြင္းမွာျဖစ္ပါတယ္။
အခု ေနာက္ဆံုး အစီရင္ခံစာထဲမွာ လူနည္းစု တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ တပ္မေတာ္ၾကား ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာေနၿပီျဖစ္တဲ့ တိုက္ခိုက္မႈေတြအတြင္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္ထားတာေတြနဲ႔ဆိုင္တဲ့ အခ်က္အလက္အသစ္ေတြ ပါလာပါတယ္။
ရခုိင္လူမ်ဳိးစုလက္နက္ကိုင္အဖြဲ႔ AA နဲ႔ တိုက္ခိုက္ေနတဲ့ တပ္မေတာ္ဟာ လက္နက္ကိုင္ပုန္ကန္မႈအေပၚ အရပ္သားေတြ ေထာက္ခံမႈ မရွိေအာင္ တားဆီးဖို႔အတြက္ ရခုိင္တိုင္းရင္းသားေတြရဲ႕ အသက္ရွင္သန္ေရး နည္းလမ္းေတြကို ျဖတ္ေတာက္ထားတယ္။
လူထုရဲ႕ လြတ္လပ္စြာ သြားလာမႈကိုေရာ လူသားစာနာမႈ အကူအညီေပးမႈေတြကိုပါ ကန္႔သတ္ထားတာေၾကာင့္ လူအမ်ားအျပားဟာ အသက္ေမြးဝမ္းေက်ာင္း မလုပ္ႏုိင္သလို စားနပ္ရိကၡာလည္း မရႏုိင္ၾကဘူးလို႔ FFM အဖြဲ႔ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
႐ိုဟင္ဂ်ာလို႔ ေခၚဆိုသံုးစြဲတာကို ျမန္မာအစိုးရက လက္မခံသလို ဒီ IIMFFM အဖြဲ႔ကိုလည္း လက္မခံဘဲ ပူးေပါင္းေဆာင္ရြက္မွာ မဟုတ္ဘူးလို႔ ေျပာထားပါတယ္။
[Unicode Version]
Geneva မှာလုပ်နေတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ပါမောက္ခ Yanghee Lee က သူစုံစမ်းတွေ့ရှိထားတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ အရပ်ရပ်နဲ့ ပတ်သက်လို့ ကောင်စီအစည်းအဝေးအတွင်း အစီရင်ခံနေပါတယ်။
ဒါ့အပြင် ဒီကနေ့မှာပဲ ပါမောက္ခ Yanghee Lee တင်ပြပြီးနောက် အစည်းအဝေးမှာ အချိန်ရှိသေးတယ်ဆိုရင် မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ IIFFM ကလည်း ဆွေးနွေးတင်ပြဖို့ ရှိပါတယ်။ ပါမောက္ခ Yanghee Lee တင်ပြချက်တွေထဲမှာ ဘင်္ဂလားဒေ့ရှ် မှာရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်ခေါ်ရေးကိစ္စ အဟန့်အတားဖြစ်နေရတဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းပြောဆိုပါတယ်။ ဒီအပေါ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြန်လည်တုံ့ပြန်ပြီး ချေပတာမှာတော့ ဘင်္ဂလားဒေ့ရှ် မှာရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လာရေးကိစ္စမှာ ARSA အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ပြောဆိုသွားပါတယ်။
ဒီကနေ့ နောက်ဆုံးထွက်လာတဲ့ IIFFM ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံတွင်းမှာ ရှိနေသေးတဲ့ ရိုဟင်ဂျာ ၆၀၀,၀၀၀ ဟာ အကွက်ကျကျ ဖိနှိပ်ခံနေရပြီး လူမျိုးတုံးသတ်ဖြတ်ခံရမယ့် အန္တရာယ်အောက်မှာ နေထိုင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေတွေဆိုတဲ့ အသေးစိတ်ကိုတော့ စာမျက်နှာ ၁၀၀ ကျော်ရှိတဲ့ အစီရင်ခံစာထဲမှာ အသေးစိတ် ဖော်ပြထားသလား ဆိုတာ မသေချာသေးပါဘူး။
“နိုင်ငံတွင်းမှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာတွေအတွက် လူမျိုးတုန်း သတ်ဖြတ်ခံရမယ့် ခြိမ်းခြောက်မှု ဆက်ရှိနေပါသေးတယ်။” လို့ FFM ဥက္ကဋ္ဌ Marzuki Darusman က ပြောပါတယ်။ ၂၀၁၇ ခုနှစ်ကလုပ်တဲ့ ရှင်းလင်းမှု စစ်ဆင်ရေးတွေအတွင်း လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်တွေ ကျူးလွန်ထားတာကို တွေ့ခဲ့ရတယ်ဆိုတာ FFM က လွန်ခဲ့တဲ့ တနှစ်မှာ ပြောခဲ့တယ်ဆိုတာကိုလည်း မစ္စတာ Darusman က ထပ်ပြောသွားပါတယ်။
“လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးဖို့ လူမျိုးတုန်းသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးဖို့နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အပြစ်ပေးအရေးယူမယ့် ထိရောက်တဲ့ ဥပဒေ ပြဌာန်းဖို့ မြန်မာနိုင်ငံဟာ ပျက်ကွက်နေတယ်။” လို့ မစ္စတာ Darusman က ထောက်ပြသွားပါတယ်။
FFM အဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာကို ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး အင်္ဂါနေ့မှာ လူ့အခွင့်အရေးကောင်စီကို တင်သွင်းမှာဖြစ်ပါတယ်။
အခု နောက်ဆုံး အစီရင်ခံစာထဲမှာ လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ တိုက်ခိုက်မှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်ထားတာတွေနဲ့ဆိုင်တဲ့ အချက်အလက်အသစ်တွေ ပါလာပါတယ်။
ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA နဲ့ တိုက်ခိုက်နေတဲ့ တပ်မတော်ဟာ လက်နက်ကိုင်ပုန်ကန်မှုအပေါ် အရပ်သားတွေ ထောက်ခံမှု မရှိအောင် တားဆီးဖို့အတွက် ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်ရှင်သန်ရေး နည်းလမ်းတွေကို ဖြတ်တောက်ထားတယ်။
လူထုရဲ့ လွတ်လပ်စွာ သွားလာမှုကိုရော လူသားစာနာမှု အကူအညီပေးမှုတွေကိုပါ ကန့်သတ်ထားတာကြောင့် လူအများအပြားဟာ အသက်မွေးဝမ်းကျောင်း မလုပ်နိုင်သလို စားနပ်ရိက္ခာလည်း မရနိုင်ကြဘူးလို့ FFM အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာလို့ ခေါ်ဆိုသုံးစွဲတာကို မြန်မာအစိုးရက လက်မခံသလို ဒီ IIMFFM အဖွဲ့ကိုလည်း လက်မခံဘဲ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။