သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာဒုကၡသည္ေတြ ဌာေနျပန္ေရး ကုလမွာ သီးျခားေဆြးေႏြးဖြယ္ရွိ


အေမရိကန္ ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕မွာ စတင္ေနၿပီ ျဖစ္တဲ႔ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံရဲ႕ ေဘးပန္းမွာ ျမန္မာ၊ ဘဂၤလားေဒရွ္႕နဲ႔ တရုတ္ႏုိင္ငံတို႔ သံုးႏုိင္ငံ သီးျခားေတြ႔ဆံုၿပီး ရိုဟင္ဂ်ာ အေရး ေဆြးေႏြးမယ္လို႔ ဘဂၤလားေဒရွ္႕ ႏုိင္ငံျခားေရးရာ လႊတ္ေတာ္ အၿမဲတမ္းေကာ္မတီရဲ႕ ဥကၠဌ Muhammad Faruq Khan က အဂၤါေန႔မွာ ေျပာဆိုလိုက္ပါတယ္။

ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး လုပ္ငန္းစဥ္ရဲ႕ ေနာက္ဆံုး အေျခအေနေတြကို လႊတ္ေတာ္ ေကာ္မတီက ေဆြးေႏြးပြဲ က်င္းပခဲ႔တာမွာ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက အခုလို အသိေပးခဲ႔တဲ႔ အေၾကာင္း သူ႔ရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး ဘဂၤလားေဒရွ္႕ သတင္းေတြက ေဖာ္ျပၾကပါတယ္။ သံုးႏုိင္ငံ ေဆြးေႏြးမႈမွာေတာ့ ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး လုပ္ငန္းစဥ္နဲ႔ ဒီကိစၥ အေပၚ ျမန္မာဘက္က ရပ္တည္ခ်က္ကို အဓိက ေဆြးေႏြးၾကမွာလည္း ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ေႏွာင္းပိုင္း ရခုိင္ျပည္နယ္တြင္း နယ္ေျမရွင္းလင္းမႈေတြေၾကာင့္ ရိုဟင္ဂ်ာ သိန္းနဲ႔ခ်ီၿပီး ဘဂၤလားေဒရွ္႕ဘက္ကို ထြက္ေျပးခဲ႔ရတာ ျဖစ္ပါတယ္။ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ဌာေနျပန္ေရး လုပ္ငန္းစဥ္ကို ျမန္မာနဲ႔ ဘဂၤလားေဒရွ္႕ ႏွစ္ႏုိင္ငံ သေဘာတူညီခ်က္နဲ႔ ႀကိဳးပမ္းမႈေတြကလည္း ႏွစ္ႀကိမ္တိုင္တိုင္ မေအာင္ျမင္ခဲ႔ပါဘူး။

ျမန္မာဘက္က ထြက္ေျပးရသူေတြကို စိစစ္လက္ခံမယ္လို႔ ျမန္မာဘက္က ေျပာဆိုထားေပမယ့္ ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို လက္သင့္မခံပါဘူး။ ဒုကၡသည္ေတြကေတာ့ ရိုဟင္ဂ်ာ အျဖစ္ အသိအမွတ္ျပဳၿပီး ႏုိင္ငံသား ေပးဖို႔ အဓိက ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

.............

(Unicode)

ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေး ကုလမှာ သီးခြားဆွေးနွေးဖွယ်ရှိ

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ စတင်နေပြီ ဖြစ်တဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဘေးပန်းမှာ မြန်မာ၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်နိုင်ငံတို့ သုံးနိုင်ငံ သီးခြားတွေ့ဆုံပြီး ရိုဟင်ဂျာ အရေး ဆွေးနွေးမယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးရာ လွှတ်တော် အမြဲတမ်းကော်မတီရဲ့ ဥက္ကဌ Muhammad Faruq Khan က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ရဲ့ နောက်ဆုံး အခြေအနေတွေကို လွှတ်တော် ကော်မတီက ဆွေးနွေးပွဲ ကျင်းပခဲ့တာမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို အသိပေးခဲ့တဲ့ အကြောင်း သူ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘင်္ဂလားဒေရှ့် သတင်းတွေက ဖော်ပြကြပါတယ်။ သုံးနိုင်ငံ ဆွေးနွေးမှုမှာတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်နဲ့ ဒီကိစ္စ အပေါ် မြန်မာဘက်က ရပ်တည်ချက်ကို အဓိက ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ နှောင်းပိုင်း ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ကြိုးပမ်းမှုတွေကလည်း နှစ်ကြိမ်တိုင်တိုင် မအောင်မြင်ခဲ့ပါဘူး။

မြန်မာဘက်က ထွက်ပြေးရသူတွေကို စိစစ်လက်ခံမယ်လို့ မြန်မာဘက်က ပြောဆိုထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံပါဘူး။ ဒုက္ခသည်တွေကတော့ ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသား ပေးဖို့ အဓိက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG