သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ Cox's Bazar ဒုက္ခသည်စခန်း 3G နဲ့ 4G အင်တာနက် ဖြတ်တောက်ခံရ


မိုဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယိုကြည့်နေသည့် ဘာလုခါလီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ။
မိုဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယိုကြည့်နေသည့် ဘာလုခါလီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရဟာ အင်္ဂါနေ့မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေအတွင်း 3G နဲ့ 4G အင်တာနက် ဝန်ဆောင်မှုတွေကို ဖြတ်တောက်လိုက်ပြီ ဖြစ်ပါတယ်။ Teknaf နဲ့ Ukhia စခန်းနယ်မြေတွေမှာ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေအားလုံး အင်တာနက်လိုင်းတွေကို ဖြတ်တောက်ပစ်ဖို့ အစိုးရက အမိန့်ပေးခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်သူများ အသင်း အထွေထွေ အတွင်းရေးမှူး S. M Farhad က ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်က Teknaf နဲ့ Ukhia မြို့တွေမှာ ဒုက္ခသည် စခန်း ၃ ဒါဇင်ရှိပါတယ်။

2 G အင်တာနက် ဝန်ဆောင်မှုတွေတော့ ဆက်ရှိနေပါဦးမယ်။ ဘင်္ဂလားဒေ့ရှ်က ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးရဲ့ ပြောကြားချက်အရတော့ 2 G လိုင်းဟာ အချက်အလက်တွေ လွှဲပြောင်းပေးပို့ရယူဖို့နဲ့ မိုဘိုင်း အင်တာနက် အသုံးပြုဖို့ သိပ် နှေးလွန်းတယ်လို့ ဆိုပါတယ်။

တယ်လီဖုန်း ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေဟာ ဆင်မ် ကဒ် ရောင်းချမှုကိုလည်း ရပ်ဆိုင်းထားခဲ့ပြီးဖြစ်ပြီး 3G နဲ့ 4G အင်တာနက်လိုင်းတွေကိုတော့ ဒေသစံတော်ချိန် ညနေ ၅ နာရီနဲ့ ၆ နာရီကြား ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

ဒီလို အင်တာနက်လိုင်းတွေ ဖြတ်တောက်မှုကြောင့် ဒုက္ခသည်တွေ မယုံကြည်နိုင် တအံ့တသြ ဖြစ်ခဲ့ရပြီး ဒုက္ခသည် စခန်းတွေအကြား ဆက်သွယ်လို့ မရတော့သလို မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးတဲ့ ဒုက္ခသည်တွေနဲ့လည်း အဆက်အသွယ် ပြတ်တောက်သွားပါတယ်။

လူ့အခွင့်အရေး လေ့လာ စောင့်ကြည်ရေးအဖွဲ့ (Human Rights Watch) ကတော့ အစိုးရအနေနဲ့ အခုလို ကန့်သတ်တာကို ပြန်လည် ဖြေလျော့ပေးဖို့ တိုက်တွန်းပြီး ဒီလို လုပ်တာကြောင့် ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ပိုဆိုးသွားစေတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ Cox's Bazar ဒုက္ခသည်စခန်း 3G နဲ့ 4G အင်တာနက် ဖြတ်တောက်ခံရ
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG