သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် ကယ်ဆယ်ရေးဆိုင်ရာ မဟာမင်းကြီးသစ် ဘင်္ဂလားဒေ့ရှ် အစားထိုးခန့်အပ်


ဒုက္ခသည် ကယ်ဆယ်ရေးဆိုင်ရာ မဟာမင်းကြီးသစ် Mahbub Alam Talukder (credit -bdnews24.com)
ဒုက္ခသည် ကယ်ဆယ်ရေးဆိုင်ရာ မဟာမင်းကြီးသစ် Mahbub Alam Talukder (credit -bdnews24.com)

ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားက ရိုဟင်ဂျာ ကူညီကယ်ဆယ်ရေးနဲ့ ဌာနေပြန်ရေးဆိုင်ရာ မဟာမင်းကြီးသစ် အဖြစ် Mahbub Alam Talukder ကို ဘင်္ဂလားဒေရှ့် အစိုးရက ခန့်အပ်လိုက်ပြီး စက်တင်ဘာလ ၅ ရက်နေ့မှာ တရားဝင် စတင် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

လက်ရှိမဟာမင်းကြီး Abul Kalam ရဲ့ နေရာကို အစားထိုး ခန့်အပ်တာ ဖြစ်ကြောင်း ပြည်သူ့ရေးရာ ဝန်ကြီးဌာနက တနလာၤနေ့က ကြေညာချက် ထုတ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် အခုလို ဒုက္ခသည် ဌာနေပြန်ရေးဆိုင်ရာ မဟာမင်းကြီးသစ်ကို ပြောင်းလဲ ခန့်အပ်တာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့တုန်းက ကောဇ့်ဘဇားက ကုတူပလောင် ဒုက္ခသည် စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည် အဖွဲ့တခုကို လူထု စုဝေးပွဲကြီး ကျင်းပဖို့ အတွက် လက်ရှိ မဟာမင်းကြီး Abul Kalam ရဲ့ လက်ထောက် တဦးက ခွင့်ပြုပေးခဲ့ပြီးနောက်မှာ အခုလို အကြီးအကဲ ရာထူး အပြောင်းအလဲတွေ ဖြစ်လာတာပါ။

လက်ရှိ မဟာမင်းကြီး Abul Kalam က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ကတည်းက ဒုက္ခသည် ကူညီ ကယ်ဆယ်ရေးနဲ့ ဌာနေပြန်ရေး ကော်မရှင်နာ မင်းကြီး အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ ရာထူးကို လွှဲပြောင်းယူမယ့် Mahbub Alam Talukder ကတော့ သဘာ၀ ဘေးဒဏ် စီမံခန့်ခွဲမှု ဆိုင်ရာ ဌာနမှာ ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG