သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ နောက်ဆုံးအခြေအနေ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး ဒါကာမှာ ရှင်းလင်း


မြန်မာပြည်က ထွက်ပြေးရမှု ၂ နှစ်ပြည့် အခမ်းအနားကို သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာတွေ ကျင်းပခဲ့ကြပါတယ်။
မြန်မာပြည်က ထွက်ပြေးရမှု ၂ နှစ်ပြည့် အခမ်းအနားကို သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာတွေ ကျင်းပခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ဟာ ကြာသပတေးနေ့ ညနေ ၄ နာရီမှာ ဒါကာ အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အေဂျင်စီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာအရေး နောက်ဆုံး အခြေအနေတွေကို ရှင်းလင်းပြောကြားဖို့ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတစ်ဦးက ပြောပြတယ်။

ဒါကာမြို့က ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် Mia Spoon က ရိုဟင်ဂျာကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တာဝန် ကျေပွန်ခဲ့ပြီဖြစ် တာ ကြောင့် ရိုဟင်ဂျာ ကိစ္စ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပုခုံးပေါ် တာဝန်တွေ ပုံမကျစေရေးအတွက် ကမ္ဘာ့နို်င်ငံတွေအပေါ် မူတည်ကြောင်း အင်္ဂါနေ့က ပြောခဲ့ပါတယ်။ ရိုဟင်ဂျာတွေ တွေ့ကြုံနေရတဲ့ ပြဿနာတွေအတွက် ကမ္ဘာ့နိုင်ငံတွေရဲ့ ထောက်ခံမှုတွေနဲ့ ထိုက်တန်တာကြောင့် ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ အခွင့်အရေးတွေ ရရှိဖို့အတွက် ကုလသမဂ္ဂအနေနဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအကြား ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့ပေမဲ့ သြဂုတ်လ ၂၂ ရက်နေ့မှာ ရိုဟင်ဂျာ တစ်ယောက်မှ နေရပ်ကို ပြန်မသွားခဲ့ကြပါဘူး။

ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံ သံအမတ်အသစ် ခန့်အပ်လွှာပေးအပ်ပွဲမှာတော့ ဘင်္ဂလားဒေ့ရှ် သမ္မတ M Abdul Hamid က တရုတ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာနိုင်ငံကို ဖိအားပေး ပြောကြားဖို့ တရုတ် သံအမတ်ကြီးကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ပြန်ခေါ်ဖို့ကိစ္စ တရုတ်နိုင်ငံအနေနဲ့ ဖိအား ပိုပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် သမ္မတက Hamid ပြောပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG