သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုကၡသည္္ျပန္ပို႔ေရးအစီအစဥ္ မေအာင္ျမင္သည့္အေပၚ ျမန္မာကို ဘဂၤလားဒေ့့ရွ္အျပစ္တင္


ဘဂၤလားေဒ့ရွ္ေရာက္ ႐ုိဟင္ဂ်ာေတြ ေနရပ္ျပန္ေရး မေအာင္မျမင္ ျဖစ္ရတာဟာ ျမန္မာအစုိးရမွာ တာ၀န္ရွိေၾကာင္း ဘဂၤလားေဒ့ရွ္ ၀န္ႀကီးခ်ဳပ္က ေျပာဆုိလုိက္ပါတယ္။

ဒုကၡသည္ေတြ ဂုဏ္သိကၡာရွိရွိ ေနရပ္ျပန္ႏုိ္င္ဖုိ႔ ႀကိဳးပမ္းရာမွာ ႐ုိဟင္ဂ်ာေတြ ယုံၾကည္စိတ္ခ်ေအာင္ ျမန္မာအစုိးရက ေဆာင္ရြက္ႏုိင္တာ မေတြ႔ရေၾကာင္း ၀န္ႀကီးခ်ဳပ္ Sheikh Hasina က မေန႔ေႏွာင္းပုိင္းမွာပဲ လႊတ္ေတာ္မွာ ေျပာဆုိလုိက္တာပါ။ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္က အျပည့္အ၀ ျပင္ဆင္ထားၿပီး ျဖစ္ေပမဲ့လည္း အခုအခ်ိန္အထိ ေနရပ္ျပန္ေရး အစီအစဥ္ေတြ အေကာင္အထည္ မေဖာ္ႏုိင္ေသးဘဲ ျဖစ္ေနရေၾကာင္း ေျပာဆုိခဲ့သလုိ၊တ႐ုတ္၊ အိႏၵိယနဲ႔ ဂ်ပန္တုိ႔လုိ အာရွႏုိင္ငံေတြ ၀ုိင္း၀န္းကူညီၾကဖုိ႔လည္း တုိက္တြန္းခဲ့ပါတယ္။

သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြထဲက တခ်ဳိ႕ကုိ ေနရပ္ျပန္ပုိ႔ေရး ႏွစ္ႏုိင္္ငံတာ၀န္ရွိသူေတြ ဒုတိယအႀကိမ္အျဖစ္ ၿပီးခဲ့တဲ့လထဲ စီစဥ္ခဲ့ေပမဲ့ မေအာင္မျမင္ ျဖစ္ခဲ့ၿပီးေနာက္ အျပန္အလွန္ ျပစ္တင္ေ၀ဖန္မႈေတြ ထြက္ေပၚေနတာပါ။

႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ အသိအမွတ္ျပဳ လက္ခံမထားတဲ့ ျမန္မာအစုိးရကေတာ့ ဒုကၡသည္ေတြ ေနရပ္မျပန္ႏုိင္တဲ့ အဓိက အေၾကာင္းရင္းဟာ ARSA အစြန္းေရာက္္အုပ္စုရဲ႕ ၿခိမ္းေျခာက္မႈေၾကာင့္ ျဖစ္ေၾကာင္း ဒုတိယအႀကိမ္ ေနရပ္ျပန္ေရး အစီအစဥ္ေတြ မေအာင္မျမင္ျဖစ္ခဲ့ၿပီးေနာက္ ေျပာဆုိထားတာပါ။ ေနာက္ဆုံးအႀကိမ္ ေနရပ္ျပန္ပုိ႔ေရး လုပ္ငန္းစဥ္ စီစဥ္ထားတဲ့ ရက္နားနီးမွ ဒုကၡသည္မ်ားဆုိင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး (UNHCR) နဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံ တာ၀န္ရွိသူေတြ ဒုကၡသည္ေတြ ေနရပ္ျပန္ဖုိ႔ ဆႏၵရွိ-မရွိ သေဘာထား ေကာက္ယူခဲ့တဲ့အတြက္ အစီအစဥ္ ထိခုိက္ခဲ့တာလုိ႔လည္း စြပ္စဲြထားပါတယ္။

ကုလသမဂၢ တာ၀န္ရွိသူေတြနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကေတာ့ ျမန္မာႏုိင္ငံက လတ္တေလာ အေျခအေနဟာ ဒုကၡသည္ေတြ စိတ္ခ်လက္ခ် ျပန္ႏုိင္ေလာက္တဲ့အဆင့္မွာ မရွိေသးဘူးဆုိၿပီး ေျပာဆုိထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


........................

Unicode version

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မအောင်မမြင် ဖြစ်ရတာဟာ မြန်မာအစိုးရမှာ တာဝန်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ ကြိုးပမ်းရာမှာ ရိုဟင်ဂျာတွေ ယုံကြည်စိတ်ချအောင် မြန်မာအစိုးရက ဆောင်ရွက်နိုင်တာ မတွေ့ရကြောင်း ဝန်ကြီးချုပ် Sheikh Hasina က မနေ့နှောင်းပိုင်းမှာပဲ လွှတ်တော်မှာ ပြောဆိုလိုက်တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အပြည့်အ၀ ပြင်ဆင်ထားပြီး ဖြစ်ပေမဲ့လည်း အခုအချိန်အထိ နေရပ်ပြန်ရေး အစီအစဉ်တွေ အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေရကြောင်း ပြောဆိုခဲ့သလို၊တရုတ်၊ အိန္ဒိယနဲ့ ဂျပန်တို့လို အာရှနိုင်ငံတွေ ဝိုင်းဝန်းကူညီကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲက တချို့ကို နေရပ်ပြန်ပို့ရေး နှစ်နိုင်ငံတာဝန်ရှိသူတွေ ဒုတိယအကြိမ်အဖြစ် ပြီးခဲ့တဲ့လထဲ စီစဉ်ခဲ့ပေမဲ့ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် အပြန်အလှန် ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်တဲ့ အဓိက အကြောင်းရင်းဟာ ARSA အစွန်းရောက်အုပ်စုရဲ့ ခြိမ်းခြောက်မှုကြောင့် ဖြစ်ကြောင်း ဒုတိယအကြိမ် နေရပ်ပြန်ရေး အစီအစဉ်တွေ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ပြောဆိုထားတာပါ။ နောက်ဆုံးအကြိမ် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ် စီစဉ်ထားတဲ့ ရက်နားနီးမှ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာဝန်ရှိသူတွေ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဆန္ဒရှိ-မရှိ သဘောထား ကောက်ယူခဲ့တဲ့အတွက် အစီအစဉ် ထိခိုက်ခဲ့တာလို့လည်း စွပ်စွဲထားပါတယ်။

ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံက လတ်တလော အခြေအနေဟာ ဒုက္ခသည်တွေ စိတ်ချလက်ချ ပြန်နိုင်လောက်တဲ့အဆင့်မှာ မရှိသေးဘူးဆိုပြီး ပြောဆိုထားကြပါတယ်။

XS
SM
MD
LG