သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြထဲက ၂၇၀ ေက်ာ္ေနရပ္ျပန္


ရိုဟင္ဂ်ာ ဒုကၡသည္ထဲက ပထမဦးဆံုး ျမန္မာဘက္ကို ျပန္သည့္ အသုတ္ (ဓါတ္ပံု-MOI Government News)

ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ ထြက္ေျပးသြားၾကတဲ့ ဒုကၡသည္ေတြ ျပန္လက္ခံေရးကိစၥ စတင္ႏုိင္ဖုိ႔ အခက္အခဲေတြ ရွိေနေပမယ့္လည္း ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္း ျပန္၀င္လာတဲ့ မြတ္ဆလင္ ၆ ဦး အပါအဝင္ အခုခ်ိန္ထိ ကုိယ့္သေဘာနဲ႔ကုိယ္ ျမန္မာႏုိင္ငံဘက္ကုိ ျပန္ဝင္လာသူ ၂၇၁ ဦး ရွိသြားၿပီလုိ႔ နယ္စပ္မွာရွိတဲ့ ျပန္လည္ လက္ခံေရးစခန္း တာဝန္ရွိသူေတြက ေျပာပါတယ္။ ကုိယ့္သေဘာနဲ႔ကုိယ္ ျပန္လာခဲ့ၾကတဲ့ ဒုကၡသည္ေတြကုိ ႏုိင္ငံတကာသံတမန္ေတြနဲ႔ ျမန္မာအစုိးရက စစ္ေတြၿမိဳ႕မွာ ေတြ႔ဆုံေပးခဲ့တယ္လုိ႔ ဆုိပါတယ္။

ဒီအေၾကာင္း အျပည့္အစံုကို ဗီြအုိေအသတင္းေထာက္ စုစုကေျပာျပေပးသြားမွာပါ။

ဘဂၤလားေဒ့ရွ္နဲ႔ ႏွစ္ႏုိင္ငံသေဘာတူညီခ်က္အရ ေနရပ္စြန္႔ခြာသူေတြကို သက္ဆိုင္ရာတာဝန္ရွိသူေတြက ျပန္လည္လက္ခံဖုိ႔အတြက္ ၂၀၁၈ခုႏွစ္ ႏွစ္စပုိင္းကတည္းက ျမန္မာအစုိးရဘက္က ျပန္လည္လက္ခံေရးစခန္းေတြဖြင့္ၿပီး ျပင္ဆင္ေဆာင္ရြက္ လာခဲ့တာပါ။ ႏွစ္ဘက္ အျပန္အလွန္ စိစစ္ၿပီးတဲ့ သူေတြကုိ ျပန္လည္ပို႔ေဆာင္ေပးဖို႔ အေၾကာင္းၾကားခဲ့ေပမယ့္ အဲဒီ အစီအစဥ္ေတြ အႀကိမ္ႀကိမ္ ပ်က္ခဲ့ၿပီး ခုခ်ိန္ထိ တရားဝင္ျပန္ေရာက္ခဲ့သူ မရွိေသးပါဘူး။ ဒါေပမယ့္ တျဖည္းျဖည္းနဲ႔ သူတို႔အစီအစဥ္နဲ႔သူတို႔ ျပန္လာသူေတြကေတာ့ ၂၀၁၉ခုႏွစ္ စက္တင္ဘာလဆန္းပုိင္းထိ ၂၀၀ေက်ာ္ရွိလာပါၿပီ။

ေနရပ္စြန္႔ခြာသြားသူေတြထဲက ေျခာက္ဦးဟာ စက္တင္ဘာလ ၁၁ရက္ေန႔ ညပိုင္းမွာ ျပန္လည္ဝင္ေရာက္လာတယ္လို႔ ေတာင္ၿပိဳလက္ဝဲ လက္ခံေရးစခန္း(လဝက) အဖြဲ႕ေခါင္းေဆာင္ ဦးေအာင္ၿဖိဳးဟန္က ေျပာပါတယ္။

"ညပိုင္းေပါ့ေနာ္။ ညပိုင္းမိုးခ်ဳပ္မွ ေရာက္တယ္ဗ်။ မုိးခ်ဳပ္မွေရာက္တယ္ဆိုေတာ့ သူတို႔ေနထုိင္ဖုိ႔ ဘာညာက က်ေတာ္တို႔ စီစဥ္ေပးတယ္။ ေနာက္ေန႔မနက္မွာ က်ေတာ္တို႔ ျပန္လည္လက္ခံေရး လုပ္ငန္းေတြေပါ့ေနာ္ လုပ္ၿပီးတဲ့ေနာက္၊ က်ေတာ္တို႔ေန႔လည္မွာပဲ သူတို႔ေန႔လည္စာ ေကၽြးၿပီးေတာ့ ဦးစုိးထြန္းကေနမွ သူတုိ႔ဦးေဆာင္ၿပီးေတာ့မွ လွဖုိးေခါင္စခန္းကို သူတုိ႔ေခၚသြားတယ္ခင္ဗ်။"

ျမန္မာအစုိးရ တာဝန္ရွိသူေတြက ကုလသမဂၢအရာရွိေတြ၊ အာဆီယံနဲ႔ အိမ္နီးခ်င္းႏုိင္ငံေတြက သံတမန္ေတြကုိ ဖိတ္ေခၚၿပီး အရင္က ျပန္ေရာက္ေနၿပီးျဖစ္တဲ့ ဟိႏၵဴနဲ႔ မြတ္ဆလင္ ဒုကၡသည္ မိသားစုေတြနဲ႔ စက္တင္ဘာ ၁၀ ရက္နဲ႔ ၁၁ ရက္တုိ႔က စစ္ေတြၿမိဳ႕မွာ ေတြ႔ဆုံေပးခဲ့ေၾကာင္း လဝက အရာရွိေတြက ဗီြအုိေအကုိ ေျပာပါတယ္။

ဒီကေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲအတြင္း အခုလုိ ျပန္လာသူေတြကိစၥနဲ႔ပတ္သက္လုိ႔ သတင္းေထာက္ေတြက ေမးတာမွာ - ျပန္လာသူေတြရဲ႕ လံုျခံဳေရးေၾကာင့္ အေသးစိတ္ေျပာဖို႔မရွိေၾကာင္း သမၼတရံုးဝန္ႀကီးဌာနက ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံသေဘာတူညီခ်က္အရ ျပန္လည္ဝင္ေရာက္လာသူေတြကို လက္ခံဖုိ႔အတြက္ ေတာင္ၿပိဳလက္ဝဲစခန္းနဲ႔ ငါးခူရစခန္းတို႔ကို ထားရွိၿပီး၊ လွဖိုးေခါင္ ၾကားစခန္းကေနတဆင့္ သူတုိ႔ကို ျပန္လည္ေနရာခ်ထားေပးတာပါ။ အခုေရာက္လာတဲ့ မိသားစုဝင္ ေျခာက္ဦးက ေလာေလာဆယ္မွာ သူတုိ႔ရဲ႕အမ်ိဳးေတြနဲ႔အတူ ေနတယ္လို႔ ေမာင္ေတာၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက ဒုတိယညႊန္ၾကားေရးမွဴး ဦးစုိးထြန္းကေျပာပါတယ္။

"သူတို႔က ေလာေလာဆယ္ အမွတ္၂ရပ္ကြက္မွာ သူတုိ႔အမ်ိဳးေတြနဲ႔ ေနပါတယ္။ က်ေတာ္တို႔ကလာရင္ေတာ့ ဥပေဒနဲ႔လြတ္ကင္းရင္ေတာ့ အကုန္လက္ခံမွာပဲေလ။ ဒါေပမယ့္ ဟုိဘက္၊ ဒီဘက္အထဲမွာ စစ္ေဆးၿပီးတဲ့လူေတြ ျဖစ္ဖို႔ပဲ လိုတာပါ။ က်န္တာေတာ့ေျပာစရာမရွိပါဘူး။"

ျမန္မာ - ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္အရ ေနရပ္စြန္႔ခြာသူ ျပန္လည္လက္ခံ၊ ေနရာခ်ထားေရးကိစၥရပ္ေတြကို ၂၀၁၈ခုႏွစ္၊ ဇန္နဝါရီလ ၂၃ရက္ေန႔ကစၿပီး ျမန္မာအစုိးရက စတင္ေဆာင္ရြက္ခဲ့ပါတယ္။ ၂၀၁၈ခုႏွစ္၊ ႏုိဝင္ဘာလ ၁၅ရက္ေန႔မွာ ေနရပ္စြန္႔ခြာသူေတြကို ျပန္လည္ပို႔ေဆာင္ေပးမယ္လို႔ ဘဂၤလားေဒ့ရွ္အစုိးရက အေၾကာင္းၾကားခဲ့ ေပမယ့္ အခုခ်ိန္ထိ ျပန္ပုိ႔တဲ့အစီအစဥ္ကုိ မစတင္ႏုိင္ေသးပါဘူး။

ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ ထြက္ေျပးသြားၾကတဲ့ ႐ုိဟင္ဂ်ာေတြ ဒုကၡသည္ေတြ ဂုဏ္သိကၡာရွိရွိ ေနရပ္ျပန္ႏုိ္င္ဖုိ႔ ႀကိဳးပမ္းရာမွာ ယုံၾကည္စိတ္ခ်ေအာင္ ျမန္မာအစုိးရက ေဆာင္ရြက္ႏုိင္တာ မေတြ႔ရေၾကာင္း ဘဂၤလားေဒ့ရွိ ၀န္ႀကီးခ်ဳပ္ Sheikh Hasina က ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္း သူ႔ႏုိင္ငံလႊတ္ေတာ္မွာ ေျပာၾကားခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္က အျပည့္အ၀ ျပင္ဆင္ထားၿပီး ျဖစ္ေပမဲ့လည္း အခုအခ်ိန္အထိ ေနရပ္ျပန္ေရး အစီအစဥ္ေတြ အေကာင္အထည္ မေဖာ္ႏုိင္ေသးဘဲ ျဖစ္ေနရေၾကာင္း ေျပာဆုိခဲ့သလုိ၊တ႐ုတ္၊ အိႏၵိယနဲ႔ ဂ်ပန္တုိ႔လုိ အာရွႏုိင္ငံေတြ ၀ုိင္း၀န္းကူညီၾကဖုိ႔လည္း တုိက္တြန္းခဲ့ပါတယ္။

ျမန္မာအစုိးရက တဘက္ႏုိင္ငံကုိ ထြက္ေျပးသြားသူေတြကုိ ရုိဟင္ဂ်ာလုိ႔ ေခၚဆုိတာ လက္မခံေပမယ့္ ဒီလူေတြ ျပန္လာႏုိင္ေရးအတြက္ ဘဂၤလားေဒ့ရွ္ အစုိးရနဲ႔ နားလည္မႈစာခၽြန္လႊာ လက္မွတ္ထုိး လုပ္ေဆာင္ေနသလုိ ကုလသမဂအဖြဲ႔အစည္းေတြနဲ႔လည္း ပူးေပါင္း ေဆာင္ရြက္ေနပါတယ္။

သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြထဲက တခ်ဳိ႕ကုိ ေနရပ္ျပန္ပုိ႔ေရး ႏွစ္ႏုိင္္ငံတာ၀န္ရွိသူေတြ ဒုတိယအႀကိမ္အျဖစ္ ၾသဂုတ္လ ၂၂ ရက္ေန႔က စီစဥ္ခဲ့ေပမဲ့ မေအာင္မျမင္ ျဖစ္ခဲ့ၿပီးေနာက္ အျပန္အလွန္ ျပစ္တင္ေ၀ဖန္မႈေတြ ထြက္ေပၚေနပါတယ္။

............

Unicode Version

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေးကိစ္စ စတင်နိုင်ဖို့ အခက်အခဲတွေ ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြန်ဝင်လာတဲ့ မွတ်ဆလင် ၆ ဦး အပါအဝင် အခုချိန်ထိ ကိုယ့်သဘောနဲ့ကိုယ် မြန်မာနိုင်ငံဘက်ကို ပြန်ဝင်လာသူ ၂၇၁ ဦး ရှိသွားပြီလို့ နယ်စပ်မှာရှိတဲ့ ပြန်လည် လက်ခံရေးစခန်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာခဲ့ကြတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာသံတမန်တွေနဲ့ မြန်မာအစိုးရက စစ်တွေမြို့မှာ တွေ့ဆုံပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကပြောပြပေးသွားမှာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံသဘောတူညီချက်အရ နေရပ်စွန့်ခွာသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်လည်လက်ခံဖို့အတွက် ၂၀၁၈ခုနှစ် နှစ်စပိုင်းကတည်းက မြန်မာအစိုးရဘက်က ပြန်လည်လက်ခံရေးစခန်းတွေဖွင့်ပြီး ပြင်ဆင်ဆောင်ရွက် လာခဲ့တာပါ။ နှစ်ဘက် အပြန်အလှန် စိစစ်ပြီးတဲ့ သူတွေကို ပြန်လည်ပို့ဆောင်ပေးဖို့ အကြောင်းကြားခဲ့ပေမယ့် အဲဒီ အစီအစဉ်တွေ အကြိမ်ကြိမ် ပျက်ခဲ့ပြီး ခုချိန်ထိ တရားဝင်ပြန်ရောက်ခဲ့သူ မရှိသေးပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူတို့အစီအစဉ်နဲ့သူတို့ ပြန်လာသူတွေကတော့ ၂၀၁၉ခုနှစ် စက်တင်ဘာလဆန်းပိုင်းထိ ၂၀၀ကျော်ရှိလာပါပြီ။

နေရပ်စွန့်ခွာသွားသူတွေထဲက ခြောက်ဦးဟာ စက်တင်ဘာလ ၁၁ရက်နေ့ ညပိုင်းမှာ ပြန်လည်ဝင်ရောက်လာတယ်လို့ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်း(လဝက) အဖွဲ့ခေါင်းဆောင် ဦးအောင်ဖြိုးဟန်က ပြောပါတယ်။

"ညပိုင်းပေါ့နော်။ ညပိုင်းမိုးချုပ်မှ ရောက်တယ်ဗျ။ မိုးချုပ်မှရောက်တယ်ဆိုတော့ သူတို့နေထိုင်ဖို့ ဘာညာက ကျတော်တို့ စီစဉ်ပေးတယ်။ နောက်နေ့မနက်မှာ ကျတော်တို့ ပြန်လည်လက်ခံရေး လုပ်ငန်းတွေပေါ့နော် လုပ်ပြီးတဲ့နောက်၊ ကျတော်တို့နေ့လည်မှာပဲ သူတို့နေ့လည်စာ ကျွေးပြီးတော့ ဦးစိုးထွန်းကနေမှ သူတို့ဦးဆောင်ပြီးတော့မှ လှဖိုးခေါင်စခန်းကို သူတို့ခေါ်သွားတယ်ခင်ဗျ။"

မြန်မာအစိုးရ တာဝန်ရှိသူတွေက ကုလသမဂ္ဂအရာရှိတွေ၊ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေက သံတမန်တွေကို ဖိတ်ခေါ်ပြီး အရင်က ပြန်ရောက်နေပြီးဖြစ်တဲ့ ဟိန္ဒူနဲ့ မွတ်ဆလင် ဒုက္ခသည် မိသားစုတွေနဲ့ စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်တို့က စစ်တွေမြို့မှာ တွေ့ဆုံပေးခဲ့ကြောင်း လဝက အရာရှိတွေက ဗွီအိုအေကို ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြန်လာသူတွေကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးတာမှာ - ပြန်လာသူတွေရဲ့ လုံခြုံရေးကြောင့် အသေးစိတ်ပြောဖို့မရှိကြောင်း သမ္မတရုံးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်ဝင်ရောက်လာသူတွေကို လက်ခံဖို့အတွက် တောင်ပြိုလက်ဝဲစခန်းနဲ့ ငါးခူရစခန်းတို့ကို ထားရှိပြီး၊ လှဖိုးခေါင် ကြားစခန်းကနေတဆင့် သူတို့ကို ပြန်လည်နေရာချထားပေးတာပါ။ အခုရောက်လာတဲ့ မိသားစုဝင် ခြောက်ဦးက လောလောဆယ်မှာ သူတို့ရဲ့အမျိုးတွေနဲ့အတူ နေတယ်လို့ မောင်တောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွန်းကပြောပါတယ်။

"သူတို့က လောလောဆယ် အမှတ်၂ရပ်ကွက်မှာ သူတို့အမျိုးတွေနဲ့ နေပါတယ်။ ကျတော်တို့ကလာရင်တော့ ဥပဒေနဲ့လွတ်ကင်းရင်တော့ အကုန်လက်ခံမှာပဲလေ။ ဒါပေမယ့် ဟိုဘက်၊ ဒီဘက်အထဲမှာ စစ်ဆေးပြီးတဲ့လူတွေ ဖြစ်ဖို့ပဲ လိုတာပါ။ ကျန်တာတော့ပြောစရာမရှိပါဘူး။"

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ နေရပ်စွန့်ခွာသူ ပြန်လည်လက်ခံ၊ နေရာချထားရေးကိစ္စရပ်တွေကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက်နေ့ကစပြီး မြန်မာအစိုးရက စတင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်နေ့မှာ နေရပ်စွန့်ခွာသူတွေကို ပြန်လည်ပို့ဆောင်ပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အကြောင်းကြားခဲ့ ပေမယ့် အခုချိန်ထိ ပြန်ပို့တဲ့အစီအစဉ်ကို မစတင်နိုင်သေးပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ ကြိုးပမ်းရာမှာ ယုံကြည်စိတ်ချအောင် မြန်မာအစိုးရက ဆောင်ရွက်နိုင်တာ မတွေ့ရကြောင်း ဘင်္ဂလားဒေ့ရှိ ဝန်ကြီးချုပ် Sheikh Hasina က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သူ့နိုင်ငံလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အပြည့်အ၀ ပြင်ဆင်ထားပြီး ဖြစ်ပေမဲ့လည်း အခုအချိန်အထိ နေရပ်ပြန်ရေး အစီအစဉ်တွေ အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေရကြောင်း ပြောဆိုခဲ့သလို၊တရုတ်၊ အိန္ဒိယနဲ့ ဂျပန်တို့လို အာရှနိုင်ငံတွေ ဝိုင်းဝန်းကူညီကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မြန်မာအစိုးရက တဘက်နိုင်ငံကို ထွက်ပြေးသွားသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာ လက်မခံပေမယ့် ဒီလူတွေ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး လုပ်ဆောင်နေသလို ကုလသမဂအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။

သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲက တချို့ကို နေရပ်ပြန်ပို့ရေး နှစ်နိုင်ငံတာဝန်ရှိသူတွေ ဒုတိယအကြိမ်အဖြစ် သြဂုတ်လ ၂၂ ရက်နေ့က စီစဉ်ခဲ့ပေမဲ့ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် အပြန်အလှန် ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG