အေမရိကန္နဲ႔ တ႐ုတ္ႏုိင္ငံၾကား ကုန္သြယ္ေရးဆုိင္ရာ အဆင့္ျမင့္ေဆြးေႏြးပဲြေတြ ျပန္စဖုိ႔ ျပင္ဆင္ေနခ်ိန္မွာပဲ သေဘာထားေကာင္းျပသတဲ့ အစီအစဥ္တခုကုိ တ႐ုတ္ႏုိင္ငံက ဒီကေန႔ပဲ ေၾကညာလုိက္ပါတယ္။
၀က္သားနဲ႔ ပဲပိစပ္တုိ႔လုိ အေမရိကန္ လယ္ယာ ထြက္ကုန္ေတြကုိ ၀ယ္ယူဖုိ႔ စဥ္းစားေနေၾကာင္း တ႐ုတ္ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Gao Feng က ေျပာဆုိလုိက္တာပါ။
အေမရိကန္သမၼတ Donald Trump အစိုးရရဲ႕ စိတ္ေစတနာေကာင္းနဲ႔ လုပ္ရပ္ေတြကို ႀကိဳဆုိေၾကာင္းနဲ႔ ကုန္သြယ္ေရး ေဆြးေႏြးညွိႏႈိင္းမႈေတြမွာ အေျခအေနေကာင္းေတြ ေပၚထြက္လာေအာင္ ဖန္တီးႏုိင္ဖုိ႔ ေမွ်ာ္လင့္ေၾကာင္းလည္း ေျပာဆုိခဲ့ပါတယ္။
သမၼတ Trump ကေတာ့ ေဒၚလာဘီလီယံ ၂၅၀ တန္ဖိုးရွိတဲ့ တ႐ုတ္ကုန္ပစၥည္းေတြအေပၚ ေအာက္တိုဘာလ ၁ ရက္ေန႔ကစၿပီး အခြန္ေတြတုိးျမွင့္ ေကာက္ခံဖုိ႔ စီစဥ္ထားတာကုိ ၁၅ ရက္ေန႔အထိ ေရႊ႕လုိက္ေၾကာင္း မေန႔ကပဲ ေၾကညာခဲ့တာပါ။
ေအာက္တုိဘာလ ၁ ရက္ေန႔ဟာ တ႐ုတ္ႏုိင္ငံ ထူေထာင္တဲ့ အႏွစ္ ၇၀ ျပည့္မယ့္ အခ်ိန္ျဖစ္တာေၾကာင့္ သြင္းကုန္ခြန္ ေကာက္ခံမယ့္ အစီအစဥ္ကုိ ဆုိင္းငံ့ထားဖုိ႔ တ႐ုတ္ ဒု၀န္ႀကီးခ်ဳပ္ Liu He က ေမတၱာရပ္ခံခဲ့တယ္လုိ႔လည္း မေန႔ေႏွာင္းပုိင္းမွာ သမၼတ Trump က Twitter လူမႈကြန္ရက္ကေန ေျပာခဲ့ပါတယ္။
စက္တင္ဘာ ၁၇ ရက္ေန႔ကစလုိ႔ ထပ္မံကန္႔သတ္ဖုိ႔ စီစဥ္ထားတဲ့ အေမရိကန္ ကုန္ပစၥည္းေတြထဲက တခ်ဳိ႕ကုိ တ႐ုတ္ႏုိင္ငံက ဖယ္ရွားေပးလုိက္ေၾကာင္း မေန႔အေစာပုိင္းက ေၾကညာခဲ့ၿပီး ေနာက္မွာပဲ သမၼတ Trump ရဲ႕ ေၾကညာခ်က္ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။
ကန္႔သတ္မယ့္ စာရင္းထဲကေန တ႐ုတ္ႏုိင္ငံက ဖယ္ရွားေပးလုိက္တဲ့ အေမရိကန္ကုန္ပစၥည္းေတြထဲမွာေတာ့ ပုဇြန္၊ ကင္ဆာေရာဂါ တုိက္ဖ်က္ေရးအတြက္ အသုံးျပဳတဲ့ စက္ပစၥည္းေတြ စက္မႈလုပ္ငန္းသုံး ေခ်ာဆီနဲ႔ လုပ္ငန္းသုံး ဓာတုပစၥည္းေတြ ပါ၀င္ပါတယ္။
တ႐ုတ္နဲ႔ အေမရိကန္ၾကား ဇူလုိင္လကတည္းက ရပ္ဆုိင္းေနခဲ့တဲ့ ကုန္သြယ္ေရးဆုိင္ရာ အဆင့္ျမင့္ ေဆြးေႏြးညွိႏႈိင္းမႈေတြကုိေတာ့ ေရွ႕လထဲ ၀ါရွင္တန္မွာ က်င္းပဖုိ႔ စီစဥ္ထားပါတယ္။
[Unicode Version]
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲတွေ ပြန်စဖို့ ပြင်ဆင်နေချိန်မှာပဲ သဘောထားကောင်းပြသတဲ့ အစီအစဉ်တခုကို တရုတ်နိုင်ငံက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
ဝက်သားနဲ့ ပဲပိစပ်တို့လို အမေရိကန် လယ်ယာ ထွက်ကုန်တွေကို ဝယ်ယူဖို့ စဉ်းစားနေကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Gao Feng က ပြောဆိုလိုက်တာပါ။
အမေရိကန်သမ္မတ Donald Trump အစိုးရရဲ့ စိတ်စေတနာကောင်းနဲ့ လုပ်ရပ်တွေကို ကြိုဆိုကြောင်းနဲ့ ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုတွေမှာ အခြေအနေကောင်းတွေ ပေါ်ထွက်လာအောင် ဖန်တီးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
သမ္မတ Trump ကတော့ ဒေါ်လာဘီလီယံ ၂၅၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အခွန်တွေတိုးမြှင့် ကောက်ခံဖို့ စီစဉ်ထားတာကို ၁၅ ရက်နေ့အထိ ရွှေ့လိုက်ကြောင်း မနေ့ကပဲ ကြေညာခဲ့တာပါ။
အောက်တိုဘာလ ၁ ရက်နေ့ဟာ တရုတ်နိုင်ငံ ထူထောင်တဲ့ အနှစ် ၇၀ ပြည့်မယ့် အချိန်ဖြစ်တာကြောင့် သွင်းကုန်ခွန် ကောက်ခံမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ တရုတ် ဒုဝန်ကြီးချုပ် Liu He က မေတ္တာရပ်ခံခဲ့တယ်လို့လည်း မနေ့နှောင်းပိုင်းမှာ သမ္မတ Trump က Twitter လူမှုကွန်ရက်ကနေ ပြောခဲ့ပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့ကစလို့ ထပ်မံကန့်သတ်ဖို့ စီစဉ်ထားတဲ့ အမေရိကန် ကုန်ပစ္စည်းတွေထဲက တချို့ကို တရုတ်နိုင်ငံက ဖယ်ရှားပေးလိုက်ကြောင်း မနေ့အစောပိုင်းက ကြေညာခဲ့ပြီး နောက်မှာပဲ သမ္မတ Trump ရဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ကန့်သတ်မယ့် စာရင်းထဲကနေ တရုတ်နိုင်ငံက ဖယ်ရှားပေးလိုက်တဲ့ အမေရိကန်ကုန်ပစ္စည်းတွေထဲမှာတော့ ပုဇွန်၊ ကင်ဆာရောဂါ တိုက်ဖျက်ရေးအတွက် အသုံးပြုတဲ့ စက်ပစ္စည်းတွေ စက်မှုလုပ်ငန်းသုံး ချောဆီနဲ့ လုပ်ငန်းသုံး ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။
တရုတ်နဲ့ အမေရိကန်ကြား ဇူလိုင်လကတည်းက ရပ်ဆိုင်းနေခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးညှိနှိုင်းမှုတွေကိုတော့ ရှေ့လထဲ ဝါရှင်တန်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။