သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလား ဒုကၡသည္စခန္းအနီး ရိုဟင္ဂ်ာ ၂ ဦး ပစ္သတ္ခံရ


ဘဂၤလားေဒ့ရွ္ အာဏာရပါတီက တာ၀န္ရွိသူတစ္ဦးလုပ္ၾကံသတ္ျဖတ္ခံ ရျပီးတဲ့ေနာက္ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေတာင္ပိုင္း နယ္စပ္ၿမိဳ႕မွာ ရဲတပ္ဖြဲ႔က ေနာက္ထပ္ ရုိဟင္ဂ်ာ ဒုကၡသည္ ၂ ဦးကို ေသာၾကာေန႔က ပစ္ခတ္သတ္ျဖတ္္ခဲ့ပါတယ္။

အဲဒီ ႏွစ္ေယာက္ဟာ Awami League ပါတီ လူငယ္အဖြဲ႔က အရာရွိ Faruk ကို သတ္ျဖတ္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ အဲဒီ အရာရွိဟာ လြန္ခဲ့တဲ့လက သတ္ျဖတ္ခံရတာျဖစ္ၿပီး ရာဇ၀တ္ျပစ္မႈရွိသူ ရိုဟင္ဂ်ာေတြက သူ႔ကို သတ္ျဖတ္ခဲ့တယ္လို႔ သံသယရွိေနခဲ့တာပါ။

ဘဂၤလားေဒ့ရွ္ေတာင္ပိုင္းမွာ ရိုဟင္ဂ်ာ ဒုကၡသည္ ၁ သန္းနီးပါးရွိၿပီး ၇ သိန္းခြဲေလာက္ဟာ ၂၀၁၇ ခုႏွစ္က ျမန္မာစစ္တပ္က ရခိုင္ျပည္နယ္ အတြင္း ထိုးစစ္ဆင္ တိုက္ခိုက္မႈေတြေၾကာင့္ အဲဒီေနရာကို ထြက္ေျပး ေရာက္ရွိလာခဲ့ၾကတာပါ။

Cox’s Bazaar က ရဲတပ္ဖြဲ႕အၾကီးအကဲ Masud Hossain က ေသဆုံးသူႏွစ္ဦးဟာ Taknaf ၿမိဳ႕အနီး ရဲတပ္ဖြဲ႕နဲ႔ အျပန္အလွန္ ပစ္ခတ္မႈခဲ့ျပီးတဲ့ေနာက္ ဒဏ္ရာ အျပင္းအထန္ ရရွိျပီး ေဆးရုံမွာ ေသဆုံးသြားတာလို႔ ေျပာပါတယ္။ သူတို႔ဟာ ဆိုးသြမ္း ရုိဟင္ဂ်ာေတြျဖစ္ျပီး လုယက္မႈ၊ ျပန္ေပးဆြဲမႈနဲ႔ မူးယစ္ေဆး ေမွာင္ခိုမႈေတြမွာ ပါ၀င္သူေတြျဖစ္ေၾကာင္းနဲ႔ Faruk ကို သတ္ျဖတ္တယ္လို႔ စြပ္စြဲခံေနရသူေတြ လို႔လည္း Cox’s Bazaar ခရိုင္ ရဲတပ္ဖြဲ႕အၾကီးအကဲက ေျပာပါတယ္။

အခုအခါ Awami League ပါတီ လူငယ္အဖြဲ႔က အရာရွိ Faruk ကို သတ္ျဖတ္မႈမွာ ပါ၀င္ ပတ္သက္မႈေၾကာင့္ ရဲတပ္ဖြဲ႕နဲ႔ အျပန္အလွန္ ပစ္ခတ္ျပီး ေသဆုံးသူ ရုိဟင္ဂ်ာ ဒုကၡသည္ ၆ ဦးအထိ ရွိသြားၿပီလို႔ AFP သတင္းအရ သိရပါတယ္။ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ က စလုို႔ ဘဂၤလားေဒ့ရွ္ လုံျခံဳေရးတပ္ဖြဲ႕ေတြရဲ႕ သတ္ျဖတ္မႈေၾကာင့္ ေသဆုံးခဲ့သူ ဒုကၡသည္ အနည္းဆုံး ၃၆ ဦး ရွိျပီ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႕ဟာ ရိုဟင္ဂ်ာေတြအေပၚ ဥပေဒ ျပင္ပ သတ္ျဖတ္မႈေတြ က်ဴးလြန္တယ္လို႔လည္း လူ႕အခြင့္အေရး အဖြဲ႔ေတြက စြပ္စြဲထားခဲ့ပါတယ္။

..................

[Unicode Version]

ဘင်္ဂလားဒေ့ရှ် အာဏာရပါတီက တာဝန်ရှိသူတစ်ဦးလုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း နယ်စပ်မြို့မှာ ရဲတပ်ဖွဲ့က နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၂ ဦးကို သောကြာနေ့က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီ နှစ်ယောက်ဟာ Awami League ပါတီ လူငယ်အဖွဲ့က အရာရှိ Faruk ကို သတ်ဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ အရာရှိဟာ လွန်ခဲ့တဲ့လက သတ်ဖြတ်ခံရတာဖြစ်ပြီး ရာဇဝတ်ပြစ်မှုရှိသူ ရိုဟင်ဂျာတွေက သူ့ကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိနေခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းနီးပါးရှိပြီး ၇ သိန်းခွဲလောက်ဟာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က ရခိုင်ပြည်နယ် အတွင်း ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် အဲဒီနေရာကို ထွက်ပြေး ရောက်ရှိလာခဲ့ကြတာပါ။

Cox’s Bazaar က ရဲတပ်ဖွဲ့အကြီးအကဲ Masud Hossain က သေဆုံးသူနှစ်ဦးဟာ Taknaf မြို့အနီး ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုခဲ့ပြီးတဲ့နောက် ဒဏ်ရာ အပြင်းအထန် ရရှိပြီး ဆေးရုံမှာ သေဆုံးသွားတာလို့ ပြောပါတယ်။ သူတို့ဟာ ဆိုးသွမ်း ရိုဟင်ဂျာတွေဖြစ်ပြီး လုယက်မှု၊ ပြန်ပေးဆွဲမှုနဲ့ မူးယစ်ဆေး မှောင်ခိုမှုတွေမှာ ပါဝင်သူတွေဖြစ်ကြောင်းနဲ့ Faruk ကို သတ်ဖြတ်တယ်လို့ စွပ်စွဲခံနေရသူတွေ လို့လည်း Cox’s Bazaar ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

အခုအခါ Awami League ပါတီ လူငယ်အဖွဲ့က အရာရှိ Faruk ကို သတ်ဖြတ်မှုမှာ ပါဝင် ပတ်သက်မှုကြောင့် ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်ပြီး သေဆုံးသူ ရိုဟင်ဂျာ ဒုက္ခသည် ၆ ဦးအထိ ရှိသွားပြီလို့ AFP သတင်းအရ သိရပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လ က စလို့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ဒုက္ခသည် အနည်းဆုံး ၃၆ ဦး ရှိပြီ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဟာ ရိုဟင်ဂျာတွေအပေါ် ဥပဒေ ပြင်ပ သတ်ဖြတ်မှုတွေ ကျူးလွန်တယ်လို့လည်း လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲထားခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG