သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖုန္းဆက္သြယ္ေရးျဖတ္ေတာက္မႈ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ အခက္ႀကံဳ


႐ိုဟင္ဂ်ာအမ်ိဳးသမီး ၂ ဦး ဖုန္းဆက္ေနစဥ္

ရခုိင္ျပည္နယ္က တိမ္းေရွာင္လာတဲ့ ဒုကၡသည္သိန္းခ်ီခိုလံႈေနထိုင္ေနတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ရိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြထဲ ဒီရက္ပိုင္းမွာေတာ့ မိုဘိုင္းလ္ဖုန္း အင္တာနက္လိုင္း အသံုးျပဳမႈကို လံုးဝနီးပါး ျဖတ္ေတာက္လိုက္ၿပီျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္အစိုးရဘက္က လံုျခံဳေရးအေၾကာင္းျပ ျဖတ္ေတာက္တာျဖစ္ေပမဲ့လို႔ စခန္းေတြထဲမွာပဲ ေနထိုင္ေနရတဲ့ ဒုကၡသည္ေတြအတြက္ သတင္း အေမွာင္ခ်သလို ျဖစ္သြားၿပီး သတင္းအခ်က္အလက္ ရယူႏိုင္ဖို႔႔ အေရးေပၚဆက္သြယ္ေရး အတြက္ အေတာ္ေလးကို အခက္ခဲၾကံဳေနၾကရတယ္လို႔ ဒုကၡသည္ေတြကေျပာပါတယ္။ မဆုမြန္ စုစည္းတင္ျပထားပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလဆန္းကစလို႔ ဘဂၤလားေဒ့ရွ္အစိုးရက ႐ိုဟင္ဂ်ာတသန္းနီးပါး ခိုလံႈေနထိုင္ရာ ေကာ့ဇ္ဘဇားအနီးက ဒုကၡသည္ စခန္းေတြထဲက မိုဘုိင္းလ္ဖုန္းအသံုးျပဳခြင့္နဲ႔ အင္တာနက္ သံုးစြဲခြင့္ေတြကို ျဖတ္ေတာက္ပစ္ဖို႔ အမိန္႔ေပးၿပီးတဲ့ ေနာက္မွာေတာ့ ဘဂၤလားေဒ့ရွ္ တယ္လီဖုန္း ဆက္သြယ္ေရး စည္းမ်ဥ္း ကန္႔သတ္ေရးေကာ္မရွင္ျဖစ္တဲ့ BTRC ကေန ကမ့္ေတြထဲ ဖုန္းအသံုးျပဳခြင့္ အင္တာသံုးစြဲႏိုင္မႈေတြကို ကန္႔သတ္ပိတ္ပင္လုိက္တာျဖစ္ပါတယ္။

အခုလိုဘဂၤလားေဒ့ရွ္အစိုးရက ရက္အကန္႔အသတ္မရွိ ပိတ္ဖို႔ ညႊန္ၾကားၿပီးေနာက္မွာေတာ့ အင္တာနက္သံုးစြဲခြင့္ကို တစစ ကန္႔သတ္လာခဲ့တာကေန အခုရက္ပိုင္းမွာေတာ့ မိုဘိုင္းလ္ တယ္လီဖုန္းဆက္သြယ္မႈ လံုးဝျပတ္ေတာက္သြားတဲ့အတြက္ ဒုကၡသည္ အခ်င္းခ်င္း စခန္းေတြထဲမွာ ဆက္သြယ္ဖို႔ေတာင္ အေတာ္ေလးကို အခက္ေတြ႔လာၾကတယ္လို႔ ေကာ့ဇ္ဘဇားက ႐ုိဟင္ဂ်ာ ဒုကၡသည္တဦးက ေျပာပါတယ္။

“အခုတပတ္ေက်ာ္ေလာက္ရွိၿပီ ဒီမွာ ဆက္သြယ္ေရးဖုန္းလိုင္းကေတာ့ လံုး၀ပ်က္သြားတယ္။ တခါတေလဆိုရင္ ညပိုင္းဆိုရင္ လံုး၀ ဖြင့္ၾကည့္လို႔ မရပါဘူးခင္ဗ်။ ဒီမွာက စခန္းေပါင္း ၃၀ ေလာက္ရွိတယ္။ တေယာက္တေနရာမွာ ျဖစ္သြားတယ္၊ အကိုက တေနရာမွာ ၊ အေမက တေနရမွာ၊ ေဆြမ်ိဳးေတြက တစခန္းမွာ အဲလိုျဖစ္ေနတာကို ။ စခန္းတခုနဲ႔ တခုဆိုရင္လည္းေတာ္ေတာ္ေလး ေ၀းကြာပါတယ္။ အဲဒါ အျပန္အလွန္ဆက္သြယ္ဖို႔ဆိုတာကလည္း လံုး၀ ပ်က္ေတာက္သြားပါတယ္။ ေနာက္ က်န္းမာေရးပိုင္းအေျခအေနေတြလည္း ပိုၿပီးေတာ့ ဆိုး၀ါးေနပါတယ္။ အေရးေပၚလူနာေတြဆိုရင္ ေဆးရံု၊ ေဆးခန္းေတြနဲ႔ ဆက္သြယ္မႈကေတာ့ လံုး ၀ ပ်က္ေတာက္သြားပါတယ္။ လံုၿခံဳေရးအပိုင္းကလည္း ပိုၿပီးေတာ့ ဆိုး၀ါးပါတယ္။ ေနာက္တခုခုျဖစ္ေပၚလာမယ္ဆိုရင္ ဘဂၤလားေဒ့ရွ္အာဏာပိုင္အဖြဲ႔အစည္းကို အခ်ိန္မီဆက္သြယ္ႏိုင္မွာ မဟုတ္ပါဘူးခင္ဗ်။”

အထူးသျဖင့္ကေတာ့ မူးယစ္ေဆးဝါးေရာင္းဝယ္မႈ၊ လူကုန္ကူးမႈနဲ႔ ရာဇဝတ္မႈေတြကို ကာကြယ္ႏုိင္ဖို႔ ဒုကၡသည္စခန္းေတြရဲ႕ လံုျခံဳေရးအတြက္ ေဆာင္ရြက္တာလို႔ အေၾကာင္းျပေပမဲ့ စခန္းထဲမွာပဲ ေနထိုင္ေနရတဲ့ ဒုကၡသည္ေတြအတြက္ သတင္းအေမွာင္ခ်သလိုျဖစ္ၿပီး ကမာၻၾကီးနဲ႔အဆက္အသြယ္ျပတ္ေတာက္သြားႏုိင္တာမို႔ ျပန္လည္စဥ္းစားေပးဖို႔ ဘဂၤလားေဒ့ရွ္ဝန္ၾကီးခ်ဳပ္ကို ကုလ၊ ႏုိင္ငံတကာနဲ႔ ဒုကၡသည္အေရးေဆာင္ရြက္ေနသူေတြကတဆင့္ ဒုကၡသည္ေတြက ေတာင္းဆိုေၾကာင္းလည္း ႐ိုဟင္ဂ်ာဒုကၡသည္က ေျပာပါတယ္။

လူမ်ိဳးေရး-ဘာသာေရးအသြင္ေဆာင္အၾကမ္းဖက္မႈေတြရဲ႕ေနာက္ပိုင္း ထြက္ေျပးသြားရတဲ့ဒုကၡသည္ေတြဘက္က ေနရပ္ရင္းျပန္လာႏုိင္ေရး လက္ရွိ ရခိုင္ျပည္နယ္တြင္းက လံုျခံဳေရးအေျခအေနေတြကိုသိဖို႔နဲ႔ က်န္ခဲ့တဲ့ မိသားစုေတြနဲ႔ဆက္သြယ္ႏိုင္ဖို႔က ဖုန္းဆက္သြယ္မႈပဲ ရွိေနတဲ့အခ်ိန္မွာ အခုလိုျဖတ္ေတာက္လိုက္တဲ့အတြက္ အခုရက္ပိုင္း အဆက္သြယ္ေတြ ျပတ္သြားရတယ္လို႔ ရခုိင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ေန ႐ိုဟင္ဂ်ာမူဆလင္တဦးျဖစ္တဲ့ ဦးလွထြန္းက ေျပာပါတယ္။

“ဒီလိုလုပ္လိုက္တာကေတာ့ က်ေနာ္တို႔ ဘယ္လိုေျပာမလဲ စိတ္မေကာင္းဘူးေပါ့။ စိတ္မေကာင္းဘူးဆိုတာက က်ေနာ္တို႔မွာ ဟိုဘက္ကိုေရာက္သြားတဲ့ လူေတြမွာ က်ေနာ္တို႔ အမ်ိဳးေတြရွိတယ္။ သူတို႔ကို ဆက္သြယ္လို႔ မရဘူးျဖစ္ေနတယ္။ သတင္းအခ်က္အလက္ေတြ ရယူေရးမွာလည္း သူတို႔မွာ အခက္အခဲေတြၾကံဳမယ္။ အဓိက ဘဂၤလားေဒ့ရွ္အစိုးရရည္ရြယ္တာက သူတို႔မွာလည္း လူေတြက ၀န္ထုတ္၀န္ပိုးျဖစ္လာတယ္၊ သူတို႔က ဒီလူေတြ ျမန္မာဘက္ကို ျပန္မလာတဲ့အခါ ။ ဒီဘက္မွာ ျမန္မာအစိုးရက ျပန္ေခၚဖို႔လုပ္တာကို က်ေနာ္တို႔နဲ႔ ဖုန္းေခၚၿပီးေတာ့ ေမးတယ္ အေျခအေန ဘယ္လိုလဲ ၊ အိမ္ေတြေဆာက္ထားတာ ဒါေတြက မွန္လားေပါ့ သူတို႔ အဲလို စံုစမ္းတယ္။ က်ေနာ္တုိ႔က ဒီမွာေတြ႔ေနရတာကို အမွန္အတိုင္းေျပာျပတယ္။ ေျပာျပတဲ့အခါ သူတို႔က အဲဒါေတြက သြားရမယ့္အေျခအေနမဟုတ္ေသးဘူး ဆိုတာ ဆံုးျဖတ္တယ္ေပါ့ေနာ္ ။အဲလိုအေျခအေနေတြ ရွိခဲ့တယ္။ အခုဖုန္းလိုင္းကိစၥက ျမန္မာအစိုးရနဲ႔ ဘဂၤလားေဒ့ရွ္အစိုးရ တခုခု ညိွၿပီးေတာ့ သူတို႔လုပ္သလားဆိုတာ က်ေနာ္တို႔လည္း အဲလို ထင္ေတာ့ ထင္တာေပါ့ေနာ္။”

ျမန္မာျပည္က တိမ္းေရွာင္သြားတဲ့ မူဆလင္သိန္းခ်ီရဲ႕လံုျခံဳေရးအရ ဘဂၤလားေဒ့ရွ္အစိုးရဘက္က တာဝန္နဲ႔အညီ ေဆာင္ရြက္တာျဖစ္လုိ႔ ဒီဒုကၡသည္ေတြ မိမိတို႔ေနရပ္ရင္း ေဘးကင္းလံုျခံဳစြာျပန္လာေရး အေျခခံႏိုင္ငံသားအခြင့္အေရးနဲ႔အညီ လြတ္လပ္စြာလႈပ္ရွား သြားလာခြင့္ရဖို႔ကေတာ့ ျမန္မာအစိုးရမွာ အဓိက တာဝန္ရွိတယ္လို႔ လည္း ကမန္အမ်ိဳးသားတိုးတက္ေရးပါတီက ဦးတင္ေငြကလည္း သံုးသပ္ပါတယ္။

“လက္ရွိ ဘဂၤလားေဒ့ရွ္အစိုးရက သူ စိုးရိမ္မႈတခုအေနနဲ႔ လုပ္တာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တာေပါ့။ ဆိုေတာ့ ဘဂၤလားေဒ့ရွ္မွာ ေရာက္ေနတဲ့ ဒုကၡသည္ေတြကလည္း ျမန္မာအစိုးရကလည္း သူတို႔လာခ်င္ေအာင္ လာႏိုင္ေလာက္တဲ့အေနအထားအဆင့္အထိ ျဖစ္ေအာင္လို႔ စီစဥ္ေပးဖို႔ လိုလိမ့္မယ္ ဆိုလိုတာက သူတို႔ ဒီကို ျပန္လာတဲ့အခါ သူတို႔ ေတာင္းဆိုထားတဲ့ ႏိုင္ငံသား ျပဳခြင့္ေတြ ေနာက္တခါ အလုပ္အကိုင္အခြင့္အလမ္းေတြ ေနာက္တခုက လြတ္လြတ္လပ္လပ္ သူတို႔ လုပ္ကိုင္စားေသာက္ခြင့္ေတြ ဒီအေပၚမွာေတာ့ အစိုးရ သူတို႔အေနနဲ႔ ဖန္တီးဖို႔ လိုပါတယ္။”

ဘဂၤလားေဒ့ရွ္ တယ္လီဖုန္းဆက္သြယ္ေရး စည္းမ်ဥ္း ကန္႔သတ္ေရးေကာ္မရွင္ျဖစ္တဲ့ BTRC ဘက္ကေတာ့ စခန္းေတြထဲ မုိဘုိင္းဖုန္း ပံုမွန္ အသံုးျပဳသူေတြ မည္သူမည္ဝါျဖစ္ေၾကာင္းနဲ႔ မိုဘုိင္းဖုန္း ဝန္ေဆာင္လုပ္ငန္းေတြ ေရာင္းခ်ေနတဲ့သူေတြရဲ႕အကူအညီနဲ႔ Cox’s Bazar ရွိ Teknaf နဲ႔ Ukhiya upzilla ရွိ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြထဲ ေဆာင္ရြက္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြမွာ လူေသဆံုးတဲ့အထိ ရာဇဝတ္ျပစ္မႈေတြ က်ဴးလြန္မႈေတြ ျဖစ္ၿပီးေနာက္ အခုလို ဘဂၤလားေဒ့ရွ္အစိုးရဘက္က အမိန္႔ထုတ္ျပန္လိုက္တာလည္း ျဖစ္ပါတယ္။ ကုလနဲ႔ ႏိုင္ငံတကာက သံုးႏႈန္းတဲ့ ႐ိုဟင္ဂ်ာဆိုတဲ့အမည္ကို လက္ခံမထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ဒီဒုကၡသည္ေတြ ျပန္လာေရး စီစဥ္ ေဆာင္ရြက္ေနပါတယ္လို႔ ထုတ္ျပန္ထားပါတယ္။

....................

(Unicode)

ဖုန်းဆက်သွယ်ရေးဖြတ်တောက်မှု ရိုဟင်ဂျာဒုက္ခသည်တွေ အခက်ကြုံ

ရခိုင်ပြည်နယ်က တိမ်းရှောင်လာတဲ့ ဒုက္ခသည်သိန်းချီခိုလှုံနေထိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ ဒီရက်ပိုင်းမှာတော့ မိုဘိုင်းလ်ဖုန်း အင်တာနက်လိုင်း အသုံးပြုမှုကို လုံးဝနီးပါး ဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က လုံခြုံရေးအကြောင်းပြ ဖြတ်တောက်တာဖြစ်ပေမဲ့လို့ စခန်းတွေထဲမှာပဲ နေထိုင်နေရတဲ့ ဒုက္ခသည်တွေအတွက် သတင်း အမှောင်ချသလို ဖြစ်သွားပြီး သတင်းအချက်အလက် ရယူနိုင်ဖို့ အရေးပေါ်ဆက်သွယ်ရေး အတွက် အတော်လေးကို အခက်ခဲကြုံနေကြရတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းကစလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာတသန်းနီးပါး ခိုလှုံနေထိုင်ရာ ကော့ဇ်ဘဇားအနီးက ဒုက္ခသည် စခန်းတွေထဲက မိုဘိုင်းလ်ဖုန်းအသုံးပြုခွင့်နဲ့ အင်တာနက် သုံးစွဲခွင့်တွေကို ဖြတ်တောက်ပစ်ဖို့ အမိန့်ပေးပြီးတဲ့ နောက်မှာတော့ ဘင်္ဂလားဒေ့ရှ် တယ်လီဖုန်း ဆက်သွယ်ရေး စည်းမျဉ်း ကန့်သတ်ရေးကော်မရှင်ဖြစ်တဲ့ BTRC ကနေ ကမ့်တွေထဲ ဖုန်းအသုံးပြုခွင့် အင်တာသုံးစွဲနိုင်မှုတွေကို ကန့်သတ်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

အခုလိုဘင်္ဂလားဒေ့ရှ်အစိုးရက ရက်အကန့်အသတ်မရှိ ပိတ်ဖို့ ညွှန်ကြားပြီးနောက်မှာတော့ အင်တာနက်သုံးစွဲခွင့်ကို တစစ ကန့်သတ်လာခဲ့တာကနေ အခုရက်ပိုင်းမှာတော့ မိုဘိုင်းလ် တယ်လီဖုန်းဆက်သွယ်မှု လုံးဝပြတ်တောက်သွားတဲ့အတွက် ဒုက္ခသည် အချင်းချင်း စခန်းတွေထဲမှာ ဆက်သွယ်ဖို့တောင် အတော်လေးကို အခက်တွေ့လာကြတယ်လို့ ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်တဦးက ပြောပါတယ်။

“အခုတပတ်ကျော်လောက်ရှိပြီ ဒီမှာ ဆက်သွယ်ရေးဖုန်းလိုင်းကတော့ လုံးဝပျက်သွားတယ်။ တခါတလေဆိုရင် ညပိုင်းဆိုရင် လုံး၀ ဖွင့်ကြည့်လို့ မရပါဘူးခင်ဗျ။ ဒီမှာက စခန်းပေါင်း ၃၀ လောက်ရှိတယ်။ တယောက်တနေရာမှာ ဖြစ်သွားတယ်၊ အကိုက တနေရာမှာ ၊ အမေက တနေရမှာ၊ ဆွေမျိုးတွေက တစခန်းမှာ အဲလိုဖြစ်နေတာကို ။ စခန်းတခုနဲ့ တခုဆိုရင်လည်းတော်တော်လေး ဝေးကွာပါတယ်။ အဲဒါ အပြန်အလှန်ဆက်သွယ်ဖို့ဆိုတာကလည်း လုံး၀ ပျက်တောက်သွားပါတယ်။ နောက် ကျန်းမာရေးပိုင်းအခြေအနေတွေလည်း ပိုပြီးတော့ ဆိုးဝါးနေပါတယ်။ အရေးပေါ်လူနာတွေဆိုရင် ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဆက်သွယ်မှုကတော့ လုံး ၀ ပျက်တောက်သွားပါတယ်။ လုံခြုံရေးအပိုင်းကလည်း ပိုပြီးတော့ ဆိုးဝါးပါတယ်။ နောက်တခုခုဖြစ်ပေါ်လာမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်အဖွဲ့အစည်းကို အချိန်မီဆက်သွယ်နိုင်မှာ မဟုတ်ပါဘူးခင်ဗျ။”

အထူးသဖြင့်ကတော့ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှုနဲ့ ရာဇဝတ်မှုတွေကို ကာကွယ်နိုင်ဖို့ ဒုက္ခသည်စခန်းတွေရဲ့ လုံခြုံရေးအတွက် ဆောင်ရွက်တာလို့ အကြောင်းပြပေမဲ့ စခန်းထဲမှာပဲ နေထိုင်နေရတဲ့ ဒုက္ခသည်တွေအတွက် သတင်းအမှောင်ချသလိုဖြစ်ပြီး ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားနိုင်တာမို့ ပြန်လည်စဉ်းစားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို ကုလ၊ နိုင်ငံတကာနဲ့ ဒုက္ခသည်အရေးဆောင်ရွက်နေသူတွေကတဆင့် ဒုက္ခသည်တွေက တောင်းဆိုကြောင်းလည်း ရိုဟင်ဂျာဒုက္ခသည်က ပြောပါတယ်။

လူမျိုးရေး-ဘာသာရေးအသွင်ဆောင်အကြမ်းဖက်မှုတွေရဲ့နောက်ပိုင်း ထွက်ပြေးသွားရတဲ့ဒုက္ခသည်တွေဘက်က နေရပ်ရင်းပြန်လာနိုင်ရေး လက်ရှိ ရခိုင်ပြည်နယ်တွင်းက လုံခြုံရေးအခြေအနေတွေကိုသိဖို့နဲ့ ကျန်ခဲ့တဲ့ မိသားစုတွေနဲ့ဆက်သွယ်နိုင်ဖို့က ဖုန်းဆက်သွယ်မှုပဲ ရှိနေတဲ့အချိန်မှာ အခုလိုဖြတ်တောက်လိုက်တဲ့အတွက် အခုရက်ပိုင်း အဆက်သွယ်တွေ ပြတ်သွားရတယ်လို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နေ ရိုဟင်ဂျာမူဆလင်တဦးဖြစ်တဲ့ ဦးလှထွန်းက ပြောပါတယ်။

“ဒီလိုလုပ်လိုက်တာကတော့ ကျနော်တို့ ဘယ်လိုပြောမလဲ စိတ်မကောင်းဘူးပေါ့။ စိတ်မကောင်းဘူးဆိုတာက ကျနော်တို့မှာ ဟိုဘက်ကိုရောက်သွားတဲ့ လူတွေမှာ ကျနော်တို့ အမျိုးတွေရှိတယ်။ သူတို့ကို ဆက်သွယ်လို့ မရဘူးဖြစ်နေတယ်။ သတင်းအချက်အလက်တွေ ရယူရေးမှာလည်း သူတို့မှာ အခက်အခဲတွေကြုံမယ်။ အဓိက ဘင်္ဂလားဒေ့ရှ်အစိုးရရည်ရွယ်တာက သူတို့မှာလည်း လူတွေက ဝန်ထုတ်ဝန်ပိုးဖြစ်လာတယ်၊ သူတို့က ဒီလူတွေ မြန်မာဘက်ကို ပြန်မလာတဲ့အခါ ။ ဒီဘက်မှာ မြန်မာအစိုးရက ပြန်ခေါ်ဖို့လုပ်တာကို ကျနော်တို့နဲ့ ဖုန်းခေါ်ပြီးတော့ မေးတယ် အခြေအနေ ဘယ်လိုလဲ ၊ အိမ်တွေဆောက်ထားတာ ဒါတွေက မှန်လားပေါ့ သူတို့ အဲလို စုံစမ်းတယ်။ ကျနော်တို့က ဒီမှာတွေ့နေရတာကို အမှန်အတိုင်းပြောပြတယ်။ ပြောပြတဲ့အခါ သူတို့က အဲဒါတွေက သွားရမယ့်အခြေအနေမဟုတ်သေးဘူး ဆိုတာ ဆုံးဖြတ်တယ်ပေါ့နော် ။အဲလိုအခြေအနေတွေ ရှိခဲ့တယ်။ အခုဖုန်းလိုင်းကိစ္စက မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ တခုခု ညှိပြီးတော့ သူတို့လုပ်သလားဆိုတာ ကျနော်တို့လည်း အဲလို ထင်တော့ ထင်တာပေါ့နော်။”

မြန်မာပြည်က တိမ်းရှောင်သွားတဲ့ မူဆလင်သိန်းချီရဲ့လုံခြုံရေးအရ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က တာဝန်နဲ့အညီ ဆောင်ရွက်တာဖြစ်လို့ ဒီဒုက္ခသည်တွေ မိမိတို့နေရပ်ရင်း ဘေးကင်းလုံခြုံစွာပြန်လာရေး အခြေခံနိုင်ငံသားအခွင့်အရေးနဲ့အညီ လွတ်လပ်စွာလှုပ်ရှား သွားလာခွင့်ရဖို့ကတော့ မြန်မာအစိုးရမှာ အဓိက တာဝန်ရှိတယ်လို့ လည်း ကမန်အမျိုးသားတိုးတက်ရေးပါတီက ဦးတင်ငွေကလည်း သုံးသပ်ပါတယ်။

“လက်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရက သူ စိုးရိမ်မှုတခုအနေနဲ့ လုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ ဆိုတော့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ဒုက္ခသည်တွေကလည်း မြန်မာအစိုးရကလည်း သူတို့လာချင်အောင် လာနိုင်လောက်တဲ့အနေအထားအဆင့်အထိ ဖြစ်အောင်လို့ စီစဉ်ပေးဖို့ လိုလိမ့်မယ် ဆိုလိုတာက သူတို့ ဒီကို ပြန်လာတဲ့အခါ သူတို့ တောင်းဆိုထားတဲ့ နိုင်ငံသား ပြုခွင့်တွေ နောက်တခါ အလုပ်အကိုင်အခွင့်အလမ်းတွေ နောက်တခုက လွတ်လွတ်လပ်လပ် သူတို့ လုပ်ကိုင်စားသောက်ခွင့်တွေ ဒီအပေါ်မှာတော့ အစိုးရ သူတို့အနေနဲ့ ဖန်တီးဖို့ လိုပါတယ်။”

ဘင်္ဂလားဒေ့ရှ် တယ်လီဖုန်းဆက်သွယ်ရေး စည်းမျဉ်း ကန့်သတ်ရေးကော်မရှင်ဖြစ်တဲ့ BTRC ဘက်ကတော့ စခန်းတွေထဲ မိုဘိုင်းဖုန်း ပုံမှန် အသုံးပြုသူတွေ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ မိုဘိုင်းဖုန်း ဝန်ဆောင်လုပ်ငန်းတွေ ရောင်းချနေတဲ့သူတွေရဲ့အကူအညီနဲ့ Cox’s Bazar ရှိ Teknaf နဲ့ Ukhiya upzilla ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လူသေဆုံးတဲ့အထိ ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်မှုတွေ ဖြစ်ပြီးနောက် အခုလို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အမိန့်ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ ကုလနဲ့ နိုင်ငံတကာက သုံးနှုန်းတဲ့ ရိုဟင်ဂျာဆိုတဲ့အမည်ကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေ ပြန်လာရေး စီစဉ် ဆောင်ရွက်နေပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG