သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရိုဟင္ဂ်ာဒုကၡသည္ ျပန္ပို႔ေရး တ႐ုတ္-ျမန္မာ-ဘဂၤလား ေဆြးေႏြး 


ရိုဟင္ဂ်ာဒုကၡသည္ ျပန္ပို႔ေရး တ႐ုတ္-ျမန္မာ-ဘဂၤလား ေဆြးေႏြး 

ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ဌာေနျပန္ေရး လုပ္ငန္းစဥ္ ျပန္စႏုိင္ေရး အတြက္ ျမန္မာ၊ ဘဂၤလားေဒရွ္႕နဲ႔ တရုတ္ သံတမန္ေတြ ကုလသမဂၢ အေထြေထြညီလာခံ အတြင္း သီးသန္႔ ေတြ႔ဆံု ေဆြးေႏြးခဲ႔ၾကပါတယ္။ ဌာေနျပန္ေရး လုပ္ငန္းစဥ္ ေအာင္ျမင္ေရး အတြက္ ဒုကၡသည္ေတြရဲ႕ ယံုၾကည္မႈရေအာင္ ျမန္မာဘက္က ေဆာင္ရြက္ဖို႔ ဘဂၤလားေဒရွ္႕ဘက္က တိုက္တြန္းခဲ႔ၿပီး တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီးကေတာ့ ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး လုပ္ငန္းစဥ္ မၾကာခင္မွာ ျပန္စႏုိင္မယ္ဆိုၿပီး သူ႔ေမွ်ာ္လင့္ခ်က္ကို ေျပာဆိုသြားပါတယ္။ ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး လက္ေတြ႔ ေအာင္ျမင္လာႏုိင္ပါသလားဆိုတာကို မသိဂၤ ီထိုက္ စုစည္းတင္ျပထားပါတယ္။

အေမရိကန္ ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕မွာ က်င္းပတဲ႔ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံ အတြင္း တနလာၤေန႔ ညေနပိုင္းမွာ ျမန္မာ၊ ဘဂၤလာေဒရွ္႕နဲ႔ တရုတ္တို႔ သီးျခား ေတြ႔ဆံုၿပီး ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး လုပ္ငန္းစဥ္ ျပန္စႏုိင္ဖို႔ ေဆြးေႏြးခဲ႔ၾကပါတယ္။ သံုးႏုိင္ငံ ေဆြးေႏြးပြဲမွာေတာ့ ဒုကၡသည္ေတြ ဌာေနျပန္ေရး လုပ္ငန္းစဥ္ျပန္စေရး အလြတ္သေဘာ ေဆြးေႏြးခဲ႔ၾကတယ္လို႔ ကုလသမဂၢ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

“က်ေနာ္တို႔အေနနဲ႔ ေနရပ္စြန္႔ခြာသြားသူေတြကို စနစ္တက် စိစစ္ၿပီး ျပန္လည္လက္ခံမယ္ဆိုတာကို က်ေနာ္တို႔က သေဘာထားရွိသလို ဘဂၤလားေဒ့ရွ္ဘက္ကလည္း သူတို႔ျပန္ပို႔ခ်င္တယ္ အဲဒီေတာ့ ဒါကို ဆက္ၿပီးေတာ့ က်ေနာ္တို႔ အေကာင္ထည္ေဖာ္မယ္ ဆိုတဲ့နားလည္မႈေပါ့ အဲဒါေလးရွိပါတယ္။ ေနာက္တခုက ဒီလိုအေကာင္အထည္ေဖာ္တဲ့ေနရာမွာ Political will ႏွစ္ဖက္စလံုးက ရွိတယ္။ ဒီလိုအေကာင္အထည္ေဖာ္တဲ့ေနရာမွာ Joint working group ေလး က်ေနာ္တို႔ဖြဲ႔ထားတာရွိတယ္ လက္ေတြ႔အေကာင္အထည္ေဖာ္ေနတယ္။ အဲဒီေတာ့ ဒီလိုေဆာင္ရြက္တဲ့ေနရာမွာ အဆင္ေျပေအာင္ဆိုၿပီးေတာ့ ေအာက္ေျခမွာ သက္ဆိုင္တဲ့ ၃ ႏုိင္ငံ တရုတ္အပါအ၀င္ေပါ့ေနာ္ အလြတ္သေဘာေပါ့ေနာ္ က်ေနာ္တို႔ ဒါကိုညိွႏိႈင္းၿပီးေတာ့ ႏိုင္ငံေတာ္အဆင့္က လုပ္ေနတာေတြ အဆင္ေျပေခ်ာေမြ႔ေအာင္ က်ေနာ္တုိ႔ ညိွႏိႈင္းတိုင္ပင္ၿပီး လုပ္မယ္ဆိုတာေလး ဒါသေဘာတူတာေလး ရွိတာေပါ့ေနာ္။”

ကုလသမဂၢ အေထြေထြ ညီလာခံ အတြင္း သံုးႏုိင္ငံ သီးျခားေတြ႔ဆံု ေဆြးေႏြးပြဲကိုေတာ့ တ႐ုတ္ ႏိုင္ငံေတာ္ ေကာင္စီ၀န္ျဖစ္တဲ႔ ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi ဦးေဆာင္ၿပီး ျမန္မာႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္႐ံုး ၀န္ႀကီး ဦးေက်ာ္တင့္ေဆြ နဲ႔ ဘဂၤလားေဒ့ရွ္ ႏုိင္ငံျခားေရး၀န္ႀကီး AK Abdul Momen အျပင္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener တို႔လည္း တက္ေရာက္ခဲ႔ၾကပါတယ္။ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ဌာေနျပန္ေရး လုပ္ငန္းစဥ္ မၾကာခင္မွာ ျပန္လည္ စတင္ႏုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi က ေဆြးေႏြးပြဲ အၿပီးမွာ သတင္းေထာက္ေတြကို ေျပာဆိုခဲ႔ပါတယ္။

“ေဆြးေႏြးပြဲကို က်ေနာ္တို႔က ဦးေဆာင္ၿပီး လုပ္ခဲ႔တာပါ။ ေဘဂ်င္းၿမိဳ႕ေတာ္နဲ႔ ကုလသမဂၢမွာ အလြတ္သေဘာ ေတြ႔ဆံုေဆြးေႏြးမႈ ၂ ႀကိမ္ ဆက္တိုက္လုပ္ခဲ႔ပါတယ္။ ေဆြးေႏြးပြဲတိုင္းမွာ တိုးတက္မႈေတြ ရွိပါတယ္။ လမ္းျပ ေျမပံု တခုလည္း ရွိထားပါၿပီ။ မၾကာခင္ကာလ အတြင္းမွာဘဲ ပထမဆံုး ဌာေနျပန္ေရးကို အေကာင္အထည္ ေဖာ္ႏုိင္မွာ ျဖစ္ၿပီး ဒီေနာက္မွာ ဒုတိယ အသုတ္၊ တတိယ အသုတ္ ဌာေနျပန္ေရး လုပ္ငန္းစဥ္ေတြ အေကာင္အထည္ ေဖာ္ႏုိင္မယ္လို႔ ယံုၾကည္ပါတယ္။”

ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး လုပ္ငန္းစဥ္မွာ တရုတ္ဘက္က ႏုိင္ငံေရး အရေရာ၊ ရုပ္၀တၳဳပိုင္းကပါ ကူညီပံ႔ပိုးေပးေနသလို ျမန္မာနဲ႔ ဘဂၤလားေဒရွ္႕ၾကား ညွိႏိႈင္းႏုိင္ေရးကိုပါ ၾကား၀င္ ေဆာင္ရြက္ေပးေၾကာင္းလည္း ကုလသမဂၢ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

“တရုတ္ကေတာ့ ညိွႏိႈင္းေပးတာေတာ့မဟုတ္ဘူးဗ်ာ။ ေတြ႔ဆံုဖို႔ အျမင္ခ်င္းဖလွယ္ဖို႔ကိုလုပ္ဖို႔ စီစဥ္ေပးတာေတြရွိတယ္။ အဲဒီမွာ ေနာက္တခ်က္ကေတာ့ ရုပ္ပိုင္းဆိုင္ရာေပါ့ ကူညီပံ႔ပိုးမႈေတြ သူလုပ္ေနတာေတြရွိတယ္။ ဥပမာအားျဖင့္ ယာယီအေဆာက္အအံုေတြ အလံုး ၁၀၀၀ ေလာက္ ေပးထားတယ္။ ေနာက္ထပ္လည္း ထပ္ေပးမယ္ေပါ့ဗ်ာ အဲဒါမ်ိဳးေတြေပါ့။ ေနာက္တခါ က်ေနာ္တို႔ က်န္းမာေရး၀န္ေဆာင္မႈနဲ႔ ပတ္သက္ၿပီးေတာ့ ေဆး၀ါးကုသမႈ လုပ္ငန္းေတြေပါ့ေနာ္ က်န္းမာေရးအတြက္လညး္ နယ္စပ္ေတြမွာ သူလုပ္ေပးမယ္ေပါ့ ။ ဒါေတြ သူလုပ္ေပးႏိုင္တဲ့ ရုပ္ပိုင္းဆိုင္ရာေတြလည္း ရွိတာေပါ့ေနာ္။ ဒီဘက္က ႏိုင္ငံေရးအရ ေဆြးေႏြးညိွႏိႈင္းမႈေတြထဲမွာ ပံ႔ပိုးေပးၿပီးေတာ့ facilitate လုပ္တာေပါ့ေနာ္ အဲဒါအျပင္ကို နယ္ေျမဖြံ႔ၿဖိဳးေရးကိစၥေတြ သူလုပ္ေပးႏိုင္တာေတြ ဆက္လုပ္ၿပီးေတာ့ လုပ္ေပးမယ္ဆိုတဲ့အပိုင္းေတြလည္း ရွိပါတယ္။”

ရခုိင္ျပည္နယ္တြင္း ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ေႏွာင္းပိုင္း နယ္ေျမ ရွင္းလင္းမႈေတြေၾကာင့္ ဘဂၤလားေဒရွ္႕ဘက္ကို ရိုဟင္ဂ်ာ သိန္းနဲ႔ခ်ီ ထြက္ေျပးခဲ႔ရတာ ျဖစ္ပါတယ္။ ဒီဒုကၡသည္ေတြ ဌာေနျပန္ေရး အတြက္ ျမန္မာနဲ႔ ဘဂၤလားေဒရွ္႕ၾကား ႏွစ္ႏုိင္ငံ သေဘာတူညီခ်က္နဲ႔ ဌာေနျပန္ေရး လုပ္ငန္းစဥ္ကလည္း ၂ ႀကိမ္တိုင္တိုင္ မေအာင္မျမင္ျဖစ္ခဲ႔တာပါ။ တရုတ္ စီစဥ္ေပးတဲ႔ သံုးႏုိင္ငံ ေဆြးေႏြးပြဲ အတြင္းမွာေတာ့ ဘဂၤလားေဒရွ္႕ဘက္က ဒုကၡသည္ေတြရဲ႕ ယံုၾကည္မႈရေအာင္ ျမန္မာဘက္က ေဆာင္ရြက္ဖို႔ တိုက္တြန္းခဲ႔ပါတယ္။ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက အခုလို ေျပာပါတယ္။

“ဘဂၤလားေဒရွ္႕ဘက္က ဒီတေခါက္ေတာ့ မ်ားမ်ားမေျပာပါဘူး။ သူကေတာ့ အမွန္အတိုင္းေျပာရင္ေတာ့ ယံုၾကည္မႈ လိုအပ္ေနတယ္ေပါ့ေနာ္။ သေဘာကေတာ့ ျပန္လာမယ့္လူေတြအတြက္ စိတ္ခ်လက္ခ်နဲ႔ ျပန္လာႏိုင္ေအာင္။”

ဘဂၤလားေဒရွ္႕ဘက္မွာ တိမ္းေရွာင္ေနရသူေတြကို ျမန္မာဘက္က စိစစ္လက္ခံမယ္လို႔ ေျပာဆိုထားၿပီး ဒုကၡသည္ေတြရဲ႕ မူလ ေနရပ္ေတြမွာလည္း ကုလသမဂၢ အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းၿပီး ဖြံ႔ၿဖိဳးေရး အစီအစဥ္ေတြ ေဆာင္ရြက္ေနတာပါ။ ဒုကၡသည္ေတြကို ျပန္လည္ လက္ခံေရး စခန္းကိုလည္း ျမန္မာဘက္က စီစဥ္ထားပါတယ္။ ဒါေပမယ့္လည္း ဒုကၡသည္ေတြ တစိုက္မတ္မတ္ ေတာင္းဆိုေနတဲ႔ ရိုဟင္ဂ်ာ အျဖစ္ အသိအမွတ္ျပဳေရးဆိုတာကို ျမန္မာဘက္က ဒီအသံုးအႏႈန္းကို အသိအမွတ္မျပဳပါဘူး။ ေနာက္ ႏိုင္ငံသား ျဖစ္ခြင့္ေပးေရးဆိုတဲ႔ ဒုကၡသည္ေတြရဲ႕ ေတာင္းဆိုခ်က္ကိုလည္း ျမန္မာဘက္က တည္ဆဲ ဥပေဒ အတိုင္းသာ ေဆာင္ရြက္သြားရမယ္လုိ႔ ယတိျပတ္ ေျပာဆိုထားတာ ျဖစ္ပါတယ္။

................

{Unicode}

ရိုဟင်ဂျာဒုက္ခသည် ပြန်ပို့ရေး တရုတ်-မြန်မာ-ဘင်္ဂလား ဆွေးနွေး

ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် ပြန်စနိုင်ရေး အတွက် မြန်မာ၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ် သံတမန်တွေ ကုလသမဂ္ဂ အထွေထွေညီလာခံ အတွင်း သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဌာနေပြန်ရေး လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် ဒုက္ခသည်တွေရဲ့ ယုံကြည်မှုရအောင် မြန်မာဘက်က ဆောင်ရွက်ဖို့ ဘင်္ဂလားဒေရှ့်ဘက်က တိုက်တွန်းခဲ့ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးကတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် မကြာခင်မှာ ပြန်စနိုင်မယ်ဆိုပြီး သူ့မျှော်လင့်ချက်ကို ပြောဆိုသွားပါတယ်။ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လက်တွေ့ အောင်မြင်လာနိုင်ပါသလားဆိုတာကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း တနလာၤနေ့ ညနေပိုင်းမှာ မြန်မာ၊ ဘင်္ဂလာဒေရှ့်နဲ့ တရုတ်တို့ သီးခြား တွေ့ဆုံပြီး ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် ပြန်စနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ သုံးနိုင်ငံ ဆွေးနွေးပွဲမှာတော့ ဒုက္ခသည်တွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ပြန်စရေး အလွတ်သဘော ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ နေရပ်စွန့်ခွာသွားသူတွေကို စနစ်တကျ စိစစ်ပြီး ပြန်လည်လက်ခံမယ်ဆိုတာကို ကျနော်တို့က သဘောထားရှိသလို ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူတို့ပြန်ပို့ချင်တယ် အဲဒီတော့ ဒါကို ဆက်ပြီးတော့ ကျနော်တို့ အကောင်ထည်ဖော်မယ် ဆိုတဲ့နားလည်မှုပေါ့ အဲဒါလေးရှိပါတယ်။ နောက်တခုက ဒီလိုအကောင်အထည်ဖော်တဲ့နေရာမှာ Political will နှစ်ဖက်စလုံးက ရှိတယ်။ ဒီလိုအကောင်အထည်ဖော်တဲ့နေရာမှာ Joint working group လေး ကျနော်တို့ဖွဲ့ထားတာရှိတယ် လက်တွေ့အကောင်အထည်ဖော်နေတယ်။ အဲဒီတော့ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အဆင်ပြေအောင်ဆိုပြီးတော့ အောက်ခြေမှာ သက်ဆိုင်တဲ့ ၃ နိုင်ငံ တရုတ်အပါအဝင်ပေါ့နော် အလွတ်သဘောပေါ့နော် ကျနော်တို့ ဒါကိုညှိနှိုင်းပြီးတော့ နိုင်ငံတော်အဆင့်က လုပ်နေတာတွေ အဆင်ပြေချောမွေ့အောင် ကျနော်တို့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်မယ်ဆိုတာလေး ဒါသဘောတူတာလေး ရှိတာပေါ့နော်။”

ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း သုံးနိုင်ငံ သီးခြားတွေ့ဆုံ ဆွေးနွေးပွဲကိုတော့ တရုတ် နိုင်ငံတော် ကောင်စီဝန်ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး Wang Yi ဦးဆောင်ပြီး မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် မကြာခင်မှာ ပြန်လည် စတင်နိုင်ဖို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က ဆွေးနွေးပွဲ အပြီးမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

“ဆွေးနွေးပွဲကို ကျနော်တို့က ဦးဆောင်ပြီး လုပ်ခဲ့တာပါ။ ဘေဂျင်းမြို့တော်နဲ့ ကုလသမဂ္ဂမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ၂ ကြိမ် ဆက်တိုက်လုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲတိုင်းမှာ တိုးတက်မှုတွေ ရှိပါတယ်။ လမ်းပြ မြေပုံ တခုလည်း ရှိထားပါပြီ။ မကြာခင်ကာလ အတွင်းမှာဘဲ ပထမဆုံး ဌာနေပြန်ရေးကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပြီး ဒီနောက်မှာ ဒုတိယ အသုတ်၊ တတိယ အသုတ် ဌာနေပြန်ရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။”

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်မှာ တရုတ်ဘက်က နိုင်ငံရေး အရရော၊ ရုပ်ဝတ္ထုပိုင်းကပါ ကူညီပံ့ပိုးပေးနေသလို မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြား ညှိနှိုင်းနိုင်ရေးကိုပါ ကြားဝင် ဆောင်ရွက်ပေးကြောင်းလည်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

“တရုတ်ကတော့ ညှိနှိုင်းပေးတာတော့မဟုတ်ဘူးဗျာ။ တွေ့ဆုံဖို့ အမြင်ချင်းဖလှယ်ဖို့ကိုလုပ်ဖို့ စီစဉ်ပေးတာတွေရှိတယ်။ အဲဒီမှာ နောက်တချက်ကတော့ ရုပ်ပိုင်းဆိုင်ရာပေါ့ ကူညီပံ့ပိုးမှုတွေ သူလုပ်နေတာတွေရှိတယ်။ ဥပမာအားဖြင့် ယာယီအဆောက်အအုံတွေ အလုံး ၁၀၀၀ လောက် ပေးထားတယ်။ နောက်ထပ်လည်း ထပ်ပေးမယ်ပေါ့ဗျာ အဲဒါမျိုးတွေပေါ့။ နောက်တခါ ကျနော်တို့ ကျန်းမာရေးဝန်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ဆေးဝါးကုသမှု လုပ်ငန်းတွေပေါ့နော် ကျန်းမာရေးအတွက်လည်း နယ်စပ်တွေမှာ သူလုပ်ပေးမယ်ပေါ့ ။ ဒါတွေ သူလုပ်ပေးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာတွေလည်း ရှိတာပေါ့နော်။ ဒီဘက်က နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေထဲမှာ ပံ့ပိုးပေးပြီးတော့ facilitate လုပ်တာပေါ့နော် အဲဒါအပြင်ကို နယ်မြေဖွံ့ဖြိုးရေးကိစ္စတွေ သူလုပ်ပေးနိုင်တာတွေ ဆက်လုပ်ပြီးတော့ လုပ်ပေးမယ်ဆိုတဲ့အပိုင်းတွေလည်း ရှိပါတယ်။”

ရခိုင်ပြည်နယ်တွင်း ၂၀၁၇ ခုနှစ် သြဂုတ်လ နှောင်းပိုင်း နယ်မြေ ရှင်းလင်းမှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြား နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကလည်း ၂ ကြိမ်တိုင်တိုင် မအောင်မမြင်ဖြစ်ခဲ့တာပါ။ တရုတ် စီစဉ်ပေးတဲ့ သုံးနိုင်ငံ ဆွေးနွေးပွဲ အတွင်းမှာတော့ ဘင်္ဂလားဒေရှ့်ဘက်က ဒုက္ခသည်တွေရဲ့ ယုံကြည်မှုရအောင် မြန်မာဘက်က ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အခုလို ပြောပါတယ်။

“ဘင်္ဂလားဒေရှ့်ဘက်က ဒီတခေါက်တော့ များများမပြောပါဘူး။ သူကတော့ အမှန်အတိုင်းပြောရင်တော့ ယုံကြည်မှု လိုအပ်နေတယ်ပေါ့နော်။ သဘောကတော့ ပြန်လာမယ့်လူတွေအတွက် စိတ်ချလက်ချနဲ့ ပြန်လာနိုင်အောင်။”

ဘင်္ဂလားဒေရှ့်ဘက်မှာ တိမ်းရှောင်နေရသူတွေကို မြန်မာဘက်က စိစစ်လက်ခံမယ်လို့ ပြောဆိုထားပြီး ဒုက္ခသည်တွေရဲ့ မူလ နေရပ်တွေမှာလည်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုးရေး အစီအစဉ်တွေ ဆောင်ရွက်နေတာပါ။ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး စခန်းကိုလည်း မြန်မာဘက်က စီစဉ်ထားပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်တွေ တစိုက်မတ်မတ် တောင်းဆိုနေတဲ့ ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုရေးဆိုတာကို မြန်မာဘက်က ဒီအသုံးအနှုန်းကို အသိအမှတ်မပြုပါဘူး။ နောက် နိုင်ငံသား ဖြစ်ခွင့်ပေးရေးဆိုတဲ့ ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်ကိုလည်း မြန်မာဘက်က တည်ဆဲ ဥပဒေ အတိုင်းသာ ဆောင်ရွက်သွားရမယ်လို့ ယတိပြတ် ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG