သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေပါင္စတာလင္ ၈၇ သန္း ႐ုိဟင္ဂ်ာအတြက္ ၿဗိတိန္ ထပ္လွဴမည္


ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားရွိ ဒုကၡသည္စခန္းတခုအတြင္းမွ ႐ုိဟင္ဂ်ာဒုကၡသည္အခ်ဳိ႕။ (ဧၿပီ ၂၄၊ ၂၀၁၉)

ဘဂၤလားေဒရွ္႕ႏုိင္ငံ ေကာ့ဇ္ဘဇားက ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ ၿဗိတိန္ႏုိင္ငံက စတာလင္ေပါင္ ၈၇ သန္း ထပ္မံေပးအပ္မယ္လို႔ တနဂၤေႏြေန႔မွာပဲ ေၾကညာလိုက္ၿပီး ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ႐ုိဟင္ဂ်ာပဋိပကၡ စတင္ၿပီးေနာက္ပိုင္း ၿဗိတိန္ရဲ႕ ေထာက္ပံ့မႈက စတာလင္ေပါင္ ၂၂၆ သန္းထိ ရွိသြားၿပီ ျဖစ္ပါတယ္။

႐ုိဟင္ဂ်ာဒုကၡသည္အေရးအတြက္ ၿဗိတိန္က ေနာက္ထပ္ရန္ပံုေငြ ထပ္မံေပးအပ္မယ့္အေၾကာင္း ဘဂၤလားေဒ့ရွ္ဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီး Robert Chatterton Dickson နဲ႔ ၿဗိတိန္ ႏုိင္ငံတကာ ဖြံ႔ၿဖိဳးေရးဌာန အႀကီးအကဲ Judith Herbe တို႔က တနဂၤေႏြေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

အခု ထပ္မံေထာက္ပံ့မယ့္ ရန္ပံုေငြကိုေတာ့ စားနပ္ရိကၡာ၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ေသာက္သံုးေရ၊ တကိုယ္ေရသန္႔ရွင္းေရး၊ လိင္ပိုင္းဆိုင္ရာ ထိပါးေစာ္ကားခံရသူမ်ားကို ေစာင့္ေရွာက္မႈနဲ႔ ႏွစ္သိမ့္ေဆြးေႏြးေရး၊ ေဘးဒဏ္ခံရလြယ္သူေတြအတြက္ ကာကြယ္ေပးေရးတို႔အတြက္ အသံုးျပဳမွာ ျဖစ္ပါတယ္။

႐ုိဟင္ဂ်ာ ပဋိပကၡေၾကာင့္ ႐ုိက္ခတ္ခံရတဲ့ ေဒသခံ အသိုင္းအ၀ိုင္းေတြရွိရာ ေကာ့ဇ္ဘဇားခ႐ုိင္တြင္း စီးပြားေရးနဲ႔ သဘာ၀ပတ္၀န္းက်င္ ထိခိုက္ခံရမႈ ေလ်ာ့ပါးသက္သာေရးအတြက္ စတာလင္ေပါင္ သန္း ၂၀ ပံ့ပိုးမွာ ျဖစ္ပါတယ္။

႐ုိဟင္ဂ်ာဒုကၡသည္ေတြကို လက္ခံထားတဲ့ ဘဂၤလားေဒ့ရွ္ အစိုးရနဲ႔ ျပည္သူေတြရဲ႕ လူသားဆန္မႈနဲ႔ ရက္ေရာမႈအေပၚမွာ အထူးပဲ ေက်းဇူးတင္ေၾကာင္း ဘဂၤလားေဒ့ရွ္ဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီးက ေျပာဆိုခဲ့ပါတယ္။

ရခုိင္ျပည္နယ္တြင္းက ပဋိပကၡေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးရတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ သိန္းခ်ီရွိေနၿပီး ဌာေနျပန္ေရးကလည္း မေရရာေသးပါဘူး။ ျမန္မာဘက္က ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို အသိအမွတ္ မျပဳေသးတဲ့အျပင္ ႏုိင္ငံသားျဖစ္ခြင့္ကိုလည္း အာမခံခ်က္ မေပးတာက ႐ုိဟင္ဂ်ာေတြ ဌာေနျပန္ေရးအတြက္ အဓိက အဟန္႔အတားတခု ျဖစ္ေနတာပါ။

---------------------------

(Unicode)

ပေါင်စတာလင် ၈၇ သန်း ရိုဟင်ဂျာအတွက် ဗြိတိန် ထပ်လှူမည်

ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဗြိတိန်နိုင်ငံက စတာလင်ပေါင် ၈၇ သန်း ထပ်မံပေးအပ်မယ်လို့ တနင်္ဂနွေနေ့မှာပဲ ကြေညာလိုက်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ရိုဟင်ဂျာပဋိပက္ခ စတင်ပြီးနောက်ပိုင်း ဗြိတိန်ရဲ့ ထောက်ပံ့မှုက စတာလင်ပေါင် ၂၂၆ သန်းထိ ရှိသွားပြီ ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးအတွက် ဗြိတိန်က နောက်ထပ်ရန်ပုံငွေ ထပ်မံပေးအပ်မယ့်အကြောင်း ဘင်္ဂလားဒေရှ့်ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Robert Chatterton Dickson နဲ့ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန အကြီးအကဲ Judith Herbe တို့က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အခု ထပ်မံထောက်ပံ့မယ့် ရန်ပုံငွေကိုတော့ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေ၊ တကိုယ်ရေသန့်ရှင်းရေး၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရသူများကို စောင့်ရှောက်မှုနဲ့ နှစ်သိမ့်ဆွေးနွေးရေး၊ ဘေးဒဏ်ခံရလွယ်သူတွေအတွက် ကာကွယ်ပေးရေးတို့အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ပဋိပက္ခကြောင့် ရိုက်ခတ်ခံရတဲ့ ဒေသခံ အသိုင်းအဝိုင်းတွေရှိရာ ကော့ဇ်ဘဇားခရိုင်တွင်း စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ခံရမှု လျော့ပါးသက်သာရေးအတွက် စတာလင်ပေါင် သန်း ၂၀ ပံ့ပိုးမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြည်သူတွေရဲ့ လူသားဆန်မှုနဲ့ ရက်ရောမှုအပေါ်မှာ အထူးပဲ ကျေးဇူးတင်ကြောင်း ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းချီရှိနေပြီး ဌာနေပြန်ရေးကလည်း မရေရာသေးပါဘူး။ မြန်မာဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ် မပြုသေးတဲ့အပြင် နိုင်ငံသားဖြစ်ခွင့်ကိုလည်း အာမခံချက် မပေးတာက ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် အဓိက အဟန့်အတားတခု ဖြစ်နေတာပါ။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG