သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္အေရး အင္ဒိုနီး႐ွား အျမင္


ဘဂၤလားေဒ့ရွ္ ႏိုင္ငံမွာ ခိုလႈံေနတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ဌာေနျပန္ေရး ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာအစိုးရတုိ႔ရဲ့ ဒုတိယအႀကိမ္ ႀကိဳးပမ္းမႈေတြ မေအာင္မျမင္ျဖစ္ခဲ့ရတဲ့အတြက္ ဒုကၡသည္ေတြအေနနဲ႔ အခုလို ဌာေနျပန္ေရး အစီအစဥ္အေပၚ ယံုၾကည္မႈေတြ ေလ်ာ့နည္း လာေနေၾကာင္း အင္ဒိုနီးရွား ႏုိင္ငံျခားေရး ဝန္ႀကီး Retno Marsudialso က ေျပာၾကားလိုက္ပါတယ္။

VOA အင္ဒိုနီးရွားဌာနက ေပးပို႔တဲ့ သတင္းကို ေဒၚခင္မ်ိဳးသက္က ေျပာျပေပးမွာပါ။

နယူးေရာက္မွာ က်င္းပေနတဲ့ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံႀကီးမွာ ေဘးထြက္အစည္းအေဝးအျဖစ္ ျမန္မာႏိုင္ငံ ရခုိင္ျပည္နယ္က လူသားခ်င္းစာနာမႈ ဆိုင္ရာျပႆနာနဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ အေရးကို ကုလသမဂၢလံုၿခံဳေရး ေကာင္စီမွာ ၾကာသပေတးေန႔က ေဆြးေႏြးခဲ့ၾကပါတယ္။

၂၀၁၇ ၾသဂုတ္လက ရခိုင္ျပည္နယ္တြင္း ARSA အၾကမ္းဖက္အဖြဲ႔ကို ျမန္မာလံုၿခံဳေရးတပ္ေတြက ရွင္းလင္းခဲ့တဲ့ ေနာက္ပိုင္း ရိုဟင္ဂ်ာ သိန္းနဲ႔ခ်ီၿပီး တဖက္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ ႏုိင္ငံထဲကို ထြက္ေျပးခိုလႈံခဲ့ၾကတာပါ။ ၂၀၁၉ ခုႏွစ္ ေရာက္လာတဲ့အထိ ရိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ကို မျပန္ႏုိင္ၾကေသးတဲ့အတြက္ ဘဂၤလားေဒ့ရွ္ က ဦးစီးၿပီး ရိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရး ကုလသမဂၢ လံုၿခံဳေရး ေကာင္စီမွာ ဦးေဆာင္ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။ ဒီေဆြးေႏြးပြဲကို မေလးရွား၊ ေဆာ္ဒီအာေရဗ်၊ တူရကီ၊ အင္ဒိုနီးရွားနဲ႔ Australia ႏိုင္ငံေတြက ကိုယ္စားလွယ္ေတြ အျပင္ OIC အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္ေရးေကာ္ပိုေရးရွင္း၊ ကေနဒါ၊ အထူးသံတမန္နဲ႔ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံလူ႔အခြင့္ေရးဆိုင္ရာ အထူးကိုယ္စားလွယ္တို႔ပါ တက္ေရာက္ခဲ့ၾကတာပါ။

အစည္းအေဝးမွာ အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudialso က ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာ ၂ ႏိုင္ငံၾကား သေဘာတူညီခ်က္အရ ရိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရး ႀကိဳးပမ္းမႈဟာ ဒုကၡသည္ေတြရဲ့ ယံုၾကည္မႈ ေလ်ာ့ပါးလာေနတဲ့အတြက္ ၾသဂုတ္လ ဒုတိယအႀကိမ္ အျဖစ္သူတုိ႔ကို ျပန္ပို႔ဖုိ႔ ႀကိဳးစားမႈမွာလည္း မေအာင္မျမင္ ျဖစ္ခဲ့ရတယ္လု႔ိ အင္ဒိုနီးရွားဘာသာနဲ႔ ခုလို ေျပာပါတယ္။

“ၿပီးခဲ့တဲ့လက ႐ိုဟင္ဂ်ာကၡသည္ေတြ ဌာေနျပန္ေရးအတြက္ ေနာက္ဆံုးႀကိဳးပမ္းမႈဟာ မေအာင္ျမင္ခဲ့ပါဘူး။ ဒါေၾကာင့္ ဒုကၡသည္ေတြၾကား ဒီအေပၚမွာ ယံုၾကည္မႈေတြ ေလ်ာ့နည္းလာတာ ေတြ႔ရပါတယ္။”

ရိုဟင္ဂ်ာ ဒုကၡသည္ အသိုင္းဝို္င္းမွာပါ ယံုၾကည္မႈ ေလ်ာ့ပါးေနတာဟာ စိုးရိမ္စရာ အေကာင္းဆံုး ျဖစ္ေၾကာင္း ေျပာၾကားခဲ့တဲ့ အျပင္ ဒီျပႆနာ အေျဖရွာေရးအတြက္ နည္းလမ္းသစ္ေတြ ရွာဖို႔ သိပ္ကို အေရးႀကီးေနၿပီလို႔လည္း ေျပာပါတယ္။

ဒီျပႆနာကို အင္ဒိုနီးရွား ႏုိင္ငံနဲ႔ တျခား အာဆီယံႏုိင္ငံေတြ အေနနဲ႔ ေရတို အျဖစ္ လူသားခ်င္း စာနာမႈ အကူညီေတြ ေပးၾကဖို႔ လိုေနၿပီး ေရရွည္ အျဖစ္နဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ လုိအပ္ေနတဲ့ လံုၿခံဳေရး အတြက္ ေဆာင္ရြက္ေပးဖုိ႔ အႀကံေပးပါတယ္။ ဒီလို ျဖစ္လာေစဖုိ႔ကလည္း လူမႈေရးမွာေရာ စီးပြါးေရး မွာပါ အေထာက္အကူေတြ ေပးၿပီး ဖြ႔ံၿဖိဳး တုိးတက္မႈ ရွိလာေအာင္ လုပ္ေပးရမယ္လို႔ ေျပာပါတယ္။

“႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ေနရပ္ရင္း ျပန္ပို႔မယ္ဆိုရင္ သူတို႔အတြက္ လံုၿခံဳစိတ္ခ်ရၿပီး ေနေရးထိုင္ေရး အဆင္ေျပမယ့္ အေျခအေနမ်ဳိး ျဖစ္ေအာင္ ဖန္တီးေပးဖို႔ လိုအပ္ပါတယ္။ ဒီလို ျပင္ဆင္ရာမွာ ရခုိင္ျပည္နယ္မွာ လူမႈ စီးပြားေရး ဖြံ႔ၿဖိဳးမႈအျပင္ သူတို႔ရဲ႕ လုပ္ႏုိင္စြမ္းကိုလည္း အားျဖည့္ေပးဖို႔ လိုအပ္ပါတယ္။”

ဘဂၤလားေဒ့ရွ္ က Cox’ Bazar မွာ ရွိေနတဲ့ ဒုကၡသည္ေတြအတြက္ ပညာေရး၊ က်န္းမာေရးနဲ႔ စီးပြားေရး ဆိုင္ရာ အေျခခံ လိုအပ္ခ်က္ေတြကိုလည္း ျဖည့္ဆည္းေပးဖို႔ လိုအပ္တဲ့အျပင္ ရိုဟင္ဂ်ာ အသိုင္းဝို္င္းအတြက္ အခ်က္လက္ေတြ ျဖန္႔ေဝေပးဖုိ႔ လည္း လိုအပ္ေနတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရးနဲ႔ ပတ္သက္တဲ့ သက္ဆုိင္ရာ အဖြဲ႔အစည္း အားလံုး အေနနဲ႔ စစ္မွန္တဲ့ ၂ ဖက္ ေတြ႔ဆံုပြဲေတြကို အျမန္ဆံုး လုပ္ေဆာင္ေပးဖုိ႔နဲ႔ ဒီျပႆနာ အေျဖရွာဖုိ႔ တျခားနည္းလမ္း သစ္ေတြ ရွာၾကဖုိ႔လည္း အႀကံေပးပါတယ္။

“ဒီ ျပႆနာကို အေျဖရွာရာမွာ လက္ရွိ ခက္ခဲ႐ႈပ္ေထြးေနတဲ့ အေျခအေနကို ေျဖရွင္းမွ ျဖစ္မယ္ဆိုၿပီး ဒီတနည္းတည္းနဲ႔ အေျဖရွာလို႔ မရပါဘူး။ ျပႆနာကို ေျဖရွင္းႏုိင္ဖို႔ တျခားနည္းေတြ က်မတို႔ ရွာဖို႔ လိုအပ္ပါတယ္။”

အင္ဒိုနီးရွားႏိုင္ငံက ရိုဟင္ဂ်ာ ဒုကၡသည္ေတြ အတြက္ လူသားခ်င္း စာနာမႈ အကူညီေတြ ေပးေနတဲ့အျပင္ ေဆးရံုေတြနဲ႔ ေက်ာင္းေတြလည္း တည္ေဆာက္ေပးခဲ့တာပါ။ စက္တင္ဘာ တတိယပတ္ ထဲမွာလည္း ဘာသာေပါင္းစံုး ခ်စ္ၾကည္ေရး ေဆြးေႏြးပြဲကို ကမကထလုပ္ က်င္းပေပးၿပီး ဒီဒုကၡသည္ ျပႆနာမွာ အဓိက လုိအပ္ေနတဲ့ ယံုၾကည္မႈေတြ တည္ေဆာက္ေပးေနတယ္ လို႔လည္း အင္ဒိုနီးရွားႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာပါတယ္။

ရိုဟင္ဂ်ာ ဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရက ဒုကၡသည္ေတြကို ျပန္လက္ခံမွာ ျဖစ္ေၾကာင္း သေဘာတူခဲ့သလို ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး အတြက္ ဘဂၤလားေဒ့ရွ္ အစိုးရနဲ႔ေရာ ကုလသမဂၢ အဖြဲ႔အစည္း တခ်ိဳ႕နဲ႔ပါ လက္တြဲ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။

................

{Unicode}

ရိုဟင်ဂျာဒုက္ခသည်အရေး အင်ဒိုနီးရှားအမြင်

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရတို့ရဲ့ ဒုတိယအကြိမ် ကြိုးပမ်းမှုတွေ မအောင်မမြင်ဖြစ်ခဲ့ရတဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ အခုလို ဌာနေပြန်ရေး အစီအစဉ်အပေါ် ယုံကြည်မှုတွေ လျော့နည်း လာနေကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudialso က ပြောကြားလိုက်ပါတယ်။

VOA အင်ဒိုနီးရှားဌာနက ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

နယူးရောက်မှာ ကျင်းပနေတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ ဘေးထွက်အစည်းအဝေးအဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လူသားချင်းစာနာမှု ဆိုင်ရာပြဿနာနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ်တွင်း ARSA အကြမ်းဖက်အဖွဲ့ကို မြန်မာလုံခြုံရေးတပ်တွေက ရှင်းလင်းခဲ့တဲ့ နောက်ပိုင်း ရိုဟင်ဂျာ သိန်းနဲ့ချီပြီး တဖက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ကြတာပါ။ ၂၀၁၉ ခုနှစ် ရောက်လာတဲ့အထိ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ကို မပြန်နိုင်ကြသေးတဲ့အတွက် ဘင်္ဂလားဒေ့ရှ် က ဦးစီးပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဦးဆောင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို မလေးရှား၊ ဆော်ဒီအာရေဗျ၊ တူရကီ၊ အင်ဒိုနီးရှားနဲ့ Australia နိုင်ငံတွေက ကိုယ်စားလှယ်တွေ အပြင် OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးကော်ပိုရေးရှင်း၊ ကနေဒါ၊ အထူးသံတမန်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်တို့ပါ တက်ရောက်ခဲ့ကြတာပါ။

အစည်းအဝေးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudialso က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြား သဘောတူညီချက်အရ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ကြိုးပမ်းမှုဟာ ဒုက္ခသည်တွေရဲ့ ယုံကြည်မှု လျော့ပါးလာနေတဲ့အတွက် သြဂုတ်လ ဒုတိယအကြိမ် အဖြစ်သူတို့ကို ပြန်ပို့ဖို့ ကြိုးစားမှုမှာလည်း မအောင်မမြင် ဖြစ်ခဲ့ရတယ်လု့ိ အင်ဒိုနီးရှားဘာသာနဲ့ ခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့လက ရိုဟင်ဂျာက္ခသည်တွေ ဌာနေပြန်ရေးအတွက် နောက်ဆုံးကြိုးပမ်းမှုဟာ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ဒုက္ခသည်တွေကြား ဒီအပေါ်မှာ ယုံကြည်မှုတွေ လျော့နည်းလာတာ တွေ့ရပါတယ်။”

ရိုဟင်ဂျာ ဒုက္ခသည် အသိုင်းဝိုင်းမှာပါ ယုံကြည်မှု လျော့ပါးနေတာဟာ စိုးရိမ်စရာ အကောင်းဆုံး ဖြစ်ကြောင်း ပြောကြားခဲ့တဲ့ အပြင် ဒီပြဿနာ အဖြေရှာရေးအတွက် နည်းလမ်းသစ်တွေ ရှာဖို့ သိပ်ကို အရေးကြီးနေပြီလို့လည်း ပြောပါတယ်။

ဒီပြဿနာကို အင်ဒိုနီးရှား နိုင်ငံနဲ့ တခြား အာဆီယံနိုင်ငံတွေ အနေနဲ့ ရေတို အဖြစ် လူသားချင်း စာနာမှု အကူညီတွေ ပေးကြဖို့ လိုနေပြီး ရေရှည် အဖြစ်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ လိုအပ်နေတဲ့ လုံခြုံရေး အတွက် ဆောင်ရွက်ပေးဖို့ အကြံပေးပါတယ်။ ဒီလို ဖြစ်လာစေဖို့ကလည်း လူမှုရေးမှာရော စီးပွါးရေး မှာပါ အထောက်အကူတွေ ပေးပြီး ဖွံ့ဖြိုး တိုးတက်မှု ရှိလာအောင် လုပ်ပေးရမယ်လို့ ပြောပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့မယ်ဆိုရင် သူတို့အတွက် လုံခြုံစိတ်ချရပြီး နေရေးထိုင်ရေး အဆင်ပြေမယ့် အခြေအနေမျိုး ဖြစ်အောင် ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဒီလို ပြင်ဆင်ရာမှာ ရခိုင်ပြည်နယ်မှာ လူမှု စီးပွားရေး ဖွံ့ဖြိုးမှုအပြင် သူတို့ရဲ့ လုပ်နိုင်စွမ်းကိုလည်း အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။”

ဘင်္ဂလားဒေ့ရှ် က Cox’ Bazar မှာ ရှိနေတဲ့ ဒုက္ခသည်တွေအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး ဆိုင်ရာ အခြေခံ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးဖို့ လိုအပ်တဲ့အပြင် ရိုဟင်ဂျာ အသိုင်းဝိုင်းအတွက် အချက်လက်တွေ ဖြန့်ဝေပေးဖို့ လည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေ ဌာနေပြန်ရေးနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး အနေနဲ့ စစ်မှန်တဲ့ ၂ ဖက် တွေ့ဆုံပွဲတွေကို အမြန်ဆုံး လုပ်ဆောင်ပေးဖို့နဲ့ ဒီပြဿနာ အဖြေရှာဖို့ တခြားနည်းလမ်း သစ်တွေ ရှာကြဖို့လည်း အကြံပေးပါတယ်။

“ဒီ ပြဿနာကို အဖြေရှာရာမှာ လက်ရှိ ခက်ခဲရှုပ်ထွေးနေတဲ့ အခြေအနေကို ဖြေရှင်းမှ ဖြစ်မယ်ဆိုပြီး ဒီတနည်းတည်းနဲ့ အဖြေရှာလို့ မရပါဘူး။ ပြဿနာကို ဖြေရှင်းနိုင်ဖို့ တခြားနည်းတွေ ကျမတို့ ရှာဖို့ လိုအပ်ပါတယ်။”

အင်ဒိုနီးရှားနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် လူသားချင်း စာနာမှု အကူညီတွေ ပေးနေတဲ့အပြင် ဆေးရုံတွေနဲ့ ကျောင်းတွေလည်း တည်ဆောက်ပေးခဲ့တာပါ။ စက်တင်ဘာ တတိယပတ် ထဲမှာလည်း ဘာသာပေါင်းစုံး ချစ်ကြည်ရေး ဆွေးနွေးပွဲကို ကမကထလုပ် ကျင်းပပေးပြီး ဒီဒုက္ခသည် ပြဿနာမှာ အဓိက လိုအပ်နေတဲ့ ယုံကြည်မှုတွေ တည်ဆောက်ပေးနေတယ် လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ဒုက္ခသည်တွေကို ပြန်လက်ခံမှာ ဖြစ်ကြောင်း သဘောတူခဲ့သလို ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ရော ကုလသမဂ္ဂ အဖွဲ့အစည်း တချို့နဲ့ပါ လက်တွဲ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

႐ိုဟင္ဂ်ာဒုကၡသည္အေရး အင္ဒိုနီး႐ွား အျမင္
please wait

No media source currently available

0:00 0:04:29 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG