သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံဆိုင္ရာ ဥပေဒမူၾကမ္း ၂ရပ္ ကန္ ေအာက္လႊတ္ေတာ္အတည္ျပဳ


BURMA Act ၂၀၁၉ ဥပေဒမူၾကမ္းျပင္ဆင္ခ်က္ကို အေမရိကန္ ေအာက္လႊတ္ေတာ္မွာ ေထာက္ခံမဲ ၆၃မဲ၊ ကန္႔ကြက္မဲ ၁၅ မဲနဲ႔ အတည္ျပဳလိုက္ပါတယ္။ (စက္တင္ဘာလ ၂၄၊ ၂၀၁၉)

ဒီဥပေဒၾကမ္းမွာ ကာကြယ္ေရး ဦးစီးခ်ဳပ္ အပါအ၀င္ ျပစ္မႈက်ဴးလြန္မႈေတြမွာ တာ၀န္ရွိသူေတြ၊ အေရးယူ စံုစမ္းစစ္ေဆးဖို႔ ပ်က္ကြက္သူေတြ အေပၚ ဘ႑ာေရး၊ ကုန္သြယ္ေရး၊ ျပည္၀င္ခြင့္ ဗီဇာ ပိတ္ဆို႔အေရးယူမွာျဖစ္ပါတယ္။

ျမန္မာႏို္င္ငံတြင္း လူ႔အခြင့္အေရးခ်ဳိး ေဖာက္က်ဴးလြန္မႈ ေတြမွာ တာ၀န္ရွိ သူေတြ၊ သူတို႔နဲ႔ ဆက္စပ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြ၊ အဖဲြ႔အစည္းေတြကို ပစ္မွတ္ထား အေရးယူ ဒဏ္ခတ္မယ့္ BURMA Act ၂၀၁၉ ဥပေဒမူၾကမ္းျပင္ဆင္ခ်က္ကို အေမရိကန္ ေအာက္လႊတ္ေတာ္မွာ စက္တင္ဘာလ (၂၄) ရက္ အဂၤါေန႔က ေထာက္ခံမဲအမ်ားစုနဲ႔ အတည္ျပဳလိုက္ပါတယ္။

ျမန္မာႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး ဥပေဒမူၾကမ္း ျပင္ဆင္ခ်က္ အဆိုကိုေတာ့ ကန္႔ကြက္မဲ့သူမရွိ အတည္ျပဳခဲ့ပါတယ္။ ျမန္မာအေပၚ ပိတ္ဆို႔အေရးယူေရး၊ လူသားခ်င္း စာနာမႈ အကူအညီေတြ ေပးေရး နဲ႔ လူ႔အခြင့္အေရးဆိုင္ရာ အေျခအေနေတြနဲ႔ ပတ္သက္လို႔ အေမရိကန္လႊတ္ေတာ္မွာ သီးျခားဥပေဒေတြ အျဖစ္ ျပဌာန္းဖို႔ ေအာက္လႊတ္ေတာ္က ႀကိဳးပမ္းခ်က္ေတြကို မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္အပါအ၀င္၊ လူ႔အခြင့္အေရးခ်ဳိး ေဖာက္မႈေတြမွာ တာ၀န္ရွိသူေတြ၊ သူတို႔ကို စံုစမ္းစစ္ေဆးအေရးယူဖို႔ ပ်က္ကြက္သူေတြပါ အေရးယူဒဏ္ခတ္မယ့္ BURMA Act ၂၀၁၉ (Burma Unified through Rigorous Military Accountability Act) ကို စက္တင္ဘာလ (၂၄) ရက္ေန႔က အေမရိကန္ေအာက္လႊတ္ေတာ္မွာ မဲခဲြ ဆံုးျဖတ္ရာမွာ ေထာက္ခံမဲ ၃၉၄ မဲ၊ ကန္႔ကြက္မဲ ၂၁ မဲနဲ႔ အတည္ျပဳခဲ့ပါတယ္။ အဲဒီလို မဲခဲြဆံုးျဖတ္ ရာမွာ (NV=not voting) မဲမေပးတဲ့ အမတ္ေပါင္း ၁၈ ဦးရွိခဲ့ပါတယ္။

ဒီဥပေဒမူၾကမ္း အဆိုကို တင္သြင္းခဲ့တဲ့ အေမရိကန္ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီရဲ႕ အာရွ ပစိဖိတ္နဲ႔ ႏ်ဴကလီးယား မျပန္႔ပြားေရး ဆပ္ေကာ္မတီ ဝင္ေတြျဖစ္တဲ့ Michigan ျပည္နယ္ ဒီမိုကရက္ ေအာက္လႊတ္ေတာ္အမတ္ Andy Levin က မူၾကမ္းထဲမွာပါတဲ့ အဓိက အခ်က္ကို လႊတ္ေတာ္မွာ အခုလို ေျပာသြားပါတယ္။

“ဒီဥပေဒၾကမ္းမွာ ကာကြယ္ေရး ဦးစီးခ်ဳပ္ အပါအ၀င္ ျပစ္မႈက်ဴးလြန္မႈေတြမွာ တာ၀န္ရွိသူေတြ၊ အေရးယူ စံုစမ္းစစ္ေဆးဖို႔ ပ်က္ကြက္သူေတြ အေပၚ ဘ႑ာေရး၊ ကုန္သြယ္ေရး၊ ျပည္၀င္ခြင့္ ဗီဇာ ပိတ္ဆို႔အေရးယူမွာျဖစ္ပါတယ္။”

ဒါအျပင္ ရိုဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုန္းသတ္ျဖတ္မႈေတြ က်ဴးလြန္ခဲ့တဲ့ ျမန္မာစစ္တပ္ ဟာ အခုခ်ိန္ထိ ျမန္မာျပည္သူ အရပ္သားေတြကို ဆက္လက္ညွင္းပမ္းႏွိပ္စက္ေနဆဲျဖစ္ၿပီး ႏိုင္ငံတကာခံုရံုးတင္သင့္ေနၿပီး ေျပာင္းလဲဖို႔ အခ်ိန္တန္ၿပီလို႔ Andy Levin ေျပာသြားပါတယ္။

BURMA Act ၂၀၁၉ မူၾကမ္းကို ဦးေဆာင္ေရးဆဲြသူတဦးျဖစ္တဲ့ ေအာက္လႊတ္ေတာ္ ႏုိင္ငံျခား ဆက္ဆံေရး ေကာ္မတီ အာရွနဲ႔ ပစိဖိတ္ေရးရာ ဌာနခြဲ ဥကၠ႒ေဟာင္း ရီပါပလင္ကန္အမတ္ Steve Chabot ကလည္း လႊတ္ေတာ္တရပ္လံုး ၀ိုင္း၀န္းေထာက္ခံဖို႔ အခုလို ေျပာသြားပါတယ္။

“ဒီလို ရက္စက္တဲ့ ဖိႏွိပ္မႈေတြနဲ႔ ပတ္သက္လို႔ ျမန္မာစစ္တပ္ကို ထိထိေရာက္ေရာက္ အေရးယူ အျပစ္ေပးႏိုင္ဖို႔ လိုအပ္ေနတဲ့ နည္းလမ္းကို အေထာက္အကူေပးမယ့္ BURMA Act ကို ဒီကေန႔ ေအာက္လႊတ္ေတာ္မွာ က်ေနာ္တို႔ မျဖစ္မေန အတည္ျပဳရမွာျဖစ္ပါတယ္။”

ဒါအျပင္ အခုလို သီးျခားဥပေဒအျဖစ္ ျပဌာန္းမယ့္ နည္းလမ္းပဲျဖစ္ျဖစ္၊ ဇူလိုင္လက ေအာက္လႊတ္ေတာ္က အတည္ျပဳထားတဲ့ NDAA အမ်ဳိးသားကာကြယ္ေရး ခြင့္ျပဳမိန္႔ ဥပေဒမူၾကမ္းမွာ ျပင္ဆင္ခ်က္အျဖစ္ ထည့္သြင္းထားတဲ့ BURAM Act ၂၀၁၉ ကိုပဲျဖစ္ျဖစ္ အထက္လႊတ္ေတာ္က အခ်ိန္မဆိုင္းပဲ ေထာက္ခံဖို႔ ေအာက္လႊတ္ေတာ္အမတ္ Chabot က တိုက္တြန္းခဲ့ပါတယ္။

မေန႔က ေအာက္လႊတ္ေတာ္မွာ တင္သြင္းတဲ့ BURAM Act ၂၀၁၉ မူၾကမ္းအဆိုကို ေထာက္ခံခဲ့သူက တကၠဆက္ျပည္နယ္ ရီပါပလင္ကန္ ေအာက္လႊတ္ေတာ္အမတ္ Michael McCaul ျဖစ္ပါတယ္။

“က်ယ္ျပန္႔ ျပင္းထန္လွတဲ့ ရိုဟင္ဂ်ာ အၾကပ္အတည္းဟာ ေအာက္လႊတ္ေတာ္ ပါတီႏွစ္ရပ္လံုးကို တညီတညြတ္တည္းျဖစ္ေစခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ေအာက္လႊတ္ေတာ္အမတ္ Chabot တင္သြင္းခဲ့တဲ့ ျမန္မာစစ္တပ္ဟာ လူမ်ဳိးတုန္းသတ္ျဖတ္မႈကို က်ဴးလြန္ေၾကာင္း ေၾကညာခ်က္ 1091 ကို ေအာက္လႊတ္ေတာ္တခုလံုးက တခဲနက္တည္း ေထာက္ခံခဲ့ၾကပါတယ္။ အခု ဥကၠဌ Engle ရဲ႕ BURMA Act ကလည္း ၿပီးခဲ့တဲ့ အေမရိကန္အစိုးရလက္ထက္က မလုပ္ခဲ့တဲ့ ျမန္မာစစ္တပ္ကို အေရးယူ ဒဏ္ခတ္ဖို႔ ျဖစ္ပါတယ္။ ဒီလို အေရးယူမယ့္အဆင့္ဟာ အခ်ိန္ေတာင္ ေႏွာင္းေနပါၿပီ။ ဒါေၾကာင့္ အခုပါတီႏွစ္ရပ္လံုးက သေဘာတူထားတဲ့ ဒီဥပေဒမူၾကမ္းကို ေထာက္ခံၾကဖို႔ လုပ္ေဖၚကိုင္ဖက္ေတြကို က်ေနာ္ တိုက္တြန္းခ်င္ပါတယ္။”

BURMA Act ၂၀၁၉ ဥပေဒမူၾကမ္း ကို ေအာက္လႊတ္ေတာ္ ႏုိင္ငံျခားဆက္ဆံေရးေကာ္မတီ လက္ရွိ ဥကၠ႒ ဒီမုိကရက္ လႊတ္ေတာ္အမတ္ Eliot Engel နဲ႔ ေအာက္လႊတ္ေတာ္ ႏုိင္ငံျခား ဆက္ဆံေရး ေကာ္မတီ အာရွနဲ႔ ပစိဖိတ္ေရးရာ ဌာနခြဲ ဥကၠ႒ေဟာင္း ရီပါပလင္ကန္အမတ္ Steve Chabot တုိ႔က ဦးေဆာင္တင္သြင္း ခဲ့တာျဖစ္ပါတယ္။ ျမန္မာစစ္တပ္နဲ႔ အေမရိကန္ စစ္တပ္ ၾကား စစ္ေရးအရ ပူးေပါင္းေဆာင္ရြက္မႈ ကန္႔သတ္တားျမစ္ခ်က္အပါအ၀င္ ျမန္မာႏိုင္ငံက ပဋိပကၡျဖစ္ေနတဲ့ ေဒသေတြနဲ႔ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္မွာ ခိုလႈံေနတဲ့ ဒုကၡသည္ေတြ အတြက္ လူသားခ်င္းစာနာမႈ အကူအညီေပးဖို႔ အေမရိကန္ေဒၚလာ ၂၂၁ သန္း ပါ၀င္တဲ့ ဘတ္ဂ်က္ လ်ာထားခ်က္၊ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ခ်ဴိးေဖာက္မႈေတြမွာ တာ၀န္ရွိသူေတြနဲ႔ အဖဲြ႕အစည္းေတြကို ဒဏ္ခတ္အေရးယူဖို႔ စတဲ့ အခ်က္ေတြ ပါ၀င္ပါတယ္။

အခုလို အေမရိကန္ ေအာက္လႊတ္ေတာ္မွာ အဂၤါေန႔က ျမန္မာ့အေရး ဖိအားေပးတဲ့ ဥပေဒမူ ၾကမ္းေတြထဲ သီးျခားဥပေဒအျဖစ္ ျပဌာန္းဖို႔ အဆိုတင္သြင္းထားတဲ့ Burma Political Prisoners Assistance Act ျမန္မာႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး ဥပေဒမူၾကမ္းကိုေတာ့ အသံနဲ႔ မဲခဲြဆံုးျဖတ္ရာမွာ ကန္႔ကြက္မဲမရွိ အတည္ျပဳခဲ့ပါတယ္။ ဒီဥပေဒမူၾကမ္းကို ဦးေဆာင္ေရးဆဲြခဲ့သူတဦးျဖစ္တဲ့ ဒီမိုကရက္ ေအာက္လႊတ္ေတာ္အမတ္ Andy Levin က အခုလို ေျပာသြားပါတယ္။

သတင္းသမားေတြ၊ လႈပ္ရွားတက္ၾကြသူေတြ၊ အမွားကို ထုတ္ေဖၚေ၀ဖန္ေျပာဆိုရဲသူေတြ ကို မျဖစ္မေန အကာကြယ္ေပးရမွာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ရီပါပလင္ကန္ ေအာက္လႊတ္ေတာ္အမတ္ Wagner နဲ႔အတူ က်ေနာ္တို႔ ေအာက္လႊတ္ေတာ္မွာ ျမန္မာႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အဆိုကို ဦးေဆာင္တင္သြင္းခဲ့တာျဖစ္ပါတယ္။ ဒီဥပေဒၾကမ္းမွာ ျမန္မာႏိုင္ငံက ႏိုင္ငံေရးအက်ဥ္းသားေတြနဲ႔ ယံုၾကည္ခ်က္ေၾကာင့္ အက်ဥ္းက်ခံေနရသူေတြ လြတ္ေျမာက္ေရး ေတာင္းဆိုထားသလို၊ အေမရိကန္ႏိုင္ငံျခားေရးဌာနအေနနဲ႔ ကူညီေဆာင္ရြက္ဖို႔ စတဲ့အခ်က္ေတြ ျပဌာန္းထားပါတယ္။”

ဒီဥပေဒမူၾကမ္းမွာေတာ့ ႏိုင္ငံေရးအက်ဥ္းသားေတြ လြတ္ေျမာက္ေရးအပါအ၀င္ ႏိုင္ငံေရး အက်ဥ္းသားေဟာင္းေတြ ကူညီေစာင့္ေရွာက္ ေရးနဲ႔ ႏိုင္ငံေရး အက်ဥ္းသားေတြ လြတ္ေျမာက္ေရးအတြက္ ေဆာင္ရြက္ေနတဲ့ အရပ္ဖက္ အဖဲြ႔အစည္းေတြကုိ အေမရိကန္ႏိုင္ငံျခားေရးဌာနအေနနဲ႔ ကူညီပံပိုးဖို႔ စတဲ့အခ်က္ေတြ ျပဌာန္းထားပါတယ္။

အခု ဥပေဒမူၾကမ္း ႏွစ္ခုလုံးဟာ ဇူလိုင္လက ေအာက္လႊတ္ေတာ္မွာ အတည္ျပဳခဲ့တဲ့ NDAA အမ်ဳိးသားကာကြယ္ေရး ခြင့္ျပဳမိန္႔ ဥပေဒမူၾကမ္းမွာ ျပင္ဆင္ခ်က္အေနနဲ႔ ပါ၀င္ထားၿပီးသားျဖစ္ပါတယ္။ ဒီျပင္ဆင္ခ်က္ ဥပေဒမူၾကမ္းႏွစ္ခုကို အဂၤါေန႔က ေအာက္လႊတ္ေတာ္မွာ ထပ္မံမဲခဲြ ဆံုးျဖတ္ရတဲ့ အေၾကာင္းအရင္းကေတာ့ ျမန္မာ့အေရး သီးျခားဥပေဒေတြ အျဖစ္ ျပဌာန္းႏိုင္ဖို႔ ေအာက္လႊတ္ေတာ္ရဲ႕ ႀကိဳးပမ္းခ်က္ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode Version

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုး ဖောက်ကျူးလွန်မှု တွေမှာ တာဝန်ရှိ သူတွေ၊ သူတို့နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မယ့် BURMA Act ၂၀၁၉ ဥပဒေမူကြမ်းပြင်ဆင်ချက်ကို အမေရိကန် အောက်လွှတ်တော်မှာ စက်တင်ဘာလ (၂၄) ရက် အင်္ဂါနေ့က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲအများစုနဲ့ အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ဥပဒေမူကြမ်း ပြင်ဆင်ချက် အဆိုကိုတော့ ကန့်ကွက်မဲ့သူမရှိ အတည်ပြုခဲ့ပါတယ်။ မြန်မာအပေါ် ပိတ်ဆို့အရေးယူရေး၊ လူသားချင်း စာနာမှု အကူအညီတွေ ပေးရေး နဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်လွှတ်တော်မှာ သီးခြားဥပဒေတွေ အဖြစ် ပြဌာန်းဖို့ အောက်လွှတ်တော်က ကြိုးပမ်းချက်တွေကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင်၊ လူ့အခွင့်အရေးချိုး ဖောက်မှုတွေမှာ တာဝန်ရှိသူတွေ၊ သူတို့ကို စုံစမ်းစစ်ဆေးအရေးယူဖို့ ပျက်ကွက်သူတွေပါ အရေးယူဒဏ်ခတ်မယ့် BURMA Act ၂၀၁၉ (Burma Unified through Rigorous Military Accountability Act) ကို စက်တင်ဘာလ (၂၄) ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၂၁ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ အဲဒီလို မဲခွဲဆုံးဖြတ် ရာမှာ (NV=not voting) မဲမပေးတဲ့ အမတ်ပေါင်း၁၈ ဦးရှိခဲ့ပါတယ်။


ဒီဥပဒေမူကြမ်း အဆိုကို တင်သွင်းခဲ့တဲ့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ အာရှ ပစိဖိတ်နဲ့ နျူကလီးယား မပြန့်ပွားရေး ဆပ်ကော်မတီ ဝင်တွေဖြစ်တဲ့ Michigan ပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Andy Levin က မူကြမ်းထဲမှာပါတဲ့ အဓိက အချက်ကို လွှတ်တော်မှာ အခုလို ပြောသွားပါတယ်။
“ဒီဥပဒေကြမ်းမှာ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ပြစ်မှုကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေ၊ အရေးယူ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်သူတွေ အပေါ် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ဆို့အရေးယူမှာဖြစ်ပါတယ်။”
ဒါအပြင် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ် ဟာ အခုချိန်ထိ မြန်မာပြည်သူ အရပ်သားတွေကို ဆက်လက်ညှင်းပမ်းနှိပ်စက်နေဆဲဖြစ်ပြီး နိုင်ငံတကာခုံရုံးတင်သင့်နေပြီး ပြောင်းလဲဖို့ အချိန်တန်ပြီလို့ Andy Levin ပြောသွားပါတယ်။
BURMA Act ၂၀၁၉ မူကြမ်းကို ဦးဆောင်ရေးဆွဲသူတဦးဖြစ်တဲ့အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနခွဲ ဥက္ကဋ္ဌဟောင်း ရီပါပလင်ကန်အမတ် Steve Chabot ကလည်း လွှတ်တော်တရပ်လုံး ဝိုင်းဝန်းထောက်ခံဖို့ အခုလို ပြောသွားပါတယ်။
“ဒီလို ရက်စက်တဲ့ ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးနိုင်ဖို့ လိုအပ်နေတဲ့ နည်းလမ်းကို အထောက်အကူပေးမယ့် BURMA Act ကို ဒီကနေ့ အောက်လွှတ်တော်မှာ ကျနော်တို့ မဖြစ်မနေ အတည်ပြုရမှာဖြစ်ပါတယ်။”
ဒါအပြင် အခုလို သီးခြားဥပဒေအဖြစ် ပြဌာန်းမယ့် နည်းလမ်းပဲဖြစ်ဖြစ်၊ ဇူလိုင်လက အောက်လွှတ်တော်က အတည်ပြုထားတဲ့ NDAA အမျိုးသားကာကွယ်ရေး ခွင့်ပြုမိန့် ဥပဒေမူကြမ်းမှာ ပြင်ဆင်ချက်အဖြစ် ထည့်သွင်းထားတဲ့ BURAM Act ၂၀၁၉ ကိုပဲဖြစ်ဖြစ် အထက်လွှတ်တော်ကအချိန်မဆိုင်းပဲ ထောက်ခံဖို့ အောက်လွှတ်တော်အမတ် Chabot က တိုက်တွန်းခဲ့ပါတယ်။
မနေ့က အောက်လွှတ်တော်မှာ တင်သွင်းတဲ့ BURAM Act ၂၀၁၉ မူကြမ်းအဆိုကို ထောက်ခံခဲ့သူက တက္ကဆက်ပြည်နယ် ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Michael McCaul ဖြစ်ပါတယ်။
“ကျယ်ပြန့် ပြင်းထန်လှတဲ့ ရိုဟင်ဂျာ အကြပ်အတည်းဟာ အောက်လွှတ်တော် ပါတီနှစ်ရပ်လုံးကို တညီတညွတ်တည်းဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အောက်လွှတ်တော်အမတ် Chabot တင်သွင်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ကြောင်း ကြေညာချက် 1091 ကို အောက်လွှတ်တော်တခုလုံးက တခဲနက်တည်း ထောက်ခံခဲ့ကြပါတယ်။ အခု ဥက္ကဌ Engle ရဲ့ BURMA Act ကလည်း ပြီးခဲ့တဲ့ အမေရိကန်အစိုးရလက်ထက်က မလုပ်ခဲ့တဲ့ မြန်မာစစ်တပ်ကို အရေးယူ ဒဏ်ခတ်ဖို့ ဖြစ်ပါတယ်။ဒီလို အရေးယူမယ့်အဆင့်ဟာ အချိန်တောင် နှောင်းနေပါပြီ။ ဒါကြောင့် အခုပါတီနှစ်ရပ်လုံးက သဘောတူထားတဲ့ ဒီဥပဒေမူကြမ်းကို ထောက်ခံကြဖို့ လုပ်ဖေါ်ကိုင်ဖက်တွေကို ကျနော် တိုက်တွန်းချင်ပါတယ်။”
BURMA Act ၂၀၁၉ ဥပဒေမူကြမ်း ကို အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ လက်ရှိ ဥက္ကဋ္ဌ ဒီမိုကရက် လွှတ်တော်အမတ် Eliot Engel နဲ့ အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနခွဲ ဥက္ကဋ္ဌဟောင်း ရီပါပလင်ကန်အမတ် Steve Chabot တို့က ဦးဆောင်တင်သွင်း ခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ အမေရိကန် စစ်တပ် ကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ကန့်သတ်တားမြစ်ချက်အပါအဝင် မြန်မာနိုင်ငံက ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၂၂၁ သန်း ပါဝင်တဲ့ ဘတ်ဂျက် လျာထားချက်၊ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိူးဖောက်မှုတွေမှာ တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းတွေကို ဒဏ်ခတ်အရေးယူဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
အခုလို အမေရိကန် အောက်လွှတ်တော်မှာ အင်္ဂါနေ့က မြန်မာ့အရေး ဖိအားပေးတဲ့ ဥပဒေမူ ကြမ်းတွေထဲ သီးခြားဥပဒေအဖြစ် ပြဌာန်းဖို့ အဆိုတင်သွင်းထားတဲ့ Burma Political Prisoners Assistance Act မြန်မာနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ဥပဒေမူကြမ်းကိုတော့ အသံနဲ့ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲမရှိ အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေမူကြမ်းကို ဦးဆောင်ရေးဆွဲခဲ့သူတဦးဖြစ်တဲ့ ဒီမိုကရက် အောက်လွှတ်တော်အမတ် Andy Levin က အခုလို ပြောသွားပါတယ်။
“သတင်းသမားတွေ၊ လှုပ်ရှားတက်ကြွသူတွေ၊ အမှားကို ထုတ်ဖေါ်ဝေဖန်ပြောဆိုရဲသူတွေ ကို မဖြစ်မနေ အကာကွယ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Wagner နဲ့အတူ ကျနော်တို့ အောက်လွှတ်တော်မှာ မြန်မာနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဆိုကို ဦးဆောင်တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေကြမ်းမှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ လွတ်မြောက်ရေး တောင်းဆိုထားသလို၊ အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ ကူညီဆောင်ရွက်ဖို့ စတဲ့အချက်တွေ ပြဌာန်းထားပါတယ်။”
ဒီဥပဒေမူကြမ်းမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကူညီစောင့်ရှောက် ရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကို အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ ကူညီပံပိုးဖို့ စတဲ့အချက်တွေ ပြဌာန်းထားပါတယ်။
အခု ဥပဒေမူကြမ်း နှစ်ခုလုံးဟာ ဇူလိုင်လက အောက်လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ NDAA အမျိုးသားကာကွယ်ရေး ခွင့်ပြုမိန့် ဥပဒေမူကြမ်းမှာ ပြင်ဆင်ချက်အနေနဲ့ ပါဝင်ထားပြီးသားဖြစ်ပါတယ်။ ဒီပြင်ဆင်ချက် ဥပဒေမူကြမ်းနှစ်ခုကို အင်္ဂါနေ့က အောက်လွှတ်တော်မှာ ထပ်မံမဲခွဲ ဆုံးဖြတ်ရတဲ့ အကြောင်းအရင်းကတော့ မြန်မာ့အရေး သီးခြားဥပဒေတွေ အဖြစ် ပြဌာန်းနိုင်ဖို့ အောက်လွှတ်တော်ရဲ့ ကြိုးပမ်းချက် ဖြစ်ပါတယ်။

XS
SM
MD
LG