သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ေအာက္လႊတ္ေတာ္ အတည္ျပဳတဲ့ ျမန္မာ့အေရးဥပေဒၾကမ္းနဲ႔ ျမန္မာတုံ႔ျပန္မႈ


အေမရိကန္ေအာက္လႊတ္ေတာ္က စက္တင္ဘာ ၂၄ ရက္ေန႔မွာ မဲခြဲဆုံးျဖတ္လုိက္တဲ့ BURMA Act ၂၀၁၉ ဟာ ျမန္မာႏုိင္ငံအတြင္းက အေျခအေနေတြကုိ တိတိက်က် မသိရဘဲ လုပ္ေဆာင္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္တယ္လုိ႔ လက္ရွိအာဏာရ NLD ပါတီ ေျပာခြင့္ရက တုံ႔ျပန္လုိက္ပါတယ္။ ႏုိင္ငံေရးေလ့လာသူေတြကေတာ့ ဒီဆုံးျဖတ္ခ်က္က ျမန္မာႏုိင္ငံအေပၚ စီးပြားေရးနဲ႔ ႏုိင္ငံေရးအရ အက်ဳိးသက္ေရာက္မႈေတြ ျဖစ္ေစႏုိင္တယ္ လုိ႔ ဆု္ိပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

ျမန္မာႏို္င္ငံတြင္း လူ႔အခြင့္အေရးခ်ဳိးေဖာက္ က်ဴးလြန္မႈေတြမွာ တာ၀န္ရွိသူေတြ၊ သူတို႔နဲ႔ ဆက္စပ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြ၊ အဖဲြ႔အစည္းေတြကို ပစ္မွတ္ထား အေရးယူ ဒဏ္ခတ္မယ့္ ဥပေဒမူၾကမ္းကုိ အေမရိကန္ေအာက္လႊတ္ေတာ္က စက္တင္ဘာ ၂၄ ရက္၊ အဂၤါေန႔က ေထာက္ခံမဲ အမ်ားစုနဲ႔ မဲခြဲဆုံးျဖတ္လုိက္တာပါ။

အေမရိကန္ လႊတ္ေတာ္အမတ္ေတြအေနနဲ႔ ျမန္မာႏုိင္ငံအတြင္းက အေျခအေနေတြကုိ တိတိက်က် သိရွိထားျခင္းမရွိဘဲ ဒီ BURMA Act ၂၀၁၉ အပါအ၀င္ တျခား ဥပေဒ၊ ဆုံးျဖတ္ခ်က္ေတြကုိ ခ်မွတ္လုပ္ေဆာင္ေနၾကတာလုိ႔ လက္ရွိအာဏာရ NLD ပါတီရဲ႕ ေျပာခြင့္ရပုဂၢဳိလ္ ေဒါက္တာမ်ဳိးညြန္႔က ေျပာပါတယ္။

“က်ေနာ္တုိ႔ပါတီကေတာ့ အစုိးရရဲ႕ ထုတ္ျပန္ခ်က္နဲ႔ အတူတူပါဘဲ ခင္ဗ်။ ဒီ ထုတ္ျပန္ခ်က္ေတြ၊ ဥပေဒ ေတြဟာ ျမန္မာႏုိင္ငံအတြင္းက အေျခအေနေတြကုိ တိတိက်က် အခ်က္အလက္ေတြ မသိရဘဲနဲ႔၊ တဘက္ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ရရွိတဲ့ သတင္းအခ်က္အလက္မ်ားနဲ႔သာ ျပဳစုထားတာ ျဖစ္တဲ့အတြက္ မွန္ကန္ တိက်ျခင္း မရွိပါဘူး။ ေနာက္ၿပီးေတာ့ ျမန္မာႏုိင္ငံအတြင္းမွာ လက္ရွိျဖစ္ေနတဲ့ ႏုိင္ငံေရး အက်ပ္အတည္းကုိလည္း သူတုိ႔ နားလည္ သေဘာေပါက္ျခင္း မရွိပါဘူး။ ဒါေၾကာင့္ က်ေနာ္တုိ႔ လက္ခံလုိ႔မရပါဘူးလုိ႔ ေျပာခ်င္ပါတယ္။”

ႏုိင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာတင္ေမာင္သန္းကေတာ့ အေမရိကန္ေအာက္လႊတ္ေတာ္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ ျမန္မာႏုိင္ငံအတြက္ စီးပြားေရးနဲ႔ ႏုိင္ငံေရးအရ အက်ဳိးသက္ေရာက္မႈေတြ ျဖစ္ေပၚလာႏုိင္တယ္လုိ႔ သုံးသပ္ပါတယ္။

“ပထမသက္ေရာက္မႈကေတာ့ စီးပြားေရး သက္ေရာက္မႈေပါ့ေနာ္။ အခုထက္ထိ ထြက္လာတဲ့ ဥပေဒမွာၾကည့္ရတာကေတာ့ ပုဂၢဳိလ္ေရးကုိ အဓိကထားၿပီး၊ ပုဂၢဳိလ္ေရးအရ ဆက္စပ္တဲ့ စီးပြားေရးလုပ္ငန္းေတြ ထိခုိက္မယ္လုိ႔ ျမင္ေနရတယ္ေပါ့ေနာ္။ တကယ္လုိ႔ အဲဒီလုိ မဟုတ္ဘဲနဲ႔ အဖြဲ႔အစည္း တခုကုိ ပစ္မွတ္ထားလာၿပီ ဆုိရင္ေတာ့၊ ဆုိလုိတာက စစ္တပ္ကုိ ပစ္မွတ္ထား လာၿပီဆုိရင္ေတာ့ ပုိမုိက်ယ္ျပန္႔တဲ့ စီးပြားေရး လုပ္ငန္းေတြအေပၚမွာ သက္ေရာက္မႈ ရွိလာႏုိင္တယ္။ ႏုိင္ငံေရးအရ သက္ေရာက္မႈကေတာ့ ျမန္မာႏုိင္ငံရဲ႕ ႏုိင္ငံေရးဟာ ကမၻာ့အလယ္မွာ လူ႔အခြင့္အေရး ရႈေဒါင့္ကၾကည့္လုိ႔ရွိရင္ ႏုိင္ငံေရးသိကၡာ က်တယ္ေပါ့ေနာ္။ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ အစုိးရ အေနနဲ႔လည္း ႏုိင္ငံေရးသိကၡာ ထိခုိက္ပါတယ္။ အထူးသျဖင့္ ဒီဥပေဒမွာေတြ႔ရတဲ့ ႏုိင္ငံေရး အက်ဥ္းသားမ်ားကုိ ေထာက္ပံ့ဖုိ႔အတြက္ ဥပေဒအရကုိ ျပဌာန္းၿပီးေတာ့ ေဆာင္ရြက္လာတဲ့ဟာကေတာ့ ဒါ ႏုိင္ငံေရးအရ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ အစုိးရ အေပၚမွာ အထိခုိက္ဆုံးလုိ႔ ေျပာရပါမယ္။”

တပ္မေတာ္အေနနဲ႔ လူနည္းစု ဘာသာ၀င္ေတြအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဴးလြန္ေနတယ္လုိ႔ အေနာက္ႏုိင္ငံ အစုိးရေတြနဲ႔ ႏုိင္ငံတကာက လူ႔အခြင့္အေရးအဖြဲ႔အစည္းေတြက ေ၀ဖန္ ေျပာဆုိမႈေတြ ရွိေနခ်ိန္မွာဘဲ - မၾကာေသးခင္ ရက္ပုိင္းေတြအတြင္းက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ဘာသာေရး အေဆာက္အဦးေတြကုိသြားၿပီး လွဴဒါန္းမႈေတြ ျပဳလုပ္ခဲ့တာဟာ တပ္မေတာ္အေနနဲ႔ မတူကြဲျပားတဲ့ ဘာသာတရားေတြ၊ အထူးသျဖင့္ မြတ္ဆလင္၊ ခရစၥယာန္နဲ႔ ဟိႏၵဴဘာသာ၀င္ေတြအေပၚ ဖိႏွိပ္ ဆက္ဆံမႈေတြ ရွိတယ္ဆုိတဲ့ ေ၀ဖန္ ေျပာဆုိမႈေတြကုိ ေျခဖ်က္ဖုိ႔ ႀကိဳးစားတဲ့ လုပ္ေဆာင္မႈအျဖစ္ သုံးသပ္ ေျပာဆုိတာေတြ ထြက္ေပၚခဲ့ပါတယ္။

တုိင္းျပည္အတြင္း တကယ္ဘဲ စစ္မွန္တဲ့ေျပာင္းလဲမႈေတြကုိ လုပ္ေဆာင္ေနပါတယ္ဆုိတာကုိ ျပသလုိတယ္ဆုိရင္ အေပၚယံ ေျပာင္းလဲမႈမ်ဳိးမဟုတ္ဘဲ စစ္မွန္တဲ့ ေျပာင္းလဲမႈေတြကုိ တပ္မေတာ္ဘက္ကေရာ၊ အာဏာရပါတီဘက္ကပါ လုပ္ျပဖုိ႔လုိတယ္လုိ႔ ေဒါက္တာ တင္ေမာင္သန္းက သုံးသပ္ပါတယ္။

“အခုေလာေလာဆယ္မွာ က်ေနာ္တုိ႔ေတြ႔ရတာ ဒါ အေမရိကန္ႏုိင္ငံက ခုနက ဥပေဒၾကမ္း ၂ ရပ္ကုိ ျပဌာန္းဖုိ႔ ႀကိဳးစားလာတာနဲ႔ ေရွ႕မွာဘဲ ကုလသမဂၢလုံၿခံဳေရးေကာင္စီ စည္းေ၀းပြဲႀကီး က်င္းပေနတယ္။ ျမန္မာႏုိင္ငံကသြားၿပီးေတာ့လည္း ေျပာၾက၊ ဆုိၾကတာလည္း၊ တက္ေရာက္ၿပီးေတာ့ ရွင္းလင္း တင္ျပတာေတြလည္း ရွိလာမွာေပါ့ေနာ္။ အလွည့္က် ေျပာခြင့္ရတဲ့အခါမွာ ေျပာမွာေပါ့ေနာ္။ အဲဒီလုိ ေျပာတဲ့အခါမွာလည္း ကုလသမဂၢကုိ တက္ေရာက္လာမယ့္ ေျပာဆုိတဲ့ မိန္႔ခြန္းေတြမွာ ဗုိလ္ခ်ဳပ္ႀကီးရဲ႕ ခရီးစဥ္ေတြက ဒီလုိလုပ္ေနပါတယ္ ဆုိတဲ့ ေျပာဆုိခ်က္ေတြလည္း ပါေကာင္းလည္း ပါလာႏုိင္ပါတယ္။ ဒါေပမယ့္ ေသာ့ခ်က္က အဲဒီလုိ လႈပ္ရွားမႈေတြနဲ႔ ျမန္မာႏုိင္ငံရဲ႕ လူ႔အခြင့္အေရးဆုိင္ရာ ႏုိင္ငံေရး သိကၡာကုိ ျပန္လည္ ျမင့္တင္လုိ႔ ရႏုိင္မလားဆုိတဲ့ ေမးခြန္းပါဘဲ။ အဲဒီလုိ ပ်က္ဆီးသြားတဲ့ သိကၡာကုိ ျပန္လည္ျမင့္တင္ဖုိ႔၊ ျပန္လည္ ထူေထာင္ဖုိ႔ဆုိရင္ေတာ့ ဒါ့ထက္မကတဲ့ အလုပ္ေတြ လုပ္ျပဖုိ႔လုိပါတယ္။ တကယ္ကုိ Institution သေဘာအရ၊ အဖြဲ႔အစည္းဆုိင္ရာအရ၊ ဥပေဒေၾကာင္းအရ တပ္မေတာ္ရဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြ အမ်ားႀကီး လုိအပ္ပါတယ္။ အထူးသျဖင့္ ဒီမုိကေရစီ လႈပ္ရွားမႈမွာ ဦးေဆာင္တဲ့ေနရာမွာပါတဲ့ အမ်ဳိးသားဒီမုိကေရစီ အဖြဲ႔ခ်ဳပ္အေနနဲ႔ကလည္း မိမိနဲ႔ သေဘာထားမတူတဲ့သူေတြ အေပၚမွာ ျပဳမႈ ဆက္ဆံပုံေတြအရ ေျပာင္းလဲမႈေတြလည္း လုိအပ္လိမ့္မယ္လုိ႔ ထင္ပါတယ္။”

အေမရိကန္ေအာက္လႊတ္ေတာ္က စက္တင္ဘာ ၂၄ ရက္ေန႔မွာ ခ်မွတ္လုိက္တဲ့ ဒီ BURAM Act ၂၀၁၉ ဟာ ဥပေဒၾကမ္းအဆင့္သာ ရွိပါေသးတယ္။ ဒီဥပေဒၾကမ္းကုိ အထက္လႊတ္ေတာ္မွာ ေဆြးေႏြးၿပီး မဲခြဲအတည္ျပဳဖုိ႔ က်န္ေနပါေသးတယ္။ လႊတ္ေတာ္ ၂ ရပ္စလုံးက အတည္ျပဳၿပီးရင္ေတာင္ သမၼတက လက္မွတ္ေရးထုိး အတည္ျပဳဖုိ႔ က်န္ေနပါေသးတယ္။

ဒါေပမယ့္ ဒီဥပေဒၾကမ္းကုိ ေအာက္လႊတ္ေတာ္မွာရွိတဲ့ ပါတီႀကီး ၂ ရပ္စလုံးက လႊတ္ေတာ္အမတ္ေတြက ေထာက္ခံထားၾကတာေၾကာင့္ အထက္လႊတ္ေတာ္က အတည္ျပဳ၊ သမၼတက လက္မွတ္ထုိးၿပီး ဥပေဒအျဖစ္ ျပဌာန္းတဲ့အဆင့္ကုိ ေရာက္လာႏုိင္ေျခ မ်ားတယ္လုိ႔ ေလ့လာသူေတြက သုံးသပ္ ေျပာဆုိေနၾကပါတယ္။

.......................

{Unicode}

ကန်အောက်လွှတ်တော်အတည်ပြုတဲ့ မြန်မာ့အရေးဥပဒေကြမ်းနဲ့ မြန်မာတုံ့ပြန်မှု

အမေရိကန်အောက်လွှတ်တော်က စက်တင်ဘာ ၂၄ ရက်နေ့မှာ မဲခွဲဆုံးဖြတ်လိုက်တဲ့ BURMA Act ၂၀၁၉ ဟာ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို တိတိကျကျ မသိရဘဲ လုပ်ဆောင်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ လက်ရှိအာဏာရ NLD ပါတီ ပြောခွင့်ရက တုံ့ပြန်လိုက်ပါတယ်။ နိုင်ငံရေးလေ့လာသူတွေကတော့ ဒီဆုံးဖြတ်ချက်က မြန်မာနိုင်ငံအပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေ၊ သူတို့နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မယ့် ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့က ထောက်ခံမဲ အများစုနဲ့ မဲခွဲဆုံးဖြတ်လိုက်တာပါ။

အမေရိကန် လွှတ်တော်အမတ်တွေအနေနဲ့ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို တိတိကျကျ သိရှိထားခြင်းမရှိဘဲ ဒီ BURMA Act ၂၀၁၉ အပါအဝင် တခြား ဥပဒေ၊ ဆုံးဖြတ်ချက်တွေကို ချမှတ်လုပ်ဆောင်နေကြတာလို့ လက်ရှိအာဏာရ NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ကျနော်တို့ပါတီကတော့ အစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ အတူတူပါဘဲ ခင်ဗျ။ ဒီ ထုတ်ပြန်ချက်တွေ၊ ဥပဒေ တွေဟာ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို တိတိကျကျ အချက်အလက်တွေ မသိရဘဲနဲ့၊ တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရရှိတဲ့ သတင်းအချက်အလက်များနဲ့သာ ပြုစုထားတာ ဖြစ်တဲ့အတွက် မှန်ကန် တိကျခြင်း မရှိပါဘူး။ နောက်ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကိုလည်း သူတို့ နားလည် သဘောပေါက်ခြင်း မရှိပါဘူး။ ဒါကြောင့် ကျနော်တို့ လက်ခံလို့မရပါဘူးလို့ ပြောချင်ပါတယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာတင်မောင်သန်းကတော့ အမေရိကန်အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွက် စီးပွားရေးနဲ့ နိုင်ငံရေးအရ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ပထမသက်ရောက်မှုကတော့ စီးပွားရေး သက်ရောက်မှုပေါ့နော်။ အခုထက်ထိ ထွက်လာတဲ့ ဥပဒေမှာကြည့်ရတာကတော့ ပုဂ္ဂိုလ်ရေးကို အဓိကထားပြီး၊ ပုဂ္ဂိုလ်ရေးအရ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မယ်လို့ မြင်နေရတယ်ပေါ့နော်။ တကယ်လို့ အဲဒီလို မဟုတ်ဘဲနဲ့ အဖွဲ့အစည်း တခုကို ပစ်မှတ်ထားလာပြီ ဆိုရင်တော့၊ ဆိုလိုတာက စစ်တပ်ကို ပစ်မှတ်ထား လာပြီဆိုရင်တော့ ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှု ရှိလာနိုင်တယ်။ နိုင်ငံရေးအရ သက်ရောက်မှုကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ကမ္ဘာ့အလယ်မှာ လူ့အခွင့်အရေး ရှုဒေါင့်ကကြည့်လို့ရှိရင် နိုင်ငံရေးသိက္ခာ ကျတယ်ပေါ့နော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အနေနဲ့လည်း နိုင်ငံရေးသိက္ခာ ထိခိုက်ပါတယ်။ အထူးသဖြင့် ဒီဥပဒေမှာတွေ့ရတဲ့ နိုင်ငံရေး အကျဉ်းသားများကို ထောက်ပံ့ဖို့အတွက် ဥပဒေအရကို ပြဌာန်းပြီးတော့ ဆောင်ရွက်လာတဲ့ဟာကတော့ ဒါ နိုင်ငံရေးအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အပေါ်မှာ အထိခိုက်ဆုံးလို့ ပြောရပါမယ်။”

တပ်မတော်အနေနဲ့ လူနည်းစု ဘာသာဝင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အနောက်နိုင်ငံ အစိုးရတွေနဲ့ နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဝေဖန် ပြောဆိုမှုတွေ ရှိနေချိန်မှာဘဲ - မကြာသေးခင် ရက်ပိုင်းတွေအတွင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာသာရေး အဆောက်အဦးတွေကိုသွားပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာဟာ တပ်မတော်အနေနဲ့ မတူကွဲပြားတဲ့ ဘာသာတရားတွေ၊ အထူးသဖြင့် မွတ်ဆလင်၊ ခရစ္စယာန်နဲ့ ဟိန္ဒူဘာသာဝင်တွေအပေါ် ဖိနှိပ် ဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေကို ခြေဖျက်ဖို့ ကြိုးစားတဲ့ လုပ်ဆောင်မှုအဖြစ် သုံးသပ် ပြောဆိုတာတွေ ထွက်ပေါ်ခဲ့ပါတယ်။

တိုင်းပြည်အတွင်း တကယ်ဘဲ စစ်မှန်တဲ့ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပါတယ်ဆိုတာကို ပြသလိုတယ်ဆိုရင် အပေါ်ယံ ပြောင်းလဲမှုမျိုးမဟုတ်ဘဲ စစ်မှန်တဲ့ ပြောင်းလဲမှုတွေကို တပ်မတော်ဘက်ကရော၊ အာဏာရပါတီဘက်ကပါ လုပ်ပြဖို့လိုတယ်လို့ ဒေါက်တာ တင်မောင်သန်းက သုံးသပ်ပါတယ်။

“အခုလောလောဆယ်မှာ ကျနော်တို့တွေ့ရတာ ဒါ အမေရိကန်နိုင်ငံက ခုနက ဥပဒေကြမ်း ၂ ရပ်ကို ပြဌာန်းဖို့ ကြိုးစားလာတာနဲ့ ရှေ့မှာဘဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီ စည်းဝေးပွဲကြီး ကျင်းပနေတယ်။ မြန်မာနိုင်ငံကသွားပြီးတော့လည်း ပြောကြ၊ ဆိုကြတာလည်း၊ တက်ရောက်ပြီးတော့ ရှင်းလင်း တင်ပြတာတွေလည်း ရှိလာမှာပေါ့နော်။ အလှည့်ကျ ပြောခွင့်ရတဲ့အခါမှာ ပြောမှာပေါ့နော်။ အဲဒီလို ပြောတဲ့အခါမှာလည်း ကုလသမဂ္ဂကို တက်ရောက်လာမယ့် ပြောဆိုတဲ့ မိန့်ခွန်းတွေမှာ ဗိုလ်ချုပ်ကြီးရဲ့ ခရီးစဉ်တွေက ဒီလိုလုပ်နေပါတယ် ဆိုတဲ့ ပြောဆိုချက်တွေလည်း ပါကောင်းလည်း ပါလာနိုင်ပါတယ်။ ဒါပေမယ့် သော့ချက်က အဲဒီလို လှုပ်ရှားမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံရေး သိက္ခာကို ပြန်လည် မြင့်တင်လို့ ရနိုင်မလားဆိုတဲ့ မေးခွန်းပါဘဲ။ အဲဒီလို ပျက်ဆီးသွားတဲ့ သိက္ခာကို ပြန်လည်မြင့်တင်ဖို့၊ ပြန်လည် ထူထောင်ဖို့ဆိုရင်တော့ ဒါ့ထက်မကတဲ့ အလုပ်တွေ လုပ်ပြဖို့လိုပါတယ်။ တကယ်ကို Institution သဘောအရ၊ အဖွဲ့အစည်းဆိုင်ရာအရ၊ ဥပဒေကြောင်းအရ တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လိုအပ်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုမှာ ဦးဆောင်တဲ့နေရာမှာပါတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ကလည်း မိမိနဲ့ သဘောထားမတူတဲ့သူတွေ အပေါ်မှာ ပြုမှု ဆက်ဆံပုံတွေအရ ပြောင်းလဲမှုတွေလည်း လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။”

အမေရိကန်အောက်လွှတ်တော်က စက်တင်ဘာ ၂၄ ရက်နေ့မှာ ချမှတ်လိုက်တဲ့ ဒီ BURAM Act ၂၀၁၉ ဟာ ဥပဒေကြမ်းအဆင့်သာ ရှိပါသေးတယ်။ ဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲအတည်ပြုဖို့ ကျန်နေပါသေးတယ်။ လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုပြီးရင်တောင် သမ္မတက လက်မှတ်ရေးထိုး အတည်ပြုဖို့ ကျန်နေပါသေးတယ်။

ဒါပေမယ့် ဒီဥပဒေကြမ်းကို အောက်လွှတ်တော်မှာရှိတဲ့ ပါတီကြီး ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေက ထောက်ခံထားကြတာကြောင့် အထက်လွှတ်တော်က အတည်ပြု၊ သမ္မတက လက်မှတ်ထိုးပြီး ဥပဒေအဖြစ် ပြဌာန်းတဲ့အဆင့်ကို ရောက်လာနိုင်ခြေ များတယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG