သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ျပႆနာ ဒုကၡသည္ေတြအတြက္ ေဒၚလာ ၁၂၇ သန္း ထပ္မံကူညီ


ဘဂၤလားေဒရွ္႕ ႏုိင္ငံမွာ ခိုလံႈေနရတဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြနဲ႔ လက္ခံထားတဲ႔ လူမႈအသိုင္းအ၀ိုင္း၊ ေနာက္ ျမန္မာႏုိင္ငံတြင္းမွာ အိုးအိမ္စြန္႔ခြာ ခိုလံႈေနရတဲ႔ ရိုဟင္ဂ်ာေတြနဲ႔ သက္ေရာက္မႈ ရွိေနတဲ႔ လူမႈအသိုင္းအ၀ိုင္းေတြ အတြက္ အေမရိကန္ ျပည္ေထာင္စုက ေဒၚလာ ၁၂၇ သန္းေက်ာ္ ထပ္ၿပီး ေထာက္ပံ႔မယ့္ အေၾကာင္း ေၾကညာလိုက္ပါတယ္။

အခု ေထာက္ပံ႔မယ့္ ရန္ပံုေငြထဲမွာေတာ့ ျမန္မာႏုိင္ငံတြင္းက ရိုဟင္ဂ်ာေတြ၊ ေနာက္ AA ရခုိင္ လက္နက္ကိုင္တပ္နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲေတြဒဏ္ ခံရသူေတြ အတြက္ အသက္ကယ္ ေထာက္ပံ႔မႈ အတြက္လည္း ပါ၀င္တယ္လို႔ အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Morgan Ortagus က ေၾကညာခ်က္ထုတ္ ေျပာဆိုထားပါတယ္။

ရိုဟင္ဂ်ာ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြ အမ်ားအျပား ပါ၀င္တဲ႔ ၉၀၀၀၀၀ ေက်ာ္ ရွိတဲ႔ ဒုကၡသည္ေတြ အတြက္ အေရးေပၚ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏုိင္မွာ ျဖစ္သလို သူတို႔ကို လက္ခံထားတဲ႔ ဘဂၤလားေဒရွ္႕ လူမႈ အသိုင္းအ၀ိုင္းရဲ႕ လိုအပ္ခ်က္ေတြကိုလည္း ေဆာင္ရြက္ေပးႏုိင္မယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

၂၀၁၇ ခုႏွစ္ ၾသဂုတ္လ အၾကမ္းဖက္ တို္က္ခုိက္မႈေတြ ေနာက္ပိုင္း ျမန္မာနဲ႔ ဘဂၤလားေဒရွ္႕ က ပဋိပကၡကို လူသားခ်င္း စာနာေထာက္ကူမႈ အျဖစ္ တုံ႔ျပန္ ကူညီမႈ အေနနဲ႔ အေမရိကန္ရဲ႕ ကူညီမႈက ေဒၚလာ ၆၆၉ သန္း ေက်ာ္ရွိခဲ႔ၿပီ ျဖစ္ၿပီး ဦးေဆာင္ ေထာက္ပံ႔သူ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီပဋိပကၡႀကီး အတြက္ လိုအပ္တဲ႔ ရန္ပံုေငြ လိုအပ္မႈက မ်ားျပားလွၿပီး အေမရိကန္ တႏုိင္ငံတည္းနဲ႔ ျပည့္မီေအာင္ ေပးႏုိင္မွာ မဟုတ္တဲ႔ အတြက္ တျခား ႏုိင္ငံေတြဘက္က ထည့္၀င္ ေထာက္ပံ႔မႈေတြကို ႀကိဳဆိုေၾကာင္း၊ တျခား ႏုိင္ငံေတြဘက္က ပိုၿပီး ထည့္၀င္ ပံ႔ပိုးၾကဖို႔လည္း အေမရိကန္က တိုက္တြန္းထားပါတယ္။

ရိုဟင္ဂ်ာ ပဋိပကၡကို ဘဂၤလားေဒရွ္႕ အစိုးရရဲ႕ ကိုင္တြယ္မႈ၊ ေနာက္ ဒုကၡခံစားရတဲ႔ လူထုထံကို အေထာက္အပ့ံေတြ အေသအခ်ာ ေရာက္ရွိေစေရး ေဆာင္ရြက္မႈေတြ အတြက္လည္း အေမရိကန္ ျပည္ေထာင္စုက ခ်ီးက်ဴး ေျပာဆိုပါတယ္။ ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို လက္ခံထားတဲ႔ ဘဂၤလားေဒရွ္႕ လူမႈ အသိုင္းအ၀ိုင္းေတြ အတြက္ လူသားခ်င္း စာနာမႈနဲ႔ ဖြံ႔ၿဖိဳးေရး အေထာက္အပံ႔ေတြ ေပးဖို႔ အေမရိကန္ ဘက္က ဆက္လက္ ပိုင္းျဖတ္ထားတယ္လို႔လည္း ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ဒုကၡသည္ေတြ ေဘးကင္းလံုၿခံဳမႈ ရွိရွိ၊ ဆႏၵအေလ်ာက္ ဂုဏ္သိကၡာနဲ႔ အညီ တည္တံ႔တဲ႔ ဌာေနျပန္ေရး ျဖစ္ေစမယ့္ အခင္းအက်င္းမ်ိဳးကို ျမန္မာဘက္က ဖန္တီး ေပးဖို႔လည္း အေမရိကန္ ျပည္ေထာင္စုက ဆက္ၿပီး တိုက္တြန္းထားပါတယ္။

ျမန္မာဘက္ကေတာ့ ဒုကၡသည္ေတြကိ စိစစ္ၿပီး ျပန္လက္ခံမယ္လို႔ ေျပာထားေပမယ့္ ရိုဟင္ဂ်ာ အသံုးအႏႈန္းကိုေတာ့ လက္သင့္မခံပါဘူး။ ဘဂၤလားေဒရွ္႕ ႏုိင္ငံက ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို ျမန္မာစာ သင္ၾကားေပးေရး ဘဂၤလားေဒရွ္႕ အစိုးရနဲ႔ ျမန္မာ အစိုးရၾကား ပူးေပါင္းေဆာင္ရြက္ဖို႔လည္း အေမရိကန္က တိုက္တြန္းထားပါတယ္။ ဒီေဆာင္ရြက္ခ်က္ဟာဆိုရင္ ျမန္မာႏုိင္ငံကို ျပန္လိုတဲ႔ ရိုဟင္ဂ်ာ လူငယ္ေတြ အေနနဲ႔ တျခား လူမႈ အသိုင္းအ၀ိုင္းေတြနဲ႔ သဟဇာတ ရွိစြာ ေပါင္းစည္းသြားႏိုင္ေရး အေထာက္အကူ ျဖစ္ေစမယ္လို႔လည္း အေမရိကန္ ႏုိင္ငံျခားေရး ဌာနက ေျပာဆိုထားပါတယ္။

...........................

{Unicode}

ရခိုင်ပြဿနာ ဒုက္ခသည်တွေအတွက် ဒေါ်လာ ၁၂၇ သန်းထပ်မံကူညီ

ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ လက်ခံထားတဲ့ လူမှုအသိုင်းအဝိုင်း၊ နောက် မြန်မာနိုင်ငံတွင်းမှာ အိုးအိမ်စွန့်ခွာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေနဲ့ သက်ရောက်မှု ရှိနေတဲ့ လူမှုအသိုင်းအဝိုင်းတွေ အတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၁၂၇ သန်းကျော် ထပ်ပြီး ထောက်ပံ့မယ့် အကြောင်း ကြေညာလိုက်ပါတယ်။

အခု ထောက်ပံ့မယ့် ရန်ပုံငွေထဲမှာတော့ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေ၊ နောက် AA ရခိုင် လက်နက်ကိုင်တပ်နဲ့ တပ်မတော်ကြား တိုက်ပွဲတွေဒဏ် ခံရသူတွေ အတွက် အသက်ကယ် ထောက်ပံ့မှု အတွက်လည်း ပါဝင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က ကြေညာချက်ထုတ် ပြောဆိုထားပါတယ်။

ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများအပြား ပါဝင်တဲ့ ၉၀၀၀၀၀ ကျော် ရှိတဲ့ ဒုက္ခသည်တွေ အတွက် အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို သူတို့ကို လက်ခံထားတဲ့ ဘင်္ဂလားဒေရှ့် လူမှု အသိုင်းအဝိုင်းရဲ့ လိုအပ်ချက်တွေကိုလည်း ဆောင်ရွက်ပေးနိုင်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း မြန်မာနဲ့ ဘင်္ဂလားဒေရှ့် က ပဋိပက္ခကို လူသားချင်း စာနာထောက်ကူမှု အဖြစ် တုံ့ပြန် ကူညီမှု အနေနဲ့ အမေရိကန်ရဲ့ ကူညီမှုက ဒေါ်လာ ၆၆၉ သန်း ကျော်ရှိခဲ့ပြီ ဖြစ်ပြီး ဦးဆောင် ထောက်ပံ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီပဋိပက္ခကြီး အတွက် လိုအပ်တဲ့ ရန်ပုံငွေ လိုအပ်မှုက များပြားလှပြီး အမေရိကန် တနိုင်ငံတည်းနဲ့ ပြည့်မီအောင် ပေးနိုင်မှာ မဟုတ်တဲ့ အတွက် တခြား နိုင်ငံတွေဘက်က ထည့်ဝင် ထောက်ပံ့မှုတွေကို ကြိုဆိုကြောင်း၊ တခြား နိုင်ငံတွေဘက်က ပိုပြီး ထည့်ဝင် ပံ့ပိုးကြဖို့လည်း အမေရိကန်က တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာ ပဋိပက္ခကို ဘင်္ဂလားဒေရှ့် အစိုးရရဲ့ ကိုင်တွယ်မှု၊ နောက် ဒုက္ခခံစားရတဲ့ လူထုထံကို အထောက်အပံ့တွေ အသေအချာ ရောက်ရှိစေရေး ဆောင်ရွက်မှုတွေ အတွက်လည်း အမေရိကန် ပြည်ထောင်စုက ချီးကျူး ပြောဆိုပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေရှ့် လူမှု အသိုင်းအဝိုင်းတွေ အတွက် လူသားချင်း စာနာမှုနဲ့ ဖွံ့ဖြိုးရေး အထောက်အပံ့တွေ ပေးဖို့ အမေရိကန် ဘက်က ဆက်လက် ပိုင်းဖြတ်ထားတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှု ရှိရှိ၊ ဆန္ဒအလျောက် ဂုဏ်သိက္ခာနဲ့ အညီ တည်တံ့တဲ့ ဌာနေပြန်ရေး ဖြစ်စေမယ့် အခင်းအကျင်းမျိုးကို မြန်မာဘက်က ဖန်တီး ပေးဖို့လည်း အမေရိကန် ပြည်ထောင်စုက ဆက်ပြီး တိုက်တွန်းထားပါတယ်။

မြန်မာဘက်ကတော့ ဒုက္ခသည်တွေကိ စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြောထားပေမယ့် ရိုဟင်ဂျာ အသုံးအနှုန်းကိုတော့ လက်သင့်မခံပါဘူး။ ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာစာ သင်ကြားပေးရေး ဘင်္ဂလားဒေရှ့် အစိုးရနဲ့ မြန်မာ အစိုးရကြား ပူးပေါင်းဆောင်ရွက်ဖို့လည်း အမေရိကန်က တိုက်တွန်းထားပါတယ်။ ဒီဆောင်ရွက်ချက်ဟာဆိုရင် မြန်မာနိုင်ငံကို ပြန်လိုတဲ့ ရိုဟင်ဂျာ လူငယ်တွေ အနေနဲ့ တခြား လူမှု အသိုင်းအဝိုင်းတွေနဲ့ သဟဇာတ ရှိစွာ ပေါင်းစည်းသွားနိုင်ရေး အထောက်အကူ ဖြစ်စေမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောဆိုထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG