သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ျပႆနာ အျမန္ေျဖရွင္းဖို႔ မေလးရွား၀န္ႀကီးခ်ဳပ္ ပန္ၾကား


မွတ္တမ္းဓာတ္ပံု - မေလးရွား ၀န္ႀကီးခ်ဳပ္ Mahathir Mohamad ကို တိုက်ိဳက သတင္းစာ ရွင္းလင္းပြဲမွာ ေတြ႔ရစဥ္။

အေမရိကန္ ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပေနတဲ့ (၇၄) ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ အဂၤါေန႔ေဆြးေႏြးပြဲေတြ အတြင္းမွာပဲ မေလးရွားဝန္ႀကီးခ်ဳပ္ မဟာသီယာမိုဟာမက္က ႐ိုဟင္ဂ်ာျပႆနာကို အျမန္ေျဖရွင္းေရး အတြက္ ႏိုင္ငံတကာက ပါဝင္ၾကဖို႔ ပန္ၾကားခဲ့ပါတယ္။
သဘာပတိနဲ႔ ႂကြေရာက္လာတဲ့ ပရိတ္သတ္မ်ားခင္ဗ်ား ျမန္မာအစိုးရဟာ ႐ိုဟင္ဂ်ာျပႆနာကို ေျဖရွင္းဖို႔ ဆႏၵမရွိဘူးဆိုတာ ထင္ရွားပါတယ္။ ဒါေၾကာင့္ ႏိုင္ငံတကာ အသိုင္းအဝိုင္းက လုပ္ေဆာင္ေပးဖို႔ ေတာင္းဆိုရတာ ျဖစ္ပါတယ္လို႔ မေလးရွားဝန္ႀကီးခ်ဳပ္က ေျပာသြားတာပါ။

ျမန္မာအစိုးရအေနနဲ႔ ေျဖရွင္းလိုတဲ့ ဆႏၵမရွိဘူးလို႔ စြပ္စြဲခဲ့ၿပီး ႐ိုဟင္ဂ်ာေတြ အေပၚ က်ဴးလြန္သူေတြကို အေရးယူေရးအတြက္ ICC ကို တင္ဖို႔ပါ အႀကံေပးခဲ့တာပါ။ ႐ိုဟင္ဂ်ာအေရးကို မေလးရွားအစိုးရက တတ္ႏိုင္သေလာက္ အကူညီမွာ ျဖစ္ၿပီး ႏိုင္ငံတကာ အသိုင္းဝိုင္းက ပါဝင္ေျဖရွင္း ေပးဖို႔ပါ ေတာင္းဆိုခဲ့တာပါ။

ကုလသမဂၢ အေထြေထြညီလာခံ ေဘးပန္းမွာ တနလာေနၤ့ ညေနပိုင္းတုန္းကေတာ့ ျမန္မာ၊ ဘဂၤလာေဒရွ႕္နဲ႔ တ႐ုတ္တို႔ သီးျခား ေတြ႕ဆုံၿပီး ႐ိုဟင္ဂ်ာေတြ ဌာေနျပန္ေရး လုပ္ငန္းစဥ္ျပန္စႏိုင္ဖို႔ အလြတ္သေဘာ ေဆြးေႏြးခဲ့ၾကတယ္လို႔ ကုလသမဂၢ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက VOA ကို ေျပာပါတယ္။ ႐ိုဟင္ဂ်ာ ဆိုတဲ့ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရက ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြ ျပန္လက္ခံဖို႔ ႀကိဳးစားေနေပမယ့္ အခုထိ မေအာင္ျမင္ေသးပါဘူး။

နယူးေယာက္ၿမိဳ႕ ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပေနတဲ့ (၇၄) ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ စက္တင္ဘာလ ၂၄ ရက္ အဂၤါေန႔က အေထြေထြမူဝါဒေရးရာ ေဆြးေႏြးပြဲ ဖြင့္ပြဲအခမ္းအနားကို က်င္းပခဲ့ၿပီး ျမန္မာႏိုင္ငံက ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးဦးေက်ာ္တင့္ေဆြ၊ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္၊ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္/ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္း၊ အေမရိကန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းတို႔ တက္ေရာက္ေနပါတယ္။

ႏိုင္ငံေပါင္း ၁၉၃ ႏိုင္ငံရဲ႕ ေခါင္းေဆာင္ေတြ တက္ေရာက္တဲ့ ဒီေဆြးေႏြးပြဲေတြကို စက္တင္ဘာလ ၃၀ ရက္ေန႔အထိ ဆက္လက္က်င္းပမွာ ျဖစ္ပါတယ္။ အေမရိကန္ သမၼတ Donald Trump အပါအဝင္ ႏိုင္ငံေပါင္း (၃၇) ႏိုင္ငံရဲ႕ ႏိုင္ငံအႀကီးအကဲေတြက မိန႔္ခြန္းေတြ ေျပာၾကား ခဲ့ၾကတာျဖစ္ၿပီး ေဆြးေႏြးပြဲအစီအစဥ္အရ ျမန္မာကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြက စက္တင္ဘာလ ၂၈ ရက္ေန႔မွာ မိန႔္ခြန္းေျပာၾကားဖို႔ရွိပါတယ္။
(ယူနီကုဒ္)


အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အင်္ဂါနေ့ဆွေးနွေးပွဲတွေ အတွင်းမှာပဲ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ရိုဟင်ဂျာပြဿနာကို အမြန်ဖြေရှင်းရေး အတွက် နိုင်ငံတကာက ပါဝင်ကြဖို့ ပန်ကြားခဲ့ပါတယ်။
သဘာပတိနဲ့ ကြွရောက်လာတဲ့ ပရိတ်သတ်များခင်ဗျား မြန်မာအစိုးရဟာ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့ ဆန္ဒမရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်ဆောင်ပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောသွားတာပါ။ မြန်မာအစိုးရအနေနဲ့ ဖြေရှင်းလိုတဲ့ ဆန္ဒမရှိဘူးလို့ စွပ်စွဲခဲ့ပြီး ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်သူတွေကို အရေးယူရေးအတွက် ICC ကို တင်ဖို့ပါ အကြံပေးခဲ့တာပါ။ ရိုဟင်ဂျာအရေးကို မလေးရှားအစိုးရက တတ်နိုင်သလောက် အကူညီမှာ ဖြစ်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းက ပါဝင်ဖြေရှင်း ပေးဖို့ပါ တောင်းဆိုခဲ့တာပါ။
ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးပန်းမှာ တနလာင်္နေ့ ညနေပိုင်းတုန်းကတော့ မြန်မာ၊ ဘင်္ဂလာဒေရှ့်နဲ့ တရုတ်တို့ သီးခြား တွေ့ဆုံပြီး ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ပြန်စနိုင်ဖို့ အလွတ်သဘော ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက VOA ကို ပြောပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လက်ခံဖို့ ကြိုးစားနေပေမယ့် အခုထိ မအောင်မြင်သေးပါဘူး။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာလ ၂၄ ရက် အင်္ဂါနေ့က အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းတို့ တက်ရောက်နေပါတယ်။
နိုင်ငံပေါင်း ၁၉၃ နိုင်ငံရဲ့ ခေါင်းဆောင်တွေ တက်ရောက်တဲ့ ဒီဆွေးနွေးပွဲတွေကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ Donald Trump အပါအဝင် နိုင်ငံပေါင်း (၃၇) နိုင်ငံရဲ့ နိုင်ငံအကြီးအကဲတွေက မိန့်ခွန်းတွေ ပြောကြား ခဲ့ကြတာဖြစ်ပြီး ဆွေးနွေးပွဲအစီအစဉ်အရ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာလ ၂၈ ရက်နေ့မှာ မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG