သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ျပည္နယ္အေရး တ႐ုတ္၊ ျမန္မာ၊ ဘဂၤလားေဒ့ရွ္ ၃ ပြင့္ဆုိင္ေဆြးေႏြး


ရခုိင္ျပည္နယ္အေရး တ႐ုတ္၊ ျမန္မာ၊ ဘဂၤလားေဒ့ရွ္ ၃ ပြင့္ဆုိင္ေဆြးေႏြး (ဓါတ္ပံု-CCTV)

ျမန္မာႏုိင္ငံ ရခိုင္ျပည္နယ္အေရးနဲ႔ပတ္သက္လို႔ ျမန္မာ၊ တ႐ုတ္နဲ႔ ဘဂၤလားေဒ့ရွ္ သံုးႏိုင္ငံက အစိုးရအရာရွိေတြ တနလၤာေန႔က ကုလသမဂၢ အေထြေထြညီလာခံ အျပန္ဘန္းမွာ သီးျခားေတြ႔ဆံုခဲ့ၾကျပီး ရခုိင္အေရး ကိုင္တြယ္ေျဖရွင္းႏုိင္မယ့္ အခ်က္သံုးခ်က္အေပၚ သေဘာတူညီမႈ ရယူခဲ့ၾကပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြေနရပ္ျပန္ဖုိ႔ အေရးႀကီးတယ္ဆုိတာကို သံုးႏိုင္ငံစလံုးက လက္ခံၿပီး ဒါကို အျမန္ဆံုးေဆာင္ရြက္သြားဖို႔၊ ဒီလိုေဆာင္ရြက္ရာမွာ ႏိုင္ငံျခားေရးဌာနေတြရဲ႕ ညြန္ၾကားမႈေတြနဲ႔အညီ ပူးေပါင္းေဆာင္ရြက္ သြားႏိုင္ဖို႔အတြက္ တ႐ုတ္-ျမန္မာ-ဘဂၤလားေဒ့ရွ္ ပူးတြဲလုပ္ငန္းအဖြဲ႔ ဖြဲ႔စည္းဖို႔နဲ႔ ရခိုင္ျပည္နယ္အေရး ျပႆနာ ကိုင္တြယ္ေျဖရွင္းရာမွာ ေဒသ ဖြံ႔ၿဖိဳး တုိးတက္ေရးကို အဓိက ဦးစားေပးေဆာင္ရြက္သြားဖို႔ သံုးႏုိင္ငံကအရာရွိေတြ သေဘာတူခဲ့ၾကတဲ့အေၾကာင္း တ႐ုတ္အစိုးရ Xinhua သတင္းမွာ ေဖာ္ျပထားပါတယ္။

ေရွ႕ဆက္ အျပန္အလွန္ ဆက္သြယ္ေျပာဆိုမႈေတြနဲ႔ ညိႇႏိႈင္းတုိင္ပင္ၿပီး ဒုကၡသည္ေတြ ေနရပ္ အျမန္ဆံုး ျပန္ႏုိင္ေရး ေဆာင္ရြက္သြားဖုိ႔ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီး Wang Yi က ဒီေတြ႔ဆံုပြဲအတြင္း တိုက္တြန္း ေျပာဆိုခဲ့သလို၊ မိတ္ေဆြ ႏုိင္ငံေတြ ျဖစ္ၾကတဲ့အတိုင္း ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္နုိင္ငံေတြကို လိုအပ္တဲ့ အကူအညီ အေထာက္အပံ့ေတြ ေပးသြားဖုိ႔ တ႐ုတ္အစုိးရက အဆင္သင့္ ရွိေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

တ႐ုတ္ ႏိုင္ငံေတာ္ ေကာင္စီ၀န္လည္းျဖစ္၊ ႏုိင္ငံျခားေရး၀န္ႀကီးလည္းျဖစ္တဲ့ Wang Yi ဦးေဆာင္ျပီး ျမန္မာႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္႐ံုး ၀န္ႀကီး ဦးေက်ာ္တင့္ေဆြ နဲ႔ ဘဂၤလားေဒ့ရွ္ႏိင္ငံျခားေရး၀န္ႀကီး AK Abdul Momen အျပင္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener တို႔ ေဆြးေႏြးပြဲကို တက္ေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္။

......................

{Unicode}

ရခိုင်ပြည်နယ်အရေး တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ၃ ပွင့်ဆိုင်ဆွေးနွေး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ မြန်မာ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံက အစိုးရအရာရှိတွေ တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ အပြန်ဘန်းမှာ သီးခြားတွေ့ဆုံခဲ့ကြပြီး ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အချက်သုံးချက်အပေါ် သဘောတူညီမှု ရယူခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေနေရပ်ပြန်ဖို့ အရေးကြီးတယ်ဆိုတာကို သုံးနိုင်ငံစလုံးက လက်ခံပြီး ဒါကို အမြန်ဆုံးဆောင်ရွက်သွားဖို့၊ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံခြားရေးဌာနတွေရဲ့ ညွန်ကြားမှုတွေနဲ့အညီ ပူးပေါင်းဆောင်ရွက် သွားနိုင်ဖို့အတွက် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့နဲ့ ရခိုင်ပြည်နယ်အရေး ပြဿနာ ကိုင်တွယ်ဖြေရှင်းရာမှာ ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကို အဓိက ဦးစားပေးဆောင်ရွက်သွားဖို့ သုံးနိုင်ငံကအရာရှိတွေ သဘောတူခဲ့ကြတဲ့အကြောင်း တရုတ်အစိုးရ Xinhua သတင်းမှာ ဖော်ပြထားပါတယ်။

ရှေ့ဆက် အပြန်အလှန် ဆက်သွယ်ပြောဆိုမှုတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဒုက္ခသည်တွေ နေရပ် အမြန်ဆုံး ပြန်နိုင်ရေး ဆောင်ရွက်သွားဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဒီတွေ့ဆုံပွဲအတွင်း တိုက်တွန်း ပြောဆိုခဲ့သလို၊ မိတ်ဆွေ နိုင်ငံတွေ ဖြစ်ကြတဲ့အတိုင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေ ပေးသွားဖို့ တရုတ်အစိုးရက အဆင်သင့် ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တရုတ် နိုင်ငံတော် ကောင်စီဝန်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Wang Yi ဦးဆောင်ပြီး မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ နဲ့ ဘင်္ဂလားဒေ့ရှ်နိင်ငံခြားရေးဝန်ကြီး AK Abdul Momen အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener တို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG