သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္အေရး အိမ္နီးခ်င္းေတြ ကုလမွာေဆြးေႏြး


ရိုဟင္ဂ်ာဒုကၡသည္ေတြ ျမန္မာႏိုင္ငံမွာ အတူယွဥ္တြဲေနထုိင္ႏိုင္ေအာင္ လုပ္ေပးဖုိ႔ဆႏၵ ျမန္မာအစိုးရမွာရွိေၾကာင္း ျပသဖို႔ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina က ပန္ၾကားလိုက္ပါတယ္။ ရိုဟင္ဂ်ာျပႆနာကို ၿငိမ္းခ်မ္းစြာနဲ႔ ေရရွည္အတြက္ ေျဖရွင္းဖုိ႔ အခ်က္ ၄ ခ်က္ကိုလည္း ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္က ေသာၾကာေန႔ ကုလသမဂၢအေထြေထြညီလာခံ မွာ တင္ျပခဲ့ပါတယ္။ အဲဒီညီလာခံမွာပဲ တရုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ကေတာ့ ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး အတြက္ လက္ေတြ႔က်တဲ့ အကူညီေတြ ေပးၾကဖုိ႔ ေျပာၾကားခဲ့တာပါ။

အျပည့္အစံုကို ေဒၚခင္မ်ိဳးသက္က ေျပာျပေပးမွာပါ။

နယူးေရာက္မွာ က်င္းပေနတဲ့ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ မွာ စက္တင္ဘာလ ၂၇ ရက္ ေသာၾကာေန႔က ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina က ရိုဟင္ဂ်ာေတြ ဌာေနျပန္ပို႔ေရးနဲ႔ ပတ္သက္ၿပီး ေရရွည္အတြက္ ေျဖရွင္းဖို႔ အခ်က္ ၄ ခ်က္ပါတဲ့ အဆိုျပဳခ်က္ကို တင္ျပခဲ့ပါတယ္။

“အရင္တုန္းက တင္ျပခဲ့သလိုပဲ ဒီကေန႔ က်မထပ္ၿပီး တင္ျပခ်င္ပါတယ္။ ပထမအခ်က္ အေနနဲ႔ ရိုဟင္ဂ်ာေတြ ျမန္မာအသိုင္းဝို္င္းနဲ႔ ေရရွည္ အတူယွဥ္တြဲ ေနထိုင္ႏုိင္ေရးအတြက္ ႏိုင္ငံေရးအရ ဆႏၵရွိေၾကာင္း ျမန္မာဘက္က ရွင္းရွင္းလင္းလင္း ျပသၿပီး ခိုင္ခိုင္မာမာ လုပ္ျပဖို႔ပါ။ ဒုတိယအခ်က္ကေတာ့ ရိုဟင္ဂ်ာေတြၾကား ယံုၾကည္မႈတည္ေဆာက္ေပးဖို႔အတြက္ ခြဲျခားဆက္ဆံမႈမလုပ္ပဲ ခြဲျခားတဲ့ ဥပေဒေတြဖ်က္သိမ္းဖို႔နဲ႔ ရခိုင္ေျမာက္ပိုင္းကို ရိုဟင္ဂ်ာကိုယ္စားလွယ္ေတြ သြားေရာက္ၾကည့္ခြင့္ေပးဖို႔ ျဖစ္ပါတယ္။ တတိယ အခ်က္အေနနဲ႔ကေတာ့ ရိုဟင္ဂ်ာေတြရဲ့ လံုၿခံဳစိတ္ခ်ရေရးကို အာမခံဖို႔၊ ရခိုင္ျပည္နယ္ထဲက ႏိုင္ငံတကာ အဖြဲ႔ေတြ အရပ္ဖက္ေစာင့္ၾကည့္ေရးေတြ ခ်ထားေပးဖုိ႔ ျဖစ္ၿပီး စတုတၳအခ်က္ကေတာ့ ႏိုင္ငံတကာအသိုင္းဝိုင္း အေနနဲ႔ ရိုဟင္ဂ်ာျပႆနာ ရဲ့ အေၾကာင္းရင္းကို ထုတ္ေဖၚေျပာဆိုၿပီး က်ဴးလြန္သူေတြ ပစ္ဒဏ္ခံရေစဖို႔ လုပ္ေဆာင္ေပးဖို႔ပါ”

လို႔ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina က စကားစျပန္ကေန တဆင့္ ေျပာၾကားခဲ့ပါတယ္။

ရိုဟင္ဂ်ာဒုကၡသည္ေတြဟာ ျမန္မာႏိုင္ငံမွာ လံုၿခံဳမႈ၊ လြတ္လပ္မႈမရွိတဲ့ အတြက္ မျပန္ႏုိင္ၾကတာ ျဖစ္ၿပီး ဒါကို ႏိုင္ငံတကာက နားလည္ဖို႔လည္း ပန္ၾကားခဲ့ပါတယ္။ ရိုဟင္ဂ်ာဒုကၡသည္ ျပႆနာဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ဆိုးဆိုးဝါးဝါး သက္ေရာက္မႈ ရွိေနတဲ့အတြက္ ဒီျပႆနာကို ႏုိင္ငံတကာက ဝိုင္းဝန္းေျဖရွင္းေပးဖို႔လည္း ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။

၇၂ ႀကိမ္ေျမာက္ ကုလအေထြေထြညီလာခံတုန္းကေတာ့ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္က အခ်က္ ၅ ခ်က္ပါ အဆိုျပဳခ်က္ကို တင္သြင္းခဲ့တာ ျဖစ္ၿပီး အဲဒီထဲမွာ ရခိုင္အေရး အေျဖရွာတဲ့ ကိုဖီအာနန္ေကာ္မရွင္ရဲ့ အႀကံျပဳခ်က္ေတြကို အျပည့္အဝ အေကာင္ထည္ေဖၚေပးဖို႔အျပင္ ရခုိင္ျပည္နယ္ထဲမွာ ကုလသမဂၢနဲ႔ တြဲၿပီး အရပ္ဖက္က ေစာင့္ၾကည့္ႏုိင္တဲ့ ေဘးကင္းတဲ့ ဇံုတခု ဖန္တီးေပးဖို႔ ပန္ၾကားခဲ့တာပါ။ ဒါ့အျပင္ ရခိုင္ျပည္နယ္တြင္း အၾကမ္းဖက္မႈေတြ ရပ္ဆိုင္းဖို႔၊ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က ျမန္မာႏိုင္ငံထဲကို အခ်က္လက္ရွာ အဖြဲ႔ ခ်က္ခ်င္း ေစလႊတ္ဖို႔နဲ႔ ရိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးလုပ္ေဆာင္ဖုိ႔ ပါဝင္ပါတယ္။

၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာပဲ ေသာၾကာေန႔က မိန္႔ခြန္းေျပာၾကားတဲ့ မေလးရွားဝန္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမက္ ကေတာ့ ကမာၻတလႊားျပႆနာေတြထဲမွာ အိုးအိမ္ေျပာင္းေရႊ႕အေျခခ်သူေတြရဲ့ အေျခေနဟာ သိပ္ကို ဆိုးဝါးေနေၾကာင္းနဲ႔ ဒီအထဲမွာ ရိုဟင္ဂ်ာေတြရဲ့ အေျခေနက အဆိုးဆံုးျဖစ္ၿပီး ကုလသမဂၢက အေရးယူေဆာင္ရြက္ဖုိ႔ ပ်က္ကြက္ေနတယ္လို႔ ေဝဖန္ခဲ့ပါတယ္။

“သဘာပတိႀကီး ခင္ဗ်ား ဒီကိစၥနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံက ရိုဟင္ဂ်ာေတြကို ဥပမာေပး ေျပာျပခ်င္ပါတယ္။ အေနာက္ႏိုင္ငံေတြရဲ့ ကိုလုိနီျဖစ္ခဲ့တဲ့ႏိုင္ငံ အမ်ားအျပားဟာ လြတ္လပ္ေရး ရသြားတဲ့အခါ သူတို႔ႏုိင္ငံသား မဟုတ္သူေတြကို ေမာင္းထုတ္ၾကပါတယ္။ ဒီအထဲမွာ ျမန္မာႏိုင္ငံေလာက္ ဆိုးတဲ့ႏိုင္ငံမရွိပါဘူး” လို႔ မေလးရွားဝန္ႀကီးခ်ဳပ္က ေျပာသြားတာပါ။

ဒီလိုရက္စက္မႈေတြေၾကာင့္ သူတုိ႔ဟာ ဌာေနကို ခုထိ မျပန္ရဲပဲျဖစ္ေနၾကေၾကာင္းနဲ႔ ဒီလို အျဖစ္ဆိုးေတြကို ဟန္႔တားေပးမယ့္ အကူအညီ ကင္းမဲ့ေနတာဟာ ကုလသမဂၢရဲ့ စြမ္းအားနဲ႔ လုပ္ေဆာင္ႏုိင္မႈကို ေလ်ာ့ပါးေစတယ္ လို႔လည္းေဝဖန္ခဲ့ပါတယ္။

ေသာၾကာေန႔ ကုလသမဂၢ အေထြေထြညီလာခံမွာပဲ မိန္႔ခြန္းေျပာၾကားခဲ့တဲ့ တရုတ္ႏိုင္ငံေတာ္ ေကာင္စီဝင္ျဖစ္တဲ့ တရုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ကေတာ့ ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရးအတြက္ လက္ေတြ႔က်တဲ့ အကူညီေတြ ေပးၾကဖုိ႔ ေတာင္းဆိုခဲ့ပါတယ္။

“အိုးအိမ္ေျပာင္းေရႊ႕ေနထိုင္ၾကသူေတြ ဌာေနျပန္ေရးနဲ႔ ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာတို႔ၾကား လုပ္ေဆာင္ေနမႈမွာ တရုတ္ရဲ့ ၾကားဝင္ေဆာင္ရြက္ေပးခဲ့မႈေၾကာင့္ အခု ၂ ႏိုင္ငံၾကား ဘံုသေဘာတူညီမႈ အသစ္ေတြ ရခဲ့ပါတယ္။ ဒီကိစၥေအာင္ျမင္ေအာင္ လုပ္ေဆာင္ေရးဟာ သိပ္ေတာ့ မလြယ္လွပါဘူး။ ဒါေပမယ့္ ျပႆနာအတြက္ အေျဖမရဘူးဆိုၿပီး ဘာမွမလုပ္ပဲ ေစာင့္ေနမယ္ ဆိုရင္ လူသားခ်င္းစာနာမႈ အေျခေနေတြက ပိုဆိုးလာမွာ ျဖစ္ပါတယ္။ ရခိုင္အေရးနဲ႔ ပတ္သက္ၿပီး ေနာက္ဆံုး အေျဖရွာႏုိင္ဖုိ႔ လက္ေတြ႔က်က် လုပ္ေဆာင္မွသာ ဌာေနျပန္ပို႔ေရးအတြက္ အေျခေနေတြျဖစ္လာမွာပါ။ ဒါေၾကာင့္ ကုလသမဂၢ အဖြဲ႔အစည္းေတြ အပါအဝင္ သက္ဆိုင္ရာ အဖြဲ႔အသီးသီးက ဒီလုပ္ငန္းစဥ္ ေနာက္မျပန္ပဲ ေရွ႕ဆက္သြားႏိုင္ေအာင္ ပါဝင္ကူညီရမွာ ျဖစ္ပါတယ္။”လုိ႔ စကားျပန္အမ်ိဳးသမီး ကေန တဆင့္ေျပာျပခဲ့တာပါ။

ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ဒီဒုကၡသည္ေတြကို ျပန္လက္ခံမယ္လုိ႔ ေျပာၾကားထားသလို ဘဂၤလာေဒ့ရွ္ ႏိုင္ငံနဲ႔ေရာ ကုလသမဂၢ အဖြဲ႔အစည္းေတြနဲ႔ပါ လက္တြဲ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။

..................

{Unicode}

ရိုဟင်ဂျာဒုက္ခသည်အရေး အိမ်နီးချင်းတွေ ကုလမှာဆွေးနွေး

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံမှာ အတူယှဉ်တွဲနေထိုင်နိုင်အောင် လုပ်ပေးဖို့ဆန္ဒ မြန်မာအစိုးရမှာရှိကြောင်း ပြသဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ပန်ကြားလိုက်ပါတယ်။ ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းစွာနဲ့ ရေရှည်အတွက် ဖြေရှင်းဖို့ အချက် ၄ ချက်ကိုလည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သောကြာနေ့ ကုလသမဂ္ဂအထွေထွေညီလာခံ မှာ တင်ပြခဲ့ပါတယ်။ အဲဒီညီလာခံမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် လက်တွေ့ကျတဲ့ အကူညီတွေ ပေးကြဖို့ ပြောကြားခဲ့တာပါ။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

နယူးရောက်မှာ ကျင်းပနေတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မှာ စက်တင်ဘာလ ၂၇ ရက် သောကြာနေ့က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ရိုဟင်ဂျာတွေ ဌာနေပြန်ပို့ရေးနဲ့ ပတ်သက်ပြီး ရေရှည်အတွက် ဖြေရှင်းဖို့ အချက် ၄ ချက်ပါတဲ့ အဆိုပြုချက်ကို တင်ပြခဲ့ပါတယ်။

“အရင်တုန်းက တင်ပြခဲ့သလိုပဲ ဒီကနေ့ ကျမထပ်ပြီး တင်ပြချင်ပါတယ်။ ပထမအချက် အနေနဲ့ ရိုဟင်ဂျာတွေ မြန်မာအသိုင်းဝိုင်းနဲ့ ရေရှည် အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် နိုင်ငံရေးအရ ဆန္ဒရှိကြောင်း မြန်မာဘက်က ရှင်းရှင်းလင်းလင်း ပြသပြီး ခိုင်ခိုင်မာမာ လုပ်ပြဖို့ပါ။ ဒုတိယအချက်ကတော့ ရိုဟင်ဂျာတွေကြား ယုံကြည်မှုတည်ဆောက်ပေးဖို့အတွက် ခွဲခြားဆက်ဆံမှုမလုပ်ပဲ ခွဲခြားတဲ့ ဥပဒေတွေဖျက်သိမ်းဖို့နဲ့ ရခိုင်မြောက်ပိုင်းကို ရိုဟင်ဂျာကိုယ်စားလှယ်တွေ သွားရောက်ကြည့်ခွင့်ပေးဖို့ ဖြစ်ပါတယ်။ တတိယ အချက်အနေနဲ့ကတော့ ရိုဟင်ဂျာတွေရဲ့ လုံခြုံစိတ်ချရရေးကို အာမခံဖို့၊ ရခိုင်ပြည်နယ်ထဲက နိုင်ငံတကာ အဖွဲ့တွေ အရပ်ဖက်စောင့်ကြည့်ရေးတွေ ချထားပေးဖို့ ဖြစ်ပြီး စတုတ္ထအချက်ကတော့ နိုင်ငံတကာအသိုင်းဝိုင်း အနေနဲ့ ရိုဟင်ဂျာပြဿနာ ရဲ့ အကြောင်းရင်းကို ထုတ်ဖေါ်ပြောဆိုပြီး ကျူးလွန်သူတွေ ပစ်ဒဏ်ခံရစေဖို့ လုပ်ဆောင်ပေးဖို့ပါ”

လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က စကားစပြန်ကနေ တဆင့် ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံမှာ လုံခြုံမှု၊ လွတ်လပ်မှုမရှိတဲ့ အတွက် မပြန်နိုင်ကြတာ ဖြစ်ပြီး ဒါကို နိုင်ငံတကာက နားလည်ဖို့လည်း ပန်ကြားခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည် ပြဿနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆိုးဆိုးဝါးဝါး သက်ရောက်မှု ရှိနေတဲ့အတွက် ဒီပြဿနာကို နိုင်ငံတကာက ဝိုင်းဝန်းဖြေရှင်းပေးဖို့လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

၇၂ ကြိမ်မြောက် ကုလအထွေထွေညီလာခံတုန်းကတော့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က အချက် ၅ ချက်ပါ အဆိုပြုချက်ကို တင်သွင်းခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ရခိုင်အရေး အဖြေရှာတဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အဝ အကောင်ထည်ဖေါ်ပေးဖို့အပြင် ရခိုင်ပြည်နယ်ထဲမှာ ကုလသမဂ္ဂနဲ့ တွဲပြီး အရပ်ဖက်က စောင့်ကြည့်နိုင်တဲ့ ဘေးကင်းတဲ့ ဇုံတခု ဖန်တီးပေးဖို့ ပန်ကြားခဲ့တာပါ။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံထဲကို အချက်လက်ရှာ အဖွဲ့ ချက်ချင်း စေလွှတ်ဖို့နဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးလုပ်ဆောင်ဖို့ ပါဝင်ပါတယ်။

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာပဲ သောကြာနေ့က မိန့်ခွန်းပြောကြားတဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ကတော့ ကမ္ဘာတလွှားပြဿနာတွေထဲမှာ အိုးအိမ်ပြောင်းရွှေ့အခြေချသူတွေရဲ့ အခြေနေဟာ သိပ်ကို ဆိုးဝါးနေကြောင်းနဲ့ ဒီအထဲမှာ ရိုဟင်ဂျာတွေရဲ့ အခြေနေက အဆိုးဆုံးဖြစ်ပြီး ကုလသမဂ္ဂက အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

“သဘာပတိကြီး ခင်ဗျား ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ဥပမာပေး ပြောပြချင်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ ကိုလိုနီဖြစ်ခဲ့တဲ့နိုင်ငံ အများအပြားဟာ လွတ်လပ်ရေး ရသွားတဲ့အခါ သူတို့နိုင်ငံသား မဟုတ်သူတွေကို မောင်းထုတ်ကြပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံလောက် ဆိုးတဲ့နိုင်ငံမရှိပါဘူး” လို့ မလေးရှားဝန်ကြီးချုပ်က ပြောသွားတာပါ။

ဒီလိုရက်စက်မှုတွေကြောင့် သူတို့ဟာ ဌာနေကို ခုထိ မပြန်ရဲပဲဖြစ်နေကြကြောင်းနဲ့ ဒီလို အဖြစ်ဆိုးတွေကို ဟန့်တားပေးမယ့် အကူအညီ ကင်းမဲ့နေတာဟာ ကုလသမဂ္ဂရဲ့ စွမ်းအားနဲ့ လုပ်ဆောင်နိုင်မှုကို လျော့ပါးစေတယ် လို့လည်းဝေဖန်ခဲ့ပါတယ်။

သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာပဲ မိန့်ခွန်းပြောကြားခဲ့တဲ့ တရုတ်နိုင်ငံတော် ကောင်စီဝင်ဖြစ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် လက်တွေ့ကျတဲ့ အကူညီတွေ ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

“အိုးအိမ်ပြောင်းရွှေ့နေထိုင်ကြသူတွေ ဌာနေပြန်ရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ကြား လုပ်ဆောင်နေမှုမှာ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်ပေးခဲ့မှုကြောင့် အခု ၂ နိုင်ငံကြား ဘုံသဘောတူညီမှု အသစ်တွေ ရခဲ့ပါတယ်။ ဒီကိစ္စအောင်မြင်အောင် လုပ်ဆောင်ရေးဟာ သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် ပြဿနာအတွက် အဖြေမရဘူးဆိုပြီး ဘာမှမလုပ်ပဲ စောင့်နေမယ် ဆိုရင် လူသားချင်းစာနာမှု အခြေနေတွေက ပိုဆိုးလာမှာ ဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး နောက်ဆုံး အဖြေရှာနိုင်ဖို့ လက်တွေ့ကျကျ လုပ်ဆောင်မှသာ ဌာနေပြန်ပို့ရေးအတွက် အခြေနေတွေဖြစ်လာမှာပါ။ ဒါကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အသီးသီးက ဒီလုပ်ငန်းစဉ် နောက်မပြန်ပဲ ရှေ့ဆက်သွားနိုင်အောင် ပါဝင်ကူညီရမှာ ဖြစ်ပါတယ်။”လို့ စကားပြန်အမျိုးသမီး ကနေ တဆင့်ပြောပြခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒီဒုက္ခသည်တွေကို ပြန်လက်ခံမယ်လို့ ပြောကြားထားသလို ဘင်္ဂလာဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ပါ လက်တွဲ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG