သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပန္၀င္ဒုကၡသည္ေတြကို ထုတ္ေပးမယ္႔ကတ္ျပားကိစၥ ဘဂၤလား -ျမန္မာ ႐ွင္းလင္းခ်က္


ျမန္မာႏုိင္ငံမွာ ႏုိင္ငံသားျဖစ္ခြင့္၊ ႏိုင္ငံသားျဖစ္ေၾကာင္း နဲ႔ ႏိုင္ငံတြင္းေမြးဖြားသူျဖစ္ေၾကာင္း စတဲ့ အေထာက္အထားေတြနဲ ႔ပတ္သက္လို႔ အမ်ားစုက ေရေရရာရာမသိဘဲ ေရာေထြးေနခ်ိန္မွာ ဘဂၤလားေဒရွ္႕ ႏုိင္ငံျခားေရးဝန္ႀကီးက ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ျမန္မာအစိုးရက အေမရိကန္က အျမဲတမ္းေနထိုင္ခြင့္အတြက္ ထုတ္ေပးတဲ့ Green Card နဲ႔ ဆင္တူတဲ့ NVC လို႔ေခၚတဲ့ ကတ္ေတြ ထုတ္ေပးမယ္၊ စိစစ္ၿပီးတဲ့အခါ NID ကတ္ေတြ ထုတ္ေပးမယ္လို႔ သေဘာတူလုိက္ၿပီျဖစ္ေၾကာင္း ေျပာလုိက္ပါတယ္။ မေန႔ ဗုဒၶဟူးေန႔က ဗီြအိုေအ ဘဂၤလားေဒ့ရွ္ ဌာနက ဆက္သြယ္ေမးျမန္းခ်ိန္မွာ ဘဂၤလားေဒရွ္႕ ႏုိင္ငံျခားေရးဝန္ႀကီးက အခုလို ေျပာသြားတာ ျဖစ္ပါတယ္။
" ျမန္မာအစိုးရက ေနရပ္စြန္႔ခြာထြက္ေျပးရသူ ရုိဟင္ဂ်ာ ဒုကၡသည္ေတြကို ျပန္လည္ လက္ခံဖို႔ သေဘာတူသလို ျပန္လာသူ အားလုံးကိုလည္း NVC ကတ္ျပား ထုတ္ေပးမွာ ျဖစ္ပါတယ္။ အဲဒီေနာက္ စိစစ္မႈေတြ ျပဳလုပ္ျပီး အမ်ိဳးသား မွတ္ပုံတင္ (national ID card) ကတ္ထုတ္ေပးမွာ ျဖစ္ပါတယ္။ ျပန္လည္ လက္ခံေရးနဲ႔ ျပန္လည္ ေပါင္းစည္းေရးကို ေစာင့္ၾကည့္ဖို႔နဲ႔ ၾကီးၾကပ္ကြပ္ကဲဖို႔ ျမန္မာ၊ ဘဂၤလားေဒ့ရွ္နဲ႔ တရုတ္ တို႔ပါ၀င္တဲ့ ပူးတြဲ ေကာ္မတီတစ္ရပ္ဖြဲ႕စည္းပါမယ္။ ”

ဒီကိစၥနဲ႔ပတ္သက္ၿပီး ရွင္းလင္းေျပာျပဖို႔ အေမရိကန္ဆုိင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းကို ကိုရဲမင္းထြန္းက ဆက္သြယ္ေမးျမန္းၾကည့္တာမွာေတာ့ သံအမတ္ႀကီးက အခုလို ေျပာျပပါတယ္။

သံအမတ္ႀကီး ဦးေအာင္လင္း ။ ။ က်ေနာ္ သိသေလာက္ေတာ့ ေျပာျပမယ္။ အဲဒီ ေျပာျပရတဲ႔ အခ်က္အလက္ကလည္း က်ေနာ္တို႔ရဲ႕ ကုလသမဂၢကို လာေရာက္တဲ႔ ျမန္မာ ကိုယ္စားလွယ္ အဖြဲ႔ ေခါင္းေဆာင္ ျပည္ေထာင္စု ၀န္ႀကီး ဦးေက်ာ္တင့္ေဆြ ေျပာထားတဲ႔ အခ်က္အလက္ေတြရယ္၊ ေနာက္ၿပီးေတာ့ က်ေနာ္႔ဆီမွာ က်ေနာ္႔ရဲ႕ မိတ္ေဆြေတြကေန ၿပီးေတာ့ ရရွိထားတဲ႔ အခ်က္အလက္ ေတြကို က်ေနာ္ ေျပာျပပါရေစ။ ျပည္ေထာင္စု ၀န္ႀကီး ေျပာသြားတဲ႔ အထဲမွာေတာ့ သူတို႔ကို တဖက္ႏုိင္ငံကို ေရာက္သြားတဲ႔သူေတြ အေနနဲ႔ ျမန္မာႏုိင္ငံကို ျပန္လာတဲ႔ အခါက်ရင္ သက္ေသခံ ကတ္ျပား Identification Card တခုကို သူတို႔ကို ထုတ္ေပးမယ္။ အဲဒီ Identification Card ဆိုတဲ႔ ဟာကလည္း ဘာလဲဆိုေတာ့ National Verification ႏိုင္ငံသား စိစစ္ေရး ကတ္ျပား ထုတ္ေပးႏုိင္ဖို႔ အတြက္ကို စတဲ႔ ျဖစ္စဥ္ တခုေပါ့။ အဲဒီဟာလို႔ က်ေနာ္ သိရပါတယ္။

ကိုရဲမင္းထြန္း။ ။ ျပည္ေထာင္စု ၀န္ႀကီး ဦးေက်ာ္တင့္ေဆြ ေျပာတဲ႔ အထဲမွာလည္း ခင္ဗ် NVC ကတ္ျပားဆိုတာ ပါပါတယ္ ခင္ဗ်။ အဲဒီ NVC ကတ္ျပားက ခုန သံအမတ္ႀကီး ေျပာတဲ႔ သက္ေသခံ ကတ္ျပား ID နဲ႔မ်ား တူပါသလား။

သံအမတ္ႀကီး ဦးေအာင္လင္း ။ ။ “ မတူပါဘူး။ သက္ေသခံ ကတ္ျပားကေတာ့ ေရာက္ေရာက္ခ်င္း လူေတြကို သက္ေသခံ အေနနဲ႔ က်ေနာ္တို႔ ထုတ္ေပးတဲ႔ ကတ္ျပား ျဖစ္ပါတယ္။ အဲဒီ ကတ္ျပားက တဆင့္ National Verification Card ဆိုတဲ႔ ႏုိင္ငံသား စိစစ္ေရး ကတ္ျပားကို ထုတ္ေပးမယ့္ အဆင့္ကို ေရာက္မွာ ျဖစ္ပါတယ္။ က်ေနာ္ သိရသေလာက္ကေတာ့။ ”

ကိုရဲမင္းထြန္း။ ။ ဟုတ္ကဲ႔ ခင္ဗ်။ ဒီ NVC ကမွ တဆင့္ Verification ထပ္လုပ္ၿပီးေတာ့ ႏုိင္ငံသား ဥပေဒနဲ႔ ကိုက္ညီတယ္ဆိုရင္ ခုနေျပာတဲ႔ ႏုိင္ငံသား စိစစ္ေရး ကတ္ျပားကို ထုတ္ေပးမွာ ေပါ့ခင္ဗ်။

သံအမတ္ႀကီး ဦးေအာင္လင္း ။ ။ “ ဟုတ္ပါတယ္။ ေနာက္တခုကေတာ့ အဲဒီ တဖက္ႏုိင္ငံကို ေရာက္ထားတဲ႔ လူေတြထဲမွာ အရင္တုန္းက အမ်ိဳးသား မွတ္ပံုတင္ ကတ္ျပားေတြ ရွိထားတဲ႔ လူေတြ ဆိုလို႔ ရွိရင္ေတာ့ သူတို႔ ျမန္မာျပည္ကို ေရာက္လာတဲ႔ အခါက်ရင္ အမ်ိဳးသား မွတ္ပံုတင္ ရွိထားတဲ႔ လူေတြကိုေတာ့ NVC ကတ္ျပားကို ႏုိင္ငံသား စိစစ္ေရး ကတ္ျပားကို တခါတည္း ထုတ္ေပးမယ္လို႔ သိရပါတယ္။ ခင္ဗ်ားတို႔ သိရတဲ႔ NVC ကတ္ျပားေတြနဲ႔ မတူပါဘူး။

ကိုရဲမင္းထြန္း။ ။ ပထမ ဦးဆံုး က်ေနာ္တို႔ ထုတ္ေပးမယ့္ ဒီသက္ေသခံကတ္ ဆိုတာကေတာ့ ျပန္လာမယ့္သူ ဘယ္သူကို မဆို ထုတ္ေပးမယ့္ သေဘာေပါ့ ခင္ဗ်ာ။

သံအမတ္ႀကီး ဦးေအာင္လင္း ။ ။ က်ေနာ္ သိရသေလာက္က ဟုတ္ပါတယ္။

ကိုရဲမင္းထြန္း။ ။ ၿပီးေတာ့မွ ေနာက္တဆင့္က က်ေနာ္တို႔ NVC တဆင့္ သြားၿပီးေတာ့ ၿပီးေတာ့မွ ေနာက္တဆင့္က

သံအမတ္ႀကီး ဦးေအာင္လင္း ။ ။ ဟုတ္ပါတယ္။ NVC ကတ္ျပားဆိုတာ ထုတ္ေပးလိုက္ျခင္း အားျဖင့္ သူတိုဟာ ဆိုလို႔ ရွိရင္ အဲဒီမွာ ေနထိုင္ခြင့္ ရသြားမယ္။ ေနာက္ၿပီးေတာ့ ပညာသင္ခြင့္၊ ေဆး၀ါး ကုသခြင့္န႔ဲ တေနရာနဲ႔ တေနရာကို လြတ္လပ္စြာ သြားလာခြင့္ေတြလည္း ရမွာ ျဖစ္ပါတယ္။

ကိုရဲမင္းထြန္း။ ။ တခုက သံအမတ္ႀကီး ခင္ဗ်။ အခု ဒီဟာကေလ ဘဂၤလားေဒရွ္႕ ႏုိင္ငံျခားေရး ၀န္ႀကီးက ဒါကာ သူျပန္ေရာက္တဲ႔ အခါမွ သူေျပာတာ ေပါ့ေနာ္။ ဒီ နယူးေယာက္မွာ တုန္းကလည္း သူ မေျပာခဲ႔ဘူးေပါ့။ ဒါကာ ေရာက္မွ သူေျပာတာ ဆိုေတာ့ ဒီဟာ တခုက က်ေနာ္တို႔ နည္းနည္း အသစ္အဆန္းလိုမ်ား ျဖစ္ေနသလား ခင္ဗ်။ ဒါမွမဟုတ္ရင္ ဒါက တကယ့္တကယ္က်ေတာ့ နဂိုထဲက ဒီဟာက ေျပာထားၿပီးသား ဆိုထားၿပီးသား ျဖစ္သလား ခင္ဗ်။

သံအမတ္ႀကီး ဦးေအာင္လင္း ။ ။ က်ေနာ္ အသစ္အဆန္းလို႔ေတာ့ မထင္ပါဘူး။ အဲဒီ ကိစၥကို က်ေနာ္တို႔ ၾသဂုတ္လ အတြင္းကတည္းက ေနၿပီးေတာ့ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန အၿမဲတမ္း အတြင္း၀န္ကေနၿပီးေတာ့ ဘဂၤလားေဒရွ္႕ ႏုိင္ငံမွာ ရွိတဲ႔ စခန္းေတြကို သြားခဲ႔စဥ္တုန္းက ရွင္းျပထားၿပီးလို႔ သိရပါတယ္။

ျမန္မာ အစိုးရဘက္ကေတာ့ ရိုဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံပါဘူး။ ကုလသမဂၢ အေထြေထြ ညီလာခံမွာေတာ့ ျမန္မာကိုယ္စားလွယ္အဖြဲ႔ေခါင္းေဆာင္ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ ေျပာျပခဲ့တာကေတာ့

“ ျမန္မာႏုိ္င္ငံနဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံအၾကား လက္မွတ္ေရးထိုးထားတဲ့ ရခိုင္ျပည္နယ္မွ ေနရပ္စြန္႔ခြာသူမ်ား ျပန္လည္ လက္ခံေရး အစီအစဥ္ ႏွစ္ႏုိ္င္ငံ သေဘာတူညီခ်က္နဲ႔အညီ ၄င္းတို႔ကို ျပန္လည္ လႊဲေျပာင္းေပးေစလိုပါတယ္။ ျပန္လည္ ၀င္ေရာက္လာသူေတြကို သက္ေသခံ ကတ္ျပား ထုတ္ေပးဖို႔ အတြက္ သေဘာတူညီခ်က္မွာ ေဖာ္ျပထားပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ႏို္င္ငံသား ဥပေဒနဲ႕ ကိုက္ညီတဲ့သူေတြကို ႏုိ္င္ငံသား စိစစ္ေရးကတ္ျပားေတြ ထုတ္ေပးမွာ ျဖစ္ပါတယ္။ က်န္တဲ့သူေတြကိုေတာ့ NVC ကတ္ျပားေတြ ထုတ္ေပးမွာ ျဖစ္ပါတယ္ ကတ္ျပား မ်ား ဟာ အေမရိကန္ႏုိ္င္ငံမွာ အေျခခ်ရန္ ၀င္ေရာက္လာသူမ်ား ေလွ်ာက္ထားတဲ့ green card နဲ႔ ဆင္တူပါတယ္။”

ႏုိ္င္ငံေတာ္ အတုိင္ပင္ခံ႐ံုး ဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ေျပာသြားတာ ျဖစ္ပါတယ္။

(ယူနီကုဒ္)

ပြန်ဝင်ဒုက္ခသည်တွေကို ထုတ်ပေးမယ့်ကတ်ပြားကိစ္စ ဘင်္ဂလား -မြန်မာ ရှင်းလင်းချက်

မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားဖြစ်ကြောင်း နဲ့ နိုင်ငံတွင်းမွေးဖွားသူဖြစ်ကြောင်း စတဲ့ အထောက်အထားတွေနဲ့ပတ်သက်လို့ အများစုက ရေရေရာရာမသိဘဲ ရောထွေးနေချိန်မှာ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် မြန်မာအစိုးရက အမေရိကန်က အမြဲတမ်းနေထိုင်ခွင့်အတွက် ထုတ်ပေးတဲ့ Green Card နဲ့ ဆင်တူတဲ့ NVC လို့ခေါ်တဲ့ ကတ်တွေ ထုတ်ပေးမယ်၊ စိစစ်ပြီးတဲ့အခါ NID ကတ်တွေ ထုတ်ပေးမယ်လို့ သဘောတူလိုက်ပြီဖြစ်ကြောင်း ပြောလိုက်ပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့က ဗွီအိုအေ ဘင်္ဂလားဒေ့ရှ် ဌာနက ဆက်သွယ်မေးမြန်းချိန်မှာ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောသွားတာ ဖြစ်ပါတယ်။
" မြန်မာအစိုးရက နေရပ်စွန့်ခွာထွက်ပြေးရသူ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ သဘောတူသလို ပြန်လာသူ အားလုံးကိုလည်း NVC ကတ်ပြား ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက် စိစစ်မှုတွေ ပြုလုပ်ပြီး အမျိုးသား မှတ်ပုံတင် (national ID card) ကတ်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ပြန်လည် လက်ခံရေးနဲ့ ပြန်လည် ပေါင်းစည်းရေးကို စောင့်ကြည့်ဖို့နဲ့ ကြီးကြပ်ကွပ်ကဲဖို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ် တို့ပါဝင်တဲ့ ပူးတွဲ ကော်မတီတစ်ရပ်ဖွဲ့စည်းပါမယ်။ ”

ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပြောပြဖို့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကို ကိုရဲမင်းထွန်းက ဆက်သွယ်မေးမြန်းကြည့်တာမှာတော့ သံအမတ်ကြီးက အခုလို ပြောပြပါတယ်။

သံအမတ်ကြီး ဦးအောင်လင်း ။ ။ ကျနော် သိသလောက်တော့ ပြောပြမယ်။ အဲဒီ ပြောပြရတဲ့ အချက်အလက်ကလည်း ကျနော်တို့ရဲ့ ကုလသမဂ္ဂကို လာရောက်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ပြောထားတဲ့ အချက်အလက်တွေရယ်၊ နောက်ပြီးတော့ ကျနော့်ဆီမှာ ကျနော့်ရဲ့ မိတ်ဆွေတွေကနေ ပြီးတော့ ရရှိထားတဲ့ အချက်အလက် တွေကို ကျနော် ပြောပြပါရစေ။ ပြည်ထောင်စု ဝန်ကြီး ပြောသွားတဲ့ အထဲမှာတော့ သူတို့ကို တဖက်နိုင်ငံကို ရောက်သွားတဲ့သူတွေ အနေနဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့ အခါကျရင် သက်သေခံ ကတ်ပြား Identification Card တခုကို သူတို့ကို ထုတ်ပေးမယ်။ အဲဒီ Identification Card ဆိုတဲ့ ဟာကလည်း ဘာလဲဆိုတော့ National Verification နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ဖို့ အတွက်ကို စတဲ့ ဖြစ်စဉ် တခုပေါ့။ အဲဒီဟာလို့ ကျနော် သိရပါတယ်။

ကိုရဲမင်းထွန်း။ ။ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ပြောတဲ့ အထဲမှာလည်း ခင်ဗျ NVC ကတ်ပြားဆိုတာ ပါပါတယ် ခင်ဗျ။ အဲဒီ NVC ကတ်ပြားက ခုန သံအမတ်ကြီး ပြောတဲ့ သက်သေခံ ကတ်ပြား ID နဲ့များ တူပါသလား။

သံအမတ်ကြီး ဦးအောင်လင်း ။ ။ “ မတူပါဘူး။ သက်သေခံ ကတ်ပြားကတော့ ရောက်ရောက်ချင်း လူတွေကို သက်သေခံ အနေနဲ့ ကျနော်တို့ ထုတ်ပေးတဲ့ ကတ်ပြား ဖြစ်ပါတယ်။ အဲဒီ ကတ်ပြားက တဆင့် National Verification Card ဆိုတဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြားကို ထုတ်ပေးမယ့် အဆင့်ကို ရောက်မှာ ဖြစ်ပါတယ်။ ကျနော် သိရသလောက်ကတော့။ ”

ကိုရဲမင်းထွန်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဒီ NVC ကမှ တဆင့် Verification ထပ်လုပ်ပြီးတော့ နိုင်ငံသား ဥပဒေနဲ့ ကိုက်ညီတယ်ဆိုရင် ခုနပြောတဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြားကို ထုတ်ပေးမှာ ပေါ့ခင်ဗျ။

သံအမတ်ကြီး ဦးအောင်လင်း ။ ။ “ ဟုတ်ပါတယ်။ နောက်တခုကတော့ အဲဒီ တဖက်နိုင်ငံကို ရောက်ထားတဲ့ လူတွေထဲမှာ အရင်တုန်းက အမျိုးသား မှတ်ပုံတင် ကတ်ပြားတွေ ရှိထားတဲ့ လူတွေ ဆိုလို့ ရှိရင်တော့ သူတို့ မြန်မာပြည်ကို ရောက်လာတဲ့ အခါကျရင် အမျိုးသား မှတ်ပုံတင် ရှိထားတဲ့ လူတွေကိုတော့ NVC ကတ်ပြားကို နိုင်ငံသား စိစစ်ရေး ကတ်ပြားကို တခါတည်း ထုတ်ပေးမယ်လို့ သိရပါတယ်။ ခင်ဗျားတို့ သိရတဲ့ NVC ကတ်ပြားတွေနဲ့ မတူပါဘူး။

ကိုရဲမင်းထွန်း။ ။ ပထမ ဦးဆုံး ကျနော်တို့ ထုတ်ပေးမယ့် ဒီသက်သေခံကတ် ဆိုတာကတော့ ပြန်လာမယ့်သူ ဘယ်သူကို မဆို ထုတ်ပေးမယ့် သဘောပေါ့ ခင်ဗျာ။

သံအမတ်ကြီး ဦးအောင်လင်း ။ ။ ကျနော် သိရသလောက်က ဟုတ်ပါတယ်။

ကိုရဲမင်းထွန်း။ ။ ပြီးတော့မှ နောက်တဆင့်က ကျနော်တို့ NVC တဆင့် သွားပြီးတော့ ပြီးတော့မှ နောက်တဆင့်က

သံအမတ်ကြီး ဦးအောင်လင်း ။ ။ ဟုတ်ပါတယ်။ NVC ကတ်ပြားဆိုတာ ထုတ်ပေးလိုက်ခြင်း အားဖြင့် သူတိုဟာ ဆိုလို့ ရှိရင် အဲဒီမှာ နေထိုင်ခွင့် ရသွားမယ်။ နောက်ပြီးတော့ ပညာသင်ခွင့်၊ ဆေးဝါး ကုသခွင့်နဲ့ တနေရာနဲ့ တနေရာကို လွတ်လပ်စွာ သွားလာခွင့်တွေလည်း ရမှာ ဖြစ်ပါတယ်။

ကိုရဲမင်းထွန်း။ ။ တခုက သံအမတ်ကြီး ခင်ဗျ။ အခု ဒီဟာကလေ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးက ဒါကာ သူပြန်ရောက်တဲ့ အခါမှ သူပြောတာ ပေါ့နော်။ ဒီ နယူးယောက်မှာ တုန်းကလည်း သူ မပြောခဲ့ဘူးပေါ့။ ဒါကာ ရောက်မှ သူပြောတာ ဆိုတော့ ဒီဟာ တခုက ကျနော်တို့ နည်းနည်း အသစ်အဆန်းလိုများ ဖြစ်နေသလား ခင်ဗျ။ ဒါမှမဟုတ်ရင် ဒါက တကယ့်တကယ်ကျတော့ နဂိုထဲက ဒီဟာက ပြောထားပြီးသား ဆိုထားပြီးသား ဖြစ်သလား ခင်ဗျ။

သံအမတ်ကြီး ဦးအောင်လင်း ။ ။ ကျနော် အသစ်အဆန်းလို့တော့ မထင်ပါဘူး။ အဲဒီ ကိစ္စကို ကျနော်တို့ သြဂုတ်လ အတွင်းကတည်းက နေပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ကနေပြီးတော့ ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ရှိတဲ့ စခန်းတွေကို သွားခဲ့စဉ်တုန်းက ရှင်းပြထားပြီးလို့ သိရပါတယ်။

မြန်မာ အစိုးရကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့် မခံပါဘူး။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာတော့ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်ဝန်ကြီး ဦးကျော်တင့်ဆွေ ပြောပြခဲ့တာကတော့

“ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး အစီအစဉ် နှစ်နိုင်ငံ သဘောတူညီချက်နဲ့အညီ ၎င်းတို့ကို ပြန်လည် လွှဲပြောင်းပေးစေလိုပါတယ်။ ပြန်လည် ဝင်ရောက်လာသူတွေကို သက်သေခံ ကတ်ပြား ထုတ်ပေးဖို့ အတွက် သဘောတူညီချက်မှာ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံသား ဥပဒေနဲ့ ကိုက်ညီတဲ့သူတွေကို နိုင်ငံသား စိစစ်ရေးကတ်ပြားတွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကိုတော့ NVC ကတ်ပြားတွေ ထုတ်ပေးမှာ ဖြစ်ပါတယ် ကတ်ပြား များ ဟာ အမေရိကန်နိုင်ငံမှာ အခြေချရန် ဝင်ရောက်လာသူများ လျှောက်ထားတဲ့ green card နဲ့ ဆင်တူပါတယ်။”

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသွားတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG