သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး တဖက်သတ်ဖိအားပေးမှု မြန်မာလက်ခံမည်မဟုတ်


၇၄ ကြိမြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ဥိးကျော်တင့်ဆွေ။ (Screenshot UN Web TV, Sept 28, 2019)
၇၄ ကြိမြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ဥိးကျော်တင့်ဆွေ။ (Screenshot UN Web TV, Sept 28, 2019)

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတကာရဲ့ တဖက်သတ် ဖိအားပေးမှုတွေကို လက်မခံဘဲ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်းသာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသွားပါတယ်။

“အစိုးရရဲ့ လက်ရှိ ဦးစားပေးလုပ်ငန်းဟာ နေရပ်စွန့်ခွာသူတွေကို စိစစ်ပြီး ပြန်လည်လက်ခံရေးနဲ့ ပြန်ရောက်လာသူတွေအတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင် ဖန်တီးရေးပဲဖြစ်တယ်လို့ ပြောပါတယ်။ ဒီအတွက် ကျနော်တို့ဟာ ဘင်္ဂလားဒေ့ရှ်၊ UNDP, UNHCR နဲ့ ASEAN မိတ်ဆွေတွေအပြင် စေတနာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်” လို့လည်း ပြောပါတယ်။

ဒီလုပ်ရပ်ကို ဟန့်တားဖို့နဲ့ ဒုက္ခရောက်နေသူတွေကို အမြတ်ထုတ်ဖို့အတွက် ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေ ရှိနေတယ်လို့လည်း ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့လည်း လက်မှတ်ရေးထိုးထားတဲ့အတိုင်း နေရပ်စွန့်ခွာသူတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ တောင်းဆိုလိုက်ပြီး ပြန်ရောက်လာသူတွေကို ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ၊ NVC ကတ်ပြားတွေ ထုတ်သွားပေးမှာ ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။

ပြည်ပက မျှတခြင်းမရှိတဲ့ အကျပ်ကိုင်မှုတွေကို အရေးယူ တုံ့ပြန်မှာမဟုတ်ဘူးလို့ သူက ပြောကြားပြီး ICC က အရေးယူဖို့ အားထုတ်မှုနဲ့ ပတ်သက်ပြီးလည်း ICC ဟာ မြန်မာနိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ဝန်ကြီးက ပယ်ချသွားတယ်။

------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG