သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လက်ခံရေး အစီအစဉ် မြန်မာသံအမတ်ကြီး ရှင်းလင်း


မှတ်တမ်းဓာတ်ပုံ - ရိုဟင်ဂျာ ဌာနေပြန်ရေး အတွက် မြန်မာဘက်က လက်ခံရေး စခန်း။ ဇန်နဝါရီလ ၂၀၁၈
မှတ်တမ်းဓာတ်ပုံ - ရိုဟင်ဂျာ ဌာနေပြန်ရေး အတွက် မြန်မာဘက်က လက်ခံရေး စခန်း။ ဇန်နဝါရီလ ၂၀၁၈

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေး ဒီကနေ့ စတင်ဖို့ရှိတဲ့ အစီအစဉ်မှာ မြန်မာအစိုးရနဲ့ အတူပူးပေါင်းဆောင်ရွက်နေတဲ့ အာဆီယံကိုယ်စားလှယ်တွေလည်း ရခိုင်ပြည်နယ်ကို ရောက်ရှိနေပြီး ဒုက္ခသည်တွေလက်ခံရေး အကူအညီပေးဖို့ရှိနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ က္ခသည်တွေ ပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ မနေ့က ပြုလုပ်တဲ့ တံခါးပိတ်ဆွေးနွေးပွဲအပေါ် သံအမတ်ကြီးရဲ့ အမြင်ကို မအင်ကြင်းနိုင်က စတင်မေးမြန်းရာမှာ သူက အခုလိုစပြောပါတယ်။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ အဓိက ကတော့ ၂၂ ရက်နေ့ပေါ့ဗျာ။ တဖက်ရောက်နေတဲ့ နေရပ်စွန့်ခွာတဲ့ လူတွေ ပြန်ပြီးတော့ ပထမ အကြိမ် ဒီဘက် ပို့ဖို့ ကိစ္စကို အဲဒါနဲ့ ပတ်သက်ပြီးတော့ သူတို့က Brief လုပ်ခိုင်းတဲ့ သဘောပါဘဲ။

မအင်ကြင်းနိုင်။ ။ အဲလို လုံခြုံရေး ကောင်စီတို့ ဘာတို့ကနေ ဒီ Briefing ပေါ့လေ လုပ်တဲ့ အပေါ်မှာကျတော့ သံအမတ်ကြီး ဘယ်လို သုံးသပ်လဲရှင့်။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တို့ ဒီကိစ္စကလည်း ပြီးသေးတာ မဟုတ်ဘူးပေါ့နော်။ အခုမှ မနက်ဖြန် စပြီး လုပ်မယ့်ဟာ။ သူတို့ အနေနဲ့ကတော့ သိချင်တာလည်း ရိုးရိုးသားသားနဲ့ ဘာတွေ စီစဉ်ထားလဲ ဆိုတာလည်း သိချင်တာလည်း ပါချင်ပါမှာပေါ့။ တဖက်ကလည်း နိုင်ငံရေး အရ ဘာဘဲ ပြောပြော လုံခြုံရေး ကောင်စီက စိတ်ဝင်စားနေတယ် ကြည့်နေတယ်ဆိုတဲ့ သဘောမျိုး လည်းဘဲ Message ပေးချင်တာလည်း ဖြစ်ချင် ဖြစ်မှာပေါ့ဗျာ။

မအင်ကြင်းနိုင်။ ။ ကုလသမဂ္ဂက ပါဝင်ဆောင်ရွက်နေတဲ့ သူတို့ ပြောနေတဲ့ အချက်တွေ ပေါ့နော် အဲဒီအပေါ်မှာ သံအမတ်ကြီး ဘယ်လို သုံးသပ်လဲရှင့်။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ ကုလသမဂ္ဂ ပြောနေတယ်ဆိုတာတော့ဗျာ ဒါ နဂိုတည်းက ပြောနေတဲ့ ဥစ္စာက ဒီ Voluntary and Unify Repatriation ဆိုတာကတော့ ဒါ ကျနော်တို့လည်း ဒါ အတွက် လုပ်နေတာဘဲလေ။ လုပ်နေတဲ့ အခါမှာ အဓိက အခြေခံအားဖြင့် ပြောရမယ် ဆိုလို့ ရှိရင်တော့ ကျနော်တို့က သူတို့ ပြောနေတဲ့ဟာကို တောင်းဆိုနေတဲ့ဟာတွေ ဥပမာ နိုင်ငံသား ကိစ္စလို ဟာမျိုးပေါ့၊ နောက် unity တို့ ဘာတို့ဆိုတဲ့ဟာတွေ ဒီဟာတွေက ကျနော်တို့ ခန ခနဘဲ ပြောပါတယ်။ နံပတ် ၁ ကတော့ ဒီကိစ္စက ကျနော်တို့က ဟိုဘက် ရောက်နေတဲ့ လူတွေကို ကျနော်တို့ ဒီဘက် ပြန်ခေါ်ဖို့က ကျနော်တို့က ဘင်္ဂလားဒေရှ့်နဲ့ လည်းဘဲ ကျနော်တို့ MOU တွေ ထိုးထားတယ်။ Agreement တွေ Arrangement တွေ လုပ်ထားတယ်။ အဲဒီ အတိုင်း ကျနော်တို့က အကောင်အထည် ဖော်သွားမယ်။

ဒီလူတွေကို လက်ခံဖို့က ကျနော်တို့နဲ့ ဘင်္ဂလားဒေရှ့်က လုပ်ရမယ့် ကိစ္စလေ။ အဲတော့ ဒီဟာကို ကျနော်တို့ သဘောတူညီချက် အတိုင်း ကျနော်တို့ လုပ်နေတယ်။ အရင်တခေါက်က ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာက သူတို့ ပြန်မလာဘူးဆိုတာလည်း အကုန် ညှိပြီးတော့မှ သူတို့က ဟိုဘက်က မလာဘူး ပြောတာ။ ဒီတခေါက်ကျတော့ ကျနော်တို့က သေချာအောင် ဘင်္ဂလားဒေရှ့် နဲ့လည်း ညှိပြီးတော့ သေချာလေး လုပ်ထားပါတယ်။ ဒီ အခု မတိုင်ခင်ကတည်းက ကိုဘဲ အမြဲတမ်း အတွင်းဝန် ကိုယ်တိုင် သွားပြီးတော့မှာ Camp ထဲမှာ သွားရှင်းပြတယ်။ ပြောပြပြီးတော့မှ ကျနော်တု့ိ ရက်သတ်မှတ်ပြီးမှ လက်ခံဖို့ ကျနော်တို့ လုပ်တာ ဖြစ်ပါတယ်။

အဲတော့ ဖြစ်တဲ့ အခါမှာ နံပတ် ၁ သူတို့ ပြောနေတဲ့ နိုင်ငံသား ကိစ္စ ဆိုတဲ့ ဥစ္စာက တချို့ကတော့နော် အပြင်က NGO တွေ ဘာတွေ ပြောနေတာ နိုင်ငံသား ကိစ္စ ရမှ လုပ်မယ် ဘာညာ။ ကျနော်တို့က ပြောတယ်။ မဟုတ်ဘူး ဒီ NVC ထုတ်ပေးတဲ့ ကိစ္စက စစ်ဆေးရေးကတ်ဆိုတာ သူတို့တင် မဟုတ်ဘူး ကျနော်တို့ ဒီ တခြား နိုင်ငံသား အကုန်လုံးက ဒီဟာကို လုပ်ကြရတာ။ ကျနော်တို့ ကိုယ်တိုင်က ဒီ စစ်ဆေးရေးကတ်နဲ့ လုပ်ပြီးတော့မှ နိုင်ငံသား စိစစ်ဖို့ အတွက် ဘိုးဘွား ဒီ Third Generation အထိ ကျနော်တို့ အဘိုးတွေ အဘွားတွေ ရဲ့ နာမည်တွေ ကျနော်တို့က ဖြည့်စွက်ပြီးတော့ လုပ်ကြတာ။ လူတိုင်း လုပ်ရမယ့် ကိစ္စ။

အဲဒီဟာကို သူတို့က အတင်း အဝှာပေါ့ ဒါကို Guaranty ပေးရမယ်တို့ ဘာတို့။ ကျနော်တို့ ပြောတယ် NVC လုပ်ပြီးတော့ ဒီ Process ကို လုပ်ပေးမယ်။ နိုင်ငံသား ဒီ ၈၂ နိုင်ငံသား ဥပဒေနဲ့ အညီ စိစစ်ပြီးတော့ ကျနော်တို့ ထုတ်ပေးမယ်။ ကျနော်တို့ ပြောပြီးသား။ ကျနော်တို့က အခု လုပ်တဲ့ဟာက ရှင်းတယ်။ လုံခြုံရေး ဆိုတာလည်းဘဲ ကျနော်တို့ ပေးနိုင်တဲ့ အတိုင်းအတာ အတွင်းမှာ ကျနော်တို့က လက်ခံပြီး ကျနော်တို့ တဖြည်းဖြည်းချင်း ကျနော်တို့က တပြိုင်တည်းဘဲ ဟုတ်လား အကုန်လုံး ဟုတ်လား ဟို အယောက် ၁၀၀၀၀ - ၂၀၀၀၀ ဝင်တာမှ မဟုတ်တာ။ လက်ခံနိုင်တဲ့ အတိုင်းအတာနဲ့ လာပြီးတော့ သူတို့ရဲ့ လုံခြုံရေး အကုန်လုံး ကျနော်တို့ အဆင်ပြေအောင် လုပ်ပေးမယ် ပြောထားပြီးပြီ။ နိုင်ငံသား ကိစ္စ ကိုလည်း NVC ထုတ်ပေးပြီး စစ်ဆေးတာ လုပ်ပေးပြီးလို့ ရှိရင် ကျနော်တို့က နိုင်ငံသား ကိစ္စ လုပ်မယ်။

အဲဒီမှာ စိစစ်ရေးကတ် ဖြည့်ပြီးသား လူတွေ ဘာတွေ ဆိုလည်း မလိုဘူးလေဗျာ။ မရှိသေးဘူးဆို စစ်ဆေးမယ်။ စစ်ဆေးတာတော့ လုပ်ရမှာဘဲ။ မလုပ်လို့ မရဘူးလေဗျာ။ ဘယ်နိုင်ငံ ဖြစ်ဖြစ် ဟုတ်လား စစ်ဆေးတဲ့ အလုပ်ကတော့ ဘယ်သူမဆို လုပ်ကြမှာဘဲလေ။ နိုင်ငံတိုင်း ကတော့ ကိုယ့် အလကား အကုန်လုံး လာသမျှ လက်ခံ လုပ်လို့ မရဘူးလေ။ ကိုယ့်ရဲ့ နိုင်ငံ ပြည်တွင်း ဥပဒေတွေနဲ့ အညီ ကျနော်တို့ လုပ်မှာဘဲ။

မအင်ကြင်းနိုင်။ ။ ဒီတခေါက် ဒီမြန်မာဘက်က ထူးထူးခြားခြားပေါ့နော် ပြန်ပို့ရေး အစီအစဉ်က မြန်မာဘက်ကလည်း အစကတည်းက ကြိုဆိုထားပြီးသား အစကတည်းက ဒီ Process အတိုင်း လုပ်နေတယ်ဆိုတော့ အခု ထူးခြားချက်မျိုးပေါ့နော် မြန်မာဘက်က ဘယ်လို ပြင်ဆင်ထားတာမျိုး ရှိလဲ။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ လက်ခံမှု အပိုင်းကတော့ အရင်အတိုင်းဘဲ ကျနော်တို့ နှစ်နိုင်ငံ သဘောတူညီချက် အတိုင်း လက်ခံဖို့ လုပ်ထားပြီးသား။ ဆေးစစ်တာတို့ ဘာတို့က အစပေါ့နော်။ ထူးခြားချက် တခုက ကျနော်တို့ဘက်က နေပြီးတော့ အာဆီယံ အဖွဲ့တွေ ဘာတွေ လာပြီးတော့ ကျနော်တို့နဲ့ အတူရှိမယ်။ လူ ၆ ယောက်လောက် မြန်မာပြည်တောင် ရောက်နေပါပြီ။ ဒီနေ့တောင် စစ်တွေတောင် ရောက်နေပြီလား မသိဘူး။ စစ်တွေ ရောက်နေပြီ သူတို့ အာဆီယံကလည်း လူ ၆ ယောက်လောက်လေ။ ဟို UNDP နဲ့ UNHCR နဲ့ ကျနော်တို့ MOU ထိုးထားတဲ့ အတိုင်း သူတို့ ကနေပြီးတော့ ဟိုကြိုတင်ပြီးတော့ ပြန်လည်နေရာချထားမယ့် နေရာ ဒေသတွေမှာ Quick Impact Project တွေ လုပ်ထားတာတွေ ရှိတယ်လေ။ သူတို့ ပြန်လာလို့ ရှိရင် နေလို့ ထိုင်လို့ အဆင်ပြေအောင် ဆိုပြီးတော့ လုပ်ထားတာ ရှိတယ်။ ဆိုတော့ အဲဒီဟာတွေကလည်းဘဲ ဒီတခေါက်က ထူးခြားမှုပေါ့။ UNDP တို့ ဘာတို့ UNHCR တို့က နေပြီးတော့မှ ဒီ ပရောဂျက်တွေနဲ့ သူတို့ ပြန်လာမယ့် နေရာတွေမှာ နေရာချထားမယ့် နေရာတွေမှာ ကြိုတင် ပြင်ဆင်ပေးထားတာ ရှိတယ်။

ရောက်ပြီးလို့ ရှိရင်လည်းဘဲ လိုအပ်တဲ့ အကူအညီတွေကို ဆက်ပြီး ပေးမယ်။ ဆိုတော့ အဲဒါတွေကို ကျနော်တို့က လုပ်ထားတာ ရှိတယ်။

နောက်တခုကလည်းဘဲ ဒီတခေါက်မှာ အရင်တုန်းကတော့ Camp ထဲကို သွားပြီးတော့သေချာ ရှင်းပြတာတို့ ဘာတို့ မရှိသော်လည်းဘဲ ဒီတခေါက်က လွန်ခဲ့တဲ့ လတုန်းက ဆိုရင် Permanent Secretary ကိုယ်တိုင် သွားပြီးတော့မှ ဒီလူတွေနဲ့ တွေ့တယ်၊ ကျနော်တို့ Pamphlet တွေ ဝေတယ်၊ ခင်ဗျားတို့ ပြန်လာလို့ ရှိရင် ဒီလို ဒီလို စီစဉ်ထားတယ်။ နိုင်ငံသား ကိစ္စကို ဒီလို ဒီလို ဆက်ပြီး လုပ်မယ်။ ဟိုရောက်လို့ ရှိရင် နေရာထိုင်ခင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဆက်ပြီး လုပ်ရမယ်ဆိုတဲ့ဟာတွေကို ကျနော်တို့ သေချာ ရှင်းပြထားတယ် ဆိုတော့ ဒါတွေက ဒီတခေါက်ရဲ့ ထူးခြားမှုတွေလို့ ကျနော်တို့ အဲလို ပြောလို့ ရမယ် ထင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG