သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးများအခငွ့်အရေး မြန်မာလုပ်ဆောင်ချက် လုံခြုံရေးကောင်စီမှာ တင်ပြ


မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တင်ပြနေစဉ် (ဓာတ်ပုံ-UNSC)
မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တင်ပြနေစဉ် (ဓာတ်ပုံ-UNSC)

သောကြာနေ့ မွန်းလွဲပိုင်းက နယူးယောက်မြို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြုလုပ်ခဲ့တဲ့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဒီအရေးအတွက် မြန်မာနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို တင်ပြသွားပါတယ်။

မြန်မာနိုင်ငံဟာ ကလေးသူငယ်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ အကြမ်းဖက်တာတွေကို ဆုံးခန်းတိုင်စေဖို့ သိနိဌာန်ချထား ပါတယ်။ ပြည်တွင်း ပြုလုပ်တဲ့ အစီအစဉ်တွေ နိုငငံတကာနဲ့ ပူးပေါင်းဆောင်ရွကပ်ရေး အထူးသဖြင့် ကုလနဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကို လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကဆိုရင် လူအများ မျှော်လင့်နေတဲ့ ကလေးသူငယ်များ အခွင့်အရေး ကာကွယ်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့ပါတယ်။ ဒီ ဥပဒေသစ်ဟာ မြန်မာနိုငှု်ငံမှာ ပြည်ပြီးစုံမှု ဥပဒေတစ်ခုဖြစ်ပြီး ကလေးသူငာယ်တွေရဲ့ အခွင့်အရေးတွေနဲ့ သူတို့အပေါ် အကြမ်းဖက်မှုတွေအပေါ် ကာကွယ်ဖို့အတွက် ကျယ်ကျယ်ပြန့်ပြန် ပြဌာန်းထားတာ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခမှာ ကလေးသူငယ်တွေ အခွင့်အရေး ချိုးဖောက်ခံရမှု ကာကွယ်ဖို့အတွက် ဝန်ကြီးဌာနတွေ ပါဝင်တဲ့ ကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းထားပါတယ်။

၂၀၁၂ ခုနှစ်က ကုလသမဂ္ဂနဲ့ သဘောတူညီချက်အရ အရွယ်မရောက်သေးသူ ကလေးသူငယ် ၁၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပြီး လူ့ အသိုင်းအဝိုင်း ထဲကို ပြန်လည်ဝင်ရောက်စေခဲ့ပါတယ်။ အရေးကြီးဆုံး အချက်ကတော့ ကလေးစစ်သား စေခိုင်းမှုဟာ အခုနှစ်တွေ အတွင်း သိသိသာသာ ကျဆင်းသွားခြင်းဖြစ်တယ်လို့လည်း သံအမတ်ကြီး ဟောက်ဒိုဆွမ်းက ပြောကြားသွားခဲ့ပါတာ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG