သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္အာရွေဒသလူ႔အခြင့္အေရး ကန္ေအာက္လႊတ္ေတာ္ၾကားနာပြဲ ႐ိုဟင္ဂ်ာအေရး ထည့္သြင္းေျပာဆို


ျမန္မာႏုိင္္ငံကေနထြက္ေျပးၿပီး ဘဂၤလားေဒ့ရွ္မွာခိုလံႈေနတဲ့ ဒုကၡသည္ေတြအေရးကို ေတာင္အာရွေဒသေပၚ သက္ေရာက္ေနတဲ့ ကိစၥရပ္ေတြထဲကတခုအျဖစ္ အေမရိကန္ ထိပ္တန္းလႊတ္ေတာ္အမတ္တဦးက သတ္မွတ္ေျပာဆိုပါတယ္။

ေတာင္အာရွေဒသတြင္း လူ႔အခြင့္အေရးအေျခအေနနဲ႔ ပတ္သက္လို႔ အဂၤါေန႔က အေမရိကန္ေအာက္လႊတ္ေတာ္ ဆပ္ေကာ္မတီခြဲ တခုမွာလုပ္တဲ့ ၾကားနာပြဲအတြင္း အဲဒီလိုေျပာသြားတာပါ။ ဒီေျပာဆိုခ်က္ေတြကို ေကာက္ႏုတ္စုစည္းၿပီး ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

“ေတာင္အာရွေဒသ လူ႔အခြင့္အေရး - ႏုိင္ငံျခားေရးဌာနနဲ႔ ေဒသတြင္းက အျမင္မ်ား” ဆိုတဲ့ေခါင္းစဥ္နဲ႔ ၾကားနာပြဲတခုကုိ အေမရိကန္ေအာက္လႊတ္ေတာ္၊ ႏုိင္္ငံျခားဆက္ဆံေရးေကာ္မတီ၊ အာရွ၊ ပစိဖိတ္နဲ႔ လက္နက္မျပန္႔ပြားေရးဆိုင္ရာ ဆပ္ေကာ္မတီ က အဂၤါေန႔မွာ ႀကီးမွဴးက်င္းပတာပါ။ ဒီၾကားနာပြဲမွာ အိႏိၵယ၊ ပါကစၥတန္၊ သီရိလကၤာ၊ ဘဂၤလားေဒ့ရွ္ စတဲ့ႏုိင္ငံေတြက လူ႔အခြင့္ အေရး အေျခအေနေတြနဲ႔ ပတ္သက္လို႔ ေကာ္မတီဥကၠ႒နဲ႔ ေကာ္မတီဝင္ လႊတ္ေတာ္အမတ္ေတြ၊ ၾကားနာပြဲမွာ လာေရာက္ တင္ျပ ၾကသူေတြ ေျပာတဲ့ထဲ ျမန္မာႏုိင္ငံကေနထြက္ေျပးၿပီး ဘဂၤလားေဒ့ရွ္မွာ ခုိလံႈေနၾကတဲ့ ဒုကၡသည္ေတြနဲ႔ ပတ္သက္လို႔လည္း ထည့္သြင္းေျပာဆိုသြားၾကတာျဖစ္ပါတယ္။

ဆပ္ေကာ္မတီဥကၠ႒၊ ကာလီဖိုးနီးယားျပည္နယ္၊ ဒီမုိကရက္ ေအာက္လႊတ္ေတာ္အမတ္ Bradley Sherman က ၾကားနာပြဲအဖြင့္ စကားေျပာတာမွာ အခုလို ထည့္သြင္းေျပာဆိုသြားပါတယ္။

“ေတာင္အာရွေဒသေပၚ သက္ေရာက္ေနတဲ့ ေနာက္ကိစၥရပ္တခုကေတာ့ ႐ိုဟင္ဂ်ာေတြရဲ႕ ေဘးဒုကၡပါ။ ျမန္မာ ႏိုင္ငံမွာ အစိုးရက ဆိုးရြားစြာ လုပ္ေဆာင္ခဲ့ခ်ိန္ကတည္းက အေရွ႕ေတာင္ အာရွေဒသဆိုင္ရာ ၾကားနာပြဲေတြမွာ ဒီကိစၥကို အဓိက ထားၿပီး က်ေနာ္တို႔ ေျပာဆိုခဲ့ၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုဟာ ႐ိုဟင္ဂ်ာလူထုအတြက္ ရန္ပံုေငြ ေဒၚလာသန္းေပါင္း ၆၆၀ အကူအညီေပးထားတဲ့ ကမာၻေပၚမွာ အမ်ားဆံုး ကူညီထားတဲ့ႏုိင္ငံဆိုတာ က်ေနာ္ေထာက္ျပခ်င္ပါတယ္။ ဒီရန္ပံုေငြရဖို႔ က်ေနာ္တို႔ အျပင္းအထန္ လုပ္ေဆာင္ခဲ့ပါတယ္။ ဒီဒုကၡသည္ေတြ သူတို႔ေနအိမ္ကို ေဘးရန္ကင္းစြာ ျပန္သြားႏိုင္ခ်ိန္ထိ က်ေနာ္တို႔ ဆက္ၿပီး လုပ္ေဆာင္သြားရမွာပါ။”

ဆပ္ေကာ္မတီဝင္ ဒီမုိကရက္ ေအာက္လႊတ္ေတာ္အမတ္ Ilhan Omar ကလည္း မြတ္ဆလင္လူမ်ားစုရွိတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ နယ္စပ္ အိႏိၵယႏုိင္ငံေျမာက္ပိုင္း အာသမ္ျပည္နယ္မွာ အိႏိၵယအစိုးရက ထိန္းသိမ္းေရးစခန္းေတြ တည္ေဆာက္ေနတယ္ဆိုတဲ့ သတင္းေတြကိုေထာက္ျပၿပီး တရားမဝင္ေရႊ႕ေျပာင္းဝင္သူေတြ အိႏိၵယႏိုင္ငံထဲမွာ ေနလို႔မရေအာင္ ဝန္ႀကီးခ်ဳပ္ Narendra Modi အစိုးရက လုပ္ေနတယ္လုိ႔ဆိုတာကိုေျပာရင္းနဲ႔ ႐ိုဟင္ဂ်ာျဖစ္ရပ္ကို ထည့္ေျပာၿပီး ေမးခြန္းထုတ္သြားပါတယ္။

“ဒါဟာ ႐ိုဟင္ဂ်ာေတြကို လူမ်ဳိးတုန္းသတ္ျဖတ္မႈ ဘယ္လိုစခဲ့တယ္ဆိုတာပါပဲ။ ဘယ္အေျခအေနမွာ အိႏိၵယနဲ႔ က်မ တို႔ၾကား စံတန္ဖိုးေတြ တူညီမႈမရွိေတာ့တဲ့အေျခအေန ေရာက္လာမွာပါလဲ … အာသမ္က မြတ္ဆလင္ေတြ အဲဒီစခန္းေတြထဲမွာ ထည့္ထားခံရမယ့္အခ်ိန္ထိ က်မတို႔ ေစာင့္ေနတာပါလား …”

လႊတ္ေတာ္အမတ္ မစၥ Omar ထည့္သံုးသြားတဲ့ လူမ်ဳိးတံုးသတ္ျဖတ္မႈဆိုင္ရာ စြပ္စြဲခ်က္ေတြကို ျမန္မာအစုိးရက အျပင္းအထန္ ျငင္းထားသလို အေမရိကန္အစိုးရကလည္း တရားဝင္ သတ္မွတ္ေျပာဆိုတာ မရွိေသးပါဘူး။

ဒီၾကားနာပြဲမွာ အေမရိကန္ႏုိင္ငံျခားေရးဌာနဘက္က အျမင္ေတြကို လာၿပီးတင္ျပသူကေတာ့ ေတာင္နဲ႔ ဗဟိုအာရွေရးရာ ယာယီ လက္ေထာက္ႏုိင္ငံျခားေရးဝန္ႀကီး Alice Wells ပါ။ သူက ဒုကၡသည္ေတြ ေနရပ္ရင္းျပန္ေရးကိစၥေျပာဆိုသလို အကူအညီေပးေန တာကိုလည္း ထည့္ေျပာသြားပါတယ္။

“၂၀၁၇ ခုႏွစ္မွာ ႐ိုဟင္ဂ်ာဒုကၡသည္ ၇၀၀,၀၀၀ အတြက္ ႏုိင္ငံနယ္စပ္ေတြကို ဖြင့္ေပးဖို႔ ဝန္ႀကီးခ်ဳပ္ Sheikh Hasina က ခ်ီးက်ဴးဖြယ္ ဆံုးျဖတ္ခဲ့တာဟာ ဘဂၤလားေဒ့ရွ္အတြက္ စစ္မွန္တဲ့အက်ဳိးဆက္ေတြ ျဖစ္လာေစပါတယ္။ ႐ိုဟင္ဂ်ာေတြ ေဘးကင္းၿပီး သိကၡာရွိစြာ ကိုယ့္သေဘာနဲ႔ကိုယ္ ျမန္မာႏုိင္ငံကို ျပန္သြားႏုိင္ေရး ေစ့စပ္ညႇိႏိႈင္းၾကရမွာျဖစ္တာနဲ႔အမွ် ဒုကၡသည္ ေတြနဲ႔ သူတုိ႔ကိုလက္ခံထားရတဲ့ လူမႈအဝန္းအဝိုင္းေတြရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ ကုလသမဂၢ၊ ႏုိင္ငံတကာနဲ႔ တျခား မိတ္ဘက္ေတြနဲ႔အတူ က်မတို႔ဆက္ၿပီး ကူညီေထာက္ပံ့ေပးေနပါတယ္။”

လက္ေထာက္ဝန္ႀကီး Alice Wells ဟာ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလမွာ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ဒုကၡသည္စခန္းေတြဆီ သြားေရာက္ခဲ့ဖူးသူပါ။

ၾကားနာပြဲမွာ သက္ေသအေနနဲ႔ တင္ျပေျပာဆိုသူေတြထဲ တဦးကေတာ့ အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ (AI) ရဲ႕ အာရွေဒသဆိုင္ရာ လံႈ႔ေဆာ္စည္း႐ံုးေရးမန္ေနဂ်ာ Francisco Bencosme ပါ။ ေတာင္အာရွေဒသတြင္းမွာ မြတ္ဆလင္ဆန္႔က်င္ ေရး၊ ႏုိင္္ငံျခားသားဆန္႔က်င္ေရး အားေကာင္းလာေနတာရဲ႕ ႐ိုက္ခတ္မႈအေၾကာင္းေျပာရင္း ဒုကၡသည္ေတြေပၚ သက္ေရာက္မႈ ကိုပါ သူကထည့္ေျပာသြားပါတယ္။

“ဘဂၤလားေဒ့ရွ္မွာ ၾသဂုတ္လက ႐ိုဟင္ဂ်ာေတြကိုျပန္ပို႔ေရး သေဘာတူညီခ်က္ကို အေကာင္အထည္ ေဖာ္တာ မေအာင္မျမင္ျဖစ္ၿပီးတဲ့ေနာက္ ႐ိုဟင္ဂ်ာဒုကၡသည္္ေတြကို ထိုးႏွက္တိုက္ခိုက္တဲ့ ႏိုင္ငံျခားသားမုန္းတီးေရးနဲ႔ အမုန္း စကားေတြ ဆိုရွယ္မီဒီယာေပၚမွာ ျပန္႔ႏွံ႔လာပါတယ္။ ဒီတန္ျပန္သက္ေရာက္မႈက ဒုကၡသည္ေတြကိုလက္ခံထားရတဲ့ လူမႈအဝန္း အဝုိင္းေတြက ဒုကၡသည္ေတြအေပၚ ပစ္မွတ္ထားလာႏုိင္ေျခရွိေနပါတယ္။ ဒါဟာ ဘဂၤလားေဒ့ရွ္မွာ ႐ိုဟင္ဂ်ာေတြရဲ႕ အနာဂတ္နဲ႔ ျမန္မာႏုိင္ငံကိုျပန္ေရးေပၚ ထိခိုက္လာႏုိင္ပါတယ္။”

႐ိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းဟာ လူမ်ဳိးတမ်ဳိးရဲ႕ အသံုးအႏႈန္းတခုအျဖစ္ သက္သက္မဟုတ္ဘဲ ျမန္မာႏုိင္ငံရဲ႕ တိုင္းရင္းသား လူမ်ဳိး စုတစုအျဖစ္ သတ္မွတ္ခံရဖို႔၊ အဲဒီကေနတဆင့္ နယ္ေျမရရိွဖို႔အထိ ေနာက္ကြယ္ရည္ရြယ္ခ်က္ေတြရွိတယ္ဆိုၿပီး ျမန္မာအစိုးရက ဒါကိုလက္မခံသလို ျမန္မာႏုိင္ငံ လူထုအမ်ားစုကလည္း ဆန္႔က်င္ၾကပါတယ္။

ဒါေပမယ့္လည္း ဘဂၤလားေဒ့ရွ္မွာေရာက္ေနသူေတြကို စိစစ္ၿပီး ျမန္မာႏုိ္င္ငံတြင္းက ထြက္ေျပးသြားတာမွန္ရင္ လက္ခံမယ္လုိ႔ ျမန္မာအစိုးရတာဝန္ရွိသူေတြက အစဥ္တစိုက္ေျပာဆိုထားသလို အခုဆိုရင္ ႏုိင္ငံသားအျဖစ္ အသိအမွတ္ျပဳေရး လုပ္ငန္းစဥ္ကိုပါ ပိုၿပီးျမန္ေအာင္လုပ္မယ္လုိ႔ ေျပာထားပါတယ္။

..........................

{Unicode}

တောင်အာရှဒေသလူ့အခွင့်အရေး ကန်အောက်လွှတ်တော်ကြားနာပွဲ ရိုဟင်ဂျာအရေး ထည့်သွင်းပြောဆို

မြန်မာနိုင်ငံကနေထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ဒုက္ခသည်တွေအရေးကို တောင်အာရှဒေသပေါ် သက်ရောက်နေတဲ့ ကိစ္စရပ်တွေထဲကတခုအဖြစ် အမေရိကန် ထိပ်တန်းလွှတ်တော်အမတ်တဦးက သတ်မှတ်ပြောဆိုပါတယ်။

တောင်အာရှဒေသတွင်း လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ အင်္ဂါနေ့က အမေရိကန်အောက်လွှတ်တော် ဆပ်ကော်မတီခွဲ တခုမှာလုပ်တဲ့ ကြားနာပွဲအတွင်း အဲဒီလိုပြောသွားတာပါ။ ဒီပြောဆိုချက်တွေကို ကောက်နုတ်စုစည်းပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

“တောင်အာရှဒေသ လူ့အခွင့်အရေး - နိုင်ငံခြားရေးဌာနနဲ့ ဒေသတွင်းက အမြင်များ” ဆိုတဲ့ခေါင်းစဉ်နဲ့ ကြားနာပွဲတခုကို အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေးကော်မတီ၊ အာရှ၊ ပစိဖိတ်နဲ့ လက်နက်မပြန့်ပွားရေးဆိုင်ရာ ဆပ်ကော်မတီ က အင်္ဂါနေ့မှာ ကြီးမှူးကျင်းပတာပါ။ ဒီကြားနာပွဲမှာ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေက လူ့အခွင့် အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကော်မတီဥက္ကဋ္ဌနဲ့ ကော်မတီဝင် လွှတ်တော်အမတ်တွေ၊ ကြားနာပွဲမှာ လာရောက် တင်ပြ ကြသူတွေ ပြောတဲ့ထဲ မြန်မာနိုင်ငံကနေထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့လည်း ထည့်သွင်းပြောဆိုသွားကြတာဖြစ်ပါတယ်။

ဆပ်ကော်မတီဥက္ကဋ္ဌ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဒီမိုကရက် အောက်လွှတ်တော်အမတ် Bradley Sherman က ကြားနာပွဲအဖွင့် စကားပြောတာမှာ အခုလို ထည့်သွင်းပြောဆိုသွားပါတယ်။

“တောင်အာရှဒေသပေါ် သက်ရောက်နေတဲ့ နောက်ကိစ္စရပ်တခုကတော့ ရိုဟင်ဂျာတွေရဲ့ ဘေးဒုက္ခပါ။ မြန်မာ နိုင်ငံမှာ အစိုးရက ဆိုးရွားစွာ လုပ်ဆောင်ခဲ့ချိန်ကတည်းက အရှေ့တောင် အာရှဒေသဆိုင်ရာ ကြားနာပွဲတွေမှာ ဒီကိစ္စကို အဓိက ထားပြီး ကျနော်တို့ ပြောဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ရိုဟင်ဂျာလူထုအတွက် ရန်ပုံငွေ ဒေါ်လာသန်းပေါင်း ၆၆၀ အကူအညီပေးထားတဲ့ ကမ္ဘာပေါ်မှာ အများဆုံး ကူညီထားတဲ့နိုင်ငံဆိုတာ ကျနော်ထောက်ပြချင်ပါတယ်။ ဒီရန်ပုံငွေရဖို့ ကျနော်တို့ အပြင်းအထန် လုပ်ဆောင်ခဲ့ပါတယ်။ ဒီဒုက္ခသည်တွေ သူတို့နေအိမ်ကို ဘေးရန်ကင်းစွာ ပြန်သွားနိုင်ချိန်ထိ ကျနော်တို့ ဆက်ပြီး လုပ်ဆောင်သွားရမှာပါ။”

ဆပ်ကော်မတီဝင် ဒီမိုကရက် အောက်လွှတ်တော်အမတ် Ilhan Omar ကလည်း မွတ်ဆလင်လူများစုရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ် အိန္ဒိယနိုင်ငံမြောက်ပိုင်း အာသမ်ပြည်နယ်မှာ အိန္ဒိယအစိုးရက ထိန်းသိမ်းရေးစခန်းတွေ တည်ဆောက်နေတယ်ဆိုတဲ့ သတင်းတွေကိုထောက်ပြပြီး တရားမဝင်ရွှေ့ပြောင်းဝင်သူတွေ အိန္ဒိယနိုင်ငံထဲမှာ နေလို့မရအောင် ဝန်ကြီးချုပ် Narendra Modi အစိုးရက လုပ်နေတယ်လို့ဆိုတာကိုပြောရင်းနဲ့ ရိုဟင်ဂျာဖြစ်ရပ်ကို ထည့်ပြောပြီး မေးခွန်းထုတ်သွားပါတယ်။

“ဒါဟာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ဘယ်လိုစခဲ့တယ်ဆိုတာပါပဲ။ ဘယ်အခြေအနေမှာ အိန္ဒိယနဲ့ ကျမ တို့ကြား စံတန်ဖိုးတွေ တူညီမှုမရှိတော့တဲ့အခြေအနေ ရောက်လာမှာပါလဲ … အာသမ်က မွတ်ဆလင်တွေ အဲဒီစခန်းတွေထဲမှာ ထည့်ထားခံရမယ့်အချိန်ထိ ကျမတို့ စောင့်နေတာပါလား …”

လွှတ်တော်အမတ် မစ္စ Omar ထည့်သုံးသွားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို မြန်မာအစိုးရက အပြင်းအထန် ငြင်းထားသလို အမေရိကန်အစိုးရကလည်း တရားဝင် သတ်မှတ်ပြောဆိုတာ မရှိသေးပါဘူး။

ဒီကြားနာပွဲမှာ အမေရိကန်နိုင်ငံခြားရေးဌာနဘက်က အမြင်တွေကို လာပြီးတင်ပြသူကတော့ တောင်နဲ့ ဗဟိုအာရှရေးရာ ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alice Wells ပါ။ သူက ဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေးကိစ္စပြောဆိုသလို အကူအညီပေးနေ တာကိုလည်း ထည့်ပြောသွားပါတယ်။

“၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာဒုက္ခသည် ၇၀၀,၀၀၀ အတွက် နိုင်ငံနယ်စပ်တွေကို ဖွင့်ပေးဖို့ ဝန်ကြီးချုပ် Sheikh Hasina က ချီးကျူးဖွယ် ဆုံးဖြတ်ခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်အတွက် စစ်မှန်တဲ့အကျိုးဆက်တွေ ဖြစ်လာစေပါတယ်။ ရိုဟင်ဂျာတွေ ဘေးကင်းပြီး သိက္ခာရှိစွာ ကိုယ့်သဘောနဲ့ကိုယ် မြန်မာနိုင်ငံကို ပြန်သွားနိုင်ရေး စေ့စပ်ညှိနှိုင်းကြရမှာဖြစ်တာနဲ့အမျှ ဒုက္ခသည် တွေနဲ့ သူတို့ကိုလက်ခံထားရတဲ့ လူမှုအဝန်းအဝိုင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ တခြား မိတ်ဘက်တွေနဲ့အတူ ကျမတို့ဆက်ပြီး ကူညီထောက်ပံ့ပေးနေပါတယ်။”

လက်ထောက်ဝန်ကြီး Alice Wells ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီ သွားရောက်ခဲ့ဖူးသူပါ။

ကြားနာပွဲမှာ သက်သေအနေနဲ့ တင်ပြပြောဆိုသူတွေထဲ တဦးကတော့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ အာရှဒေသဆိုင်ရာ လှုံ့ဆော်စည်းရုံးရေးမန်နေဂျာ Francisco Bencosme ပါ။ တောင်အာရှဒေသတွင်းမှာ မွတ်ဆလင်ဆန့်ကျင် ရေး၊ နိုင်ငံခြားသားဆန့်ကျင်ရေး အားကောင်းလာနေတာရဲ့ ရိုက်ခတ်မှုအကြောင်းပြောရင်း ဒုက္ခသည်တွေပေါ် သက်ရောက်မှု ကိုပါ သူကထည့်ပြောသွားပါတယ်။

“ဘင်္ဂလားဒေ့ရှ်မှာ သြဂုတ်လက ရိုဟင်ဂျာတွေကိုပြန်ပို့ရေး သဘောတူညီချက်ကို အကောင်အထည် ဖော်တာ မအောင်မမြင်ဖြစ်ပြီးတဲ့နောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ထိုးနှက်တိုက်ခိုက်တဲ့ နိုင်ငံခြားသားမုန်းတီးရေးနဲ့ အမုန်း စကားတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့လာပါတယ်။ ဒီတန်ပြန်သက်ရောက်မှုက ဒုက္ခသည်တွေကိုလက်ခံထားရတဲ့ လူမှုအဝန်း အဝိုင်းတွေက ဒုက္ခသည်တွေအပေါ် ပစ်မှတ်ထားလာနိုင်ခြေရှိနေပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတွေရဲ့ အနာဂတ်နဲ့ မြန်မာနိုင်ငံကိုပြန်ရေးပေါ် ထိခိုက်လာနိုင်ပါတယ်။”

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းဟာ လူမျိုးတမျိုးရဲ့ အသုံးအနှုန်းတခုအဖြစ် သက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုး စုတစုအဖြစ် သတ်မှတ်ခံရဖို့၊ အဲဒီကနေတဆင့် နယ်မြေရရှိဖို့အထိ နောက်ကွယ်ရည်ရွယ်ချက်တွေရှိတယ်ဆိုပြီး မြန်မာအစိုးရက ဒါကိုလက်မခံသလို မြန်မာနိုင်ငံ လူထုအများစုကလည်း ဆန့်ကျင်ကြပါတယ်။

ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်မှာရောက်နေသူတွေကို စိစစ်ပြီး မြန်မာနိုင်ငံတွင်းက ထွက်ပြေးသွားတာမှန်ရင် လက်ခံမယ်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေက အစဉ်တစိုက်ပြောဆိုထားသလို အခုဆိုရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး လုပ်ငန်းစဉ်ကိုပါ ပိုပြီးမြန်အောင်လုပ်မယ်လို့ ပြောထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG