သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္္ေတြ Bhasan Char ကၽြန္းကို ေျပာင္းေ႐ႊ႕လုိသလား 


Bhasan Char ကၽြန္း

ဘဂၤလားေဒရွ္႕ ႏုိင္ငံ ေကာဇ္႔ဘဇားမွာ ခုိလံႈေနၾကတဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြထဲကေန ေျမႏုကြ်န္း Bhasan Char မွာ ဆႏၵအေလ်ာက္ ေျပာင္းေရႊ႕လိုသူေတြ စာရင္းကို ဘဂၤလားေဒရွ္႕ အာဏာပိုင္ေတြက ေကာက္ယူေနပါတယ္။ ရိုဟင္ဂ်ာ အသံုးအႏႈန္းကို လက္မခံတဲ႔ ျမန္မာ အစိုးရက ဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လက္ခံမယ္လို႔ ေျပာထားေပမယ့္ ဒုကၡသည္ေတြ ေနရပ္ရင္း မျပန္ႏုိင္ေသးတဲ႔ အေျခအေနမွာ ဘဂၤလားေဒရွ္႕ အစိုးရက ဒုကၡသည္ တခ်ိဳ႕ကို ေရႊ႕ေျပာင္း ေနရာခ်ဖို႔ ျပင္ဆင္တာ ျဖစ္ပါတယ္။

Bhasan Char ကြ်န္းရဲ႕ အေျခအေနကို ဒုကၡသည္ေတြ ဘယ္ေလာက္ သိရွိနားလည္း ထားပါသလဲ၊ ေျပာင္းေရႊ႕ေရး အေပၚမွာေရာ ဘယ္လို သေဘာထားေတြ ရွိလဲ ဆိုတာနဲ႔ ပတ္သက္ၿပီး ေကာဇ္႔ဘဇားမွာ ခိုလံႈေနတဲ႔ ကိုေမာင္ေမာင္စိုးကို မသိဂၤ ီထိုက္ ဆက္သြယ္ ေမးျမန္းတဲ႔ အခါမွာေတာ့ ေျပာင္းလိုသူေတြ ရွိသလို မေျပာင္းလိုသူေတြကလည္း မ်ားတယ္လို႔ သူက အခုလို စၿပီး ေျဖၾကားပါတယ္။

ကိုေမာင္ေမာင္စိုး။ ။ ဘဂၤလားေဒရွ္႕ စခန္းမွာေနေနတဲ႔ လူအခ်ိဳ႕နဲ႔ ေတြ႔ခဲ့ပါတယ္။ သူတို႔က အဲဒီဘက္မွာ ဘယ္ေတာ့မွမသြားဘူးလို႔ အျမဲတမ္း ေျပာပါတယ္။

မသိဂၤ ီထိုက္။ ။ အဲဒီေတာ့ Bhasan Char ကိုေျပာင္းရင္ အခုလက္ရွိ ဒုကၡသည္စခန္းမွာေနတာထက္ ပိုေကာင္းလာမွာလား။

ကိုေမာင္ေမာင္စိုး။ ။ က်ေနာ္တို႔ေျပာတာက အဲဒီကၽြန္းကေပၚတာ သိပ္ၾကာေနၿပီ ။ အခုဒီမွာ ဒုကၡသည္ျဖစ္ေနတဲ့ က်ေနာ္တို႔ကို ဘာလို႔ ပို႔ေနတာလဲ။ ဘဂၤလားေဒရွ္႕မွာလူဦးေရက သိပ္ထူထပ္တယ္။ ဘာလို႔ အဲဒီက လူေတြက အဲဒီမွာေနႏိုင္ရင္ သြားၿပီးေတာ့ မေနတာလဲ ။ အဲလိုေမးခြန္းေတြ ထြက္လာပါတယ္။

မသိဂၤ ီထိုက္။ ။ သြားခ်င္တဲ့ သူေတြေရာရွိပါသလား။

ကိုေမာင္ေမာင္စိုး။ ။ ဒုကၡသည္တခ်ိဳ႕က သြားခ်င္တယ္။

မသိဂၤ ီထိုက္။ ။ သြားခ်င္တဲ့လူေတြ ရွိတယ္ေပါ့ေနာ္။

ကိုေမာင္ေမာင္စိုး။ ။ ဟုတ္ ရွိပါတယ္။

မသိဂၤ ီထိုက္။ ။ သူတို႔က ဘာလို႔ သြားခ်င္တာလဲ။

ကိုေမာင္ေမာင္စိုး။ ။ သူတို႔ေျပာတာက ဒီမွာလည္း အဆင္မေျပဘူး။ အဲဒီမွာ ဘယ္လိုပဲ ျဖစ္ျဖစ္သြား ခ်င္တဲ့လူ တခ်ိဳ႕ သိပ္ေတာ့မမ်ားပါဘူး။

မသိဂၤ ီထိုက္။ ။ မသြားခ်င္တဲ့သူေတြကေတာ့ သူတို႔ အဲဒီကၽြန္းကိုလည္း မေရာက္ဖူးဘူး ၊ ေနာက္ၿပီးေတာ့ သူတို႔ စိတ္မခ်လို႔ မသြားခ်င္တာလား ။ အဓိက ဘာျဖစ္လို႔ မသြားခ်င္တာလဲ။

ကိုေမာင္ေမာင္စိုး။ ။ သူတို႔ဘာလို႔ မသြားခ်င္တာလဲဆိုေတာ့ သူတို႔ အဲဒီမွာ သြားတာလည္း မရွိဘူး ၊ ေနာက္ သူတို႔ကို ခြဲျခားၿပီးေတာ့ တေနရာမွာထားရင္ သူတို႔မေပ်ာ္ဘူး အဲလိုသေဘာထားေတြ ရွိတယ္။ ေနာက္ၿပီးေတာ့ အဲဒီကၽြန္းက ပင္လယ္ထဲမွာ ေရာက္သြားမွာကို ေၾကာက္ေနတာရွိပါတယ္။ ၿပီးေတာ့ အာဏာပိုင္ေတြက ပိုၿပီးေတာ့ က်ပ္မယ့္ အေနအထားရွိပါတယ္။

မသိဂၤ ီထိုက္။ ။ အခုေလာေလာဆည္မွာေရာ ကၽြန္းကို ေျပာင္းဖို႔ ေရႊ႕ဖို႔ ျပင္ေနတဲ့ သူေတြ ရွိၿပီလား။

ကိုေမာင္ေမာင္စိုး။ ။ ရွိပါတယ္။ သူတို႔ ျပင္ေနတာက ဒီမွာ စာရင္းေတြဘာေတြ ေကာက္ေနတယ္။ ဒုကၡသည္ေတြေနတဲ႔ ေနရာေတြမွာ လာၿပီးေတာ့ တခ်ိဳ႕က စကားေတြ ဘာေတြ လာေျပာတယ္။ ၿပီးေတာ့ သြားခ်င္တဲ့လူေတြရဲ႕ စာရင္းေတြ ေကာက္ေနတာေတြရွိပါတယ္။

မသိဂၤ ီထိုက္။ ။ အဲဒီေတာ့ ကိုေမာင္ေမာင္စိုး အဲဒီ ဒုကၡသည္စခန္းထဲက လူေတြက Bhasan Char ကၽြန္းကို သြားခ်င္တယ္ မသြားခ်င္ဘူးဆိုၿပီးေတာ့ သူတို႔ဆႏၵကို ရဲရဲ၀ံ႔၀ံ႔ နာမည္တပ္ၿပီးေတာ့ ေျပာပါသလား။

ကိုေမာင္ေမာင္စိုး။ ။ အဲလိုမေျပာရဲၾကဘူး ၿပီးေတာ့ သူတို႔ေၾကာက္ေနတာက ဒုကၡသည္စခန္းအေျခအေနက သိပ္မေကာင္းဘူး ၊ အဲဒါေၾကာင့္မို႔လို႔ အခုဒီမွာ သြားေရးလာေရး သိပ္အဆင္မေျပဘူး ။ အဲဒါေၾကာင့္မို႔လို႔ လူေတြက သူတို႔ဟာသူတို႔ ပုန္းၿပီးေတာ့ ေျပာေနၾကတာေပါ့။

မသိဂၤ ီထိုက္။ ။ အဲဒီ ကၽြန္းအေၾကာင္းကိုေရာ ဒုကၡသည္စခန္းမွာ လာရွင္းျပတာ ရွိပါသလား။

ကိုေမာင္ေမာင္စိုး။ ။ ဟုတ္ အဲလိုမ်ိဳးရွိပါတယ္။ ဒီမွာ အာဏာပိုင္ေတြက အဲဒီကၽြန္းအေၾကာင္းကို ဒီက ဒုကၡသည္ေတြကို ေခၚၿပီး ေျပာျပပါတယ္။ ခင္ဗ်ားတို႔ကို ေခၚၿပီးမွ အဓမၼေျပာင္းခိုင္းမွာ မဟုတ္ပါဘူး၊ ခင္ဗ်ားတို႔ ဆႏၵနဲ႔သြားခ်င္ရင္ လုပ္ေပးမယ္ လို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြကေျပာပါတယ္။

မသိဂၤ ီထိုက္။ ။ ေျပာင္းခ်င္ရင္ေျပာင္းဆိုတဲ့ သေဘာပဲ ရွင္းျပပါသလား၊ ဒီကၽြန္းမွာ ေနေရးထိုင္ေရး စားေရးေသာက္ေရး သူတို႔ စီစဥ္ေပး မယ့္ဟာေတြေရာ ရွင္းျပပါသလား။

ကိုေမာင္ေမာင္စိုး။ ။ ဒုကၡသည္စခန္းမွာ လူေတြက တေနရာမွာ တမ်ိဳးစီ ေျပာပါတယ္။ ေနရာတိုင္းမွာ စကားတခြန္းပဲ ေျပာေနတာမေတြ႔ရေသးပါဘူး။ ဒါေပမယ့္ သူတို႔ ရွင္းျပတာက Bhasan Char ကၽြန္းအေျခအေနကို ရွင္းျပပါတယ္။ Bhasan Charက ဘယ္လိုလဲ ေနႏိုင္မယ္ မေနႏိုင္ဘူးလား ၊ အခြင့္အေရးေတြ ဘယ္လိုရမလဲ အဲဒါေတြကို ရွင္းျပပါတယ္။

မသိဂၤ ီထိုက္။ ။ ဘာအခြင့္အေရးေတြ ရမလဲရွင့္။

ကိုေမာင္ေမာင္စိုး။ ။ အခြင့္အေရးက သူတို႔ေျပာတာက ဒီကထက္ အဲဒီမွာ ပိုေကာင္းမယ္။ ဒီမွာက ေနေရးက ခင္ဗ်ားတို႔မွာ အဆင္မေျပဘူး။ အဲဒီမွာ သြားရင္က အဆင္ေျပမယ္လုိ႔ သူတို႔က သတင္းေတြဘာေတြ ေပးေနတာရွိပါတယ္။

ဘဂၤလားေဒရွ္႕ ႏုိင္ငံ ေကာဇ္႔ဘဇားမွာ ခိုလံႈေနတဲ႔ ကိုေမာင္ေမာင္စိုးကို မသိဂၤ ီထိုက္ ဆက္သြယ္ ေမးျမန္းခဲ့တာပါ။

.....................

{Unicode}

ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲကနေ မြေနုကျွန်း Bhasan Char မှာ ဆန္ဒအလျောက် ပြောင်းရွှေ့လိုသူတွေ စာရင်းကို ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက ကောက်ယူနေပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာ အစိုးရက ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြောထားပေမယ့် ဒုက္ခသည်တွေ နေရပ်ရင်း မပြန်နိုင်သေးတဲ့ အခြေအနေမှာ ဘင်္ဂလားဒေရှ့် အစိုးရက ဒုက္ခသည် တချို့ကို ရွှေ့ပြောင်း နေရာချဖို့ ပြင်ဆင်တာ ဖြစ်ပါတယ်။ Bhasan Char ကျွန်းရဲ့ အခြေအနေကို ဒုက္ခသည်တွေ ဘယ်လောက် သိရှိနားလည်း ထားပါသလဲ၊ ပြောင်းရွှေ့ရေး အပေါ်မှာရော ဘယ်လို သဘောထားတွေ ရှိလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကောဇ့်ဘဇားမှာ ခိုလှုံနေတဲ့ ကိုမောင်မောင်စိုးကို မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ ပြောင်းလိုသူတွေ ရှိသလို မပြောင်းလိုသူတွေကလည်း များတယ်လို့ သူက အခုလို စပြီး ဖြေကြားပါတယ်။

ကိုမောင်မောင်စိုး။ ။ ဘင်္ဂလားဒေရှ့် စခန်းမှာနေနေတဲ့ လူအချို့နဲ့ တွေ့ခဲ့ပါတယ်။ သူတို့က အဲဒီဘက်မှာ ဘယ်တော့မှမသွားဘူးလို့ အမြဲတမ်း ပြောပါတယ်။

မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ Bhasan Char ကိုပြောင်းရင် အခုလက်ရှိ ဒုက္ခသည်စခန်းမှာနေတာထက် ပိုကောင်းလာမှာလား။

ကိုမောင်မောင်စိုး။ ။ ကျနော်တို့ပြောတာက အဲဒီကျွန်းကပေါ်တာ သိပ်ကြာနေပြီ ။ အခုဒီမှာ ဒုက္ခသည်ဖြစ်နေတဲ့ ကျနော်တို့ကို ဘာလို့ ပို့နေတာလဲ။ ဘင်္ဂလားဒေရှ့်မှာလူဦးရေက သိပ်ထူထပ်တယ်။ ဘာလို့ အဲဒီက လူတွေက အဲဒီမှာနေနိုင်ရင် သွားပြီးတော့ မနေတာလဲ ။ အဲလိုမေးခွန်းတွေ ထွက်လာပါတယ်။

မသိင်္ဂ ီထိုက်။ ။ သွားချင်တဲ့ သူတွေရောရှိပါသလား။

ကိုမောင်မောင်စိုး။ ။ ဒုက္ခသည်တချို့က သွားချင်တယ်။

မသိင်္ဂ ီထိုက်။ ။ သွားချင်တဲ့လူတွေ ရှိတယ်ပေါ့နော်။

ကိုမောင်မောင်စိုး။ ။ ဟုတ် ရှိပါတယ်။

မသိင်္ဂ ီထိုက်။ ။ သူတို့က ဘာလို့ သွားချင်တာလဲ။

ကိုမောင်မောင်စိုး။ ။ သူတို့ပြောတာက ဒီမှာလည်း အဆင်မပြေဘူး။ အဲဒီမှာ ဘယ်လိုပဲ ဖြစ်ဖြစ်သွား ချင်တဲ့လူ တချို့ သိပ်တော့မများပါဘူး။

မသိင်္ဂ ီထိုက်။ ။ မသွားချင်တဲ့သူတွေကတော့ သူတို့ အဲဒီကျွန်းကိုလည်း မရောက်ဖူးဘူး ၊ နောက်ပြီးတော့ သူတို့ စိတ်မချလို့ မသွားချင်တာလား ။ အဓိက ဘာဖြစ်လို့ မသွားချင်တာလဲ။

ကိုမောင်မောင်စိုး။ ။ သူတို့ဘာလို့ မသွားချင်တာလဲဆိုတော့ သူတို့ အဲဒီမှာ သွားတာလည်း မရှိဘူး ၊ နောက် သူတို့ကို ခွဲခြားပြီးတော့ တနေရာမှာထားရင် သူတို့မပျော်ဘူး အဲလိုသဘောထားတွေ ရှိတယ်။ နောက်ပြီးတော့ အဲဒီကျွန်းက ပင်လယ်ထဲမှာ ရောက်သွားမှာကို ကြောက်နေတာရှိပါတယ်။ ပြီးတော့ အာဏာပိုင်တွေက ပိုပြီးတော့ ကျပ်မယ့် အနေအထားရှိပါတယ်။

မသိင်္ဂ ီထိုက်။ ။ အခုလောလောဆည်မှာရော ကျွန်းကို ပြောင်းဖို့ ရွှေ့ဖို့ ပြင်နေတဲ့ သူတွေ ရှိပြီလား။

ကိုမောင်မောင်စိုး။ ။ ရှိပါတယ်။ သူတို့ ပြင်နေတာက ဒီမှာ စာရင်းတွေဘာတွေ ကောက်နေတယ်။ ဒုက္ခသည်တွေနေတဲ့ နေရာတွေမှာ လာပြီးတော့ တချို့က စကားတွေ ဘာတွေ လာပြောတယ်။ ပြီးတော့ သွားချင်တဲ့လူတွေရဲ့ စာရင်းတွေ ကောက်နေတာတွေရှိပါတယ်။

မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ ကိုမောင်မောင်စိုး အဲဒီ ဒုက္ခသည်စခန်းထဲက လူတွေက Bhasan Char ကျွန်းကို သွားချင်တယ် မသွားချင်ဘူးဆိုပြီးတော့ သူတို့ဆန္ဒကို ရဲရဲဝံ့ဝံ့ နာမည်တပ်ပြီးတော့ ပြောပါသလား။

ကိုမောင်မောင်စိုး။ ။ အဲလိုမပြောရဲကြဘူး ပြီးတော့ သူတို့ကြောက်နေတာက ဒုက္ခသည်စခန်းအခြေအနေက သိပ်မကောင်းဘူး ၊ အဲဒါကြောင့်မို့လို့ အခုဒီမှာ သွားရေးလာရေး သိပ်အဆင်မပြေဘူး ။ အဲဒါကြောင့်မို့လို့ လူတွေက သူတို့ဟာသူတို့ ပုန်းပြီးတော့ ပြောနေကြတာပေါ့။

မသိင်္ဂ ီထိုက်။ ။ အဲဒီ ကျွန်းအကြောင်းကိုရော ဒုက္ခသည်စခန်းမှာ လာရှင်းပြတာ ရှိပါသလား။

ကိုမောင်မောင်စိုး။ ။ ဟုတ် အဲလိုမျိုးရှိပါတယ်။ ဒီမှာ အာဏာပိုင်တွေက အဲဒီကျွန်းအကြောင်းကို ဒီက ဒုက္ခသည်တွေကို ခေါ်ပြီး ပြောပြပါတယ်။ ခင်ဗျားတို့ကို ခေါ်ပြီးမှ အဓမ္မပြောင်းခိုင်းမှာ မဟုတ်ပါဘူး၊ ခင်ဗျားတို့ ဆန္ဒနဲ့သွားချင်ရင် လုပ်ပေးမယ် လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကပြောပါတယ်။

မသိင်္ဂ ီထိုက်။ ။ ပြောင်းချင်ရင်ပြောင်းဆိုတဲ့ သဘောပဲ ရှင်းပြပါသလား၊ ဒီကျွန်းမှာ နေရေးထိုင်ရေး စားရေးသောက်ရေး သူတို့ စီစဉ်ပေး မယ့်ဟာတွေရော ရှင်းပြပါသလား။

ကိုမောင်မောင်စိုး။ ။ ဒုက္ခသည်စခန်းမှာ လူတွေက တနေရာမှာ တမျိုးစီ ပြောပါတယ်။ နေရာတိုင်းမှာ စကားတခွန်းပဲ ပြောနေတာမတွေ့ရသေးပါဘူး။ ဒါပေမယ့် သူတို့ ရှင်းပြတာက Bhasan Char ကျွန်းအခြေအနေကို ရှင်းပြပါတယ်။ Bhasan Charက ဘယ်လိုလဲ နေနိုင်မယ် မနေနိုင်ဘူးလား ၊ အခွင့်အရေးတွေ ဘယ်လိုရမလဲ အဲဒါတွေကို ရှင်းပြပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဘာအခွင့်အရေးတွေ ရမလဲရှင့်။

ကိုမောင်မောင်စိုး။ ။ အခွင့်အရေးက သူတို့ပြောတာက ဒီကထက် အဲဒီမှာ ပိုကောင်းမယ်။ ဒီမှာက နေရေးက ခင်ဗျားတို့မှာ အဆင်မပြေဘူး။ အဲဒီမှာ သွားရင်က အဆင်ပြေမယ်လို့ သူတို့က သတင်းတွေဘာတွေ ပေးနေတာရှိပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားမှာ ခိုလှုံနေတဲ့ ကိုမောင်မောင်စိုးကို မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG