သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်သိန်းချီ Bhasan Char ကျွန်းပို့ရေးကူညီဖို့ ကုလစူးစမ်း


Bhasan Char ကျွန်း
Bhasan Char ကျွန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေထဲက လူဦးရေတသိန်းကို လူမနေတဲ့ ကျွန်းတခု ဆီပြောင်း ရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကစီစဉ်နေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဘက်က ဘယ်လိုကူညီနိုင်မလဲဆိုတာကို စုံစမ်းလေ့လာနေ ပါတယ်။

ဘင်္ဂလားပင်လယ်အော်က ဘာဆန်ချာကျွန်းဟာ မိုးရာသီအတွင်း ဆိုးဝါးတဲ့ ရာသီဥတု ဒဏ် ကို ခံရနိုင်တာကြောင့် နောက်တခါထပ်ပြီး အဲဒီကျွန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာသစ်တွေ ထပ်ကြုံရနိုင်တယ်လို့ သတိပေးမှုတွေလည်းရှိနေတာပါ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းမှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေအတွင်းမှာလည်း ရိုဟင် ဂျာဒုက္ခသည်တွေ က တသန်းလောက်ရှိနေပြီး လူသိပ်သည်းမှုတွေရှိလာနေလို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ဒုက္ခသည် တွေကိုနေရာပြောင်းဖို့စီစဉ်နေတာပါ။

အဲဒီဘာဆန်ချာကျွန်းကိုရောက်ဖို့ ဘင်္ဂလားဒေ့ရှ် ကနေ အချိန်တနာရီလောက် သင်္ဘောနဲ့ သွားရတာပါ။ ကုလသမဂ္ဂရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ကတော့ ဒုက္ခသည်တွေ အဲဒီ ကျွန်းမှာ လုံခြုံစိတ်ချရတဲ့အခြေအနေနဲ့ ရေရှည်နေထိုင်နိုင်ရေးကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ တိုင်ပင်ဆွေးနွေးနေကြောင်း၊ အဲဒီကျွန်းမှာ ဒုက္ခသည်တွေ ပြောင်းရွှေ့ နေထိုင်ကြရင် ကြုံလာနိုင်တဲ့ ပြဿနာတွေအပေါ်ကူညီဖြေရှင်း နိုင်ဖို့ အခြေအနေတွေ ကိုလည်း ကုလသမဂ္ဂဘက်က လေ့လာတွက်ချက်နေတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ကလည်း ဒီဘာဆန်ချာကျွန်းကို ဒုက္ခသည်တွေ ရွှေ့ပြောင်းရေးကို ခပ်မြန်မြန်ဖြစ်အောင် စီစဉ်နေတာက အကြပ်အတည်း အသစ်တခုဖြစ်ပွားလာနိုင်တယ်လို့လည်း ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက သတိပေးထားတာပါ။ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ကြသူတွေဖြစ်ပြီး မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပါဘူး။

ရိုဟင်ဂျာဒုက္ခသည်သိန်းချီ Bhasan Char ကျွန်းပို့ရေးကူညီဖို့ ကုလစူးစမ်း
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG