သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြ Bhasan Char ကြၽန္းေျပာင္းမယ့္အစီအစဥ္ စတင္ဖြယ္ရွိ


Bhasan Char ကၽြန္း

ဘဂၤလားေဒ့ရွ္ ႏိုင္ငံေရာက္ေနတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္အခ်ိဳ႕ကို Bhasan Char ကြၽန္းကို ေ႐ြ႕ေျပာင္းဖို႔ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြ စီစဥ္ေနၿပီး မၾကာမီမွာပဲ ေျပာင္းေ႐ြ႕ေရးအစီအစဥ္ေတြ စတင္ဖို႔ ရွိေနပါတယ္။

မိမိသေဘာဆႏၵနဲ႔ ေျပာင္းေ႐ြ႕ေရးကို လက္ခံတဲ့ ဒုကၡသည္အခ်ိဳ႕ရွိေနၿပီး သူတို႔အဆင္သင့္ျဖစ္တာနဲ႔ တရားဝင္ေျပာင္းေ႐ြ႕ေရး စတင္မယ္လို႔ ဘဂၤလားေဒရွ႕္ ‌Coz’s Bazar ခ႐ိုင္ ဒုတိယ ေကာ္မရွင္နာမင္းႀကီး Kamal Hossen က ဗြီအိုေအကို ေျပာပါတယ္။

“Bhasan Char ကြၽန္းဟာ ႐ိုဟင္ဂ်ာဒုကၡသည္ တသိန္း လက္ခံဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ ဒုကၡသည္ မိသားစု အခ်ိဳ႕လည္း ေျပာင္းေ႐ြ႕ဖို႔ သူတို႔ဆႏၵအေလွ်ာက္ သေဘာတူ ထားပါတယ္။ ေျပာင္းေ႐ြ႕ေရး အတြက္ ေနာက္ထပ္ ဒုကၡသည္ေတြ သေဘာတူ လာဖို႔လည္း စည္း႐ုံးေဆာင္႐ြက္ေနပါတယ္။ သူတို႔ အဆင္သင့္ျဖစ္တာနဲ႔ တရားဝင္ ေျပာင္းေ႐ြ႕ေရး စတင္မွာျဖစ္ပါတယ္။”

ကြၽန္းေပၚမွာ လိုအပ္တဲ့ ပစၥည္းပစၥယေတြအျပင္ အုပ္ခ်ဳပ္ေရး စီမံခန႔္ခြဲေရးအတြက္လည္း စီစဥ္ ေဆာင္႐ြက္ထားတယ္လို႔ ဒုတိယ ေကာ္မရွင္နာမင္းႀကီး Kamal Hossen ကေျပာပါတယ္။ အခုရွိေနတဲ့ စခန္းေတြဟာ လူေနထူထပ္ၾကပ္တည္းလြန္းၿပီး ေနရထိုင္ရခက္ခဲတာေၾကာင့္၊ ကြၽန္းကို ေျပာင္းေ႐ြသြားမယ့္ ဒုကၡသည္ေတြအဖို႔ ဟိုမွာ ပိုၿပီး လြတ္လြတ္လပ္လပ္ျဖစ္လာမယ္လို႔ ေျပာပါတယ္။

ေျပာင္းေ႐ြ႕သြားတဲ့ ဒုကၡသည္ေတြအတြက္ ေမြးျမဴေရး လယ္ယာစိုက္ပ်ိဳးေရး အခြင့္အလမ္းေတြ အမ်ားႀကီးရွိလာမွာျဖစ္သလို ကေလးေတြအတြက္ ပညာေရး သက္ေမြးဝမ္းေက်ာင္းသင္တန္းေတြကိုလည္း စီစဥ္ေပးမယ္လို႔ ဒုတိယ ေကာ္မရွင္နာမင္းႀကီး Kamal Hossen ကေျပာပါတယ္။ အဲဒီမွာေနရမွာ ယာယီသေဘာပဲျဖစ္ၿပီး ဒုကၡသည္ေတြအေနနဲ႔ ကိုယ့္ေနရပ္ကို ကိုယ္‌ ေနာက္ပိုင္းမွာ ျပန္ႏိုင္မွာျဖစ္တယ္လို႔လည္း ဗြီအိုေအကို ေျပာပါတယ္။

စခန္းေတြထဲမွာေတာ့ ကြၽန္းေျပာင္းလိုတဲ့ ဒုကၡသည္ေတြကို စာရင္းေကာက္ခံေနၿပီး စခန္းေခါင္းေဆာင္အခ်ိဳ႕ အဲဒီကြၽန္းကို သြားေလ့လာႏိုင္ဖို႔ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြက စီစဥ္ေနတယ္လို႔ ဒုကၡသည္တဦးက ဗြီအိုေအကို ေျပာပါတယ္။ ဒါေပမယ့္ အမ်ားစုကေတာ့ မသြားလိုၾကဘူးလို႔ ဆိုပါတယ္။ ဒုကၡသည္ေတြကိုထားမယ့္ ကြၽန္းဟာ မိုးတြင္းေရလႊမ္းမိုးခံရေလ့ရွိၿပီး အပူပိုင္းမုန္တိုင္းျဖတ္ရာေဒသျဖစ္တာမို႔ ကြၽန္းေ႐ြ႕ေျပာင္းမယ့္အစီအစဥ္အေပၚ စိုးရိမ္မကင္း ထုတ္ေဖာ္ေျပာေနၾကပါတယ္။ ႐ိုဟင္ဂ်ာအသုံးအႏႈန္း လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ဒီဒုကၡသည္ေတြကို စီစစ္လက္ခံသြားမယ္လို႔ ေျပာထားပါတယ္။

................

{Unicode}

ရိုဟင်ဂျာတွေ Bhasan Char ကျွန်းပြောင်းမယ့်အစီအစဉ် စတင်ဖွယ်ရှိ


ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အချို့ကို Bhasan Char ကျွန်းကို ရွေ့ပြောင်းဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ စီစဉ်နေပြီး မကြာမီမှာပဲ ပြောင်းရွေ့ရေးအစီအစဉ်တွေ စတင်ဖို့ ရှိနေပါတယ်။

မိမိသဘောဆန္ဒနဲ့ ပြောင်းရွေ့ရေးကို လက်ခံတဲ့ ဒုက္ခသည်အချို့ရှိနေပြီး သူတို့အဆင်သင့်ဖြစ်တာနဲ့ တရားဝင်ပြောင်းရွေ့ရေး စတင်မယ်လို့ ဘင်္ဂလားဒေရှ့် ‌Coz’s Bazar ခရိုင် ဒုတိယ ကော်မရှင်နာမင်းကြီး Kamal Hossen က ဗွီအိုအေကို ပြောပါတယ်။

“Bhasan Char ကျွန်းဟာ ရိုဟင်ဂျာဒုက္ခသည် တသိန်း လက်ခံဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒုက္ခသည် မိသားစု အချို့လည်း ပြောင်းရွေ့ဖို့ သူတို့ဆန္ဒအလျှောက် သဘောတူထားပါတယ်။ ပြောင်းရွေ့ရေး အတွက် နောက်ထပ် ဒုက္ခသည်တွေ သဘောတူလာဖို့လည်း စည်းရုံးဆောင်ရွက်နေပါတယ်။ သူတို့ အဆင်သင့်ဖြစ်တာနဲ့ တရားဝင် ပြောင်းရွေ့ရေး စတင်မှာဖြစ်ပါတယ်။”

ကျွန်းပေါ်မှာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေအပြင် အုပ်ချုပ်ရေး စီမံခန့်ခွဲရေးအတွက်လည်း စီစဉ် ဆောင်ရွက်ထားတယ်လို့ ဒုတိယ ကော်မရှင်နာမင်းကြီး Kamal Hossen ကပြောပါတယ်။ အခုရှိနေတဲ့ စခန်းတွေဟာ လူနေထူထပ်ကြပ်တည်းလွန်းပြီး နေရထိုင်ရခက်ခဲတာကြောင့်၊ ကျွန်းကို ပြောင်းရွေသွားမယ့် ဒုက္ခသည်တွေအဖို့ ဟိုမှာ ပိုပြီး လွတ်လွတ်လပ်လပ်ဖြစ်လာမယ်လို့ ပြောပါတယ်။

ပြောင်းရွေ့သွားတဲ့ ဒုက္ခသည်တွေအတွက် မွေးမြူရေး လယ်ယာစိုက်ပျိုးရေး အခွင့်အလမ်းတွေ အများကြီးရှိလာမှာဖြစ်သလို ကလေးတွေအတွက် ပညာရေး သက်မွေးဝမ်းကျောင်းသင်တန်းတွေကိုလည်း စီစဉ်ပေးမယ်လို့ ဒုတိယ ကော်မရှင်နာမင်းကြီး Kamal Hossen ကပြောပါတယ်။ အဲဒီမှာနေရမှာ ယာယီသဘောပဲဖြစ်ပြီး ဒုက္ခသည်တွေအနေနဲ့ ကိုယ့်နေရပ်ကို ကိုယ်‌ နောက်ပိုင်းမှာ ပြန်နိုင်မှာဖြစ်တယ်လို့လည်း ဗွီအိုအေကို ပြောပါတယ်။

စခန်းတွေထဲမှာတော့ ကျွန်းပြောင်းလိုတဲ့ ဒုက္ခသည်တွေကို စာရင်းကောက်ခံနေပြီး စခန်းခေါင်းဆောင်အချို့ အဲဒီကျွန်းကို သွားလေ့လာနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက စီစဉ်နေတယ်လို့ ဒုက္ခသည်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့် အများစုကတော့ မသွားလိုကြဘူးလို့ ဆိုပါတယ်။ ဒုက္ခသည်တွေကိုထားမယ့် ကျွန်းဟာ မိုးတွင်းရေလွှမ်းမိုးခံရလေ့ရှိပြီး အပူပိုင်းမုန်တိုင်းဖြတ်ရာဒေသဖြစ်တာမို့ ကျွန်းရွေ့ပြောင်းမယ့်အစီအစဉ်အပေါ် စိုးရိမ်မကင်း ထုတ်ဖော်ပြောနေကြပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်း လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒီဒုက္ခသည်တွေကို စီစစ်လက်ခံသွားမယ်လို့ ပြောထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG