သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒုကၡသည္ ၄၀၀ ျမန္မာျပည္ျပန္သြားတာ ဘဂၤလားမသိ


(Zawgyi/Unicode)

ျမန္မာႏုိင္ငံကို သူ႔တို႔ဆႏၵအေလွ်ာက္ ျပန္လာတဲ့ ရိုဟင္ဂ်ာဒုကၡသည္ ၄၀၀ ေလာက္ရွိၿပီလို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဆိုင္ရာ ျမန္မာသံရံုးက ၾကာသပေတးေန႔မွာ ေျပာၾကားလိုက္ပါတယ္။ ဒါေပမယ့္ အရင္က ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး ႀကိဳးပမ္းမႈေတြ မေအာင္ျမင္ခဲ့တာေၾကာင့္ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြကေတာ့ ဒီေျပာၾကားခ်က္ကို အတည္မျပဳေသးပါဘူး။

ျမန္မာသံရံုး ေဖ့စ္ဘုတ္မွာ ပုံနဲ႔တကြတင္ထားတာ ျဖစ္ၿပီး သူ႔သေဘာနဲ႔သူ ေနာက္ထပ္ ျပန္လာတဲ့ ၄၆ ဦးကို ျမန္မာႏို္င္ငံက ေႏြးေႏြးေထြးေထြး လက္ခံခဲ့ေၾကာင္းေဖၚျပထားပါတယ္။ ျပန္လာသူစုစုေပါင္း ၃၉၇ ေယာက္ရွိၿပီလို႔ေျပာေပမယ့္ သူတို႔ ျပန္လာတဲ့ အခ်ိန္ေတြကိုေတာ့ အတိအက် ေျပာမထားပါဘူး။

ဒီလိုျမန္မာသံရံုးရဲ့ ေၾကညာခ်က္နဲ႔ ပတ္သက္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္ဆိုင္ရာ ေကာ္မရွင္နာမင္းႀကီးကေရာ ႏို္င္ငံျခားေရးဝန္ႀကီး A.K. Abdul Momen ကပါ ခ်က္ခ်င္း တစံုတရာမွတ္ခ်က္ေပး ေျပာၾကားတာမ်ိဳးမရွိပဲ ေသခ်ာေအာင္ လုပ္ရဦးမွာ ျဖစ္ေၾကာင္းေျပာတယ္လို႔ AFP သတင္းက ေဖၚျပပါတယ္။

ဒါေပမယ့္ ဗုဒၶဟူးေန႔ ဘဂၤလားေဒ့ရွ္ ႏုိင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာေတာ့ ဒုကၡသည္ လက္တဆုပ္စာေလာက္ ျပန္တာဟာ ရခုိုင္ျပည္နယ္ထဲမွာ အေျခေနေတြ တိုးတက္မႈရွိလာၿပီလို႔ မေျပာႏုိင္ေၾကာင္း ေဖၚျပထားပါတယ္။

ရိုဟင္ဂ်ာေခါင္းေဆာင္ေတြက လံုၿခံဳေရးနဲ႔ ႏုိ္င္ငံသား ျဖစ္ခြင့္အတြက္ အာမခံမရင္ မျပန္ဘူးလို႔ ျငင္းဆိုေနတာပါ။ ေနာက္ပိုင္းမွာ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက ဒုကၡသည္ စခန္းေတြမွာ အင္တာနက္ျဖတ္ေတာက္တာနဲ႔ စခန္းပတ္လည္ သံဆူးႀကိဳးေတြ ကာရံမယ္လို႔ စီစဥ္လာတာ အျပင္ လူ႔အခြင့္ေရးအဖြဲ႔ေတြ ကန္႔ကြက္ေနတဲ့ ၾကားကပဲ ေထာင္နဲ႔ခ်ီတဲ့ ဒုကၡသည္ေတြကို ဘဂၤလားပင္လယ္ေအာ္ထဲက ေဝးလံေခါင္သီတဲ့ ကၽြန္းကို ေျပာင္းေရႊ႕ေပးဖို႔ လုပ္ေနတာ ျဖစ္ပါတယ္။

ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ဒုကၡသည္ေတြကို ျပန္လက္ခံေရးအတြက္ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြနဲ႔ေရာ ကုလသမဂၢနဲ႔ပါ လက္တြဲ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

..............

ဒုက္ခသည် ၄၀၀ မြန်မာပြည်ပြန်သွားတာ ဘင်္ဂလားမသိ

(Unicode)

မြန်မာနိုင်ငံကို သူ့တို့ဆန္ဒအလျှောက် ပြန်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၀၀ လောက်ရှိပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အရင်က ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကတော့ ဒီပြောကြားချက်ကို အတည်မပြုသေးပါဘူး။

မြန်မာသံရုံး ဖေ့စ်ဘုတ်မှာ ပုံနဲ့တကွတင်ထားတာ ဖြစ်ပြီး သူ့သဘောနဲ့သူ နောက်ထပ် ပြန်လာတဲ့ ၄၆ ဦးကို မြန်မာနိုင်ငံက နွေးနွေးထွေးထွေး လက်ခံခဲ့ကြောင်းဖေါ်ပြထားပါတယ်။ ပြန်လာသူစုစုပေါင်း ၃၉၇ ယောက်ရှိပြီလို့ပြောပေမယ့် သူတို့ ပြန်လာတဲ့ အချိန်တွေကိုတော့ အတိအကျ ပြောမထားပါဘူး။

ဒီလိုမြန်မာသံရုံးရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာမင်းကြီးကရော နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen ကပါ ချက်ချင်း တစုံတရာမှတ်ချက်ပေး ပြောကြားတာမျိုးမရှိပဲ သေချာအောင် လုပ်ရဦးမှာ ဖြစ်ကြောင်းပြောတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

ဒါပေမယ့် ဗုဒ္ဓဟူးနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ဒုက္ခသည် လက်တဆုပ်စာလောက် ပြန်တာဟာ ရခိုင်ပြည်နယ်ထဲမှာ အခြေနေတွေ တိုးတက်မှုရှိလာပြီလို့ မပြောနိုင်ကြောင်း ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာခေါင်းဆောင်တွေက လုံခြုံရေးနဲ့ နိုင်ငံသား ဖြစ်ခွင့်အတွက် အာမခံမရင် မပြန်ဘူးလို့ ငြင်းဆိုနေတာပါ။ နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည် စခန်းတွေမှာ အင်တာနက်ဖြတ်တောက်တာနဲ့ စခန်းပတ်လည် သံဆူးကြိုးတွေ ကာရံမယ်လို့ စီစဉ်လာတာ အပြင် လူ့အခွင့်ရေးအဖွဲ့တွေ ကန့်ကွက်နေတဲ့ ကြားကပဲ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော်ထဲက ဝေးလံခေါင်သီတဲ့ ကျွန်းကို ပြောင်းရွှေ့ပေးဖို့ လုပ်နေတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို ပြန်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ရော ကုလသမဂ္ဂနဲ့ပါ လက်တွဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒုကၡသည္ ၄၀၀ ျမန္မာျပည္ျပန္သြားတာ ဘဂၤလားမသိ
please wait

No media source currently available

0:00 0:01:23 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG