သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး မြန်မာကို ဖိအားပေးဖို့ နယူးယောက်အမတ်တွေ လုပ်ဆောင်မည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတခု။ (သြဂုတ် ၂၂၊ ၂၀၁၉)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတခု။ (သြဂုတ် ၂၂၊ ၂၀၁၉)

(Zawgyi / Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ကြတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် လွှတ်တော်က အထက်လွှတ်တော်အမတ် Luis Sepulveda က ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး အတွက် မြန်မာအပေါ် ဖိအားပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို တိုက်တွန်းသွားမယ်ဆိုပြီး ပြောဆိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် BSS သတင်းကို ကိုးကားပြီး Daily Star က ဖော်ပြပါတယ်။

နယူးယောက်ပြည်နယ်လွှတ်တော် အထက်လွှတ်တော်အမတ် Luis Sepulveda ဦးဆောင်တဲ့ ပြည်နယ်လွှွတ်တော် အထက်လွှတ်တော်အမတ် ၅ ဦးပါ အဖွဲ့က အောက်တိုဘာလ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်ရဲ့ တိုးတက်မှုတွေကို လာရောက် လေ့လာကြတာလို့လည်း သတင်းက ဖော်ပြပါတယ်။

ပြည်နယ် အထက်လွှတ်တော်အမတ်တွေ ဖြစ်တဲ့ Luis, Leroy Comrie, James Skoufis, Kevin S Parker နဲ့ John C Liu တို့နဲ့အတူ ဝန်ထမ်းသုံးဦးလည်း လိုက်ပါလာပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ အကြီးတန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့တာပါ။

ရိုဟင်ဂျာပဋိပက္ခနဲ့ ပတ်သက်ပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တခု ရှာရေး မြန်မာအပေါ်မှာ ကမ္ဘာ့နိုင်ငံကြီးတွေ၊ အထူးသဖြင့် စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတွေက ဖိအားပေးကြဖို့ လိုအပ်တယ်လို့လည်း နယူးယောက်ပြည်နယ်အမတ် Luis က သုံးသပ်ကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရ အနေနဲ့တော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှာ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ ဌာနေပြန်ရေးအတွက် မြန်မာအစိုးရဘက်က ကတိပြု ဆောင်ရွက်နေပေမယ့်လည်း အခုအချိန်ထိ မအောင်မြင်သေးသလို လတ်တလော အခြေအနေအရ ရခိုင်ပြည်နယ်တွင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒုက္ခသည်တွေ ဌာနေပြန်ရေးက မရေမရာ အခြေအနေမှာ ဆက်ပြီး ရှိနေပါတယ်။

--------------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG