သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Bhasan Char ကြၽန္းပို႔မယ့္အစီအစဥ္ ႐ိုဟင္ဂ်ာေတြၾကား သေဘာကြဲ


Zawgyi/Unicode

ဘဂၤလားေဒ့ရွ္မွာေရာက္ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္အခ်ိဳ႕ကိုBhasan Char ကြၽန္းကို ေ႐ြ႕ေျပာင္းဖို႔ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြဖက္က ျပင္ဆင္ေဆာင္႐ြက္ေနၿပီး ဒီႏွစ္ကုန္ပိုင္းေလာက္ အစီအစဥ္ေတြ စတင္ႏိုင္မယ္လို႔ ယူဆရပါတယ္။

အဲဒီကို မိမိဆႏၵနဲ႔အညီသြားေရာက္ဖို႔ လက္ခံသေဘာတူထားတဲ့ ဒုကၡသည္အခ်ိဳ႕ရွိသလို ၊ မသြားလိုတဲ့ ဒုကၡသည္အေတာ္မ်ားမ်ားလည္း ရွိေနပါတယ္။ တဖက္မွာ ဒုကၡသည္ေတြ ျမန္မာျပည္ျပန္ႏိုင္ေရး အစီအစဥ္ေတြ အရွိန္ျမင့္ေဆာင္႐ြက္ဖို႔ ျမန္မာအစိုးရကို ဖိအားေပး ေျပာဆိုတာေတြလည္း ရွိေနပါတယ္။ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ အေျပာင္းအေ႐ြ႕အေျခအေန ဘယ္လိုရွိပါသလဲ။ ေအပီ သတင္းဌာန ေရးသားခ်က္ကို အေျခခံၿပီး ကိုသားၫြန႔္ဦး ေျပာျပထားပါတယ္။

ဘဂၤလားေဒ့ရွ္ ျမန္မာ နယ္စပ္က ဒုကၡသည္စခန္းေတြမွာ ႐ိုဟင္ဂ်ာဒုကၡသည္ တသန္းေလာက္ရွိၿပီး အင္မတန္ကိုၾကပ္ၾကပ္တည္းတည္းေနထိုင္ေနရတာေၾကာင့္ဆိုၿပီး ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြအေနနဲ႔ ဒုကၡသည္အခ်ိဳ႕ကို ဘဂၤလားပင္လယ္ေအာ္ထဲမွာရွိတဲ့ Bhasan Char ကြၽန္းကို ေျပာင္းေ႐ြ႕ဖို႔ စီစဥ္ေနတာ ၾကာပါၿပီ။ အခု ဒီအစီအစဥ္ကို မၾကာခင္ လက္ေတြ႕ စတင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Bhasan Char ကြၽန္းဟာ ဘဂၤလားေဒ့ရွ္ကမ္းကေန အတန္ငယ္ေဝးကြာၿပီး ႐ိုဟင္ဂ်ာေတြထြက္ေျပးလာတဲ့ ျမန္မာနယ္စပ္နဲ႔လည္း နီးပါတယ္။

အဲဒီကို ကိုယ့္ဆႏၵနဲ႔ကိုယ္ေျပာင္းေ႐ြ႕လိုသူေတြကို စခန္းေတြထဲမွာ စာရင္းေကာက္ခံေနပါတယ္။ ႐ိုဟင္ဂ်ာမိသားစု ၁၀၀ ေလာက္က သြားမယ္ဆိုၿပီး သေဘာတူထားတယ္လို႔ ဘဂၤလားေဒရွ္အစိုးရ အႀကီးတန္းတာဝန္ရွိသူ တဦးျဖစ္တဲ့ Kamal Hossain က ေျပာပါတယ္။

Bhasan Char ကြၽန္းကို ဒုကၡသည္ တသိန္းေလာက္အထိ ေ႐ြ႕ေျပာင္းေနရာခ်ေပးဖို႔ ဘဂၤလားေဒ့ရွ္အစိုးရက လိုလားေနပါတယ္။ ဒါေၾကာင့္ ေနာက္ထပ္ ဒုကၡသည္ေတြပါ လက္ခံလာဖို႔ အာဏာပိုင္ေတြက စည္း႐ုံး ေဆာင္႐ြက္ေနပါတယ္။ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြရဲ႕ အႀကီးအကဲတဦးျဖစ္သူ Noor Hossain Majhi ကေတာ့ သြားဖို႔ စိတ္ဝင္စားသူေတြရွိေနေပမယ့္ အရင္ဆုံး အဲဒီေနရာကို သြားေရာက္ေလ့လာလိုၾကတယ္လို႔ ေျပာပါတယ္။

“ Bhasan Char ကို သြားဖို႔ ႐ိုဟင္ဂ်ာမိသားစု ၁၇ စုေလာက္ သေဘာတူထားပါတယ္။ ကိုယ့္ဆႏၵနဲ႔ကိုယ္ သြားလိုတဲ့ ႐ိုဟင္ဂ်ာေတြကို စခန္းတာဝန္ခံက စာရင္းေကာက္လိုက္ စကားေျပာေနပါတယ္။ ဒီမွာ ဆက္ေနဖို႔ ခက္မယ္၊ Bhasan Char ကြၽန္းဟာ ေနထိုင္ဖို႔ လုံၿခဳံစိတ္ခ်ရတယ္၊ အစိုးရကလည္း ေနထိုင္စားေသာက္ဖို႔ စီစဥ္ေဆာင္႐ြက္ေပးမယ္လို႔ စခန္းတာဝန္ခံက ေျပာပါတယ္။ ဒါေပမယ့္လည္း အဲဒီကြၽန္းကို ေျပာင္းလိုတဲ့ ႐ိုဟင္ဂ်ာေတြက ေျပာတာက အရင္ဆုံး သြားေလ့လာခြင့္ေပးပါ။ သူတို႔ စိတ္ႀကိဳက္ေတြ႕ရင္ ေျပာင္းမယ္၊ မႀကိဳက္ရင္ေတာ့ မေျပာင္းဘူးေပါ့။ အဲဒီေနာက္ မိသားစု ၁၇ စုက သူတို႔ သြားမယ္လို႔ စခန္းတာဝန္ခံကို စာရင္းေပးထားပါတယ္။”

ဘဂၤလားေဒ့ရွ္ အစိုးရ တာဝန္ရွိသူ Hossan ကေတာ့ လာမယ့္ႏိုဝင္ဘာလကုန္ ဒါမွမဟုတ္ ဒီဇင္ဘာလထဲမွာ အေျပာင္းအေ႐ြ႕ေတြ စလို တယ္လို႔ ေျပာပါတယ္။

“ Bhasan Char ကြၽန္းေပၚမွာ ႐ိုဟင္ဂ်ာ တသိန္း ေ႐ြ႕ေျပာင္းႏိုင္ေအာင္ အဆင္သင့္ ေဆာက္လုပ္ၿပီးထားပါၿပီ။ က်ေနာ္တို႔ ရထားတဲ့ စာရင္းက မိသားစု ၁၀၀ ေျပာင္းမယ္လို႔ သေဘာတူထားပါတယ္။ သူတို႔ ဆႏၵနဲ႔ သူတို႔ သြားတာပါ။ အျခား ႐ိုဟင္ဂ်ာေတြလည္း ကိုယ့္ဆႏၵနဲ႔ကိုယ္ သေဘာတူလာၾကဖို႔ စည္း႐ုံးေဆာင္႐ြက္ေနပါတယ္။ ေျပာင္းေ႐ြ႕မယ့္ ရက္တရက္ေတာ့ သတ္မွတ္ပါမယ္။ အဲဒီ သတ္မွတ္ရက္အတြင္း ေျပာင္းလိုတဲ့ ဒုကၡသည္ေတြအားလုံးအတြက္ လိုအပ္တာေတြ စီစည္ေဆာင္႐ြက္ေနပါတယ္။”

ဒီလိုေျပာင္းေ႐ြ႕မႈေတြကို မၾကာခင္ေဆာင္႐ြက္မယ္လို႔ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ Sheikh Hasina က ကုလသမဂၢနဲ႔ ႏိုင္ငံတကာကိုေျပာထားပါၿပီ။ အဲဒီကြၽန္းေပၚမွာ ေနဖို႔အိမ္၊ စာသင္ေက်ာင္း၊ ဗလီစတဲ့ အေျခခံအေဆာက္အဦးေတြအျပင္ ေရႀကီးေရလွ်ံတာေတြကို ကာကြယ္ေရးအစီအမံေတြလည္း ပါဝင္ၿပီး ဒီအတြက္ ေဒၚလာသန္းနဲ႔ခ်ီ အကုန္အက်ခံထားပါတယ္။ ဒါေပမယ့္လည္း Nurul Haque တို႔လို ဒုကၡသည္ေတြအၾကားမွာေတာ့ စိုးရိမ္မႈေတြ ရွိေနတုန္းပါ။

“ အခုေျပာင္းမယ့္ေနရာ Bhasan Char ကြၽန္းကို ဒီကေန သေဘၤာနဲ႔သြားရင္ သုံးနာရီၾကာမယ္။ တခုခု မေတာ္တဆျဖစ္တာ၊ ဒါမွမဟုတ္ ကြၽန္းမွာ ေရႀကီးတာမ်ိဳးျဖစ္ရင္ ဘယ္လိုလုပ္မလဲ။ ဒါေတြ မျဖစ္ဘူးလို႔ အစိုးရက အာမ မခံႏိုင္ဘူး။ အသက္အႏၲရာယ္ရွိတဲ့ ဒီေနရာကို ဘယ္သူက သြားခ်င္ပါ့မလဲ။”

ေနာက္ထပ္ဒုကၡသည္တဦးျဖစ္တဲ့ Shafi Alam ကလည္း သြားဖို႔ တူးတူးခါးခါးကို ျငင္းပါတယ္။

“ဘယ္လို သြားႏိုင္မလဲဗ်ာ။ ၾကားရကတည္းက က်ေနာ္က ေၾကာက္ေနတာ။ အဲဒီေျပာင္းရင္ က်ေနာ္တို႔ ေသမွာပဲ။ အဲဒီကို ေခၚသြားမယ့္အစား ဒီမွာပဲ သတ္လိုက္ပါေတာ့ဗ်ာ။ ဘယ္လိုမွ မသြားႏိုင္ပါဘူး။”

ဒုကၡသည္ေတြကို အဲဒီကြၽန္းကို ေ႐ြ႕ဖို႔ အစိုးရက ႀကိဳးစားေနတာ ၂၀၁၅ ခုႏွစ္ကတည္းကပါ။ ဒါေပမယ္လို႔ ခုထိ ေအာင္ေအာင္ျမင္ျမင္မလု္ပႏိုင္ေသးဘူး။ ပင္လယ္ထဲကို ႏွစ္ ၂၀ ေလာက္ကမွ ေပၚလာတဲ့ ဒီကြၽန္းဟာ မၾကာမၾကာ ေရႀကီးတတ္တဲ့ေနရာမို႔လို႔လည္း ကုလသမဂၢေရာ လူ႔အခြင့္အေရးအဖြဲ႕ေတြကပါ အဲဒီ ေျပာင္းေ႐ြ႕ေရးအစီအစဥ္ကို သေဘာမေတြ႕ပါဘူး။ ဒါေပမယ့္လည္း ဘဂၤလားေဒ့ရွ္အစိုးရကေတာ့ ဒါကို လက္မေလွ်ာ့ေသးပါဘူး။

ဒါေပမယ့္လို႔ ၂၀၁၇ တုန္းက ေနာက္ထပ္ဒုကၡသည္ေတြ အလုံးအရင္းေရာက္လာတဲ့ေနာက္မွာ ေနထိုင္ေရးခက္လာတာေၾကာင့္ ဒုကၡသည္အခ်ိဳ႕ စိတ္ေျပာင္းစ ျပဳလာပါတယ္။ ၂၀၁၇ ရခိုင္ေျမာက္ပိုင္းမွာျဖစ္တဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ေနာက္ထပ္ ႐ိုဟင္ဂ်ာေတြေရာက္လာၿပီး စခန္းေတြအတြင္း ဒုကၡသည္ဦးရည္ဟာ တသန္းေလာက္အထိ ျဖစ္လာပါတယ္။

တခ်ိန္တည္းမွာ ဒီလူေတြကို ျမန္မာျပည္က သူတို႔ေနရပ္ကို ျပန္ေ႐ြ႕ဖို႔ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အစိုးရအၾကား ညႇိဳႏႈိင္းေနသလို သေဘာတူညီခ်က္လည္း ရထားပါတယ္။ ဒါေပမယ့္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္အတိုင္း ဒုကၡသည္ေတြ ေနရပ္ျပန္ေရးမွာလည္း ဒုကၡသည္ေတြက သူတို႔ စိုးရိ္မ္ခ်က္နဲ႔ မျပန္ႏိုင္ျဖစ္ေနပါတယ္။ ဒီ အစီအစဥ္ျဖစ္ဖို႔ဆိုရင္လည္း ဒုကၡသည္ေတြဆႏၵသေဘာထားအတိုင္းျဖစ္ရမယ္၊ ဒီ အစီအစဥ္အေပၚ ဒုကၡသည္ေတြရဲ႕ ယုံၾကည္မႈ တည္ေဆာက္ရမယ္လို႔ ကုလသမဂၢကလည္း ေထာက္ျပေနပါတယ္။ ဒုကၡသည္ေတြဖက္ကလည္း သူတို႔ေနရပ္ျပန္ရင္ ေဘးကင္းစြာေနထိုင္ႏိုင္ဖို႔နဲ႔ မူလႏိုင္ငံသားအခြင့္အေရးေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။ ျမန္မာအစိုးရဖက္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမယ့္ ဒုကၡသည္ေတြ ႏိုင္ငံသားျဖစ္ေရးကို ျမန္ျမန္ဆန္ဆန္ စီစစ္ေဆာင္႐ြက္ေပးမယ္လို႔ အာမခံထားပါတယ္။ ဆိုေတာ့ လက္ရွိအေျခအေနအထိ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ အေျပာင္းအေ႐ြ႕က အနာဂတ္ မေရမရာျဖစ္ေနဆဲလို႔ပဲ ေျပာရမွာပါ။

..................

Bhasan Char ကျွန်းပို့မယ့်အစီအစဉ် ရိုဟင်ဂျာတွေကြား သဘောကွဲ

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်အချို့ကို Bhasan Char ကျွန်းကို ရွေ့ပြောင်းဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဖက်က ပြင်ဆင်ဆောင်ရွက်နေပြီး ဒီနှစ်ကုန်ပိုင်းလောက် အစီအစဉ်တွေ စတင်နိုင်မယ်လို့ ယူဆရပါတယ်။ အဲဒီကို မိမိဆန္ဒနဲ့အညီသွားရောက်ဖို့ လက်ခံသဘောတူထားတဲ့ ဒုက္ခသည်အချို့ရှိသလို ၊ မသွားလိုတဲ့ ဒုက္ခသည်အတော်များများလည်း ရှိနေပါတယ်။ တဖက်မှာ ဒုက္ခသည်တွေ မြန်မာပြည်ပြန်နိုင်ရေး အစီအစဉ်တွေ အရှိန်မြင့်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ဖိအားပေး ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ အပြောင်းအရွေ့အခြေအနေ ဘယ်လိုရှိပါသလဲ။ အေပီ သတင်းဌာန ရေးသားချက်ကို အခြေခံပြီး ကိုသားညွန့်ဦး ပြောပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည် တသန်းလောက်ရှိပြီး အင်မတန်ကိုကြပ်ကြပ်တည်းတည်းနေထိုင်နေရတာကြောင့်ဆိုပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်အချို့ကို ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ Bhasan Char ကျွန်းကို ပြောင်းရွေ့ဖို့ စီစဉ်နေတာ ကြာပါပြီ။ အခု ဒီအစီအစဉ်ကို မကြာခင် လက်တွေ့ စတင်မယ်လို့ မျှော်လင့်ရပါတယ်။ Bhasan Char ကျွန်းဟာ ဘင်္ဂလားဒေ့ရှ်ကမ်းကနေ အတန်ငယ်ဝေးကွာပြီး ရိုဟင်ဂျာတွေထွက်ပြေးလာတဲ့ မြန်မာနယ်စပ်နဲ့လည်း နီးပါတယ်။

အဲဒီကို ကိုယ့်ဆန္ဒနဲ့ကိုယ်ပြောင်းရွေ့လိုသူတွေကို စခန်းတွေထဲမှာ စာရင်းကောက်ခံနေပါတယ်။ ရိုဟင်ဂျာမိသားစု ၁၀၀ လောက်က သွားမယ်ဆိုပြီး သဘောတူထားတယ်လို့ ဘင်္ဂလားဒေရှ်အစိုးရ အကြီးတန်းတာဝန်ရှိသူ တဦးဖြစ်တဲ့ Kamal Hossain က ပြောပါတယ်။

Bhasan Char ကျွန်းကို ဒုက္ခသည် တသိန်းလောက်အထိ ရွေ့ပြောင်းနေရာချပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက လိုလားနေပါတယ်။ ဒါကြောင့် နောက်ထပ် ဒုက္ခသည်တွေပါ လက်ခံလာဖို့ အာဏာပိုင်တွေက စည်းရုံး ဆောင်ရွက်နေပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အကြီးအကဲတဦးဖြစ်သူ Noor Hossain Majhi ကတော့ သွားဖို့ စိတ်ဝင်စားသူတွေရှိနေပေမယ့် အရင်ဆုံး အဲဒီနေရာကို သွားရောက်လေ့လာလိုကြတယ်လို့ ပြောပါတယ်။

“ Bhasan Char ကို သွားဖို့ ရိုဟင်ဂျာမိသားစု ၁၇ စုလောက် သဘောတူထားပါတယ်။ ကိုယ့်ဆန္ဒနဲ့ကိုယ် သွားလိုတဲ့ ရိုဟင်ဂျာတွေကို စခန်းတာဝန်ခံက စာရင်းကောက်လိုက် စကားပြောနေပါတယ်။ ဒီမှာ ဆက်နေဖို့ ခက်မယ်၊ Bhasan Char ကျွန်းဟာ နေထိုင်ဖို့ လုံခြုံစိတ်ချရတယ်၊ အစိုးရကလည်း နေထိုင်စားသောက်ဖို့ စီစဉ်ဆောင်ရွက်ပေးမယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။ ဒါပေမယ့်လည်း အဲဒီကျွန်းကို ပြောင်းလိုတဲ့ ရိုဟင်ဂျာတွေက ပြောတာက အရင်ဆုံး သွားလေ့လာခွင့်ပေးပါ။ သူတို့ စိတ်ကြိုက်တွေ့ရင် ပြောင်းမယ်၊ မကြိုက်ရင်တော့ မပြောင်းဘူးပေါ့။ အဲဒီနောက် မိသားစု ၁၇ စုက သူတို့ သွားမယ်လို့ စခန်းတာဝန်ခံကို စာရင်းပေးထားပါတယ်။”

ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူ Hossan ကတော့ လာမယ့်နိုဝင်ဘာလကုန် ဒါမှမဟုတ် ဒီဇင်ဘာလထဲမှာ အပြောင်းအရွေ့တွေ စလို တယ်လို့ ပြောပါတယ်။

“ Bhasan Char ကျွန်းပေါ်မှာ ရိုဟင်ဂျာ တသိန်း ရွေ့ပြောင်းနိုင်အောင် အဆင်သင့် ဆောက်လုပ်ပြီးထားပါပြီ။ ကျနော်တို့ ရထားတဲ့ စာရင်းက မိသားစု ၁၀၀ ပြောင်းမယ်လို့ သဘောတူထားပါတယ်။ သူတို့ ဆန္ဒနဲ့ သူတို့ သွားတာပါ။ အခြား ရိုဟင်ဂျာတွေလည်း ကိုယ့်ဆန္ဒနဲ့ကိုယ် သဘောတူလာကြဖို့ စည်းရုံးဆောင်ရွက်နေပါတယ်။ ပြောင်းရွေ့မယ့် ရက်တရက်တော့ သတ်မှတ်ပါမယ်။ အဲဒီ သတ်မှတ်ရက်အတွင်း ပြောင်းလိုတဲ့ ဒုက္ခသည်တွေအားလုံးအတွက် လိုအပ်တာတွေ စီစည်ဆောင်ရွက်နေပါတယ်။”

ဒီလိုပြောင်းရွေ့မှုတွေကို မကြာခင်ဆောင်ရွက်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ကုလသမဂ္ဂနဲ့ နိုင်ငံတကာကိုပြောထားပါပြီ။ အဲဒီကျွန်းပေါ်မှာ နေဖို့အိမ်၊ စာသင်ကျောင်း၊ ဗလီစတဲ့ အခြေခံအဆောက်အဦးတွေအပြင် ရေကြီးရေလျှံတာတွေကို ကာကွယ်ရေးအစီအမံတွေလည်း ပါဝင်ပြီး ဒီအတွက် ဒေါ်လာသန်းနဲ့ချီ အကုန်အကျခံထားပါတယ်။ ဒါပေမယ့်လည်း Nurul Haque တို့လို ဒုက္ခသည်တွေအကြားမှာတော့ စိုးရိမ်မှုတွေ ရှိနေတုန်းပါ။

“ အခုပြောင်းမယ့်နေရာ Bhasan Char ကျွန်းကို ဒီကနေ သင်္ဘောနဲ့သွားရင် သုံးနာရီကြာမယ်။ တခုခု မတော်တဆဖြစ်တာ၊ ဒါမှမဟုတ် ကျွန်းမှာ ရေကြီးတာမျိုးဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ဒါတွေ မဖြစ်ဘူးလို့ အစိုးရက အာမ မခံနိုင်ဘူး။ အသက်အန္တရာယ်ရှိတဲ့ ဒီနေရာကို ဘယ်သူက သွားချင်ပါ့မလဲ။”

နောက်ထပ်ဒုက္ခသည်တဦးဖြစ်တဲ့ Shafi Alam ကလည်း သွားဖို့ တူးတူးခါးခါးကို ငြင်းပါတယ်။

“ဘယ်လို သွားနိုင်မလဲဗျာ။ ကြားရကတည်းက ကျနော်က ကြောက်နေတာ။ အဲဒီပြောင်းရင် ကျနော်တို့ သေမှာပဲ။ အဲဒီကို ခေါ်သွားမယ့်အစား ဒီမှာပဲ သတ်လိုက်ပါတော့ဗျာ။ ဘယ်လိုမှ မသွားနိုင်ပါဘူး။”

ဒုက္ခသည်တွေကို အဲဒီကျွန်းကို ရွေ့ဖို့ အစိုးရက ကြိုးစားနေတာ ၂၀၁၅ ခုနှစ်ကတည်းကပါ။ ဒါပေမယ်လို့ ခုထိ အောင်အောင်မြင်မြင်မလု်ပနိုင်သေးဘူး။ ပင်လယ်ထဲကို နှစ် ၂၀ လောက်ကမှ ပေါ်လာတဲ့ ဒီကျွန်းဟာ မကြာမကြာ ရေကြီးတတ်တဲ့နေရာမို့လို့လည်း ကုလသမဂ္ဂရော လူ့အခွင့်အရေးအဖွဲ့တွေကပါ အဲဒီ ပြောင်းရွေ့ရေးအစီအစဉ်ကို သဘောမတွေ့ပါဘူး။ ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ဒါကို လက်မလျှော့သေးပါဘူး။

ဒါပေမယ့်လို့ ၂၀၁၇ တုန်းက နောက်ထပ်ဒုက္ခသည်တွေ အလုံးအရင်းရောက်လာတဲ့နောက်မှာ နေထိုင်ရေးခက်လာတာကြောင့် ဒုက္ခသည်အချို့ စိတ်ပြောင်းစ ပြုလာပါတယ်။ ၂၀၁၇ ရခိုင်မြောက်ပိုင်းမှာဖြစ်တဲ့ အကြမ်းဖက်မှုတွေကြောင့် နောက်ထပ် ရိုဟင်ဂျာတွေရောက်လာပြီး စခန်းတွေအတွင်း ဒုက္ခသည်ဦးရည်ဟာ တသန်းလောက်အထိ ဖြစ်လာပါတယ်။

တချိန်တည်းမှာ ဒီလူတွေကို မြန်မာပြည်က သူတို့နေရပ်ကို ပြန်ရွေ့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအကြား ညှိုနှိုင်းနေသလို သဘောတူညီချက်လည်း ရထားပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာလည်း ဒုက္ခသည်တွေက သူတို့ စိုးရိမ်ချက်နဲ့ မပြန်နိုင်ဖြစ်နေပါတယ်။ ဒီ အစီအစဉ်ဖြစ်ဖို့ဆိုရင်လည်း ဒုက္ခသည်တွေဆန္ဒသဘောထားအတိုင်းဖြစ်ရမယ်၊ ဒီ အစီအစဉ်အပေါ် ဒုက္ခသည်တွေရဲ့ ယုံကြည်မှု တည်ဆောက်ရမယ်လို့ ကုလသမဂ္ဂကလည်း ထောက်ပြနေပါတယ်။ ဒုက္ခသည်တွေဖက်ကလည်း သူတို့နေရပ်ပြန်ရင် ဘေးကင်းစွာနေထိုင်နိုင်ဖို့နဲ့ မူလနိုင်ငံသားအခွင့်အရေးပေးဖို့ တောင်းဆိုနေကြပါတယ်။ မြန်မာအစိုးရဖက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေ နိုင်ငံသားဖြစ်ရေးကို မြန်မြန်ဆန်ဆန် စီစစ်ဆောင်ရွက်ပေးမယ်လို့ အာမခံထားပါတယ်။ ဆိုတော့ လက်ရှိအခြေအနေအထိ ရိုဟင်ဂျာဒုက္ခသည်တွေ အပြောင်းအရွေ့က အနာဂတ် မရေမရာဖြစ်နေဆဲလို့ပဲ ပြောရမှာပါ။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG