ထိုင်းနိုင်ငံနယ်စပ်က အဓိက ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ကို ပြန်လည် သိမ်းယူဖို့တက်လာတဲ့ စစ်ကောင်စီတပ်တွေကို KNU ပူးပေါင်းတပ်တွေဘက် ပြန်လည်တိုက်ထုတ်နေတာနဲ့တချိန်တည်း ဒီဒေသတွေမှာ အုပ်ချုပ်ရေးသစ်ထူထောင်ဖို့ ကရင်လက်နက်ကိုင်အစုအဖွဲ့တွေကြား ညှိနှိုင်းဆွေးနွေးနေတယ်လို့ KNU က ပြောပါတယ်။
ထိုင်းနိုင်ငံနယ်စပ်က အဓိက ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ကို ပြန်လည်သိမ်းယူဖို့ တက်လာတဲ့ စစ်ကောင်စီတပ်တွေကို KNU ပူးပေါင်းတပ်တွေဖက် ပြန်လည်တိုက်ထုတ်နေသလို ဒေသတွေမှာ အုပ်ချုပ်ရေးသစ်ထူထောင်ဖို့ ကရင်လက်နက်ကိုင်အစုအဖွဲ့တွေအကြား ညှိုနှိုင်းဆွေးနွေးနေတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် AA ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ အခက်အခဲ ကြုံနေသလို၊ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုတွေကြောင့် စစ်ကောင်စီထိန်းချုပ်တဲ့ဒေသက ဒေသခံ ရခိုင်လူငယ်တွေရော၊ ရိုဟင်ဂျာလူငယ်တွေအတွက်ပါ စိုးရိမ်စရာဖြစ်နေပါတယ်။ ကိုသားညွန့်ဦး တင်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို နိုင်ငံတကာက လက်မခံဖို့ စစ်ကောင်စီခေါင်းဆောင်က တိုက်တွန်းချိန်မှာ စစ်ရေးပဋိပက္ခအရှိန်ပြင်းဆဲ ဖြစ်ပြီး နိုင်ငံတကာကတော့ စစ်ကောင်စီ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
“နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့လည်း CRPH, NUG, PDF နဲ့ NLD အစွန်းရောက်များရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက် ခံမှု မပြုလုပ်သင့်သလို ပညာရေးကဏ္ဍကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆန့်ကျင်ရှုတ်ချဖို့လိုအပ်ကြောင်း ပြောကြားလိုတယ်။” (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)
ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီတပ်တွေနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေပါတယ်။ ရခိုင်မြောက်ပိုင်း မင်းပြားမြို့နယ်မှာ မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၂ဝ ကျော်သေဆုံးပြီး ၂ဝ ထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ AA ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေလို့ ဒေသခံတွေ နေထိုင်ရေးနဲ့ စားဝတ်နေရေး အထူးခက်ခဲနေတာပါ။ အရပ်သားနေရပ် မရှောင် ဝေဟင်၊ မြေပြင် စစ်ဆင်မှုကြောင့် အိုးအိမ်စွန့်ခွာရတဲ့ ဒုက္ခသည်တွေ ပိုတိုးလာပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်နဲ့ သူတို့ကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်လူမှုအသိုက်အဝန်းတွေကို ကူညီထောက်ပံ့ဖို့အတွက် အခု ၂၀၂၄ခုနှစ်အတွင်း ရံပုံငွေ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရရှိဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ လူသားချင်းစာနာကူညီမှုအဖွဲ့အေစည်းတွေ မေတ္တာရပ်ခံခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်နဲ့ သူတို့ကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်လူမှုအသိုက်အဝန်းတွေကို ကူညီထောက်ပံ့ဖို့၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရရှိဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ လူသားချင်းစာနာကူညီမှုအဖွဲ့အစည်းတွေက မေတ္တာရပ်ခံခဲ့ပါတယ်။
ရန်ကုန် အင်းစိန် ဗဟိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတချို့ ရိုက်နှက်ခံရပြီးနောက် တိုက်ပိတ်ခံထားရပြီး ဆေးကုသခွင့်နဲ့ ဧည့်တွေ့ခွင့်၊ ပါဆယ်ပို့ခွင့်တွေပါ ပိတ်ပင်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ဗွီအိုအေကို ပြောကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီ စတင်အကောင်အထည်ဖော်နေ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကို တရားဝင်ရော၊ တရားမဝင်ပါ အများအပြား သွားကြချိန်မှာ ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေ ပိုတင်းကြပ်မှုတွေ လုပ်နေပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
မလေးရှားနိုင်ငံမှာ အထောက်အထားမယ့်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးထောင်ချတာတွေမလုပ်ဘဲ သက်ဆိုင်ရာသံရုံးရဲ့နိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက် (CI) နဲ့ မတ်လ ၁ ရက်ကစပြီး နေရပ်ပြန်ခွင့်ပေးသွားမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး (Saifuddin Nasution Ismail) က မကြာသေးခင်က အသိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီ စတင်အကောင်အထည်ဖော်နေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကိုထွက်ခွာဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဆီသွားဖို့ ပြင်ဆင်သူတွေ များပြားလာပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွေရပ်တန့်နေပေမဲ့ မြန်မာပြည်တွင်းက မြေရှားသတ္တုတွေကိုတော့ တရုတ်က အလုံးအရင်းနဲ့ တူးဖော်သယ်ယူနေတယ်လို့ ကချင်ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီ စတင်အကောင်အထည်ဖော်နေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဝေဖန်မှုတွေ အမျိုးမျိုး ရှိနေသလို ပြည်တွင်းမှာရှိတဲ့ လူငယ်လူရွယ်တွေ အတွက်လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
“တိုက်ပွဲကတော့ ၁၂ နေ့ တရက်ပဲ ဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီက မနေ့ကအထိ လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ လေယာဉ်နဲ့လာပြီးတော့ အတွဲလိုက်ဗုံးတွေ ချတာတွေ ရှိတယ်။ ဒီနေ့လည်း တိုက်ပွဲဖြစ်တာတွေ မရှိဘဲနဲ့ မနက် ဆယ်နာရီကျော်လောက်ကစပြီးတော့ သူတို့ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။" (ကုလဘာကျေးရွာသား)
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက ရေလမ်း၊ ကုန်းလမ်းတွေ ပိတ်ထားတာကြောင့် စစ်ဘေးရှောင်လိုသူတွေဟာ လေကြောင်းကနေ ထွက်ခွါနေကြတာကြောင့်လည်း လေယာဥ်စျေးတွေ မြင့်တက်နေသလို ကြိုရောင်းလက်မှတ်တွဗလည်း ဧပြီလအထိ ရောင်းထားပြီးဖြစ်ကြောင်း လေယာဥ်လက်မှတ်ဝန်ထမ်းတဦးက ပြောပါတယ်။
"အဲဒါထွက်လာကတည်းက ဘာလုပ်လို့ဘာကိုင်ရမလဲ မသိဘူး။ သူတို့ဆီ စစ်မှုမထမ်းချင်ဘူး။ စစ်ကိုမတိုက်ချင်တာ။ စိတ်ဓါတ်တွေကျတယ်။ နိုင်ငံခြားလည်း မထွက်နိုင်၊ ဘာလုပ်ရမှန်းမသိဘူး။" (မချိုချိုဌေး-ဘွဲ့ရ ကုမ္ပဏီဝန်ထမ်း)
မြန်မာနိုင်ငံတလွှား စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပါတယ်။ ဒီလို စစ်ရေးပဋိပက္ခတွေကြောင့် အသက်ဘေးလွတ်ရာ အိုးအိမ်စွန့်ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်တွေမှာ ပြန်စရာနေအိမ်လုံးဝ မရှိတော့သူတွေ အများအပြားရှိပါတယ်။ ရန်ကုန်ကသတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
မြန်မာစစ်ရေးပဋိပက္ခမှာ စစ်ကောင်စီဘက်က မြေပြင်ထိုးစစ်ထက် လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတိုးမြှင့်လုပ်လို့ ကလေးငယ်အများအပြားအပါအဝင် အရပ်သားသေဆုံးမှု တိုးလာတာပါ။ ခမ်းပတ်မြို့အနီး လေကြောင်းထိုးစစ်ကြောင့် ကလေးငယ်တွေ အစုလိုက် သေဆုံးခဲ့ရပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်