စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင်း စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်နေချိန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်အပါအ၀◌င် လူ သုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေပြောပါတယ်။
“၁၁ ခွဲ ဝန်းကျင်လောက်က စပစ်တာပေါ့နော်။ မရကန်ကို ပစ်တယ်။ ညောင်လှဘုန်းကြီးကျောင်းနား ဝန်းကျင်ကိုလည်း ပစ်တယ်။ ၁ စီးထဲခင်ဗျ။ MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစီးတည်းနဲ့ ပစ်တာ။ ပျံသန်းချိန်တနာရီလောက်။ ထားပါတော့ မိနစ် ၅၀ လောက်ပတ်ဝဲပြီးပစ်တာ။" (ဒီပဲယင်းဒေသခံ)
မြန်မာနိုင်ငံမှာ ပညာရေးပတ်သက်ပြီး တိုက်ခိုက်ခံရမှုဟာ ကမ္ဘာ့ဒုတိယ နေရာမှာ ရှိနေပါတယ်။ ပညာရေးကဏ္ဍ စောင့်ကြည့်တဲ့ အဖွဲ့အစည်းက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ၂၀၂၂ ခုနှစ်ထဲ စာသင်ကျောင်း တိုက်ခိုက်မှု အများဆုံးစာရင်းထဲမှာ မြန်မာနိုင်ငံက ပါဝင်နေတာပါ။ ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦး တင်ပြထားပါတယ်။
“မရောက်ခင်ကတည်းက ကြောက်လို့ ကြိုတင်ပြေးတာပေါ့။ မိုးတွေရွာတဲ့ဗွက်ထဲမှာ အခုမှ လမ်းပဲရှိသေးတယ်။” (စစ်ဘေးရှောင်အဖွားတဦး)
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတွေ ပူးတွဲကိုင်တွယ်ဖြေရှင်းသွားဖို့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ သဘောတူခဲ့ကြပါတယ်။ မြန်မာစစ်ကောင်စီကတော့ အာဆီယံ ဆုံးဖြတ်တဲ့ မြန်မာ့အရေးနဲ့ သဘောတူညီချက်မှန်သမျှကို ကန့်ကွက်ထားပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦး တင်ပြထားပါတယ်။
"ကာကွယ်ရေးအဖွဲ့တွေက အဲ့ကျောင်းကို ဒရုန်းနဲ့သွားချတာ။ ၁ ရက်နေ့ကကိုပဲ ဒရုန်းချသေးတယ်။ ချတော့ မနေ့ကစပြီးတော့ ဖမ်းတာပဲ။ ရွာသားတွေ ပြောပြချက် ကတော့ ၅၀ နီးပါး- ၅၀ ဝန်းကျင်ပေါ့။ အသက် ၆၀ ကျော်တွေလည်း ပါမယ်။ အများအားဖြင့် သူတို့ပြောနေတာက ၂၀ ဝန်းကျင် လူငယ်လူရွယ်တွေ အများဆုံး ပါမယ်ကြားတာပဲ။ (ဒေသခံ)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက ပြစ်ဒဏ်လျှော့ပေါ့၊ တချို့ကိုလွတ်ငြိမ်းခွင့်ပေးပေမဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ မတရားဖမ်းဆီးထားသူအားလုံး အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
ဗဟိုဘဏ်ကနေ နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဖို့ ကြေညာလိုက်လို့ အစကတည်းက မခိုင်တဲ့ ပြည်တွင်းကျပ်ငွေတန်ဖိုး သိသိသာသာ ကျဆင်းသွားပါတယ်။ စစ်ကောင်စီကတော့ ငွေကြေးဖောင်းပွ တာမျိုး မဖြစ်နိုင်ဘူးလို့ အာမခံထားပါတယ်။ ရန်ကုန်ကနေ ပေးပို့ထားတဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ထိမ်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလို တွေ့ဆုံခဲ့တဲ့အပေါ် ဘယ်လိုတုံ့ပြန်မှုတွေ ရှိပါလဲ။ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းထောက်မှတ်စု ကိုသားညွန့်ဦး ပြောပြပါမယ်။
အလုပ်အကိုင် ရှားပါးမှုနဲ့ ကျပ်ငွေတန်ဖိုး ဆက်ပြီးကျနိုင်ခြေရှိတာကြောင့် ရွှေ၊ ကားနဲ့ အိမ်ခြံမြေ ဝယ်ယူ စုဆောင်းသူတွေ သိသိသာသာ ပိုများလာပြီး ဈေးတွေထိုးတက်နေတယ်လို့ လုပ်ငန်းရှင်တွေကပြောပါတယ်။ နိုင်ငံရေးအခြေအနေကြောင့် ကာလတခုအထိ ဒီလုပ်ငန်းတွေမှာ စျေးနှုန်း ဆက်တက်နေဦးမယ်လို့လည်း အများက ခန့်မှန်းနေကြပါတယ်။
မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးပြဿနာတွေ ကြုံနေကြပါတယ်။ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားရောဂါတွေအဖြစ်များနေတာမို့ ကျန်းမာရေးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေ ပြောနေတဲ့အကြောင်းသတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုသားညွှန့်ဦးပြောပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ အများစု နေရပ်မပြန်နိုင် ကြသေးသလို၊ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ နေထိုင်စားသောက်ရေး အခြေခံလိုအပ်ချက်တွေနဲ့ အခက်အခဲတွေလည်း ပိုပြီး များလာနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ဆန့်ကျင်မှုတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေကြရသူ အများစု နေရပ် မပြန်နိုင်ကြသေးပါဘူး။ စစ်ကိုင်းတိုင်းထဲက စစ်ပြေး ဒုက္ခသည်တွေကြုံတွေ့နေရတဲ့ အခြေအနေကို သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုသားညွန့်ဦး တင်ပြထားပါတယ်။
ဂျာမန် အားကစားအဝတ်အထည် ကုမ္ပဏီ Jako အတွက် အထည်တွေ ချုပ်ပေးနေတဲ့ မြန်မာပြည်တွင်း စက်ရုံတခုက ဝန်ထမ်းနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီးတဲ့နောက်၊ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေရပ်ဖို့ စီစဥ်နေပြီလို့ Jako ကုမ္ပဏီက ကြေညာပါတယ်။
စ်ကိုင်းတိုင်း စစ်ကိုင်းမြို့ စဉ့်ကိုင်ရွာအနီး ဒေသခံကာကွယ်ရေး တပ်စခန်းတခုကို စစ်တပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
" အရန်ဒေါ်လာတွေ အစိုးရက ထုတ်ရောင်းနေတယ်။ လောလောဆယ်တော့ တလလောက်တော့ သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်သေးပါဘူး။ တလကျော်ရင်တော့ မပြောတတ်ဘူး။ ကျနော်တို့ အမြင်ကတော့ ဖြစ်ရင် (လုပ်ငန်းတွေအပေါ် ရိုက်ခတ်နိုင်ခြေ) နောက်လလောက်မှ ဖြစ်မယ်။"
ကျောက်ဖြူမြို့နယ် ကျောက်တလုံးမွတ်ဆလင်ဒုက္ခသည်စခန်းကို နေရာသစ်မှာ ပြောင်းရွှေ့လိုက်တဲ့နောက် ဒုက္ခသည်တွေ နေထိုင်ရေးခက်ခဲနေကြပါတယ်။
မုန်တိုင်းကြောင့်တန်ဖိုး ကျပ် ၅၂၂ ဘီလီယံကျော်ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် လက်ရှိအချိန်ထိ ပြည်ထောင်စုက ကျပ် ၁၂ဘီလီယံ လောက်သာ သုံးစွဲခွင့်ပြုထားတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေကြား လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်တဲ့ ဒေသဖြစ်တဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်မှာ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ဖွဲ့စည်းလိုက်ပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းထောက်မှတ်စု ကိုသားညွန့်ဦး ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်