သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ အမေရိကန် ရွှေရောင်ခေတ် ပြန်စပြီ ” သမ္မတ Trump

ဝါရှင်တန်ဒီစီက အမေရိကန်လွှတ်တော် အဆောက်အအုံတွင်း ကျင်းပတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး Emancipation ခန်းမမှာကျင်းပတဲ့ ဂုဏ်ပြုတပ်ဖွဲ့အလေးပြုပွဲအတွင်း မြင်ရတဲ့ ၄၇ ယောက်မြောက် သမ္မတ ဒေါ်နယ်ထရမ့်။ January 20, 2025. (Photo by Greg Nash / POOL / AFP)
ဝါရှင်တန်ဒီစီက အမေရိကန်လွှတ်တော် အဆောက်အအုံတွင်း ကျင်းပတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး Emancipation ခန်းမမှာကျင်းပတဲ့ ဂုဏ်ပြုတပ်ဖွဲ့အလေးပြုပွဲအတွင်း မြင်ရတဲ့ ၄၇ ယောက်မြောက် သမ္မတ ဒေါ်နယ်ထရမ့်။ January 20, 2025. (Photo by Greg Nash / POOL / AFP)

၄၇ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ သမ္မတ Trump ဟာ သူ့ရဲ့ ၄၇ ဦးမြောက်သမ္မတအဖြစ် ပထမဆုံးမိန့်ခွန်းမှာပဲ အမေရိကန်ပဓာန ဆိုတဲ့ အယူအဆကို အခြေခံပြီး၊ အမေရိကန် ရွှေခေတ်ပြန်ရောက်ရမယ်ဆိုပြီး ကြုံးဝါး ပြောဆိုခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှုတွေကို ပထမဆုံးနေ့မှာပဲ စတင် အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ကိုသားညွန့်ဦး ပြောပြမှာပါ။

သမ္မတ Trump ဟာ သမ္မတအဖြစ် ကျမ်းသစ္စာဆိုပွဲ မိန့်ခွန်းမှာပဲ အမေရိကန်ကို တကမ္ဘာလုံးက လေးစားအားကျရတဲ့ နိုင်ငံပြန်ဖြစ်လာရမယ်ဆိုပြီး ပြောဆိုလိုက်သလိုပဲ၊ သူ့အစိုးရသက်တမ်းအတွင်း နေ့စဉ်လုပ်ဆောင်မှုတိုင်းဟာ အမေရိကန်ဦးစားပေးဖြစ်ရမယ်လို့ ပြောပါတယ်။

“ အမေရိကန်ရဲ့ ရွှေရောင်ခေတ်ကို အခု ပြန်စပါပြီ။ ဒီနေ့ကစလို့ ကျနော်တို့ တိုင်းပြည်ဟာ ပွင့်လင်းပြီး တကမ္ဘာလုံးက လေးလေးစားစား ဆက်ဆံခံရတဲ့တိုင်းပြည် ပြန်ဖြစ်လာပါမယ်။ နိုင်ငံတိုင်းက အားကျရပြီး၊ ကျနော်တို့ကို ဘယ်လိုမှ အမြတ်ထုတ် အခွင့်အရေး ယူတာမျိုး ခွင့်မပြုနိုင်တော့ပါဘူး။ Trump အစိုးရလက်ထက် နေ့စဉ်တိုင်းမှာ အမေရိကန်ကသာ ပထမဦးစားပေး ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်ရပါမယ်။”

ကမ္ဘာကြီးမှာ အမေရိကန်အရေး ရှေ့တန်းတင်မှာဖြစ်သလို တဘက်မှာ ငြိမ်းချမ်းရေးညီညွတ်ရေး အတွက် ဆောင်ရွက်လိုတဲ့ သူ့ဆန္ဒကိုလည်း ပြောခဲ့ပါသေးတယ်။

ဒုသမ္မတ ဂျေဒီဗန့်ဇ်၊ သမ္မတ ဒေါ်နယ် ထရမ့်နဲ့ အောက်လွှတ်တော် ဥက္ကဌ မိုက်ဂျွန်ဆင်။
ဒုသမ္မတ ဂျေဒီဗန့်ဇ်၊ သမ္မတ ဒေါ်နယ် ထရမ့်နဲ့ အောက်လွှတ်တော် ဥက္ကဌ မိုက်ဂျွန်ဆင်။

“ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်သူနဲ့ ညီညွတ်ရေးသမားအဖြစ် ဂုဏ်ယူစွာနဲ့ သမိုင်းအမွေထားရစ်ပါမယ်။ မနေ့က ပြောသလိုပါပဲ ကျနော် သမ္မတတာဝန် မယူခင် တရက်မှာပဲ အရှေ့အလယ်ပိုင်းက ဓါးစာခံတွေ လွတ်မြောက်လာပြီး သူတို့ မိသားစုတွေဆီ ပြန်သွားကြပါပြီ။”

တဘ က်မှာတော့ မက်ဆီကိုပင်လယ်ကွေ့ကို "အမေရိကန်ပင်လယ်ကွေ့"အဖြစ် အမည်ပြောင်းမယ်လို့ ပြောလိုက်သလို၊ အမေရိကန်တွေ ဆောက်ခဲ့တဲ့ ပနားမားတူးမြောင်ကို ပြန်ယူမယ်ဆိုပြီးတော့လည်း ကြုံးဝါးပါသေးတယ်။

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနယ်စပ်တွေမှာ အရေးပေါ်အခြေအနေကြေညာပြီး၊ ရာဇဝတ်မှု ကျူးလွန်သူ နိုင်ငံခြားသားတွေကို နေရပ် ချက်ခြင်းပြန်ပို့မယ်လို့လည်း ပြောဆိုပါတယ်။

ကျမ်းသစ္စာဆိုတဲ့ သမ္မတအဖြစ် ပထမဆုံးနေ့မှာပဲ နယ်စပ်က တရားမဝင် မူးယစ်ဂိုဏ်းတွေကို နိုင်ငံရပ်ခြားအကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ကြေညာသွားမှာဖြစ်သလို၊ တောင်ပိုင်းနယ်စပ်ကို တပ်တွေ စေလွှတ်ပြီး တိုင်းပြည်ထဲ ကျူးကျော်မှုတွေကို ဟန့်တားမယ်လို့လည်း ပြောပါတယ်။


သမ္မတ Trump ဟာ သမ္မတအဖြစ် တာဝန်ယူတဲ့ ပထမနေ့မှာတင် သမ္မတအမိန့်ကြေညာချက်တွေ ထုတ်သွားဖို့ရှိပြီး၊ အဲဒီအထဲမှာ နယ်စပ်ဖြတ်ကျော်မှုကို နှိမ်နင်းတာ၊ ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှုကို တိုးမြှင့်တာ၊ ပြည်ထောင်စုအစိုးရအဆင့်ဆင့်မှာ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်နိုင်ရေး အစီအစဉ်တွေကို ရပ်တန့်တာတွေ ပါဝင်မယ်လို့ သိရပါတယ်။

အရင်ဆုံးတော့ သမ္မတအဖြစ် ကျမ်းသစ္စာဆိုတဲ့နေ့မှာ အမေရိကန်အလံတွေ အပြည့်ပြန်တင်ဖို့ အမိန့်ကို ကျမ်းသစ္စာဆိုနေတဲ့ လွှတ်တော်မှာတင်ပဲ လက်မှတ်ထိုး ထုတ်ပြန်ပါတယ်။ သမ္မတဟောင်း ကာတာ ကွယ်လွန်မှုကို အောက်မေ့ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုအလံတွေကို တလတိတိ အလံ တိုင်ဝက်ထောင်ဖို့ သမ္မတဟောင်း ဘိုင်ဒန်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာပါ။

သမ္မတကျမ်းသစ္စာဆိုပွဲကို အစဉ်အလာအတိုင်း လွှတ်တော်အနောက်ဖက်ခြမ်း စင်မြင့်မှာပြုလုပ်ရာကနေ ရာသီဥတု အခြေအနေကြောင့် လွှတ်တော်တွင်း ခန်းမကြီးမှာ လုပ်ခဲ့ရပါတယ်။ အလားတူပဲ သမ္မတ ကျမ်းသစ္စာဆိုတဲ့နေ့ ဂုဏ်ပြုချီတက်ပွဲကိုလည်း ဖျက်လိုက်ရပြီး၊ အဲဒီအစား ဝါရှင်တန်ဒီစီမှာရှိတဲ့ Capital One ဖျော်ဖြေရေး ခန်းမကြီးမှာ အစားထိုး ပြုလုပ်ခဲ့ရပါတယ်။

“ အမေရိကန်ရွှေရောင်ခေတ်ကို ပြန်စပြီ ” သမ္မတ Trump
please wait

No media source currently available

0:00 0:02:54 0:00

This item is part of

Forum

XS
SM
MD
LG