ရီပတ်ဘလီကန် သမ္မတလောင်း Trump က တတိယအကြိမ်မြောက် စကားစစ်ထိုးပွဲ ရှိမှာမဟုတ်တော့ဘူးလို့ သူ့ကိုယ်ပိုင် လူမူကွန်ယက် Truth Social ကနေ မနေ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြောလိုက်တာပါ။
အမေရိကန်ရဲ့ ထိပ်တန်း နာမည်ကြီး Pop အဆိုတော် Taylor Swift ဟာ အင်္ဂါနေ့ညက လုပ်ခဲ့တဲ့ အမေရိကန်သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲအပြီးမှာပဲ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris ကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။
Pennsylvania ပြည်နယ်၊ Philadelphia မြို့မှာ ဒေသစံတော်ချိန် စက်တင်ဘာ ၁၀ ရက်နေ့ည ၉ နာရီမှာ ပြုလုပ်တဲ့ စကားမတိုင်ခင်အထိ တကြိမ်မှ မတွေ့ဖူးခဲ့ကြပေမယ့် အခမ်းအနားအစမှာ လက်ဆွဲ နှုတ်ဆက်ကြပြီးတဲ့နောက် သိပ်မကြာခင်မှာဘဲ တဦးနဲ့တဦး အပြန်အလှန် ထိုးနှက် တိုက်ခိုက်ကြပါတယ်။
သမ္မတလောင်း စကားစစ်ထိုးပွဲနဲ့ သုံးသပ်ချက်အဖြစ် VOA မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဒေါ်ခင်စိုးဝင်း၊ အကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာ၊ အမေရိကန်နိုင်ငံရေး သုံးသပ်သူ ဒေါက်တာတင့်ဆွေနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ မခင်လေးတို့ သုံးသပ်ဆွေးနွေးချက်တွေထဲက ကောက်နုတ်ချက်ကို တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လာမယ့်နိုဝင်ဘာလကျင်းပမယ့် ရွေးကောက်ပွဲအကြို ဒီမိုကရက်တစ်နဲ့ ရီပါဘလစ်ကန် သမ္မတလောင်း ၂ ဦး စကားစစ်ထိုးပွဲကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ကနေ ရွေးကောက်ပွဲအထူးအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်ချက်ဖြစ်ပါတယ်။
ဖီလာဒဲလ်ဖီးယားမြို့မှာ ကျင်းပမယ့် သမ္မတလောင်းစကားစစ်ထိုးပွဲအတွင်း ပြစ်မှုကျူးလွန်သူအပေါ် စွဲချက်တင်ရာမှာ ကျွမ်းကျင်သူနဲ့ ကိုယ့်အပေါ် စွပ်စွဲလာတာတွေကို ပြောင်းပြန်လှန် ရှောင်လွှဲဖို့ကြိုးစားရာမှာ ကျွမ်းကျင်သူတို့ တဖက်နဲ့ တဖက် အပြင်းအထန် စကားစစ်ထိုးကြနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် အရေးပါတဲ့ မဲဆွယ်စည်းရုံးလို့ သတ်မှတ်ထားကြတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump တို့ ၂ ဦးဟာ ဒေသစံတော်ချိန် ဒီကနေ့ စက်တင်ဘာ ၁၀ ရက်ညမှာ စကားစစ်ထိုးကြတော့မှာပါ။
ရွေးကောက်ပွဲ ကျင်းပဖို့ သတင်းပတ် ၈ ပတ်အလို ကျင်းပတဲ့ စကားစစ်ထိုးပွဲမှာ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ သန္ဓေသားဖျက်ချခွင့်လို ပြည်တွင်း နိုင်ငံရေးကိစ္စတွေအပြင်၊ ယူကရိန်းကို အကူအညီပေးရေးနဲ့ အရှေ့အလယ်ပိုင်းအရေးကိစ္စတွေ အဓိက လွှမ်းမိုးမယ်လိမ့်မယ်လို့ မြန်မာနွယ်ဖွား အမေရိကန်တွေက ခန့်မှန်းထားပါတယ်။
ရုရှား၊ တရုတ်နဲ့ အီရန်နိုင်ငံတွေက လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲရရှိနိုင်မှုနဲ့ ရွေးကောက်ပွဲ ရလဒ်တွေ အပေါ်သြဇာ သက်ရောက်နိုင်ဖို့ အမေရိကန် မဲဆန္ဒရှင်တွေကို ပစ်မှတ်ထားပြီး ခေတ်မီ နည်းပညာတွေနဲ့ တိုးချဲ့လုပ်ဆောင် နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးဌာနက သောကြာနေ့မှာ ပြောပါတယ်။
အမေရိကန်မှာ သေနတ်ကြောင့် သေဆုံးရမှုပိုများနေချိန် ရွေးကောက်ပွဲအတွက်မဲဆွယ်နေတဲ့ ဒုတိယသမ္မတ Kamala Harris က သေနတ် ထိန်းချုပ်မှုကို ပိုပြီး တင်းကြပ်လိုပြီး သူမရဲ့ ပြိုင်ဘက် သမ္မတဟောင်း Donald Trump ကတော့ သေနတ်ကိုင်ဆောင်ခွင့် ဆိုင်ရာ တားမြစ်ကန့်သတ်ချက်တွေကို ပြန်လည် ရုပ်သိမ်းမယ်လို့ ကတိပြုထားပါတယ်။
ယူကရိန်း အနေနဲ့ အမေရိကန်မှာ Donald Trump သို့မဟုတ် Kamala Harris သမ္မတ ဖြစ်လာရင် မကြုံဖူးလောက်အောင်ကွဲပြားတဲ့ အခြေအနေတွေနဲ့ကြုံရမှာပါ။ ဒါပေမဲ့လည်း သမ္မတလောင်း ၂ ယောက်လုံးအနေနဲ့ ယူကရိန်း စစ်ပွဲမှာ ရုရှား နဲ့ ဘယ်လို ဆက်ဆံမလဲ ဆိုတာကို သေချာမရှင်းလင်းထားပါဘူး။
လာမယ့် အမေရိကန်ရွေးကောက်ပွဲမှာ Kamala Harris ကို သမ္မတအနိုင်ရဖို့ အားပေးတယ်လို့ ရုရှားသမ္မတ Vladimir Putin ကဒီနေ့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်