သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းရေးရာ အကြံပေးအဖြစ် လက်ဘနွန်-အမေရိကန် စီးပွားရေးသမားကို ရွေးကောက်ခံသမ္မထရမ့် အဆိုပြု


အာရပ်နဲ့ အရှေ့အလယ်ပိုင်းရေးရာ အကြီးတန်းအကြံပေးအဖြစ် အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump အဆိုပြုထားတဲ့ လက်ဘနွန်-အမေရိကန် စီးပွားရေးလုပ်ငန်းရှင် Massad Boulos (အောက်တိုဘာ ၁၈၊ ၂၀၂၄)
အာရပ်နဲ့ အရှေ့အလယ်ပိုင်းရေးရာ အကြီးတန်းအကြံပေးအဖြစ် အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump အဆိုပြုထားတဲ့ လက်ဘနွန်-အမေရိကန် စီးပွားရေးလုပ်ငန်းရှင် Massad Boulos (အောက်တိုဘာ ၁၈၊ ၂၀၂၄)

အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က လာမယ့်အစိုးရသစ်အတွက် ရာထူးတာဝန်တွေ ခန့်အပ်ဖို့ ပြင်ဆင်နေရာမှာ အာရပ်နဲ့ အရှေ့အလယ်ပိုင်းရေးရာ အကြီးတန်းအကြံပေးအဖြစ် လက်ဘနွန်-အမေရိကန် စီးပွားရေး လုပ်ငန်းရှင် Massad Boulos ကို အဆိုပြုလိုက်ပါတယ်။

အပေးအယူ လုပ်နိုင်သူ၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးကို အစဉ်တစိုက် အားပေးသူ ဖြစ်တယ်လို့လည်း ထရမ့်က သူ့ကိုယ်ပိုင် Truth လူမှုကွန်ရက်မှာ မနေ့တုန်းကပဲ ဖော်ပြခဲ့တာပါ။ အမေရိကန်နဲ့ တိုင်းပြည်အကျိုးစီးပွားကို ဆောင်ကျဉ်းနိုင်မယ့်သူ ဖြစ်တာကြောင့် အစိုးရအဖွဲ့မှာ ပါဝင်လာမှာ ဝမ်းသာကြောင်းလည်း ပြောပါတယ်။ Boulos ဟာ ထရမ့်ရဲ့ သမီးဖြစ်သူ Tiffany ရဲ့ ယောက္ခမလည်းဖြစ် ရွေးကောက်ပွဲကာလမှာတုန်းက စည်းရုံးရေး အဖွဲ့ဝင်တဦးအဖြစ် ပါဝင်ခဲ့သူတဦးပါ။

သူဟာ ဂါဇာနဲ့ လက်ဘနွန်က စစ်သွေးကြွတွေကို အစ္စရေးက စစ်ဆင်နေတဲ့အပေါ် သမ္မတ Joe Biden အစိုးရရဲ့ တုံ့ပြန်ပုံတွေကို မကျေနပ်မှုတွေ ပေါ်ပေါက်နေချိန်မှာပဲ ရွေးကောက်ပွဲမှာ အရေးပါတဲ့ Michigan ပြည်နယ်က အာရပ်-အမေရိကန် အသိုင်းအဝိုင်းကို စည်းရုံးရေးဆင်းခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ သမ္မတဘိုင်ဒင်ကို ရှုံးခဲ့ဖူးတဲ့ Michigan ပြည်နယ်မှာ ဒီတကြိမ်တော့ ထရမ့်က အနိုင်ရခဲ့ပါတယ်။

Forum

XS
SM
MD
LG